JADE LOVER - YGN

JADE LOVER - YGN

Share

26/09/2021

❤အဝါဆီလေးလှတယ်နော်ကျောက်သားအမြင့်❤

Photos from JADE LOVER - YGN's post 25/06/2021

#ကျောက်စိမ်းချစ်သူ ဝါသနာရှင်များအတွက်ရည်ရွယ်ပါသည်❤❤❤

#ကျောက်ဆေးနည်း ကာလာပေါက် အရည် အသားဆန်း❤❤❤

နံပါတ်(၁) ကာလာပေါက်ဆေးနည်း
ကိုယ်ဆေးမယ့်ကျောက်တစ်လုံးကို မဆေးခင်သေချာကြည့်ပါ
အနာပါနိုင်လား အနာပါနိုင်ရင် ယို့နာလား အနာကြီး အခွဲအနာ
ဒီလိုလက္ခဏာတွေပြရင် ဖိမပွတ်ပါနဲ့ ခတ်ဖွဖွသာပွတ်ဆေးပါ

နံပါတ်( ၂) ကာလာပေါက်ဆေးတဲ့အခါ အမှောင်ထဲမှာ ဆေးပါ
အလင်းရောင်ထဲမှာဆေးပါက ကျောက် မပေါက်သေးဘူးအထင်နဲ့
ဖိပွတ်နေပါက အမှောင်ထဲကြည့်တဲ့အခါကာလာဖြူသွားရင် စျေးကျသွားနိုင်ပါတယ်

နံပါတ်( ၃ ) ဆေးပြီးတဲ့အခါ ဘဒက်အခိုးတွေပြောင်အောင်
စားကျောက်နဲ့ပွတ်ပါ စားကျောက် မရှိရင် ရိုးရိုးစားနဲ့ပွတ်ပါ စားနဲ့ပွတ်ပြီးပါက ရေဆေးချပြီ သံပုရာသီး ကျောက်ကြီးရင်တစ်လုံး
သေးရင် တစ်ခြမ်းကျောက်ပေါ်စားပုံပြီး သံပုရာသီးနဲ့ကျောက်တစ်လုံးလုံးပွတ်ပါ ပွတ်ပြီးပါက ရေမဆေးချပဲ တစ်နာရီလောက်နှပ်ထားပါ
ရောင်းမယ့်ချိန် ရေဆေးချပါ

နံပါတ်(၄) ကာလာပေါက်
ကျောက်ဝယ်ထားပြီပါက ကိုယ့်လက်ထဲရှိနေသမြ
ရေထဲစိမ်ထားပါ ရေနဲ့မထားပါက တစ်လလောက်ဆို ကိုယ်ဝယ်သလို
ကာလာမရှိတော့ပဲ ဝါသွားတတ်ပါတယ် မှော်စီစာတွေအဖြစ်များတတ်

နံပါတ်(၅) အရည်ကျောက်ဆေးနည်း
ကိုယ်ဆေးမယ့်ကျောက် ပထမဆုံးစဆေးတဲ့အခါ မီးမပေါက်ရင်
သတိထားဆေးပါ ကြီးကန်းကိုမဆိုလိုဘူးနော် 😁😁
မီးမပေါက်လို့ ခွမပွတ်ပါနဲ့ အရည်ကျောက်သာဖြစ်နေခဲ့ရင် ဆေးချက်
လွန်ပြီး ရာကျောက်က ဆယ်ကျောက်ဖြစ်မှာဆိုးလို့ပါခမျ 😁

နံပါတ်(၆) အရည်ကျောက်ဆေးတဲ့အခါ စိတ်ချေပါ ကာလာပေါက်
ဆေးသလို ခွပွတ်လို့မရပါဘူးနော် အိုးတိုက်ဂွေလေးနဲ့ မန်းပါရင် ပါတဲ့နားလေး ဖြေဖြေ ပွတ်ဆေးပါ
အရည်ကြိုးပတ်နေရင်
ပတ်နေတဲ့နားလေး ဖွဖွလေးပွတ်ဆေးပေးပါ လူလိုပြောမယ်ဆို
လှအောင်ပြင်ပေးရတဲ့အမျိုးဗျ ရုပ်ထွက်ကောင်းအောင်ပေါ့ 😁
ဝိုင်းထိုးလို့လှမယ် အနေထားရောင်းလို့ကောင်းမယ်အနေထား
ဆေးပြီးရင်တော့ အရည်ကျောက်ကို သကြားကို
ရေနွေးအဖြူနဲ့
ဖျော်ပြီ သကြာအဆီလေး ရလာရင် ရောင်ခံနီး တစ်နာရီလောက်
အလိုပွတ်ပြီးနှပ်ပေးထားပါနော် အရည် ပိုတောက်ပါတယ်နော်
ရောင်းခံနီးမှဆေးချလိုက်ပါနော်

