Innovation Hub
25/03/2022
"E-commerce Platforms ကိုမဝင်ရောက်ခင် ဘယ်အချက်တွေကို စဉ်းစားသင့်သလဲ?"
e-commerce platforms များကိုအသုံးပြုဖို့စဉ်းစားနေတဲ့ လုပ်ငန်းရှင်များအနေနဲ့ အောက်ပါအချက်အလက်လေးများကို အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။
"Things that entrepreneurs need to consider before onboarding to the e-commerce platforms"
We hope these information will be useful and helpful for the entrepreneurs and business owners in considering e-commerce platforms.
ယနေ့စီးပွားရေးအခင်းအကျင်းသည် လျင်မြန်စွာပြောင်းလဲလျက်ရှိရာ ကိုဗစ်-၁၉ ကပ်ရောဂါအပြီးမှာ သိသိသာသာပြောင်းလဲမှုများဖြစ်လျက်ရှိပါတယ်။ ယနေ့စီးပွားရေးနယ်ပယ်မှာ လည်ပတ်နိုင်ဖို့ဆိုလျှင် စီးပွားရေးလုပ်ငန်းရှင်များသည် နည်းပညာအသစ်များနဲ့ အကျွမ်းတဝင်ရှိနေရန်လိုအပ်ပြီး စိန်ခေါ်မှုအသစ်များနဲ့ မထင်မှတ်ထားသော အခြေအနေများကို ရင်ဆိုင်ဖြေရှင်းနိုင်သည့် စွမ်းရည်နဲ့ အရည်အချင်းများရှိရန်လိုပါတယ်။ ယနေ့ခေတ်ရဲ့ စီးပွားရေးအခင်းအကျင်းသစ်မှာ အရာရာကို ဒစ်ဂျစ်တယ် နည်းပညာဖြင့် ချိတ်ဆက်လျက်ရှိပြီး၊ အကျိုးကျေးဇူးများနဲ့ အဆင်ပြေချောမွေ့မှုများကြောင့် အလုပ်များကို အွန်လိုင်းတွင်သာ အများစုစတင်လုပ်ဆောင်လာကြသည်ကို တွေ့ရှိရပါတယ်။
မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ဖြစ်ပွားပြီးနောက် လူသုံးကုန်များနှင့် ဝန်ဆောင်မှုများကိုအွန်လိုင်းပေါ်မှတစ်ဆင့် ရောင်းဝယ်မှုများ ပိုမိုများပြားလာပါတယ်။ ယနေ့ခေတ်ရဲ့ စီးပွါးရေးနယ်ပယ်မှာ မိမိလုပ်ငန်းကိုချဲ့ထွင်ရန် ဆန္ဒရှိပါက E-commerce Platform ပေါ်တွင်ရောင်းချရန် စဉ်းစားဖို့လိုအပ်လာပါတယ်။ E-commerce Platform ပေါ်တွင်ရောင်းဝယ်ပါက မြန်ဆန်ခြင်း၊ ပထဝီမြေအနေအထား ကန့်သတ်ချက်မရှိခြင်း၊ ငွေပေးချေမှု လွယ်ကူခြင်း၊ လိုက်လျောညီထွေမှုရှိခြင်း အစရှိသည့် ရောင်းသူနှင့် ဝယ်သူ နှစ်ဦးနှစ်ဖက်လုံးတွင် အကျိုးကျေးဇူးများလည်းအများအပြားရှိပါတယ်။
“Resilience for Women-led SMEs Programme” ရဲ့ကျွမ်းကျင်ပညာရှင်များရဲ့ ပို့ချခြင်းအစီအစဉ်များထဲမှ တစ်ခုဖြစ်တဲ့ “Leveraging E-commerce in Women-led Businesses” မှာ မြန်မာနိုင်ငံအတွင်းရှိ E-commerce Platforms များဖြစ်တဲ့ Azay, ACME နှင့် shop.com မှ ကိုယ်စားလှယ်များမှ အမျိုးသမီးလုပ်ငန်းရှင်များကို E-commerce နှင့်ပက်သက်တဲ့ အတွင်းကျကျအချက်အလက်များနဲ့ လက်တွေ့ဗဟုသုတများဖြစ်တဲ့ E-commerce Platform များတွင် ရောင်းချခြင်းမပြုလုပ်ခင် စဉ်းစားရမည့်အချက်များနှင့် မြန်မာနိုင်ငံတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများအတွက်သင့်လျော်တဲ့ E-commerce Platform များအကြောင်းကို မျှဝေသွားခဲ့ပါတယ်။
ထိုအစီအစဉ်မှ ကိုယ်စားလှယ်များပို့ချခဲ့တဲ့ အကြောင်းအရာများထဲမှ ဗဟုသုတရစေမဲ့ အချက်လေးတစ်ချို့ဖြစ်တဲ့ E-commerce Platform များတွင် ရောင်းချခြင်းမပြုလုပ်ခင် စဉ်းစားရမည့်အချက်လေးများကို မျှဝေပေးပါရစေ။
✅ Project Charter
မိမိလုပ်ငန်းအနေနဲ့ E-commerce Platform သို့ဝင်ရန်စဉ်းစားထားတယ်ဆိုပါက ရှင်းလင်းတဲ့ Project Charter တစ်ခုရှိရန်လိုပါတယ်။ Project Charter ဆိုသည်မှာ မှတ်တမ်းစာရွက်စာတမ်းတစ်ခုဖြစ်ပြီးတော့ လုပ်ငန်းရဲ့ ပန်းတိုင်များ၊ နယ်ပယ်၊ တာဝန်များ၊ သက်ဆိုင်ရာလူများ၊ ငွေစာရင်းများ အစရှိသည့် စီးပွားရေးအချက်အလက်တို့ကို ချမှတ်ထားတဲ့ စာတမ်းတစ်ခုဖြစ်ပါတယ်။ ထိုအရာများကို ချမှတ်ထားတဲ့ စာရွက်စာတမ်းဟာ လုပ်ငန်းအဆင့်ဆင့်လုပ်ဆောင်တဲ့နေရာမှာ အလွန်အသုံးဝင်တာကြောင့် E-commerce Platform သို့ဝင်ရန် စဉ်းစားထားသူများအနေနဲ့ ရှိရန် လိုအပ်ပါတယ်။
