EPDA

EPDA

Share

23/06/2026

💸Cash Back သိန်း 40 ရယူပြီး နှစ်နှစ်စာအတွက်ကျောင်းလခ သိန်း(80)ကျပ်ထဲနဲ့ EPDA ၏ BTEC (HNC / HND) Program တက်ရောက်နိုင်မယ့် အခွင့်အရေး 💸

🎓ပညာရေးကို အလေးထားကြိုးစားသူတိုင်းကို အသိအမှတ်ပြုသည့်အနေဖြင့် EPDA တွင် BTEC (HNC / HND) Program ကိုပြီးစီးအောင်မြင်သသည်အထိတက်ရောက်ပြီးပါက အောက်ပါစည်းကမ်းချက်များနှင့်ကိုက်ညီသူများတိုင်းအား ကျောင်းလခမှ Cash Back သိန်း 40 ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။

🎓EPDA ၏ Payment Plan များထဲမှ Plan A ဖြင့်အပ်နှံပြီး သတ်မှတ်စည်းကမ်းချက်များနှင့်ကိုက်ညီသူ ကျောင်းသူကျောင်းသား (10) ဦးအား ပထမနှစ်အတွက် ကျောင်းလခ သိန်း (၆၀) နှင့် ဒုတိယနှစ်အတွက်ကကျောင်းလခ သိန်း(၆၀) စုစုပေါင်း သိန်း ၁၂၀ ကုန်ကျမည့်အစား သိန်း ၈၀ ကျပ်ထဲနဲ့ နှစ်နှစ်လုံးတက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။

✔️✔️စည်းကမ်းချက်များ
1️⃣BTEC (HNC / HNC) Program ကို အစောဆုံးအပ်နှံထားသည့် Early Bird (၁၀) ဦးထဲတွင်ပါဝင်ရပါမည်။
2️⃣သင်တန်းကိုပြီးစီးအောင်မြင်သည့်အထိတက်ရောက်ရပါမည်။
3️⃣ သင်တန်းပြီးသည့်အခါ Real World Project ကို (6) လအတွင်း ပြီးစီးအောင်မြင်သည်အထိ ကိုယ်တိုင်ပြုလုပ်နိုင်ရပါမည်။
☑️အထက်ပါအချက်များနှင့်ပြည့်စုံသည့်ကျောင်းသားကျောင်းသူ (10) ဦးအား EPDA မှ Cash Back သိန်း 40 ပေးအပ်ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။

✅စုစုပေါင်းသင်တန်းကာလ - (2) နှစ်
(HNC သင်တန်းကာလ - တစ်နှစ် ၊ HND သင်တန်းကာလ - တစ်နှစ်)
✅သင်တန်းစတင်မည့်နေ့ - 30.7.2026
✅Real World Application Project Development - 6 Months

✴ ပညာရေးအတွက် ငွေကြေးကိစ္စပူပင်မှုမရှိရလေအောင် Cash Back အစီအစဉ်အပြင် Bank နှင့်ချိတ်ဆက်ပြီး ကျောင်းအပ်နှံနိုင်ရန် ပညာသင်စရိတ် ချေးငွေ (Education Loan) အစီအစဉ်နှင့် ကျောင်းလခအရစ်ကျပေးသွင်းနိုင်သည့် Payment Plan များကိုလည်း စီစဉ်ပေးထားပါတယ်။

✴ ဒါကြောင့် ကျောင်းအပ်နှံရန်နှင့် အသက်မွေးဝမ်းကျောင်း ဆွေးနွေးမှု (Career Counseling) အခမဲ့ ရယူလိုပါက Page Messenger (သို့မဟုတ်) ဖုန်းများမှတဆင့် ဆက်သွယ်နိုင်ပါတယ်။

✴BTEC Program အကြောင်းအသေးစိတ် နှင့် Educational Loan (ပညာသင်စရိတ်ချေးငွေ) ကို အောက်ပါ Link မှတစ်ဆင့် ကြည့်ရှု့နိုင်ပါတယ်။ 👇👇

https://www.codesubmit.io/.../software-engineer-salary-by...?

☑️ဒါကြောင့် Cash Back သိန်း 40 အရယူပြီး နိုင်ငံတကာအသိအမှတ်ပြု IT Engineer အဖြစ်ရပ်တည်နိုင်မယ့် IT ပညာရေးစတင်ဖို့ BTEC (HNC / HND) Program Batch (1) ကို အခုပဲ Early Bird အမီ အပ်နှံလိုက်ကြပါစို့ ...

✨ပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာ အောင်မြင်သူတစ်ယောက်အဖြစ် သင့်ဘဝကို အာမခံချက်အပြည့်နဲ့ ထုဆစ်ဖို့ EPDA နဲ့အတူ အခုပဲစတင်လိုက်ကြရအောင်။

𝗔𝗱𝗱𝗿𝗲𝘀𝘀 ...
𝗥𝗼𝗼𝗺 𝗡𝗼. 𝟭𝟬𝟬𝟵(𝗔,𝗕), 𝗬𝘂𝘇𝗮𝗻𝗮 𝗧𝗼𝘄𝗲𝗿, 𝗖𝗼𝗿𝗻𝗲𝗿 𝗢𝗳 𝗦𝗵𝘄𝗲 𝗚𝗼𝗻𝗲 𝗗𝗶𝗻𝗲 𝗥𝗼𝗮𝗱 𝗮𝗻𝗱 𝗚𝗮𝗯𝗮𝗿𝗔𝘆𝗲 𝗣𝗮𝗴𝗼𝗱𝗮 𝗥𝗼𝗮𝗱, 𝗕𝗮𝗵𝗮𝗻 𝗧𝗼𝘄𝗻𝘀𝗵𝗶𝗽, 𝗬𝗮𝗻𝗴𝗼𝗻, 𝗠𝘆𝗮𝗻𝗺𝗮𝗿.
☎️𝟬𝟵 𝟳𝟵𝟱 𝟯𝟱𝟬 𝟯𝟬𝟱, 𝟬𝟵 𝟰𝟬𝟬 𝟯𝟱𝟬 𝟯𝟬𝟱

7

Photos from EPDA's post 06/06/2026

K-Shape Recovery ကာလတွင် နည်းပညာဖြင့် အောင်မြင်မှုလမ်းကြောင်းဆီသို့ ...

( K-Shape Recovery ) အကြောင်းကို CEO/ Co-Founder ဆရာကျော်မင်းထွန်းက ကျောင်းသားကျောင်းသူများနှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။ K-Shape ဆိုသည်မှာ စီးပွားရေးတိုးတက်မှုတွင် အချို့ကဏ္ဍများ၊ ကျွမ်းကျင်သူများမှာ အရှိန်အဟုန်ဖြင့် ရှေ့သို့တက်လှမ်းပြီး အကျိုးအမြတ်ရရှိ နိုင်သော်လည်း၊ အချို့မှာမူ နောက်ကျကျန်ရစ်ပြီး အရှူံးနှင့်ရင်ဆိုင်ရသည့် အခြေအနေကို ဆိုလိုခြင်းဖြစ်သည်။

ဤစိန်ခေါ်မှုများပြည့်နှက်နေသည့် ကာလတွင် IT အင်ဂျင်နီယာများအနေဖြင့် မိမိကိုယ်ကိုယ် အဆင့်မြှင့်တင်ပြီး အခွင့်အလမ်းကောင်းများ ရရှိနိုင်ရန် EPDA ၏ CEO/ Co-Founder ဆရာကျော်မင်းထွန်းက အဓိကအချက် (၃) ချက်ကို အလေးပေး ပြောကြားခဲ့ပါသည်။

1️⃣ နည်းပညာအသစ်များနှင့် မျက်ခြေမပြတ်ခြင်း
နည်းပညာလောကသည် တစ်ရက်နှင့်တစ်ရက် မတူအောင် ပြောင်းလဲနေပါသည်။ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိရန်အတွက် လက်ရှိပေါက်နေသည့် နည်းပညာများကိုသာမက၊ အနာဂတ်တွင် အသုံးဝင်လာမည့် နည်းပညာသစ်များကိုပါ စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာနေရန် လိုအပ်ပါသည်။

2️⃣ Lifelong Learning (တစ်သက်တာ သင်ယူခြင်း)
"သင်ယူမှုသည် ကျောင်းပြီးသွားခြင်းဖြင့် မဆုံးသွားပါ" ဟူသည့်အတိုင်း အောင်မြင်သော အင်ဂျင်နီယာတစ်ဦးဖြစ်ရန်မှာ တစ်သက်တာလုံး စဉ်ဆက်မပြတ် လေ့လာသင်ယူနေသည့် Lifelong Learning အလေ့အကျင့်ရှိရန် အလွန်အရေးကြီးပါသည်။ လျင်မြန်စွာ ပြောင်းလဲနေသော K-Shape လမ်းကြောင်းပေါ်တွင် မိမိကိုယ်ကိုယ် အမြဲတမ်း 'Relevant' ဖြစ်နေစေရန်အတွက် သင်ယူလိုစိတ်ရှိခြင်းသည် အကြီးမားဆုံးသော အရင်းအနှီးပင်ဖြစ်သည်။

3️⃣ကျွမ်းကျင်မှုများကို စဉ်ဆက်မပြတ် မြှင့်တင်ခြင်း (Skill Upgrading)
IT ကဏ္ဍတွင် အခွင့်အလမ်းများ ဖန်တီးနိုင်ရန်အတွက် Hard Skills (နည်းပညာပိုင်းဆိုင်ရာ) သာမက၊ Soft Skills (ဆက်သွယ်ပြောဆိုမှု၊ ပြဿနာဖြေရှင်းနိုင်မှု) တို့ကိုပါ တွဲဖက်မြှင့်တင်ရပါမည်။ မိမိ၏ အရည်အချင်းကို အစဉ်မြှင့်တင်နေခြင်းသည် K-Shape ၏ အပေါ်ဘက်လမ်းကြောင်း (တိုးတက်မှုလမ်းကြောင်း) သို့ တက်လှမ်းနိုင်ရန်အတွက် အဓိကသော့ချက်ဖြစ်ပါသည်။

✨ဆရာ၏ အမှာစကား✨
"ပြောင်းလဲမှုတွေကို ကြောက်ရွံ့မနေပါနဲ့။ အဲဒီပြောင်းလဲမှုတွေကို အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း အသစ်တစ်ဖန် ပြန်လည်တီထွင် (Reinvent) လုပ်နေဖို့ လိုအပ်ပါတယ်။ အကောင်းဆုံး IT အင်ဂျင်နီယာတစ်ယောက် ဖြစ်လာဖို့အတွက် သင်ယူခြင်းလမ်းကြောင်းကို ဘယ်တော့မှ မရပ်တန့်လိုက်ပါနဲ့။"

⭐️ဤဆွေးနွေးပွဲသည် ကျောင်းသားများအတွက် အနာဂတ်အလုပ်အကိုင် လမ်းကြောင်းနှင့် ပတ်သက်၍ ကြီးမားသော တွန်းအားတစ်ခု ဖြစ်စေခဲ့ပါသည်။

𝗔𝗱𝗱𝗿𝗲𝘀𝘀 ...
𝗥𝗼𝗼𝗺 𝗡𝗼. 𝟭𝟬𝟬𝟵(𝗔,𝗕), 𝗬𝘂𝘇𝗮𝗻𝗮 𝗧𝗼𝘄𝗲𝗿, 𝗖𝗼𝗿𝗻𝗲𝗿 𝗢𝗳 𝗦𝗵𝘄𝗲 𝗚𝗼𝗻𝗲 𝗗𝗶𝗻𝗲 𝗥𝗼𝗮𝗱 𝗮𝗻𝗱 𝗚𝗮𝗯𝗮𝗿𝗔𝘆𝗲 𝗣𝗮𝗴𝗼𝗱𝗮 𝗥𝗼𝗮𝗱, 𝗕𝗮𝗵𝗮𝗻 𝗧𝗼𝘄𝗻𝘀𝗵𝗶𝗽, 𝗬𝗮𝗻𝗴𝗼𝗻, 𝗠𝘆𝗮𝗻𝗺𝗮𝗿.
☎️𝟬𝟵 𝟳𝟵𝟱 𝟯𝟱𝟬 𝟯𝟬𝟱, 𝟬𝟵 𝟰𝟬𝟬 𝟯𝟱𝟬 𝟯𝟬𝟱

31/05/2026

👩‍🎓ပညာရေးနှင့်အနာဂတ်ကိုတပြိုင်နက်တည်ဆောက်နိုင်တဲ့ EPDA ရဲ့ BTEC - HNC / HND Program ကိုတက်ရောက်ပြီး နိုင်ငံတကာအသိအမှတ်ပြု IT Engineer များအဖြစ်ရပ်တည်လိုက်ကြရအောင် ... 💪

🎓အသက်သာဆုံးသင်တန်းကြေးများဖြင့် EPDA International တွင် HNC / HND နှင့် Foundation Program များကိုဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။

💸GED, IGCSE နှင့် Grade 12 အောင်မြင်ပြီးသောကျောင်းသူကျောင်းသူတိုင်း EPDA International မှာ နိုင်ငံတကာအဆင့် HNC နှင့် HND Program များကိုတက်ရောက်သင်ယူနိုင်ပါပြီ။

💻အခြေခံပညာအထက်တန်းအဆင့် အသက် (15) နှစ်ပြည့်ပြီးသည့်ကျောင်းသားကျောင်းသူများလည်း Foundation Program- အခြေခံမှစတင်ပြီး နိုင်ငံတကာအဆင့် HNC / HND Program အထိသင်ယူနိုင်ပါပြီ။

⏳ စုစုပေါင်း သင်တန်းကာလမှာ (၂) နှစ် ဖြစ်ပြီး သင်တန်းပြီးဆုံးပါက လုပ်ငန်းခွင်အသင့်ဖြစ်စေရန် Real World Application Project Development (၆) လ တိတိလက်တွေ့ ပြုလုပ်ရပါမည်။

✅July နောက်ဆုံးပတ်မှာစတင်မယ့် Batch - 1 သင်တန်းမှာအထူးဈေးနှုန်းနဲ့ အခွင့်အရေးများစွာကိုစီစဉ်ပေးထားတဲ့အတွက် အမြန်ဆုံးကျောင်းအပ်နှံကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။

BTEC Program အကြောင်းအသေးစိတ် နှင့် Educational Loan (ပညာသင်စရိတ်ချေးငွေ) ကို အောက်ပါ Link မှတစ်ဆင့် ကြည့်ရှု့နိုင်ပါတယ် ။ 👇👇

https://www.facebook.com/share/p/1BAnsFacDj/

🤝Bank နှင့်ချိတ်ဆက်ပြီးပညာသင်စရိတ် ချေးငွေ (Education Loan) အစီအစဉ်ဖြင့် ကျောင်းအပ်နှံရန်နှင့် အခမဲ့ အသက်မွေးဝမ်းကျောင်း ဆွေးနွေးမှု (Career Counseling) ရယူရန် Page Messenger (or) ဖုန်းများမှတဆင့် ဆက်သွယ်နိုင်ပါတယ်။

✍️ဘွဲ့တစ်ခုတည်းအတွက် မဟုတ်ဘဲ.. ထိပ်တန်းလုပ်ငန်းခွင်တွေက ကြိုဆိုနေမယ့် ပြီးပြည့်စုံသော အနာဂတ်ကို ယခုပဲ ဖန်တီးလိုက်ပါ။

𝗔𝗱𝗱𝗿𝗲𝘀𝘀 ...
𝗥𝗼𝗼𝗺 𝗡𝗼. 𝟭𝟬𝟬𝟵(𝗔,𝗕), 𝗬𝘂𝘇𝗮𝗻𝗮 𝗧𝗼𝘄𝗲𝗿, 𝗖𝗼𝗿𝗻𝗲𝗿 𝗢𝗳 𝗦𝗵𝘄𝗲 𝗚𝗼𝗻𝗲 𝗗𝗶𝗻𝗲 𝗥𝗼𝗮𝗱 𝗮𝗻𝗱 𝗚𝗮𝗯𝗮𝗿𝗔𝘆𝗲 𝗣𝗮𝗴𝗼𝗱𝗮 𝗥𝗼𝗮𝗱, 𝗕𝗮𝗵𝗮𝗻 𝗧𝗼𝘄𝗻𝘀𝗵𝗶𝗽, 𝗬𝗮𝗻𝗴𝗼𝗻, 𝗠𝘆𝗮𝗻𝗺𝗮𝗿.
☎️𝟬𝟵 𝟳𝟵𝟱 𝟯𝟱𝟬 𝟯𝟬𝟱, 𝟬𝟵 𝟰𝟬𝟬 𝟯𝟱𝟬 𝟯𝟬𝟱

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Room No. 1009(A, B), Yuzana Tower, Corner Of Shwe Gone Dine Road And Gabar Aye Pagoda Road, Bahan Township
Yangon
11201