နံပါတ်(၇) အသားဆန်းဆေးနည်း
အသားဆန်းကျောက်တွေဟာ ကျောက်သားမာကျောမူ့ကြောင့်
ယမ်းမာကျောမူ့ကြောင့် အားစိုက်ပွတ်ရတဲ့ အနေထားတွေများပါတယ်
မှော်စီစာကျောက်တွေဆို လက်နဲ့တော်ယုံဆေးမပေါက်နိုင်ပါဘူး
စက်ပွတ်မှာသာ ပွင့်အားကောင်းတတ်ပါသည်
အသိတစ်ယောက် မှော်စီစာတစ်ဆယ်ကျပ်သား ကျောက်ရပြီးလက်နဲ့ဆေးကာ သိပ်မပေါက်လို့ တစ်သိန်းနဲ့ရောင်းလိုက်ခါ ဝယ်တဲ့သူဟာ
စက်နဲ့ဆေးပြီး အသားဆန်းအရည်စွဲလို့ 36သိန်းနဲ့ရောင်းလိုက်တာကိုယ်တွေကြုံဖူးပါသည် ဒါကြောင့် ကံရှိသူ ကျောက်စိမ်းရရင်လည်း
ညဏ်ရှိသူပဲလော်ပန်းဖြစ်နိုင်ပါတယ်ဗျ
ဒါကြောင့် ဘယ်လောက်ပဲကျောက်ကောင်းကောင်း အဆေးမတတ်ရင်
ထောင်ကျောက်ကလည်း ရာကျောက်ဖြစ်သွားနိုင်ပါတယ်နော်
မှော်ထဲမှာတွေ.မြင်နေသမျှ သင်ခဲ့သမျှလေးတွေ တတ်သလောက်ကိုယ်တွေ့လေးတွေ ဗဟုသုတအနေဖြင့်သာ အမျိုးတို့သိတာရှိလည်း
ကောမန့်ပါ အကြံပြုစေလိုပါတယ်ဗျ
Ko Min Htet

13/06/2021

#ကျောက်စိမ်းချစ်သူ ဝါသနာရှင်များအတွက်ရည်ရွယ်ပါသည်❤❤❤

❤ကျောက်စိမ်းအကြောင်းလေ့လာကြမယ်

👉ကမ္ဘာ့မြေပေါ်၌
ထွက်ရှိနေသော ကျောက်စိမ်းများအနက် မြန်မာနိုင်ငံမှ ထွက်ရှိနေသော ကျောက်စိမ်းများသည် အရည်အသွေး အကောင်းဆုံးနဲ့ အပေါများဆုံး ထွက်ရှိနေခြင်း ဖြစ်ပေသည်။

👉ကျောက်စိမ်းကို အနောက်တိုင်းသားများက သိပ်အလေးအနက်မထားသော်ငြားလည်းအရှေ့ဖျားတိုင်းသားများက အမြတ်တနိုးတန်ဖိုးထားတတ်ကြ၏။

👉 အထူးသဖြင့် တရုတ်အပါအ၀င် ဂျပန် ထိုင်ဝမ် နှင့် ကိုးရီးယားတို့ တွင်အလွန်အရေးပါသည့် ကျောက်မျက်ရတနာဖြစ်သည်။

👉ကျောက်စိမ်းကို အဓိကအားဖြင့် သုံးစွဲကြသည်မှာ လက်ဝတ်ရတနာ ပန်းပုပန်းချီ အိမ်တွင်းပရိဘောဂ ကျမ်းခင်းပါကေး စသဖြင့် ချမ်းသာကြွယ်မှု့အပေါ်မူတည်၍ အမျိုးမျိုးဖန်တည်းသုံးစွဲကြလေသည်။

👉ကျောက်စိမ်းတွင်
ဂျေဒိုက်(Jadeite) နှင့် နက်ဖရိုက်(Nephrite) ဟူ၍အဓိကမျိုးကွဲနှစ်မျိုးရှိပြီးရူပဖွဲ့စည်းပုံသာတူညီ၍ ဓာတုဗေဒဖွဲ့စည်းပုံအပါအ၀င်ကျန်အရည်အသွေးများမှာအလွန်ခြားနားလေ့ရှိပါသည်။

