Wam
06/08/2025
ရွှေဘုံသာက အစ်မတော် မမြစိမ်း
************************
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကျွန်းမီးအုပ်စု၊ မြစိမ်းရွာဇာတိဖြစ်သော သူမအမည်က မြစိမ်း။
မြစိမ်းကျွန်းသည် ရွှေတောင်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်အကြား ဧရာဝတီမြစ်အတွင်းရှိ ကျွန်းကြီးတစ်ကျွန်းဖြစ်သည်။
သူမကို သိုက်နန်းမှ လူ့ပြည်သို့ ခေတ္တရောက်ရှိလာရသူတစ်ယောက်ဖြစ်ကြောင်း ငယ်စဥ်ကပင် တစ်ရွာတည်းနေသူများနှင့် အနီး အပါးရွာများမှ ထင်မြင်ယုံကြည်ကြသည်။
ထင်စရာကောင်းလောက်အောင် သူမသည် တစ်နည်းတစ်ဘာသာထူးခြားထင်လင်း နေသူကလေးဖြစ်သည်။
ပန်းတောင်း ငါးမျက်နှာဘုရားကြီး၏ အနောက်ဘက် ကြောင်လိန်ဘုရားဘေးက ဇာလိရတောတန်းလေးမှာ သူနေထိုင်ရသည့် သိုက်နန်းရှိသည်
အချိန်တန်ပါက ထိုသိုက်နန်းလေးကိုပြန်ရမည်ဟု ငယ်စဥ်စကားပြောတတ်စမှစ၍ ပျိုဖော်ဝင်သည်အထိ ပင်ပြောလေ့ရှိသည်။
မမြစိမ်း ၁၂ နှစ်သမီးအရွယ်တွင် မိဘများနှင့်အတူ မြစိမ်းကျွန်းမှ ဆိတ္တဲရွာ ထောက်ရှာတန်းရွာများကိုဖြတ်၍ ၂မိုင်ခွဲခန့်ဝေးသည့် ငါးမျက်နှာ ဘုရားကြီးသို့ ဘုရားဖူးရောက်ခဲ့သည်။
ဘုရားကြီး၏ အနောက်ဘက်ရှိ တောငွေ့တောင်ငွေ့တွေဝေနေသည့် ဇာလိရတောတန်းလေးဆီသို့ ငေးမျှော်ကြည့်ရင်း လွမ်းမျက်ရည်များ ရစ်ဝဲနေသည်။
မကြာခင်မှာပင် ဘုရားဖူးရင်း လန့်ပြီး မေ့မျောသွားလေသည်။
နောက်နှစ်တွေမှာ မိဘများက ဘုရားဖူးမလွှတ်တော့ပေ။
ကိုဘုန်းကြွယ်သည် အထက်အညာ ပုဂံညောင်ဦးသားဖြစ်သည်၊ အရောင်းအဝယ်ကိစ္စဖြင့် မြစိမ်းကျွန်းသို့ အသွားအလာများရင်း မမြစိမ်းနှင့် အကြောင်းပါခဲ့ခြင်းဖြစ်သည်။တစ်ဦးအပေါ်တစ်ဦး မြတ်မြတ်နိုးနိုး ချစ်ရှာသည်။
မမြစိမ်းတွင်နာမည်အရင်းရှိသည်။ သို့သော် ကိုဘုန်းကြွယ်က ချစ်စနိုးနှင့် မြစိမ်းရွာသူဖြစ်သောကြောင့် မမြစိမ်းဟုခေါ်ရင်း နာမည်အရင်းမှာ တိမ်မြုပ်သွားခြင်းဖြစ်သည်။
မမြစိမ်းကြောင့် မြစိမ်းရွာဟု နာမည်တွင်ခြင်းမဟုတ်ပါ။ မြစိမ်းရွာကိုအစွဲပြု၍ မမြစိမ်းဟု နာမည်တွင်ခြင်းဖြစ်သည်။ မမြစိမ်းကား စံပါယ်ပန်းအလွန်ကြိုက်နှစ်သက်သူဖြစ်သည်။
အိမ်ထောင်ကျပြီးနောက်ပိုင်းတွင် အိပ်မောကျနေစဉ် "ပြန်လာပါ့မယ်၊ ပြန်လာခဲ့ပါ့မယ်"ဟု တောင်းတောင်းပန်ပန်နှင့် ငိုယိုပြီး ယောင်အော်တတ်သည်။ အတင်းလှုပ်နှိုးပြီး မေးတော့လည်း ဘာမျှမပြောဘဲ ငိုင်တွေပြီး မျက်ရည်များသာ တတွေတွေကျလာသည်။
ကိုဘုန်းကြွယ်နှင့်မမြစိမ်းတို့တွင် သားရတနာတစ်ယောက်ထွန်းကားသည်။ သားကလေးမွေးဖွားပြီးကတည်းက မမြစိမ်း၏ အပ်ရင်းယောင်အော်မှုများက ရက်စိပ်၍ နေ့စဥ်နှင့်အမျှဖြစ်လာသည်။
ကိုဘုန်းကြွယ်နှင့်မမြစိမ်းတို့ စိုးရိမ်ပူပန်သဖြင့် ရွာဦးကျောင်းဆရာတော်ကြီးထံသို့ သွားရောက်မေးမြန်းလျှောက်ထားကြသည်။
ဆရာတော်ကြီးက တွက်ချက်ပေးပြီး ဒကာမလေးအမည်နဲ့ အလှူအဒါန်း မပြတ်လုပ်ပေးပါ။ ဘဝအဆက်ဆက် တော်စပ်ခဲ့ကြတဲ့ မိဘ မောင်ဘွား ဆွေမျိုးသားချင်းတွေကို အမျှဝေပါ။ ငါးမျက်နှာ ဘုရားကြီးသို့သွားပြီး ဆွမ်း ပန်း ရေချမ်းကပ်ပါ။ ကျန်းမာရေးကောင်းရန် ဆုတောင်းပါဟု မိန့်လိုက်သည်။
မမြစိမ်းသည် ကျန်းမာရေးအတွက် ဘုရားကြီးကို ရောက်လာပြန်တော့ လွမ်းသလို ဆွေးသလို ဝမ်းနည်းဝမ်းသာဖြစ်နေမိသည်။ ကြောင်လိမ်ဆီသို့ လှမ်းမျှော်ကြည့်မိသည် စိမ်းညို့ညို့တောတန်းလေးထဲက မိခိုးငွေ့တန်းလေးဆီမှ လူတစ်ဦးတစ်ယောက် လက်ယက်ခေါ်သလို ထင်မြင်လာရသည်။
တကယ့်စင်စစ်တွင်မူ ထင်မြင်နေခြင်းထက် ဘဝဟောင်းမှအစ်ကိုဖြစ်သူကို မြင်နေရခြင်းသာဖြစ်သည်။
မမြစိမ်း ငိုချင်လာသည် မျက်ရည်တွေစို့လာသည်။ ရင်တွေတုန်လာသည်။ ကိုဘုန်းကြွယ်ကိုပြတော့ ကိုဘုန်းကြွယ်မှာ ဘာကိုမျှ မမြင်ရ။ ဒါကြောင့် ကိုဘုန်းကြွယ်ကိုခေါ်ပြီး ရွာကိုပြန်ခဲ့တော့သည်။ ထို့နောက် အတန်ကြာ မမြစိမ်း ကျန်းမာရေး ပြန်ကောင်းလာသည်။
သားလေး ၉ နှစ်သားအရွယ်တွင် မမြစိမ်း ကျန်းမာရေး ချို့ယွင်းလာပြန်သည်။ ဘယ်သူ့ကိုမျှလည်း စကားသိပ်မပြောတော့။ ရွာဦးကျောင်းဆရာတော်က "ကဲ ဒီနွေ သီးနှံပေါ်လျှင် သားလေးကို ရှင်ပြုကြတော့"ဟု ခေါ်၍ မိန့်ကြားလေသည်။ တပိုတွဲလပြည့်ကျော်တွင် အလှူကြီးပေးရန် စီစဉ်ကြတော့သည်။
ကိုဘုန်းကြွယ်သည် တပိုတွဲလဆန်းတွင် ပြည်မြို့သို့ ကုန်ရောင်းသွားရင်း အပြန်တွင် မမြစိမ်းမှာလိုက်သည့်အတိုင်း သားလေးရှင်ပြုရန် မောင်ရှင်လောင်းဝတ်စုံ၊ သင်္ကန်းပရိက္ခရာများ၊ ဇနီးမောင်နှံအတွက် အဝတ်အစားနှင့် လှူဖွယ်ပစ္စည်များ၊ ဧည့်ခံကျွေးမွေးရန်ပစ္စည်းများကို စုံလင်စွာဝယ်ယူပြီး လှေဆိပ်သို့ ဆင်းခဲ့သည်။
လှေဆိပ်တွင် အညိုရောင်တိုက်ပုံ ပုဆိုးကွက်ကြား လွယ်အိတ်ကြီးတစ်လုံးကိုလွယ်လျက် အဘိုးကြီးတစ်ဦးနှင့် အထုပ်ထမ်းထားသော လူငယ်တစ်ဦးက ငါးမျက်နှာဘုရားသို့ လှေကြုံလိုက်ချင်ကြောင်း တောင်းပန်ပြောကြားသည်။
ခရီးမထွက်ခင် လှေပေါ် လူစိမ်းတင်ခေါ်မလာဖို့ မှာလိုက်သော ချစ်ရသော မမြစိမ်းကလေးစကားကြားယောင်ရင်း
ကိုဘုန်းကြွယ်ရင်ထဲ ဒိတ်ကနဲခုန်သွားသည်။ သို့သော် တစ်ဖက်သားကိုကူညီဖေးမတတ်သောစိတ်စေတနာကြောင့် လှေကြုံစီး ခရီးသည်နှစ်ဦးကို လှေပေါ်တင်၍ ခေါ်ခဲ့ပါသည်။
ဤကား ပျော်စရာမိသားစုဘဝလေး ကွေကွင်းယန် လမ်းစဖြစ်ကြောင်း ရိုးသားသူကိုဘုန်းကြွယ်မရိပ်မိခဲ့။
ရေစုန်သို့ဆင်းလာခဲ့သောလှေကြီးသည် ၂မိုင်ခန့်စုံဆင်းခဲ့ပြီး ပန်းတောင်းမြို့မရောက်မီ ကျွန်းတစ်ကျွန်းဘေးတွင် ရေဆန်လည်းမဟုတ်ပါဘဲ အပြစ်အနာအဆာလည်းမရှိသော လှေခက်တက်ကြီးသည် ဂျွမ်းကနဲကျိုးသွားသည်။
တက်ကျိုးသွားသောကျွန်းဘေးတွင် ရပ်နားပြီး ကျွန်းပေါ်တက်ကာ တက်သစ်တစ်ချောင်းခုတ်သည်။ ညအိပ်ရပ်နားပြီး နောက်နေ့မနက်မှ ခရီးဆက်ခဲ့သည်။ အတိတ်နိမိတ်မကောင်းပါလားဟု ကိုဘုန်းကြွယ်တွေးမိသည်။
ယင်းတက်သစ်ခုတ်သောကျွန်းကို ယခုအခါ တက်သစ်ကျွန်းဟုခေါ်ကြသည်။ ပန်းတောင်းမြို့နယ် သရက်လိန်အုပ်စုတွင် ပါဝင်သော တက်သစ်ကျွန်းရွာကြီးဖြစ်သည်။ ထောက်ရှာတန်းရွာလှေဆိပ်တွင် ခရီးသည်နှစ်ဦးအား ထားခဲ့ပြီး ရွာသို့ပြန်ခဲ့သည်။
လှေဆိပ်တွင် မမြစိမ်းတို့သားအမိ စောင့်ကြိုနေကြသည်။ ဆရာတော်နှင့်တိုင်ပင်၍ တပိုတွဲလပြည့်ကျော် ၁၃ ရက်နေ့ကို အလှူရက် သတ်မှတ်ကြသည်။
တပိုတွဲလပြည့်ကျော် ၈ ရက်နေ့ ည လူခြေတိတ်တွင် ကျွန်းပေါ်ကခွေးများ ရုတ်တရက်အူကြကာ တစ်ကျွန်းလုံး ဆူညံနေသည်။ ထိုအချိန် မမြစိမ်းသည် အိပ်ယာမှ လန့်နိုးလာကာ "ခေါ်နေပြီ ခေါ်နေပြီ၊ လာခဲ့ပါ့မယ် လာခဲ့ပါ့မယ်"ဟု တကြော်ကြော်အော်ပြီး ငိုနေသည်။
ထသွားတော့မလိုလုပ်၍ ဝိုင်းဆွဲထားရသည်။ အားပေးစကားပြောကြ၊ ချော့ကြနှင့် မိုးစင်စင်လင်းတော့သည်။
ကိုဘုန်းကြွယ်လည်း ကြံရာမရ ဆေးဆရာရှာရင်း လှေပေါ်ပါလာသောလူများကို သတိရပြီး ငါးမျက်နှာဘုရားပေါ်သို့ ရောက်ခဲ့သည်။ ထိုအဖိုးကြီးနှင့်တပည့်ဖြစ်သူတို့ကို တောင်ဘက်စောင်းတန်း ဇရပ်ပေါ်တွင် အခန့်သင့်တွေ့ရသည်။
အကျိုးအကြောင်းပြော၍ ဆေးကုပေးရန်ပင့်ရာ "အလုပ်အရေးကြီးနေသဖြင့် မလိုက်နိုင်ပါ။ ဟောဒီဆေးနဲ့ အန္တရာယ်ကင်းလက်ဖွဲ့ကို လည်ပင်းမှာချည်ပေးပါ။ အမြန်ပြန်"ဟု မှာလိုက်သည်။
ကိုဘုန်းကြွယ်အိမ်ပြန်ရောက်တော့ မမြစိမ်းက မသက်သာ။ သားလေးကလည်း ကြိတ်ငိုနေသည်။ ဆွေမျိုးသားချင်းတွေလည်း မျက်နှာမကောင်းကြ။