✅ Target Customers
မိမိလုပ်ငန်းရဲ့ target market နဲ့ target customers များကို သေချာသိရှိရန်လိုပါတယ်။ မိမိရဲ့ customers အကြောင်းကိုပိုမိုသိရှိရန်အတွက် လေ့လာဆန်းစစ်မှုများနှင့် customers များရဲ့ အချက်အလက်များဖြစ်တဲ့ မိမိရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုများက ဘယ်လိုသူများအတွက်ထုတ်လုပ်ထားတာလဲ? မိမိ customers များရဲ့ အကြိုက်များက ဘယ်လိုမျိုးလဲ? မိမိ customers များရဲ့ ထုတ်ကုန်နဲ့ပက်သက်တဲ့ အပြုအမူများက ဘယ်လိုရှိလဲ? customers များကြားမှာ ဘာတွေခေတ်စားနေသလဲ? အစရှိတဲ့ အချက်အလက်များကို စဉ်းစားရန်လိုအပ်ပါတယ်။ ထိုမှသာ မိမိထုတ်ကုန်များကို ဈေးကွက်မြှင့်တင်တဲ့နေရာမှာ ထိရောက်မှုရှိပြီး ဈေးကွက်ကိုက်ညီမှုကြောင့် အချိန်ကုန်သက်သာတဲ့အပြင် အရင်းအမြစ်များလဲဲပိုမိုချွေတာရာရောက်ပါတယ်။
✅ Quality Assurance
မိမိထုတ်ကုန် (သို့) ဝန်ဆောင်မှုများရဲ့ အရည်အသွေးများကို အမြဲတမ်းစစ်ဆေး ကြည့်ရှုဖို့လိုပါတယ်။ မိမိထုတ်ကုန် (သို့) ဝန်ဆောင်မှုများရဲ့ အရည်အသွေးကောင်းမွန်ခြင်းဟာ မိမိ customers များရဲ့ ယုံကြည်အားပေးမှုကိုရရှိနိုင်တဲ့အပြင် မိမိလုပ်ငန်းရဲ့ အမည်ကို တိုးတက်ကောင်းမွန်စေနိုင်ပြီး ရေရှည်အကျိုးကျေးဇူးများ အများအပြားရရှိနိုင်ပါတယ်။
✅ Terms and Conditions
မိမိလုပ်ငန်းရဲ့ လည်ပတ်ခြင်းလုပ်ငန်းစဉ်များဖြစ်တဲ့ ငွေပေးချေခြင်း၊ ပို့ဆောင်ဆက်သွယ်ခြင်း၊ ရောင်းကုန်လမ်းကြောင်းလိုက်ခြင်း၊ ရောင်းချခြင်း အစရှိတဲ့ လုပ်ငန်းစဉ်များနဲ့ ပက်သက်ပြီး သတ်မှတ်ချက်နဲ့ စည်းမျဉ်းစည်းကမ်းများချမှတ်ထားဖို့ကလည်း အရေးကြီးလှပါတယ်။ ထိုမှသာ ရောင်းသူနဲ့ ဝယ်သူကြားမှာ ဖြစ်ပေါ်လာန်ိုင်တဲ့ ပဋိပက္ခများနဲ့ နားလည်မှုလွဲခြင်းဖြစ်စဉ်များကို ကြိုတင်ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။
✅ Choose wisely your E-commerce Platform
E-commerce Platform တစ်ခုခုသို့ မဝင်ရောက်မီ ပထမဦးဆုံး ထိုဝင်ရောက်မဲ့ E-commerce Platform ရဲ့ အကြောင်းကို သေချာသိရှိရန်လိုပါတယ်။ ဝင်ရောက်မဲ့ E-commerce Platform ရဲ့ငွေပေးချေမှုစနစ်များ၊ ထို Platform ရဲ့ target market၊ ပို့ဆောင်ဆက်သွယ်ရေး ပုံစံ၊ E-commerce Platform ပေါ်မှာ ရောင်းချခြင်းအတွက် ကုန်ကျမည့်ပမာဏ အစရှိသည့်အချက်များကို သေချာစုံစမ်းထားရန်လိုပါတယ်။ ဉပမာ - မိမိလုပ်ငန်းသည် အထည်အလိပ်များကို ရောင်းသည်ဆိုပါက စားသောက်ကုန်များရောင်းချသော E-commerce Platform ပေါ်တွင် ရောင်းချလျှင်အဆင်မပြေနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် မိမိရောင်းချမဲ့ E-commerce Platform ကို သေချာရွေးချယ်ရန်လိုပါတယ်။
✅ Prepare for Product Content or Product Literature
မိမိထုတ်ကုန် (သို့) ဝန်ဆောင်မှုများရဲ့ အသေးစိတ်အချက်အလက်များ၊ အကြောင်းအရာများ၊ အကျိုးကျေးဇူးများ၊ သုံးစွဲပုံသုံးစွဲနည်းများ (ဗီဒီယို၊ ကျူတိုရီရာ (သို့) သုံးစွဲသူများရဲ့ အတွေ့အကြုံများ)၊ အခြားသော ငွေပေးချေမှုစနစ်များနဲ့ ကုန်ပို့ဆောင်ရေးစနစ်များအကြောင်းကို သေချာပြင်ဆင်ထားရန်လည်းလိုပါတယ်။ ထိုကဲ့သို့ မိမိထုတ်ကုန် (သို့) ဝန်ဆောင်မှုများအကြောင်းကို ပြည့်ပြည့်စုံစုံ ဖော်ပြထားခြင်းဟာ မိမိရဲ့ Brand အပေါ် ယုံကြည်မှုများလည်းပိုရနိုင်ပြီး ဝယ်ယူသူများအဖို့လည်း ကောင်းမွန်တဲ့ ဈေးဝယ်မှုအတွေ့အကြုံများကို ရရှိိနိုင်တဲ့အပြင် ဝယ်ယူမှုပယ်ဖျက်ခြင်းများကိုလည်းလျော့ချနိုင်မှာဖြစ်ပါတယ်။
✅ Good People Management
အောင်မြင်တဲ့လုပ်ငန်းတစ်ခုအတွက် ကောင်းမွန်တဲ့ ဝန်ထမ်းစီမံခန့်ခွဲခြင်းကလည်း အရေးကြီးလှပါတယ်။ ထို့ကြောင့် ပေးထားတဲ့ အလုပ်တာဝန်များနဲ့ ကိုက်ညီတဲ့အပြင် တက်ကြွပြီးစိတ်အားထက်သန်မှုရှိတဲ့ ဝန်ထမ်းများကို သေချာစွာခန့်အပ်ဖို့လိုပါတယ်။ ထို့အပြင် ဝန်ထမ်းများကိုလည်း စွမ်းရည်မြှင့်တင်ပေးမယ်ဆိုပါက လုပ်ငန်းအတွက် ကောင်းမွန်တဲ့ ရလာဒ်များနဲ့ အောင်မြင်မှုများရရှိမှာဖြစ်ပါတယ်။
✅ Digital Transformation
E-commerce Platform များကို အသုံးမပြုခင် မိမိလုပ်ငန်းကို ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းရန်လည်း အလွန်ပင်အရေးကြီးပါတယ်။ မိမိလုပ်ငန်းကို ဒစ်ဂျစ်တယ်စနစ်သို့ တစ်ဆင့်ပြီးတစ်ဆင့် ကူးပြောင်းသွားနိုင်ပါတယ်။ ဉပမာ- လုပ်ငန်းလည်ပတ်ခြင်းလုပ်ငန်းစဉ်များထဲမှ တစ်ခုဖြစ်တဲ့ စာရင်းအင်းများမှတ်ခြင်းကို စာအုပ်များဖြင့်မှတ်ခြင်းမှ Excel များပေါ်တွင်မှတ်သားခြင်း၊ ထိုမှတစ်ဆင့် ဈေးကွက်ချဲ့ထွင်ခြင်း၊ စားသုံးသူများရဲ့ အချက်အလက်များကို အွန်လိုင်းမှ ဆန်းစစ်လေ့လာခြင်း၊ အွန်လိုင်းငွေပေးချေမှုစနစ်များ အစရှိသည်တို့ကို တဖြည်းဖြည်းပြောင်းလဲခြင်းဖြင့် လုပ်ဆောင်နိုင်ပါတယ်။
e-commerce platforms များကိုအသုံးပြုဖို့စဉ်းစားနေတဲ့ လုပ်ငန်းရှင်များအနေနဲ့ အထက်ပါအချက်အလက်လေးများကို အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။
နောက်များမှာလည်း ဗဟုသုတရစေမဲ့ အချက်အလက်လေးများကို မျှဝေပေးသွားမှာဖြစ်လို့ “Resilience for Women-led SMEs” Page ကို စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။
The economic landscape of the today’s world is rapidly changing especially after the covid-19 pandemic. In order to navigate the today’s business world, women entrepreneurs have to keep updated to the new technology and have a skill and ability to handle the new challenges and adapt to the unexpected situations. In the new business world, almost everything is connected with digital technology, working online because of many benefits and conveniences.
With regard to the new normal living together with Covid - 19 in Myanmar, consumer goods and products are becoming more frequent in buying and selling online. Nowadays, if you have an idea to expand your business, you need to consider about onboarding to the e-commerce platforms. Using E-commerce has many benefits for both consumers and sellers as it is fast, no geographical limitations, easy payment, flexibility and so on.
In one of the expert sessions of “Resilience for Women-led SMEs” Programme - “Leveraging E-commerce in Women-led Businesses”, the experts from the various e-commerce platforms in Myanmar i.e Azay, ACME and http://Shop.com.mm shared about the practical knowledge and industrial perspectives of E-commerce like what aspects women entrepreneurs need to take into consideration before approaching E-commerce channels, and what platform in Myanmar would be more favorable to consider these SMEs.
Let us share some of the knowledgeable points of E-commerce that the speakers shared in the session about the certain things that entrepreneurs need to consider before onboarding to the e-commerce platforms.
✅ Have a Project Charter
Your business should have a clear project charter which is a formal, typically short document that sets out your business in its entirety including your business’s objectives, business’s scope, business’s responsibilities, stakeholders list, budget and so on. It is really crucial ingredient in planning to onboard to e-commerce platform because it will be used throughout the business lifecycle.
✅ Know your Target Customers
Make sure to note down your target market and customers, make customer analysis and collect customers’ data like to whom your products or services are targeted? what are your customers’ preferences and customers’ behaviors? what are the customers’ trends? so that you can make the right target market and customers for more effectiveness of your marketing efforts as well as reducing time and resources consuming.
✅ Make Quality Assurance
Always make sure to check your the quality of your products or services. Having high quality product or service will boost the customers’ confidence, will strengthen your business reputation, will lead to more long term profit as well as it will ensure your products or services keep improving, etc.
✅ Prepare Terms and Conditions
It is important for your business to prepare your business’ terms and conditions in end to end process like payment method, delivery process, order tracking, sales and so on which can prevent potential conflicts and misunderstanding between buyers and sellers.
✅ Choose wisely your E-commerce Platform
Before onboarding to any e-commerce platform, you have to first research about the process of e-commerce platform that you want to onboard like what is the payment process, what kind of customers do they target, how is the delivery process, how do they charge for platform. For example, if your business is selling clothes, you cannot just sell them on the food related e-commerce platform as they target different customers than yours.
✅ Prepare for Product Content or Product Literature
Make sure to prepare rich content or product information i.e - product or service details, product or service description, benefits of your product or service, complementary materials like (video, tutorials or user reviews), payment method, delivery method and so on because having rich product information can enhance brand credibility, sales rate as well as can give the customers better online shopping experience and reduce product return rate.
✅ Good People Management
It is also crucial for a successful business to have a good people management. Make sure to hire motivated, passionate staffs suitable for the given responsibilities and roles and also motivate and inspire them to have better productivity and success of your business.
✅ Follow Digital Transformation
Last but not least, it is really important to digitalize your business before onboarding your business to the e-commerce platform. To be able to digitalize your business, you have to go step by step. You can start by transforming each of your business operations like accounting by using helpful applications such as excel and then followed by digital marketing, digital customer relation management, online payment system and so on.
We hope these information will be useful and helpful for the entrepreneurs and business owners in considering e-commerce platforms.
We will share knowledge sharing contents in the future as well.
So, stay tuned!
23/03/2022
အခုလိုကာလတွေမှာ ကိုယ့်ရဲ့စိတ်ကျန်းမာရေး (Mental Health) ကို ဂရုစိုက်ပြီး ကျန်းမာအောင်နေကြဖို့ မမေ့ကြပါနဲ့နော်။
လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ ရပ်တည်ရခြင်းဟာ တာဝန်ဝတ္တရားများ အလွန်များပြားလှပါတယ်။ အထူးသဖြင့် ယနေ့ခေတ်ကြီးထဲမှာ အမျိုးသမီးများအနေနဲ့ အလုပ်တစ်ဖက်၊ မိသားစုတစ်ဖက် မျှမျှတတဖြစ်အောင် ရုန်းကန်လှုပ်ရှားနေကြရပါတယ်။ နေ့စဉ်ဘဝမှာ အရေးကြီးတာဝန်များကို အဆင်ပြေစွာ လုပ်ဆောင်နိုင်ဖို့ဆိုရင် အမျိုးသမီးများအနေနဲ့ စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့ကအရေးကြီးပါတယ်။ လူအတော်များများကတော့ စိတ်ကျန်းမာရေးထပ် ကိုယ်ကျန်းမာရေးကိုသာ အလေးထားလေ့ရှိကြပြီး မိမိတို့ရဲ့စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့မေ့နေတတ်ကြပါတယ်။
စိတ်ကျန်းမာရေးဆိုတာက မိမိရဲ့စိတ်ခံစားမှု၊ အတွေးအခေါ်များနဲ့ လူမှုရေးကောင်းမွန်ခြင်းတို့ပါဝင်ပြီး ထိုအရာများက မိမိတို့ခံစားမှုနဲ့ လုပ်ဆောင်မှုတို့ကို သက်ရောက်နေတာကြောင့် ကိုယ်ကျန်းမာရေးအပေါ်မှာလည်း များစွာသက်ရောက်နိုင်ပါတယ်။ အမျိုးသမီးများအနေနဲ့ ယနေ့ခေတ်မှာ အမျိုးသားများနဲ့ ရင်ဘောင်တန်းအလုပ်လုပ်ကိုင်နေပြီဖြစ်တာကြောင့် စိတ်ဖိစီးမှုတွေကို သေချာကိုင်တွယ်နိုင်ပြီး အလုပ်များ ပြီးမြောက်အောင်လုပ်ဆောင်နိုင်ပြီး လူ့အဖွဲ့အစည်းကို ဆက်လက်အကျိုးပြုနိုင်ဖို့ဆိုရင် စိတ်ကျန်းမာရေးကောင်းနေဖို့က အလွန်အရေးကြီးလှပါတယ်။
အခုလိုမျိုး ကိုဗစ်-၁၉ နဲ့ အခြေအနေများကြောင့် အခက်အခဲများစွာရင်ဆိုင်နေရတဲ့ ကာလအတွင်းမှာ မိမိတို့ရဲ့စိတ်ကျန်းမာရေးကို အလေးထားဂရုစိုက်ပြီး လိုအပ်လာမယ်ဆိုရင် ကျွမ်းကျင်ပညာရှင်များရဲ့ အကူအညီများ ရယူဖို့လိုအပ်ပါတယ်။ အခုလိုမျိုး ဘေးကျပ်နံကျပ်ဖြစ်နေတဲ့ ကာလတွေမှာ အမျိုးသမီးများအနေနဲ့ မိမိမိသားစုအရေးနဲ့အတူ မိမိလုပ်ငန်းများကို ကိုင်တွယ်တဲ့နေရာမှာ အလွန်စိတ်ဖိစီးမှုများနိုင်ပြီး တစ်ခါတစ်ရံမှာ စိတ်ဓာတ်ကျခြင်းများ ခံစားရနိုင်ပါတယ်။ အခုလိုမျိုးနိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး အဘက်ဘက်မှ ရုန်းကန်နေရတဲ့ ကာလမှာ မိမိရဲ့စိတ်ကျန်းမာရေးကို ဂရုစိုက်န်ိုင်မဲ့ အလေ့အကျင့်လေးတစ်ချို့ကို မျှဝေပေးလိုပါတယ်။
☑️ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
လမ်းလျှောက်ခြင်း၊ ဖြေးဖြေးမှန်မှန်ပြေးခြင်းတို့ကဲ့သို့ လေ့ကျင့်ခန်းလေးများကို နေ့စဉ်ပုံမှန်လုပ်ပေးခြင်းဖြင့် စိတ်ခံစားမှုများကောင်းစေပြီး မိမိရဲ့ကျန်းမာရေးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေမှာပါ။
☑️ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို ပုံမှန်စားခြင်းနှင့် ရေများများသောက်ပါ
မျှတသော စားသုံးမှုပုံစံကို ကျင်းသုံးခြင်းနဲ့ ရေများများသောက်ခြင်းတို့ဖြင့် မိမိတို့ရဲ့ တစ်နေ့တာ စွမ်းအင်နှင့် အာရုံစူးစိုက်မှုတို့ကို တိုးတက်ကောင်းမွန်စေပါတယ်။
☑️ အိပ်ရေးဝဝ အိပ်ပေးပါ
အိပ်စက်ခြင်းကို ဦးစားပေးအနေနဲ့ထားဖို့လိုအပ်ပြီး ဖုန်းနဲ့ လပ်တော့ပ်များကြည့်ရှုခြင်းကို လျော့ချပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖုန်းနဲ့ လပ်တော့ပ်တွေက လာတဲ့အလင်းများဟာ အိပ်စက်မှုကို အနှောင့်အယှက်ပေးနိုင်ပြီး အိပ်ရေးပျက်ပါက တစ်နေ့တာ အာရုံစူးစိုက်မှုနဲ့ တက်ကြွမှုတို့ကို လျှော့ကျစေနိုင်သည့်အတွက်ကြောင့်ဖြစ်ပါတယ်။
☑️ စိတ်အပန်းပြေစေနိုင်မဲ့ အလုပ်လေးများ ပြုလုပ်ပေးပါ
တရားထိုင်ခြင်း၊ ရောဂကျင့်ခြင်း နှင့် အခြား မိမိဝါသနာပါသောအလုပ်များ - မှတ်စုရေးခြင်း (သို့) ပန်းချီဆွဲခြင်း အစရှိတဲ့ စိတ်အပန်းပြေစေနိုင်မဲ့ အလုပ်များအတွက် အချိန်ပေးပါ။
☑️ ပန်းတိုင်နဲ့ ဦးစားပေးမှုများကို ချမှတ်ပါ
ပန်းတိုင်နဲ့ ဦးစားပေးမှုများကို ချမှတ်ဖို့လိုပါတယ်။ ထိုသို့ပြုလုပ်ခြင်းဟာ သင့်ရဲ့ အာရုံစူးစိုက်မှုကို ကောင်းစေပြီး အလုပ်ပြီးမြောက်မှုများကိုတိုင်းတာနိုင်အောင်ကူညီပေးနိုင်တဲ့အပြင် စိတ်အားတက်ကြွစေပါတယ်။ အချိန်ကို စနစ်တကျစီမံခန့်ခွဲပြီး အလုပ်အသေးလေးများကအစ ပြီးမြောက်အောင်လုပ်ဆောင်ခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှုတိုးတက်စေနိုင်ပါတယ်။
☑️ အကောင်းမြင်စိတ် မွေးမြူပါ
စိတ်ဓာတ်ကျတဲ့အခါတိုင်းမှာ မိမိစိတ်ကို ညစ်နွမ်းစေတဲ့ မကောင်းတဲ့ အတွေးများကို ခွဲခြမ်းစိတ်ဖြာပြီး ၄င်းတို့ကိုစိန်ခေါ်ခြင်းဖြင့် အကောင်းမြင်စိတ်များတတ်နိုင်သလောက်မွေးမြူပါ။
☑️ အခြားသူများနဲ့ အဆက်အသွယ်ပြုလုပ်ပါ
မိမိကို စိတ်ခွန်အားနဲ့ အကူအညီများပေးနိုင်မဲ့ မိသားစုဝင်များနဲ့ မိတ်ဆွေအပေါင်းအသင်းများနဲ့ အဆက်အသွယ်လုပ်ဖို့အတွက် အချိန်များပေးပါ။
ဒီနေ့ကစပြီး ဖော်ပြထားတဲ့ အလေ့အကျင့်လေးတွေကို လိုက်လုပ်ကြရင်း မိမိရဲ့စိတ်ကျန်းမာရေးကို ဦးစားပေးဂရုစိုက်နေကြခြင်းဖြင့် မိမိတို့ရဲ့လူမှုပတ်ဝန်းကျင်ကို ဆက်လက်အကျိုးပြုကြရအောင်နော်။
Being a woman in the society means a lot of responsibilities as mothers, daughters and leaders especially for a women who try to balance their family life and work life. To be able to carry out such important responsibilities in daily life, women need to be healthy not only physically but also mentally. Most of the people care about physical health but they forget to notice the importance of mental health.
Mental Health includes emotional, psychological and social well-beings and it can impact how we feel and act that has a lot to do with our physical health as well. Mental health is crucial for women to cope with the stresses of life, to work productively so that they can make meaningful contributions to their communities as healthy women mean healthy communities.
At this depressing time of difficulties and hardness because of covid-19 and current unstable situations in Myanmar, it is becoming more important to care and receive support if necessary for our mental health. Balancing work and family during these crisis times means a lot of stress and sometimes can be depressed as women entrepreneurs, so here are some tips to stay mentally heathy when combating social, economic and political crises of this era.
☑️ Get regular exercise
Make sure to get regular exercise like walking or jogging that can help to make better your emotions and improve your health.
☑️ Eat healthy, regular meals and stay hydrated
Make sure to have a balanced diet and plenty of water that can improve your energy and focus throughout the day.
☑️ Make sleep a priority
Don’t forget to make sleep a priority and try to make sure to reduce screen time as blue light from devices and screens can make you hard to fall asleep.
☑️ Practice a relaxing activity
Make time to practice relaxing activity or hobby that can calm you down like meditation, yoga and other activities like journalling or painting.
☑️ Set goals and priorities
Make sure to set your goals and priorities because it can give you focus, it can help your measure your progress, to keep you motivated. Make sure to practise time management as even completing a small task make you feel confident.
☑️ Focus on positivity
Whenever you are feeling down, try to identify and challenge your negative and unhelpful thoughts.
☑️ Stay connected
Make time to keep in touch with your friends or family members who can provide emotional support and practical help.
So, let’s continue to contribute our communities by prioritizing and caring our mental health with these mental health tips starting from today.
17/03/2022
“Resilience for Women-led SMEs” Programme မှပြုလုပ်သွားမည့် “Inspirations from Successful Women Entrepreneurs” ပွဲတွင် Panelist တစ်ယောက်အနေဖြင့် ပါဝင် ဆွေးနွေးပေးသွားမည့် မပို့ပို့ကြည်နှင့် မိတ်ဆက်ပေးလိုပါတယ်။
မပို့ပို့ကြည်သည် မြန်မာနိုင်ငံတွင် နာမည်ကြီး ပုဂ္ဂလိက တက္ကသိုလ်များထဲမှတစ်ခုဖြစ်တဲ့ Myanmar Imperial University (MIU) ရဲ့ တည်ထောင်သူတစ်ဦးလည်းဖြစ်ပါတယ်။ ပညာရေးကိုတန်ဖိုးထားသူတစ်ဦးဖြစ်ပြီး University of Oxford, University of Northampton နှင့် Middlesex University မှလည်း ဘွဲ့များရရှိထားပြီး လက်ရှိမှာ Doctorate of Business Administration အတွက် စာတမ်းပြုစုလျက်ရှိပါတယ်။ ၂၀၁၈ ခုနစ်တွင်သူမသည် Myanmar Imperial Research Association (MIRA) ကိုထပ်မံတည်ထောင်ခဲ့ကာ မြန်မာနိုင်ငံ ပညာရေးအသိုင်းအဝိုင်းနှင့် စီးပွားရေးလုပ်ငန်းများရဲ့ သုတေသနအလေ့အထများကို မြှင့်တင်ပြီး တိုးတက်အောင်ဆောင်ရွက်နေသည့်နည်းတူ နယ်ပယ်အမျိုးမျိုးမှ သူတေသနပညာရှင်များနဲ့လည်း ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အပြန်အလှန်မျှဝေခြင်းများကို တိုးတက်အောင်လုပ်ဆောင်လျက်ရှိပါတယ်။ သူမသည် မြန်မာနိုင်ငံတွင်းရှိသက်ဆိုင်ရာ ပညာရေးနယ်ပယ်မှ လူငယ်များရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် MIU Foundation ကိုလည်းစတင်ခဲ့ပါတယ်။ ထို့အပြင် သူမသည် များစွာသော ကမ်ပိန်းများ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှုများနဲ့ CSR လှုပ်ရှားမှုများကိုလုပ်ဆောင်လျက်ရှိပြီး မြန်မာနိုင်ငံရဲ့ လူမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်မှုအတွက် တထောင့်တနေရာ ပါဝင်လုပ်ဆောင်လျက်ရှိပါတယ်။ သူမရဲ့ မြန်မာနိုင်ငံပညာရေးကဏ္ဌဖွံ့ဖြိုးတိုးတက်မှုနဲ့ လူငယ်များရဲ့ အနာဂတ်ကိုတိုးတက်စေချင်သော စိတ်အားထက်သန်မှုများနဲ့ ပညာရေးဆိုင်ရာ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများကို အခြားသော အဖွဲ့အစည်းများဖြစ်တဲ့ Columbia Business School, SEAC Thailand, UK Department of International Trade, and Australia Chamber of Commerce တို့နဲ့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။
မြန်မာနိုင်ငံအတွင်းရှိ အောင်မြင်လျက်ရှိတဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များမှ ၄င်းတို့ရင်ဆိုင်ခဲ့ရသော စိန်ခေါ်မှုများကို ကျော်လွှားတဲ့နေရာမှာ အတွေ့အကြုံ၊ ဗဟုသုတနှင့်စိတ်ခွန်အားဖြစ်စေမည့် အတွေးအခေါ်များမျှဝေခြင်းဖြစ်တဲ့ “Inspirations from Successful Women Entrepreneurs” ပွဲကို လာရောက်နားထောင်ချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ လင့်ခ်မှာ အမြန်လေးစာရင်းပေးသွင်းဖို့တိုက်တွန်းလိုက်ရပါတယ်။
စာရင်းပေးသွင်းရန် - https://us06web.zoom.us/webinar/register/WN_f0Xbl2l2SUezOR-DogZdTQ
“Inspirations from Successful Women Entrepreneurs” ပွဲကို မတ်လ (၁၉) ရက်၊ စနေနေ့၊ နေ့လည် (၂) နာရီမှ (၄) နာရီအထိ Zoom Webinar မှတစ်ဆင့်ပြုလုပ်သွားမှာဖြစ်ပါတယ်။
Let us introduce Ma Poht Poht Kyi who will be one of our panelists for the “Inspirations from Successful Women Entrepreneurs” hosted by the “Resilience for Women-led SMEs” Programme.
Mrs Poht Poht Kyi is a founder and managing director of Myanmar Imperial University (MIU) which is one of the prestigious private universities in Myanmar. She values education and she graduated from University of Oxford, University of Northampton, Middlesex University and currently she is pursuing Doctorate of Business Administration. In the year 2018, Mrs. Poht Poht Kyi established the Myanmar Imperial Research Association (MIRA), a committee dedicated to developing and reinforcing the research practices and developments of Myanmar’s academic society and business industries while simultaneously strengthening co-operation and exchanging knowledge between researchers from diverse fields of study. She has also started the MIU Foundation, which has aided and fulfilled the respective academic needs of youths across Myanmar. Furthermore, Mrs. Poht Poht Kyi has pioneered and participated in a vast number of campaigns, social welfare movements and CSR activities with the sole aim to create positive societal contributions for Myanmar. With her great passion for the continual development of education in Myanmar and helping youths reach for their dreams, she has also represented both Myanmar Imperial University and her country by spearheading educational seminars and workshops in collaboration with well-established institutions from different industries, such as Columbia Business School, SEAC Thailand, UK Department of International Trade, and Australia Chamber of Commerce.
If you are interested in successful women business leaders sharing their experiences and inspirational and motivational discussion, don’t hesitate to register for the event in the following link.
To register - https://us06web.zoom.us/webinar/register/WN_f0Xbl2l2SUezOR-DogZdTQ
The “Inspirations from Successful Women Entrepreneurs” will be happen on 19 March, Saturday from (2) pm to (4) pm through zoom webinar.

Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Myanmar Center Office Tower 1, 192 Kabar Aye Pagoda Road
Yangon
Opening Hours
| Tuesday | 09:00 - 17:30 |
| Wednesday | 09:00 - 17:30 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:30 |
| Sunday | 09:00 - 17:00 |