👉ကျောက်စိမ်း၏ဖွဲ့စည်းပုံမှာ အခြားကျောက်မျက်များနှင့်နည်းတူ အစိုင်အခဲတစ်ခု(သို့မဟုတ်)နှစ်ခုတွဲ မဟုတ်ပဲ သကြားပွင့် ဆားပွင့် ဟင်းချိုမှုန့် ကောက်ညှင်းပေါင်းကဲ့သို့ ကျောက်မှုန်လေးများစွာ စုဖွဲ့ကာရံထားသည့် အစုအဝေးကြီးဖြစ်သည်။

👉ထိုအမှုန် လေးများကို မြန်မာစျေးကွက်တွင် “ယမ်း”ဟုခေါ်ဝေါ်ကြပြီး
ကျောက်စိမ်း၏ အသွေးအရောင်အသားများမှာ အမျိုးမျိုးရှိတတ်ကြ၏။

👉 ကျောက်စိမ်း၏အရည်အသွေး အရောင်အဆင်းများမှာ (၃၄) မျိုးရှိ၏ ယင်းတို့အနက် ထင်ရှားသော အရည်အသွေး အရောင်အဆင်း များမှာအောက်ပါအတိုင်းဖြစ်သည်။

👉 #ပထမတန်းစား
ကျောက်စိမ်း၏ အရည်အသွေး အရောင်အဆင်းများမှာ

👉(၁) #ပိုးမည်းတောင်ဇာကောင်(ခ)ပိုးရွှေကောင်၏
လည်ကုပ် အရောင်
မြစိမ်းရောင် အလွန်တောက်ပသော ပိုးမည်းတောင်ဇာကောင်၏ လည်ကုပ်မှ အရောင်မျိုးဖြစ်သည် ။

👉 ကျောက်စိမ်းတို့မည်သည် ထူးထူးခြားခြား ကောင်းမွန်လာပြီဆိုပါက မြသားကဲ့သို့ စိမ်းစိုရွှဲကာ တောက်ပနေကြ၏ ထို့ကြောင့် ကျောက်စိမ်းကောင်းလျှင် မြသားဟုပင် ဆိုရိုးစကားတစ်ခု ထားရှိခဲ့ကြ၏။

👉 မြကြီး ( သီတာမြ ) ကဲ့သို့ ကျောက်စိမ်းမျိုးကား ရှားပါး၍ အဖိုးတန်လှပေတော့သည် ပိုးမည်းတောင်ဇာ ( ရွှေပိုးကောင် ) ၏ လည်ကုပ်အရောင်ကို တရုတ်လူမျိုးတို့က တန်လုရွှေ ဟုခေါ်ကြသည် ။

👉(၂) #ဒေါင်းမြီးလည်ရောင်
ကျောက်စိမ်း၏ အရောင်သည် ဒေါင်းအမြီး၏ အရောင်ကဲ့သို့ စိမ်းစိုနေခြင်းကို ဆိုလိုပါသည် ။

👉(၃) #ကတ္တီပါ စိမ်းရောင်
အစိမ်းရောင် ရှိသော ကတ္တီပါ ကဲ့သို့ စိမ်းစိုတောက်ပနေခြင်းကို ဆိုလိုပါသည် ။

👉(၄) #ဆွေးလုရည်အရောင်
တရုတ်စကားမှ ဆင်းသက်လာသော ဝေါဟာရတစ်ခုဖြစ်သည် ။ အစိမ်းရောင်တွင် အဝါရည်သမ်းသလိုလို ထင်ရအောင် အရောင်နှစ်မျိုးရောယှက်နေ၏။

ကျောက်ပညာရှင် အချို့ကမူ ဆွေးလုရည် အရောင်မျိုးရှိသည့် ကျောက်စိမ်းက်ို တစ်ခါမြင်ဖူးလျှင် နောက်တစ်ခါ ထပ်ကြည့်ချင်လောက်အောင် ဆွေးကျန်ရစ်ရသည့် အရောင်မျိုးဟု အစွဲပြုကြ၍ တင်စားခေါ်ဝေါ်ကြလေသည်။

👉(၅) #လန့်လုရည်အရောင်
လန့်လုရည် အရောင် ဆိုသည်မှာလည်း တရုတ်စကားမှ ဆင်းသက်လာသော ဝေါဟာရတစ်ခုဖြစ်၍ အစိမ်းရောင်ထဲတွင် အပြာရောင် အနည်းငယ် သမ်းသလိုလို မြင်တွေ့ နိုင်ပါသည်။

👉 #ဒုတိယတန်းစား ကျောက်စိမ်း၏ အရည်အသွေး အရောင်အဆင်းများ

👉(၁) #ကျေးငှက်တောင်၏အရောင်
အစိမ်းရောင်ရှိသော ကျေးငှက် ( ကြက်တူရွေး) ၏ အတောင်မှ အရောင်ကဲ့သို့သော အစိမ်းရောင် ရှိသည့်ကျောက်စိမ်းကိုဆိုလိုပါသည် ။

👉(၂) #မုန်ညင်းရောင်
မုန်ညင်းရောင် ကျောက်စိမ်းကို တရုတ်လူမျိုးတို့က ကတန်လု ဟုခေါ်ဆို၍ အစိမ်းရောင်ထဲတွင် အပြာရောင် ၊ အဝါရောင် ၊ အနီ ရောင်များ ရောယှက်ဝင်ရောက်နေသည်ကို တွေ့ရှိနိုင်ပါသည်။

👉(၃) #ကြက်သွန်မြိတ်ရောင်
ကျောက်စိမ်း၏ အရောင်သည် ကြက်သွန်မြိတ်၏ အစိမ်းရောင် ပျော့ပျော့မျိုးကို အစွဲပြု၍ခေါ်ဆိုကြပါသည်။

👉(၄) #ဖက်ဖူးရောင်
ကျောက်စိမ်း၏အရောင်သည် ငှက်ပျောညွန့်၏ အစိမ်းရောင်မျိုးဖြစ်ပြီး အစိမ်းရောင်နုနု ငှက်ပြောလက်ထွက်စကို အစွဲပြု၍ ဖက်ဖူးရောင်ဟု ခေါ်ဝေါ်ကြလေ့ရှိ၏။

👉(၅) #ဝါးကြောအရောင်
ကျောက်စိမ်း၏ အရောင်သည် ဝါးပင်၏ ဝါးကြောကဲ့သို့ စိမ်းစိုနေခြင်းကို အစွဲပြု၍ တင်စားခေါ်ဝေါ်ကြလေည်။

👉 #တတိယတန်းစား
ကျောက်စိမ်း၏ အရည်အသွေး အရောင်အဆင်းများမှာ

👉(၁) #အစိမ်းပုပ်ရောင်
ကျောက်စိမ်းရည်မမှန်ဘဲ ထိုင်းထိုင်းမှိုင်းမှိုင်း ညို့နေသာ အစိမ်းအပြာအနက်တို့ဖြင့် ရောစပ်ထားသကဲ့သို့ ရှိနေတတ်သော အရောင်ကို ဆိုလိုပါသည်။

👉(၂) #သစ်ရွက်စိမ်းရောင်
ကျောက်စိမ်း၏အရောင်သည် မတောက်ပသော သစ်ရွက်စိမ်းကဲ့သို့ အရောင်မျိုးဖြစ်သည် ။

👉(၃) #ပဲစိမ်းရောင်
ပဲစိမ်းရောင်ကို တရုတ်လူမျိုးတို့က တိုလုရွှေ ဟုခေါ်ကြသည် အစိမ်းရောင်ရှိသော ပဲသီး၏ အရောင်မျိုးကို အစွဲပြု၍ ပဲစိမ်းရောင်ဟု ခေါ်ဆိုကြလေ့ရှိ၏။

👉(၄) #သခွားရောင်
ကျောက်စိမ်း၏အရောင်သည် သခွားသီးအခွံ၏ အရောင်မျိုးကို ဆိုလိုပါသည်။

👉 #သက်တော်အရောင်
ကျောက်စိမ်း ကျောက်သား၏ အရောင်သည် မွဲခြောက်ခြောက်ရှိနေသောကြေင့် သက်တော်သီး၏အခွံကို အစွဲပြု၍ သက်တော်ရောင်ဟု ခေါ်ဝေါ်ကြပေသည်။

👉 #စတုတ္ထတန်းစား
ကျောက်စိမ်း အမျိုးအစားများမှာ အစိမ်းရောင်တွင် စိမ်းပုပ် ၊ စိမ်းဖန့် ၊ ဝါရင့် ၊ နီသွေး ၊ ပြာသွေး ၊ အဖြူ ၊ အနက် စသည့်အရောင်တို့ ကွက်ကြားရောဝင်နေတတ်သောကြောင့် ကျောက်ညံ့များဖြစ်ကာ အဖိုးထိုက်တန်လှသော ကျောက်စိမ်းအမျိုးအစားမျိုး မဟုတ်ပေ။

အချို့သော ကျောက်မျက်ရတနာ ပညာရှင်တို့ ခေါ်ဝေါ်အသုံးပြုသော ကျောက်စိမ်းအရည်အသွေးအမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

👉(၁) #မြရည်
အကောင်းဆုံး ကျောက်စိမ်းအမျိုးအစားမျိုးဖြစ်၍် မြစိမ်းရောင် ပိုးမည်းတောင်ဇာ( ရွှေပိုးကောင် ) ၏ လည်ကုပ်အရောင် မြကျောက်ကဲ့သို့ စိုစွတ်ကြည်လင် တောက်ပါ့နေခြင်းကို မြရည်ဟု ခေါ်ဆိုကြလေသည်။

👉(၂) #ရွှေလုရည်
အချို့က ဆွေးလု ဟုခေါ်ကြသည် ကျောက်သားအတွင်း၌ အစိမ်းနုရောင် အလွန်တောက်ပနေသည် ။မြရည်အောက် အဖိုးအတန်ဆုံး ဖြစ်သည်။

👉(၃) #မော်စစ်စစ်
ကျောက်သားဆတ်သည် ပျော့သည်မာကျောမှု့နဲ၍ အစိမ်းပုပ်ရောင် ဖြစ်သည်။

👉(၄) #လက်ရေ
အရောင် ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေကာ ကြည်လင်တောက်ပါ့ခြင်း မရှိသော ကျောက်စိမ်းကို ဆိုလိုပါသည်။

👉(၅) #ခွန်ဖိ
ပန်းရောင် ၊ အနီရောင် ၊ အညိုရောင် တို့ရောစပ်နေသည်ကို ဆိုလိုပါသည်။

👉(၆) #ကျောက်သား
အစိမ်းရောင် လုံးဝမပါဘဲ အဖြူရောင်ဖြစ်နေသော ကျောက်စိမ်းကို ခေါ်ဆိုသည်။

👉(၇) #အသားပိတ်
ကျောက်သား တစ်ဖက်မှတစ်ဖက်သို့ မမြင်နိုင်အောင် ကြည်လင်မှု့မရှိ ပိတ်နေသော ကျောက်စိမ်း ဖြစ်သည်။

👉(၈) #ပန်းသာ
ကျောက်စိမ်း၏ အရောင်မှာ ဖြူပြီး ကြည်လင်တောက်ပါ့နေခြင်းကို ဆိုလိုပါသည်။

👉(၉) #ဂျိတ်
ကျောက်မည်း/အမဲ/အနက်
ကျောက်သားတစ်ခုလုံးကို စိမ်းပုပ်ပုပ် အမည်းရောင် သမ်းနေသည် ။

👉(၁၀) #ပဲဆွေးလု
အစိမ်းရောင် နှင့် အဝါရောင် ရောစပ်နေပြီး ကြည်လင်တောက်ပါ့နေသော ကျောက်စိမ်းမျိုးကို ခေါ်ဆိုကြလေသည်။

👉(၁၁) #လန့်ဆွေး
ကြည်လင်တောက်ပမှု့ ရှိသော်လည်း အရောင်မည်းနေတတ်သော ကျောက်ကို လန့်ဆွေးဟု ခေါ်ဝေါ်တတ်ကြသည်။

👉(၁၂) #တောမော်
ကျောက်သား တစ်ခုလုံး စိမ်းစိုနေသော ကျောက်စိမ်းကို ဆိုလိုခြင်းဖြစ်ပါသည်။

👉ကျောက်စိမ်း(Jadeite jade)
@@@@@@@@@@@@@@@@
အလင်းယိုင်ညွှန်းကိန်း-၁.၆၆
သိပ်သည်းဆ - ၃.၃၀မှ-၃.၄၀

👉ပလွမ်(Albitite)
အလင်းယိုင်ညွှန်းကိန်း - ၁.၅၂
သိပ်သည်းဆ - ၂.၅၇မှ-၂.၆၄

အထက်ပါဖော်ပြထားသော
ကျောက်စိမ်းအကြောင်းများသည် စာဖတ်သူ မိတ်ဆွေများ
ဗဟုသုတ တိုးပွားစေရန်
ရည်ရွယ်ပါသည်။

ဝေါဟာရ အဓိပ္ပာယ် ဖွင့်ဆိုမှု့သည်
ဒေသံသရအလိုက် ဘာသာစကားအလိုက် မိမိတို့စွဲလန်းရာ မြတ်နိုးရာများကို အစွဲပြုကြ၍ အမည်ပေးခေါ်ဝေါ်ကြခြင်းသာ ဖြစ်ပါသည်။
to original uploader

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon