NY - Plant Shop
28/04/2023
04/11/2022
ွင့်ကြီးမျိုး
🌸kissme ရှယ်အကိတ်ကြီးတွေနော်။ပန်းပွင့်အကြီးကြီးပွင့်မှကြိုက်တာဆိုရင်တော့ ဒီအကိတ်ကို တစ်ပင်တော့စိုက်သင့်တယ်နော်😁😁😁
🌸အရောင်၂ရောင်ရပါမယ်။ပုံပါအတိုင်း ပန်းအဖျော့နဲ့ ပန်းအရင့်(အနီဘက်သန်ပါတယ်)။
🌸အပင်တိုင်းအပွင့်များများပါပါမယ်။
တစ်ပင် 4500ကျပ်
ရန်ကုန်မြို့တွင်းဆို အိမ်ရောက်ပို့ပေးပါတယ်🤩
နယ်ဘက်ဆို ကားဂိတ်ထိပို့ပေးပါတယ်ရှင့် 🤩
ဆိုင်မှာလာရောက်ဝယ်ယူလိုပါက 👇🏻👇🏻
ဆိုင်လိပ်စာ သံလွင်လမ်းမကြီး ၅၈ရပ်ကွက်
ဒဂုံဆိပ်ကမ်းမြို့နယ် ရန်ကုန်။
ဆက်သွယ်ရန်ဖုန်း ☎☎☎
09790580311
#ထာဝရပျိုးဥယျာဉ်
#ပျိုးပင်
#သီးပင်စားပင်
17/10/2022
👉နှင်းဆီပင်စိုက်ရန်အောက်ပါ အချက်များကိုပြုလုပ်ပေးရပါမယ်
၁) မလိုအပ်သော အပွင့် အဖူး အရွက်အကိုင်းများ ကိုဖြတ်တောက်ခြင်း
အပွင့်လွန် အပွင့်ခြောက် အဖူးမသန် အရွက်ဝါ အရွက်မဲ အရွက်ခြောက် အကိုင်းသိမ်အကိုင်းမွှား အကိုင်းခြောက်များကို သန့်ရှင်းသော ပန်းဖြတ်ကတ်ကျေးနှင့် ဖြတ်တောက်ရှင်းလင်းပေးရမည်
၂) အဟာရဖြည့်ပေးခြင်း
အပင်အတွက် မြေဆွေး နုန်းမြေ နွားချေးခြောက်၊ ကြက်ချေးခြောက်၊ စပါးခွံ၊ ဖွဲပြာ၊ ဆေးရွက်ကြီးမှုန့် စပ်ထားသော ၆မျိုးစပ် မြေမျိုးသင့်တော်ပါသည် မဟုတ်ပါက၊လည်းလှယ်ပေးပါ
မြေဩစာ ၁၅ သို့မဟုတ် ၁၆ ပါတ်လည်အစေ့များလိုအပ်သလိုကြွေးရပါမည်
အပင်သည် အပွင့်အားရပါးရပွင့်ပြီးချိန် တွင်အဟာရများကိုအပွင့်တွင်သုံးလိုက်ရသဖြင့် အားကုန်သွား တတ်ပါသည်
ထိုအချိန်တွင် မြေဩစာ အစေ့ ၂၀-၃၀ ခန့် အပင်အခြေ နှင့်ခပ်ခွါခွါ မြေမှာမြှုပ်၍ ကြွေးရပါသည်
နောက်တခါ အညွန့်အသစ်များစထွက်လာချိန်တွင် ကြီးထွားသန်မာရန် အဟာရလိုပြန်ပါသည် အလားတူ ထပ်ကြွေးရပါသည် ၂ ပါတ်တစ်ခါဟုမှတ်ထားသင့်ပါသည်။
ခဏခဏမကြွေးရ
အစေ့မများရ
အပင်ခြေမကပ်ရ
အပင်လောင်တတ်ပါသည်။
၃) ရောဂါကာကွယ်ရမည်
အဓိက ၂ မျိုး
ပိုးမျိုးစုံ စားကိုက်စုပ်ခြင်း/ပိုးကျခြင်း နှင့် မှိုကျခြင်း
ကာကွယ်ခြင်းကကုသခြင်းထက်ကောင်းပါတယ်
ပိုးသတ်ဆေး နှင့် မှိုဆေးကိုတစ်ပါတ်တစ်ကြိမ် တစ်ရက်သပ်သပ်စီဖြန်းပေးပြီး မှိုမကျ ပိုးမကျအောင် ကာကွယ်ရပါတယ်
ပိုးသတ်ဆေးကို အညွန်းအတိုင်းရေနှင့်ဖျော်စပ်ရပါမယ် ပိုသတ်ဆေး နဲ့အတူအရွက်ဖြန်း/အမြစ်အားဆေး B1Plus/ အပွင့်အားဆေး ၁၀:၅၂:၁၇ သို့မဟုတ် မိုရယ်မုန်းထည့်ဖြန်းလျင် ပိုကောင်းပါတယ် နေအေးချိန်မှာသာဖြန်းရပါမယ်။ ရေတစ်လီတာလျင် ဆေးလဘက်စားဇွန်း တစ်ဝက်ခန့် အချိုးဖြင့်ဖျော်ပါ။
မှိုဆေးကတော့ ဘာနဲ့မှမရောသင့်ပါ ရေနှင့်အချိုးအစားမှန်ဖျော်စပ်၍ ညနေပိုင်း တစ်ပါတ်တစ်ကြိမ် ဖြန်းရပါတယ် မှိုရောဂါကျလျင် အရွက်များဝါခြင်း အမဲပြောက်များပေါ်ခြင်း အကိုင်းများပါမဲ ခြောက်လာခြင်း ဖြစ်၍ အပင်သေသွားနိုင်ပါတယ် အထူးသဖြင့် မိုးရာသီမှာ အသေအခြာကာကွယ်ရပါမယ်
၄) အခြားအချက်များ
👉ရေမနက်တစ်ကြိမ်ဝဝလောင်းပါ။ ရေမဝပ်ပါစေနှင့်။ မနက်မလောင်းဖြစ်၍ ညနေပိုင်းရေလောင်းပါက အရွက်များမစိုပါစေနှင့် မှိုဝင်တတ်လို့ပါ။
👉အိုးပြောင်းလျင် အမြစ်များမထိခိုက်အောင် စိတ်ရှည်ရှည် လုပ်ပေးပါ ပျိုးအိတ်ကို ဒါးဖြင့်ဖြည်းဖြည်းခွဲထုပ်ပါ အတင်းနှိုက်မထုတ်ပါနဲ့
👉မနက်စောစော မှာစိုက်ပါ အိုးပြောင်းပါ နေပူထဲမှာလုံးဝမလုပ်ပါနဲ့ အနည်းဆုံး နေရိပ်ထဲမှာအိုးပြောင်းပါ ပြောင်းပြီးပါက အမြစ်အားဆေး B1 Plus ဖြန်း/လောင်းသင့်ပါသည် နေအေးသောနေရာတွင် ၂ ရက်ခန့်အသားကျအောင်ထားပါ ပြီးမှလိုချင်သောနေရာရွှေ့ပါ
👉ကာကွယ်ခြင်းမဟုတ်ပဲ ရောဂါဖြစ်မှဆေးဖြန်းလျင်
ပို၍ဖိဖိစီးစီးဖြန်း ရပါမည် နှစ်ရက်လောက်ဆက်ဖြန်းပေးမှ မှို/ပိုး ရှင်းပါမည် ထို့နောက်တစ်ပါတ်တစ်ကြိမ်ဆက်ဖြန်းရမည်။
သို့မှသာ သင်၏ နှင်းဆီပင်လေးသန်မာလှပ ပါမည်။
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
South Dagon
Yangon