Burmese Cele Community
23/04/2026
သိပ်တန်ဖိုးရှိတဲ့ စာပေ
================
အဆင့်အတန်း
အဆင့်အတန်း မရှိတဲ့သူတွေဟာ
စကားကို လိမ်ညာ ပြောတတ်ကြပါတယ်။
သူတို့ လိုလားနေတဲ့အခါမှာ
ကောင်းမွန်စွာ ဆက်ဆံတတ်ကြပြီး
မလိုလားတော့တဲ့အခါမှာ
ချက်ချင်းပြောင်းလဲပြီး
အပြစ်မြင်ပြောဆိုဆက်ဆံတတ်ကြပါတယ်။
ရှေ့စကားနောက်စကားလည်း
မညီတတ်ကြပါဘူး။
သူ့ဘက် တစ်ဖက်တည်းကိုသာ
ကြည့်မြင်တတ်ကြပြီး
သူများတစ်ဖက်သားအပေါ်
အမြဲအပြစ်မြင်ပြောဆိုနေတတ်ကြပါတယ်။
ဒီလိုလူတွေဟာ
အမြဲတမ်း ငြင်းခုံပြီး
အမှားတွေကိုသာ ပြောတတ်လေ့ရှိတယ်။
ကိုယ့်မှာ အပြည့်အစုံကြီးမဟုတ်ပေမယ့်
သူတစ်ဖက်သားအထင်ကြီးစေရန်လည်း
မရှိပဲ ကြွားဝါပြောဆိုတတ်တဲ့လူစားမျိုးတွေပါ။
လူတစ်ဖက်သားရဲ့အပေါ်
မကျေနပ်တော့ဘူးဆိုရင်လည်း
ဒေါသမထိန်းနိုင်ပဲ
ဝါးလုံးရှည်နဲ့ရမ်းသကဲ့သို့
အခြား မဆိုင်တဲ့သူတွေကိုပါ
ရိုင်းစိုင်းစွာထည့်သွင်းပြီး
ပေးစားဆဲဆိုတတ်ကြပါတယ်။
ကိုယ့်ရဲ့အမှားကို
ကိုယ်တာဝန်မယူတတ်ကြသလို
တောင်းပန်ဖို့ကိုလည်း
မသိကျိုးကျွံပြုနေတတ်ပါတယ်။
စကားကို လွယ်လွယ်ပြောတတ်ပြီး
ကတိသစ္စာ မတည်တတ်ကြတဲ့သူတွေပါ။
အမှန်တရားကို လက်မခံတတ်သလို
ကိုယ့်အမှားကိုလည်း ဝန်မခံတတ်ကြပါဘူး။
ဘာသာတရားနဲ့ ပတ်သက်လာရင်လည်း
လေးစားမူ မရှိတတ်သလို
အမှန် အမှားကိုလည်း
ခွဲခြားနားမလည်တတ်ကြပါဘူး။
သူတစ်ပါးရဲ့ ပြည့်စုံမှုကို
မနာလိုစိတ်ထားပြီး ပြိုင်ဆိုင်တတ်ပါတယ်။
ကိုယ်ကျင့်သိက္ခာ ဣနြေ္ဒမရှိသလို
ဖောက်လွှဲဖောက်ပြန်စိတ်ထားရှိတဲ့သူစားမျိုးပါ။
စာပေပညာဗဟုသုတ မပြည့်မီပဲ
ကိုယ်နဲ့ မထိုက်တန်တဲ့
ရာထူးနေရာမျိုးကိုလည်း
ရယူလိုချင်တဲ့စိတ်ထားရှိပါတယ်။
ဒါကြောင့် ????
ကုသိုလ် အ-ကုသိုလ်ဆိုတာ
ဘာကို ပြောတာလဲ?
အဆင့်အတန်း နိမ့်တဲ့ စိတ်ကို
အ-ကုသိုလ် လို့ပြောတာဖြစ်တယ်။
အဆင့်အတန်း မြင့်တဲ့စိတ်ဆိုတာ ကုသိုလ်ပါ။
လူဆိုတာ စိတ်နေ သဘောထား နဲ့
အသိဉာဏ် အဆင့်အတန်း
မြင့်မားလာလေလေ
သဘောထား ကြီးလာလေလေ
ဖြစ်လာတာဟာ သဘာ၀ ဖြစ်ပါတယ်"..
#တန်ဖိုး #ဘဝ #စိတ်
#စာပေကြိုက်သူများ
#ချစ်ခင်စွာဖြင့်ပြန်လည်မျှဝေသည်
#စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ
#စာပေခွန်အားဖြစ်စေသောစာများ
#လူငယ်များအတွက်ဗဟုသုတစာပေများ
#မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်
#ကံကောင်းမေတ္တာဖြင့်မျှဝေသည်
#စာပေဗဟုသုတများ
16/01/2024
ပစ္စုပ္ပန်တိုင်း...
အတိတ်ထဲမှာသိမ်းဆည်းခဲ့
အနာဂါတ်ကိုကြည့်မိတိုင်း
မှေးမှိန်ခဲ့ရတဲ့ဘဝတွေ
နှစ်သစ်မှာလွန်မြောက်ပါစေ.....။
#ဒေါင်း
02/10/2023
သရုပ်ဆောင်မင်းသားချော ဒေါင်း ။
page လေးကို like လုပ်ထကြနော် ။
15/08/2023
သရုပ်ဆောင် မင်းသားချောဒေါင်း😍။
page လေး like လုပ်ထားပါနော်🥰။
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Kamayut Township Yangon
Yangon
11041