Federal Defence Force Comrades - FDFC
02/09/2023
ကျောက်ကြီးရဲစခန်းကို KIA + KPDF တိုက်ခိုက်သိမ်းပိုက် စကစတပ်သား ၅ ဦးသေဆုံး၊ လက်နက်ခဲယမ်းသိမ်း ဆည်းရရှိ။
စက်တင်ဘာ၊ ၂၊ ၂၀၂၃
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာ၌ အထိုင်ချထားသော စကစတပ်စခန်းကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး MA ၁ လက်အပါအဝင် ခဲယမ်းအများ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန်ခန့်မှစတင်ပြီး ကျောက်ကြီးရွာတွင် အထိုင် ချထားသော တပ်မ ၈၈ လက်အောက်ခံတပ် ခလရ ၇၇ အထိုင်တပ်နှင့် ရဲစခန်းကို ကေအိုင်အေ ရင်း (၁၂) နှင့် မြို့လှ K-PDF တပ် ရင်းတို့က အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ MA. 1 တစ်လက်နှင့်အတူ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ကြောင်း သိရ သည်။
တိုက်ပွဲ ၃ နာရီခန့်ကြာမြင့်ခဲ့ပြီး စကစတပ်သားများက စခန်းကိုစွန့်ခွာကာ ရဲစခန်းအတွင်းသို့ ထွက်ပြေးသွားကြကြောင်း၊ ရဲစခန်းထဲပိတ်မိနေသော အကြမ်းဖက်တပ် သားများကို ဆက်လက်ရှင်းလင်းရန် လုပ်ဆောင်နေချိန် မြစ်ကြီးနားလေတပ်မှ SU 30 Jet Figther စစ်ကူလာနေကြောင်း သတင်းရရှိသဖြင့် တော်လှန်ရေးတပ်ဖွဲ့များ သည် ရန်သူ့စခန်းတွင်းမှ ရရှိလက်နက်ခဲယမ်းများကို သိမ်းဆည်းယူဆောင်ကာ ပြန်လည်ဆုတ်ခွာသွားပြီးနောက် နံနက် ၇:၁၅မိနစ်အချိန် ဂျက်ဖိုက်တာဖြင့် (၂)ကြိမ် ၈:၀၃၊ ၈:၀၈မိနစ်အချိန် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် ဖြင့် (၂)ကြိမ် ဗုံးကျဲပစ်ခတ်တိုက်ခိုက်သွားသော်လည်း တော်လှန်ရေးတပ်ဖွဲများ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။
ဓာတ်ပုံ : သိမ်းဆည်းရရှိ လက်နက်ခဲယမ်းများ။
20/08/2023
(၁၂)ရက်တာတိုက်ပွဲအတွင်း ခလရ (၃) မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် စကစ ၇၁ ဦးကိုသုတ်သင်နိုင်ခဲ့။
ဩဂုတ်၊ ၁၉၊ ၂၀၂၃
ကရင်နီပြည်နယ်၊ ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးအနီး စစ်ကြောင်းထိုးလာသည့် စကစရဲ့ တပ်မ (၅၅) လက်အောက်ခံ ခမရ ၁၁၂၊ ခလရ ၃ တပ်တွေနဲ့ ကရင်နီပြည်တော်လှန်ရေးပူးပေါင်းတပ်တို့ ဩဂုတ် ၂ ရက်မှ ၁၄ ရက်အထိ (၁၂)ရက်တာဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စကစ တပ်သား ၇၁ ဦး အားသုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ အမြောက်အမြားသိမ်းဆည်းရရှိခဲ့ ကြောင်း သတင်းရရှိပါသည်။
ငွေတောင်ရွာသစ်နဲ့ ထီးသော်ကူးကျေးရွာအနီးဝန်းကျင်တို့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့
ခလရ ၃ မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် ၂၆ ဦး၊
ခမရ ၁၁၂ မှ အခြားအဆင့် ၄၅ ဦး တို့ကိုသုတ်သင်ရှင်း လင်းနိုင်ခဲ့ပြီး၊ လက်နက်ငယ်အစုံ ၁၅ လက်၊ လက်နက် ကြီး ၁ လက် အပါအဝင် ဆက်စပ် ခဲယမ်းပစ္စည်းများ သိမ်းပိုက် ရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်မှ ရဲဘော် ၃ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရပါသည်။
Photo : သိမ်းပိုက်ရရှိ လက်နက်ခဲယမ်းများ။
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
No. 1947, Federal Union Ward, CDM Road
Yangon
0095