ဆရာကြီးပေးလိုက်သောဆေးကို ရေဖျော်အစက်ချတိုက်ပြီး လက်ဖွဲ့ကလေးကို မမြစိမ်းလည်ပင်းမှာ ချည်ပေးလိုက်သည်။သိုက်နန်းသူကလေးကို ချည်မန်းကွင်းနှင့် ချည်ပြီးတုတ်ပြီးဖြစ်သွားသည်ကို ကိုဘုန်းကြွယ် မသိရှာပေ။
တပိုတွဲလပြည့်ကျော် ၉ ရက်နေ့ သက်ကြီးခေါင်းချချိန်တွင် မမြစိမ်းက "ကျွန်မသွားရတော့မယ်၊ သူတို့လာခေါ်နေကြပြီ၊ ကိုဘုန်းကြွယ်ကမသိတော့ သိုက်ဆရာလှေပေါ်တင်ခဲ့တာကို၊ ဖိုးဖိုးနဲ့ အစ်ကိုကြီးလက်ဦးသွားပြီ၊
သားလေးကို သတ်မှတ်ထားတဲ့ရက်မှာ ရှင်ပြုပေးပါ၊ ရှင်လောင်းလှည့်ရင် ငါးမျက်နှာဘုရားကြီးကို ဦးခိုက်ဖူးမြင်ပါ၊ ရေစက်ချရင် ကိုဘုန်းကြွယ်တို့သားအဖနှစ်ဦးစလုံး မမြစိမ်းကို အမည်ခေါ်ပြီး အမျှဝေပါ၊
ငါးမျက်နှာဘုရားကြီးအနောက်ဘက် ကြောင်လိန်ဘုရားဘေးက ဇာလိရတောတန်းလေးမှာ မမြစိမ်းပြန်နေရတော့မယ်၊ တောတန်းထဲက မီးခိုးငွေ့တန်းလေးတွေကို မြင်ရလိမ့်မယ်၊ အဲဒီကိုလာပြီး အမျှဝေပါ"ဟု တိုးညှင်းစွာမှာပြီး ကိုဘုန်းကြွယ်တို့သားအဖကိုထားခဲ့ကာ မမြစိမ်း ကွယ်လွန်ရရှာလေသည်။
တစ်အိမ်လုံးမှာလည်း စံပါယ်ပန်းရနံ့တွေ မွှေးပျံ့ ကြိုင်လှိုင်နေသည်။ ကိုဘုန်းကြွယ်တို့သားအဖကို မင်းအလွန်ကြိုက်တဲ့ စံပါယ်ပန်းတွေနဲ့ နှုတ်ဆက်ခွဲခွာသွားပြီလား မမြစိမ်းရေလို့ ရင်ထဲမှာကြေကွဲဝမ်းနည်းစွာ ပြောနေမိတော့သည်။
နောက်နေ့မှာပင် မမြစိမ်းစျာပနကို အရင်စီစဉ်ရတော့သည်။ အလှူပွဲရက်က နီးကပ်နေသည်။ မမြစိမ်း၏စျာပနတွင် ကိုဘုန်းကြွယ်နှင့် သားကလေးကို မြင်ပြီး ယူကြုံးမရ ဖြစ်ကြရပေသည်။
ရှင်လောင်းလှည့်တော့လည်း ငါးမျက်နှာဘုရားကြီးကို ရောက်ကြသည်။ ကိုဘုန်းကြွယ်စိတ်ထဲမှာတော့ မမြစိမ်းကိုသာ သတိရနေမိသည်။
"မမြစိမ်းရေ မင်းမှာတဲ့အတိုင်း ဒီနေ့ ရှင်လောင်းလှည့်ပြီး ငါးမျက်နှာဘုရားကြီးကို လာရောက်ဦးခိုက်ပူဇော်ကန်တော့ခဲ့ပါတယ်။ မနက်ဖန် မင့်သားကလေး ရှင်သာမဏေဖြစ်တော့မယ်။ မင်းတို့မောင်နှမ လာနိုင်လျှင် လာခဲ့ပါ။ တို့သားအဖတွေ မင်းမှာခဲ့သလို အမျှပေးဝေပါ့မယ်"လို့ တိုးတိတ်စွာ ပြောဆိုမိခဲ့လေသည်။
အလှူပြီးမြောက်လို့ ရေစက်ချ အမျှဝေတော့လည်း ကိုဘုန်းကြွယ်ခမျာ ဖြောင့်တန်းအောင် အမျှ မဝေနိုင်။ မျက်ရည်တွေတွေကျပြီး "မမြစိမ်းရေ တို့သားအဖ အလှူပြီးလို့ ရေစက်ချ အမျှဝေနေပါပြီ၊ မင်း ကြားနိုင်ပါစေ။ မြင်နိုင်ပါစေ။ သာဓုခေါ်နိုင်ပါစေ သာဓုခေါ်ပါ အလှူ့အစ်မကြီးရယ်"ဟုသာ တိုတိုပြောလိုက်ရတော့သည်။
တပိုတွဲလကွယ်နေ့နံနက်တွင် ဆရာတော့်ထံခွင့်ပန်ပြီး သားကိုရင်လေးပါခေါ်၍ ငါးမျက်နှာဘုရားသို့ လာခဲ့ကြသည်။ ဘုန်းကြီးကျောင်းမှ ဧည့်သည်တစ်ဦးပါ ဘုရားဖူးရန် လိုက်လာခဲ့သည်။ ထိုဧည့်သည်မှာ စကားမပြောတတ်။ လက်ဟန် ခြေဟန်နှင့်သာ ပြောရသည်။
ဘုရားဖူးပြီး မမြစိမ်းက သူရှိနေမယ်ဟုပြောသွားသော ကြောင်လိမ်ဘုရားဘေးက ဇာလိရတောတန်းလေးသို့ သွားကြည့်ကြသည်။ ကိုရွှေအ,လည်း တပါတည်းပါလာခဲ့သည်။
တောတန်းလေးထဲဝင်ခါစတွင် ကြက်သီးတွေထသည်။ ကိုရင်လေးကလည်း သူ့အဖေလက်ကို တင်းတင်းဆုပ်ထားသည်။
တောတန်းလေးအလယ်တွင် ဖျာနှစ်ချပ်စာလောက် ရှင်းလင်းထားပြီး ပါတ်လည်တွင် တိုင်လေးတိုင်စိုက် ကြိုးအနီကြီးနှင့်တန်းကာ ကာရံထားသည်။ အထဲတွင် လှေကြုံစီးလာခဲ့ကြသော အဘိုးကြီးဆရာတပည့်နှစ်ဦးကို အုန်းငှက်ပျောပွဲတွေနဲ့အတူ တွေ့ရသည်။
အဘိုးကြီးက ကိုဘုန်းကြွယ်တို့အား လှည့်ကြည့်ပြီး"အေး မင်းတို့လာမယ်ဆိုတာ သိပြီးသားပါ။ လာ ကြိုးဝိုင်းထဲဝင်"ဟုခေါ်သည်။
ကိုဘုန်းကြွယ်က" မမြစိမ်းက ဒီတောတန်းလေးမှာ သူရှိမယ်လို့ ပြောလို့ လာတာပါ။ အထဲကို မဝင်တော့ပါဘူး၊ ပြန်တော့မယ်"ဟုပြောရာ "အေး ဟုတ်တယ်၊ မင့်မိန်းမ မမြစိမ်းက ဥစ္စာစောင့် သိုက်နန်းရှင်၊ ဒီငါးမျက်နှာဘုရားသိုက်မှာ စောင့်နေရတာ၊ ငါ အခု သူတို့ကိုခေါ်နေတာ၊ မကြာခင်လာတော့မှာ၊ ကိုရင်လေး အမေကိုတွေ့ချင်တယ်မိုလား လာ ဒီအထဲဝင်ခဲ့"ဟု ခေါ်ပြန်သည်။
မမြစိမ်းကို တွေ့ရမည်ဆိုလို့ သားအဖနှစ်ဦး ကြိုးဝိုင်းထဲကို ဝင်ခဲ့ကြသည်။ ကိုရွှေအ,က တော့ မဝင်၊ ဘေးကနေ အရိပ်အခြေ ကြည့်နေသည်။
အဘိုးကြီးက လွယ်အိတ်ထဲနှိုက်ပြီး အင်းချပ်တွေနှင့်မြေပေါ်ပေါက်ကာ ဆေးမှုန့်တွေမန်းပြီး မြေပေါ်ကြဲဖြန့်သည်။ လက်ထဲက နီညိုရောင်ကြိမ်လုံးနှင့် မြေကြီးကိုရိုက်ပြီး " လာခဲ့စမ်း၊ ဒူးတုပ်ပြီးလာခဲ့၊ သိုက်ကိုဖွင့်စမ်း၊ နင့်ယောက်ျားနဲ့ နင့်သားကိုရင် ငါ့စည်းဝိုင်းထဲရောက်နေပြီ။ ဟဲ့ မြစိမ်း ခုလာခဲ့ ထွက်ခဲ့ သိုက်ကိုဖွင့်ပေး"ဟု စူးစူးဝါးဝါး အော်တော့သည်။
ထိုအချိန် လေမတိုက် မိုးမရွာဘဲနှင့် သစ်ပင်သစ်တောတွေယိမ်းယိုင်ပြီး တောဟီသံလို ဝူးဝူးဝေါဝေါနှင့် တစ်တောလုံး ဆူညံသွားတော့သည်။ကိုဘုန်းကြွယ်တို့သားအဖလည်း ကြောက်ရွံ့စွာ တစ်ဦးကိုတစ်ဦး ဖက်နေရသည်။ စံပါယ်ပန်းရနံ့တွေကလည်း မွှေးပြန့်လာသည်။
ထိုအချိန်တွင် ကိုရွေအ,တစ်ယောက် မမျှော်လင့်ဘဲ ဝူးဝူးဝါးဝါး အော်ဟစ်ပြီး ကြိုးဝိုင်းထဲပြေးဝင်ကာ အုန်းငှက်ပျောပွဲတွေကို ခြေဖြင့်ကန်လွှင့်ပစ်တော့သည်။ ဆရာကြီးနှင့် သူ့တပည့်က ဆွဲသော်လည်း မရတော့။
ကိုရွှေအ, ခုတော့ စကားပြောပြီ၊ အောင်ပြီ အောင်ပြီဟု အော်တော့သည်။ အဖိုးကြီးဆရာတပည့်မှာ မြေကြီးပေါ်လူးလှိမ်းပြီး ကယ်ပါယူပါ အော်နေတော့သည်။ ကိုဘုန်းကြွယ်တို့ သားအဖသည် ကြောက်လန့်တကြား ခပ်သုတ်သုတ် ရွာသို့ ပြန်ပြေးခဲ့ကြရသည်။
ထိုတပိုတွဲလကွယ်နေ့ ည ၈ နာရီလောက်မှာပင် ဆရာတော်က ခေါ်ခိုင်း၍ ကိုဘုန်းကြွယ် ဘုန်းတော်ကြီးကျောင်းသို့ အဖေါ်တစ်ယောက်နှင့် လာခဲ့သည်။ ဆရာတော်က ကုလားထိုင်ပေါ်တွင်ရှိသည်။
ကိုရင်လေးများနှင့် ကပ္ပိယကြီးက ကြမ်းပြင်ပေါ်တွင်ရှိသည်။ ဘုရားရှေ့တွင် ရွာထဲက ဒေါ်လေးခင်နှင့် သူ့တူမလေးကကြုံ့ကြုံ့ထိုင်နေကြသည်။ "ကဲကဲ ဒကာမကြီး ပြောစရာရှိတာ ပြောပါ။ ဘုန်းကြီးခွင့်ပြုပါတယ်"ဟု ဆရာတော်က ခွင့်ပြုပေးသည်။
ဒေါ်လေးခင် တစ်ကိုယ်လုံး တုန်ရီလာပြီး ကိုဘုန်းကြွယ်တို့ဘက်သို့လှည့်ကာ ငိုတော့သည်။ ကိုရင်လေးကိုလည်း ရှိခိုးကန်တော့သည်။
"ကိုဘုန်းကြွယ်၊ မမြစိမ်းဟာ ငါးမျက်နှာဘုရားကြီးသိုက်ကိုစောင့်ရတဲ့ ဥစ္စာစောင့်ပါ။ မောင်နှမ လေးယောက်ရှိပါတယ်။ လူ့ပြည်ကို ခဏသွားချင်တယ်ဆိုလို့ လွှတ်လိုက်တာ။ သားသမီးရရင် ပြန်လာပါ့မယ်လို့ ကတိပေးခဲ့ရတယ်။ ကိုရွှေအ,ဟာ သိုက်နန်းမှာ မမြစိမ်းရဲ့ မောင်ပါ။
သိုက်နန်းရှိတဲ့နေရာကို သိုက်ဆရာတွေ သိသွားကြပြီ။ ဒါကြောင့် မမြစိမ်းတို့ သိုက်ပြောင်းရတော့မယ်။ ပန်းတောင်းမြို့ရဲ့ မြောက်ဖျားက ဖိုးဦးတောင်ကို ပြောင်းရမယ်။ အဲဒီမှာ ဖိုးဦး၊ ဖိုးဖြူ ၊ မဉ္ဇူ ၊ တန့်ကြည့် တောင်တန်းတွေ တဆက်တည်းရှိတယ်။
နောင် အဲဒီတောင်တန်းတွေမှာ စေတီပုထိုးဘုရားသာသနာ ပွင့်လန်းလာတော့မှာ၊ မနက်ဖန် ပြောင်းတော့မယ်။ ကိုဘုန်းကြွယ်နဲ့ ကိုရင်လေး အဲဒီတောင်တန်းတွေဆီကို အရောက်လိုက်လာခဲ့ပါ။
မမြစိမ်းတို့ ပေးပိုင်ခွင့်ရှိတဲ့ ပစ္စည်းတွေထဲက တောင်တစ်ခုပေါ်မှာ ငွေတွေပုံပေးထားပါ့မယ်။ အဲဒီနေရာမှာ ငွေပုံပေးစေတီ တည်ထားပေးပါ။ နောက် တောင်တစ်ခှုမှာ ရွှေတွေပုံပေးထားပါ့မယ်။ အဲဒီနေရာမှာ ရွှေပုံပေးစေတီ တည်ထားပေးပါ။
စေတီတွေတည်ပြီးလို့ အမျှဝေရင် သိုက်ချုပ်ဘိုးတော်နဲ့ မမြစိမ်းတို့မောင်နှမတွေကို ဒီဘဝကကျွတ်အောင် လွတ်အောင် ကိုဘုန်းကြွယ်တို့သားအဖ ကိုယ်တိုင် အမျှဝေပေးပါ"လို့ မျက်ရည်စက်လက်နဲ့ မှာကြားခဲ့လေသည်။
ကျောင်းခန်းတစ်ခုလုံး စံပါယ်ပန်းရနံ့တွေမွှေးနေပြီး မကြာမီ တဖြေးဖြေးနဲ့ ပြယ်သွားတော့သည်။
ရွှေဘုံသာမုနိစေတီတော်ကြီး၏ ရင်ပြင်တော် အရှေ့မြောက်ထောင့်တွင် အမတော်မမြစိမ်း၏ နတ်နန်းကို ခန်းနားတင့်တယ်စွာ တည်ဆောက်ထားပါသည်။
ပဌာန်းဆက်တို့ကလည်း ရွှေဘုံသာရောက်သည်နှင့် အစ်မတော်ကို ဦးတိုက်ကြသည်သာ။
အမတော်မမြစိမ်းရုပ်တုအား မန္တလေးမြို့မှ ဒေါ်မြင့်မြင့်သန်း(အင်ဂျင်နီယာ)က ယင်း၏အိမ်တွင် ပန်းပုဆရာခေါ်ပြီး ထုဆစ်ခဲ့သည်။ မျက်နှာကို အဓိဋ္ဌာန်ပြု စိတ်ကူးပုံဖေါ် အာရုံယူပြီး ကိုယ်တိုင် ပြုလုပ်ခဲ့သည်။ မိန်းကလေးအင်္ဂါ အစုံအလင် ထည့်သွင်းထုလုပ်ခဲ့သည်။
ဝတ်လဲတော် လဲလှယ်ပါက ရှေ့မှ ကန့်လန့်ကာပိတ်ပြီး အမျိုးသမီးများကသာ လဲလှယ်ပေးရပါသည်။ အဝတ်အစား သန့်ပြန့်စွာဝတ်စားပြီး အပျိုစင်တစ်ဦးပါဝင်ကာ လဲလှယ်ပေးကြသည်။
ရွှေဘုံသာမုနိဘုရားကြီး ဘက်စုံပြုပြင်နေစဉ်က အမတော်တို့ညီအမသုံးဦး အစိမ်းရောင်ဝတ်စုံများဖြင့် လာရောက်၍ လက်ဝတ်လက်စားတွေချွတ်ကာ လှူဒါန်းသွားခဲ့ကြသေးသည်။
အမတော်နတ်နန်းတွင် အမျိုးသမီးငယ်နှစ်ဦး ဓာတ်ပုံရိုက်ပြီး ပုံကူးသောအခါ နောက်မှပုဝါဖြူ ခြုံထားသော အမတော်ပုံ ထူးခြားစွာပါလာခဲ့၍ ဂေါပကအဖွဲ့မှ မှတ်တမ်းပြုထားပါသည်။
ရှမ်းပြည်မှ တိုင်းရင်းသူတစ်ဦး အမတော်သလွန်အား ဓာတ်ပုံရိုက်ပြီး အမတော်တကယ်ရှိပါက ထင်ရှားစွာပြရန် အဓိဋ္ဌာန်ခဲ့သည်။ လက်ကိုင်ဖုန်းဖြင့်ရိုက်ခြင်းဖြစ်၍ ပြန်ဖွင့်ကြည့်သောအခါ သလွန်ပေါ်တွင် တုံးလုံးလှဲနေသော အမတော် ပုံရိပ်ကို တွေ့ရသည်။
ဓာတ်ပုံကူးသောအခါ ကူး၍မရပေ သို့သော် ထိုပုံကို အနီးအနားရှိ ဂေါပကနှင့် ဘုရားဖူးသူတို့ ဖုန်းထဲတွင် မြင်တွေ့လိုက်ကြရသည်။
အမတော်နန်းမှ အလှူငွေကို ဘဏ်တွင် သီးခြားအပ်ထားပြီး ဘုရားကြီးရွှေသင်္ကန်းကပ်လှူပူဇော်ချိန်တွင် အမတော်၏သာသနာပြု လုပ်ငန်းအဖြစ်ပါဝင်စေကာ ရွှေသင်္ကန်း ကပ်ပေးကြပါသည်။
အရင်က ရွှေဘုံသာဘုရားကြီးတွင် မုခ်သုံးခုသာရှိခဲ့ပါသည်။ ဘိုးတော်များနှင့် အမတော်မမြစိမ်းက အနောက်ဘက်မုခ်ပါ ဖွင့်လှစ်ပေးပါရန် မေတ္တာရပ်ခံတောင်းဆိုခဲ့၍ အနောက်ဘက်မုခ်ကို ဖွင့်ဖောက် တည်ဆောက်ပေးခဲ့ရသည်။
ပြည်မြို့မှ နဝဒေးတံတားကြီးအတိုင်း အနောက်ဘက်သို့ကူးကာ မြောက်အရပ်သို့သွားလျှင် ဧရာဝတီမြစ်ကမ်းနံဘေးတွင် ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးကို ကြည်နူးဖွယ်ရာ ဖူးတွေ့ရမည်ဖြစ်ပါသည်။
သိုက်ချုပ်ဘိုးတော်နှင့် မမြစိမ်းတို့မောင်နှမတစ်စုအား အမျှပေးဝေ ရင်း
ဒီဘဝမှ ကျွတ်ပါလွတ်ပါစေ၊ တဆင့်ထက်တဆင့် မြင့်သထက်မြင့်တဲ့ဘဝတွေကို ရယူပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သကာ အမျှအတန်း ပေးဝေပါသည်။
ကိုးကား။
ရွှေဘုံသာမုနိစေတီတော်ကြီး ဂေါပကအဖွဲ့၊ သိုက်နန်းရှင် အမတော် မမြစိမ်း
#မြန်မာ့ရိုးရာနတ်ကနားပွဲကြီး #သိုက်
"Thaiknanshin"
"Keeper of the treasure trove"is a prominent Burmese nat. it was known to be a dragon guarding the pagodas.
🐍ဗိုလ်တစ်ထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်တွင့်အထင်ကရ...စောင့်ရှောက်နေသော...ဘုရားအမကြီး"အစ်မတော်မြနန်းနွယ်"နှင့် "အမေရွှေနဂါးမယ်တော်"ကြီးပင့်ဖိတ်ချော့ကန်တော့ခြင်း....❤🐍
အစ်မတော်ဖုရားမေတ္တာဖြင့်....ပဌာန်းဆက်များအေးချမ်းပါစေ....ခင်ဗျာ....❤🐍
17/04/2024
"A May Gyan"
Amay Gyan is a prominent Burmese nat. She is one of the five mother nats of Burma. The festival of Amay Gyan is held each year on the 13th and 14th waning days of the month of Nayon of the Burmese calendar, in Ayegyigon, Mandalay Region.Amay Gyan was born Chan-Tha to the chief of the Shwedaung village in present-day central Myanmar in c. mid-14th century. Her family reportedly disowned her for marrying Nga Tet Pya, whom her father deemed a dubious character and a drunkard. After the marriage, she, too, became addicted to toddy palm wine like her husband. One day, a drunken Chan-Tha argued with the guards at one of the gates of Ava, the capital. The argument quickly escalated into a physical altercation after she started cursing out at the guards. She was severely beaten up by the guards and died from the injuries. For her courage, she became a martyr to the local populace and later entered the pantheon of Burmese nats (spirits) as a nat named Amay Gyan....
📸 Lynn Khant Aung
💄 Kyaw
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon