KHIT Gallery
02/07/2026
English စာ လေ့လာနေသူတွေအတွက်
အထောက်အကူအများကြီး ဖြစ်စေတဲ့
English Grammar in Use (Fifth Edition) 📝
📖 English Grammar in Use (Fifth Edition) 📖
(မြန်မာဘာသာပြန်)
💸 တန်ဖိုး - 55000
🗒 စာမျက်နှာ - 608 မျက်နှာ
📚 စာအုပ်ဆိုဒ် - မဂ္ဂဇင်းဆိုဒ်ကြီး
☘️ မူရင်းစာအုပ်အရသာအတိုင်း မူမပျက်ရလေအောင် အင်္ဂလိပ်လို တစ်ကြောင်း၊ မြန်မာလို တစ်ကြောင်းသေချာလေး ဘာသာပြန်ပေးထားပါတယ်။ မူရင်းစာအုပ်အတိုင်း သင်ခန်းစာတွေ တစ်ရွက်မှ ဖြုတ်ချန်ခဲ့ခြင်းမရှိတာကြောင့် ဒီဘာသာပြန်စာအုပ်ကို ဝယ်ယူသူအနေနဲ့ မူရင်းအင်္ဂလိပ်စာအုပ်ကို ထပ်မံဝယ်ယူဖို့ မလိုပါဘူး။
☘️ ဒီဘာသာပြန်စာအုပ်မှာတော့ စာမျက်နှာ 600 ကျော်ပါဝင်ပါတယ်။ မူရင်း အင်္ဂလိပ်စာအုပ်မှာတော့ 394 မျက်နှာပါဝင်တယ်။ စာအုပ်က တစ်ဆထူသွားပြီး သံရိုက်မယ်ဆို တူမသုံးဘဲ စာအုပ်နဲ့ထုလို့ရပါတယ်။😄😂 Unit 1-145 (အစ/အဆုံး) မြန်မာဘာသာပြန်ကိုပဲ 55000 ks နဲ့ လွယ်ကူစွာ ဝယ်ယူလေ့လာနိုင်ပါပြီ။☺️
☘️ Unit တစ်ခုချင်းစီကို တယောက်တည်း self - study လုပ်ရလွယ်အောင် စာအုပ်ထဲမှာ မပါတဲ့အခြားexamples တွေပါ တဆင့်ချင်း ရေးပေးထားပါတယ်။ ပြီးပြီးရောမဟုတ်ပဲ သေချာဂရုစိုက်ရေးပေးထားတဲ့ စေတနာ၊ လေ့လာသူတွေကို နားလည်စေချင်၊ တတ်စေချင်တဲ့ စေတနာတွေကို တွေ့မြင်နိုင်မှာပါ။
ဒီစာအုပ်ကနေ English စကားကို လေ့လာနေသူတွေအတွက် အထောက်အကူအများကြီးဖြစ်ဖို့ မျှော်လင့်ပါတယ်။ စတင် လေ့လာသူတွေလည်း အင်္ဂလိပ်စာ တိုးတက်လို့ ရှေ့ဆက်တက်လမ်းတွေမှာအခွင့်ရေးတွေ ရနိုင်ကြပါစေ🐾🐾
-------–-----------------------------------------
ဒါကတော့ စာအုပ် Review လေးပါ
🍎 သင်ခန်းစာတွေကကျောင်းတုန်းက သင်ခဲ့ရတဲ့ Lessons တွေနဲ့ အများကြီး ကွဲထွက်ပါတယ်။ဥပမာ can / could အကြောင်းအရာပဲထားပါတော့။ သူ့ကို သုံးလို့ရတဲ့ အခြေအနေတွေ၊ အဓိပ္ပာယ်တွေက၊ အဓိပ္ပာယ်အရ သုံးလို့ရတဲ့ နေရာတွေက 4/5ခု မကပါဘူး။
🍎 Tense တစ်ခုချင်းစီရဲ့ သေချာမသိ၊ နားမလည်ခဲ့တဲ့ ဘယ်နေရာမှာ ဘယ်လိုအသုံးပြုရမလဲဆိုတာတွေ သေချာလေ့လာခဲ့ရတယ်။ Tense တစ်ခုက နေရာ 4/5/6 ခုလောက်ထိ သုံးနိုင်တယ်ဆိုတာတွေ၊ စာတစ်ကြောင်းမှာ ဘာ Tense ပြီးရင် ဘယ်လို Tense က လိုက်ရေးပေးရတယ်ဆိုတာတွေ အများကြီး အသစ်တွေလေ့လာခဲ့ရပါတယ်။
🍎 အင်္ဂလိပ်စာ Grammar ကို လေ့လာတဲ့ အခါ ဘယ်လို စာအုပ်မျိုးပဲ ဖြစ်ဖြစ် ဝါကျအထားအသိုတွေကို သေချာလေ့လာဖတ်ရှုပါ။ မီးနင်း တွေကို လေ့လာကျက်မှတ်တဲ့အခါ n / v / adv / adj စသဖြင့် သေချာမှတ်ထားဖို့လိုအပ်ပါတယ်။ Tenses ဘယ်လောက်ကျွမ်းကျွမ်း Word Form ကို ပိုင်နိုင်ဖို့လည်း လိုပါသေးတယ်။
🍎 ဒီစာအုပ်ကို လေ့လာနေသူတွေလည်း ပထမတခေါက်လေ့လာတာကို ပစ်မထားပဲ ထပ်ခါထပ်ခါလေ့လာဖို့ အကြုံပြုလိုပါတယ်။ Grammar Rules တွေ ဖြစ်တဲ့အတွက် မှတ်သားထားရုံမက နှုတ်ကျိုးဖို့ပါလိုပါတယ်။
Time is precious don't waste it. 🍎
🍀မှာယူလိုတဲ့စာအုပ်များကို
Page messenger ကနေ အမည်၊လိပ်စာ၊ ဖုန်းနံပါတ်တို့
ပေးပို့ပြီး အိမ်အရောက်မှာယူနိုင်ပါတယ်
05/06/2026
#ဆရာကြီးတွေကပဲရွေးချယ်ဖတ်ရှုကြတဲ့စာအုပ်(၁၁)အုပ်
++++++++++++++++++++++++++++++++
၁။ အာဏာစက် (၁၄၀၀၀)
၂။ လူ့သဘောလူ့မနော အနှစ်ချုပ် (၁၄၀၀၀)
၃။ စွှန့်လွှတ်ခြင်းဖြင့်အောင်မြင်ခြင်း (၆၅၀၀)
၄။ ချစ်သောငါပျော်ရွှင်ပါစေ (၉၅၀၀)
၅။ ရှေ့တစ်လှမ်းတိုးပြီးဦးဆောင်လိုက်ပါ(၁၂၀၀၀)
၆။ AIIZ Customer service (၁၅၀၀၀)
၇။ မေရှင်းနဲ့အတူ UFO စီးရင်းကမ္ဘာပတ်မယ် (၁၂၀၀၀)
၈။ နည်းနည်းလုပ် များများရ (၆၀၀၀)
၉။ နှစ်သစ်မှာပိုကြမ်းတဲ့ငါဖြစ်ဖို့ (၁၁၀၀၀)
၁၀။ ယုံကြည်ခြင်းပန်းတိုင် (၈၅၀၀)
၁၁။ ချက္ကရာ(စိတ်စွမ်းအင်လှိုင်းကိုမြှင့်တင်ပါ
(၁၁၀၀၀)
📚📖📒📘📚📖📒📘📚📖📒📘📚📖📒📘
✅စာအုပ်ကလေးတွေမှာယူမယ်ဆိုရင်
🍀Page Messenger မှာ
စာအုပ်အမည်၊ မှာသူအမည်၊ လိပ်စာနဲ့ ဖုန်းနံပါတ်တွေ
ပို့ပေးရပါမယ်နော်
26/05/2026
#မေရှင်းနဲ့အတူUFOစီးရင်းကမ္ဘာပတ်မယ်
ခေတ် စာအုပ်တိုက် မှ စီစဉ်ဖြန့်ချိပါသည်
၁၂၀၀၀ကျပ်
နေရာတွေ ဘယ်လောက်ပဲပြောင်းပြောင်း၊
လူအသစ်တွေနဲ့ ဘယ်လောက်ပဲတွဲတွဲ...
ကိုယ်ကြုံရတဲ့ နာကျင်မှုနဲ့ ဆက်ဆံရေးပြဿနာတွေက
ပုံစံတူကြီးပဲ ထပ်ခါတလဲလဲ ဖြစ်နေရတာ
ဘာလို့လဲ သိလား။
တကယ်တော့ ကျွန်မတို့ဟာ လက်ရှိအမှန်တရားကို
ခံစားနေရတာ မဟုတ်ဘဲ၊ ကိုယ့်ဦးနှောက်ထဲရဲ့
အတိတ်က ပုံစံခွက်ဟောင်းကြီးအတိုင်း
အဓိပ္ပာယ်အလွဲတွေ လျှောက်ကောက်နေလို့ပါ။
ဒါကြောင့် ဒီနေ့ကစပြီး ဘဝမှာ ဘာပဲကြုံရကြုံရ
စိတ်လွတ်လပ်သွားစေဖို့ “UFO စီးပြီးသာ ကမ္ဘာပတ်ပါ”။
ကျွန်မရဲ့ စာအုပ်နာမည်လည်းဖြစ်တဲ့
ဒီ **U-F-O** ရဲ့ အစစ်အမှန် အနှစ်ချုပ်ကတော့...
ကိုယ့်ကို နောက်ကွယ်ကနေ ချုပ်ကိုင်
မောင်းနှင်နေတဲ့ Unconscious patterns
(မသိစိတ်ရဲ့ ပုံစံခွက်များ) ကို သိအောင်လုပ်ဖို့၊
အဲ့ဒီပုံစံခွက်တွေ ဘယ်လိုဖြစ်တည်လာသလဲဆိုတဲ့
Formation ကို နားလည်ပြီး စိတ်ကို လွတ်မြောက် စေဖို့နဲ့၊
နောက်ဆုံးမှာတော့ အခြေအနေတွေကို
စိတ်ခံစားချက်မပါဘဲ အရှိကိုအရှိအတိုင်း
မြင်တတ်လာမယ့် Observer (စောင့်ကြည့်သူ)အမြင်နဲ့
ဘဝကို ကြည့်တတ်ဖို့ပဲ ဖြစ်ပါတယ်။
ကိုယ့်အတွင်းက pattern ကို မပြောင်းဘဲ
အတင်း အတွေးတွေကိုအကောင်းမြင်ခိုင်းနေရုံနဲ့
ဘဝက ပြောင်းလဲမလာပါဘူး။
အတိတ်ရဲ့ထောင်ချောက်ထဲက ရုန်းထွက်ပြီး
စိတ်ကို စကြဝဠာကြီးလို တကယ် လွတ်လပ်သွား
စေမယ့် လျှို့ဝှက်ချက်တွေကို အသေးစိတ်
သိချင်တယ်ဆိုရင်တော့ ကျွန်မရဲ့
“UFO စီးပြီး ကမ္ဘာပတ်မယ်”စာအုပ်ထဲမှာ
အဖြေရှာကြည့်ဖို့ အကြံပြုပါရစေ။
အမြို့မြို့အနယ်နယ်ရှိ စာအုပ်တိုက်များနှင့်
City mart ဆိုင်ခွဲတိုင်းတွင် မေလကုန်က စပြီး
ဝယ်ယူရရှိနိုင်ပါမည် ။
Delivery ဖြင့်လည်း အိမ်အရောက်မှာယူလို့ရပါတယ်။
𝐌𝐚𝐲 𝐗𝐢𝐧𝐠
𝐍𝐞𝐮𝐫𝐚𝐥 𝐋𝐢𝐛𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐀𝐫𝐜𝐡𝐢𝐭𝐞𝐜𝐭
(𝐍𝐞𝐫𝐯𝐨𝐮𝐬 𝐒𝐲𝐬𝐭𝐞𝐦 & 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬-𝐁𝐚𝐬𝐞𝐝 𝐈𝐧𝐭𝐞𝐠𝐫𝐚𝐭𝐢𝐨𝐧)
🍀မှာယူလိုတဲ့စာအုပ်များကို
Page messenger ကနေ အမည်၊လိပ်စာ၊ ဖုန်းနံပါတ်တို့
ပေးပို့ပြီး အိမ်အရောက်မှာယူနိုင်ပါတယ်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon