MyHealthcare
It allows the residents to access quality health information and expertise.
21/06/2026
ပိန်းဥစားရတာ ကြိုက်နှစ်သက်တဲ့ သူတွေရှိကြလား ခင်ဗျ။ ပိန်းဥစားရင် ဘယ်လို ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရမလဲဆိုတာ ဆောင်းပါးလေးထဲမှာ လေ့လာကြည့်ရအောင်လား ခင်ဗျ။ ပိန်းဥရဲ့ မူရင်းဒေသဟာ အာရှဒေသဖြစ်ပါတယ်။
ပိန်းဥဟာ ကစီဓာတ်ပြည့်ဝတဲ့ သီးနှံတစ်ခု ဖြစ်ပါတယ်။ ပိန်းဥရဲ့ အပြင်ဘက်အလွှာဟာ အညိုရောင်ရှိပြီး အသားကတော့ အဖြူရောင် ဖြစ်ပါတယ်။ ၎င်းကို ချက်ပြုတ်စားသောက်တဲ့ အခါမှာ နူးညံ့ပျော့ပျောင်းပြီး ချိုတဲ့ အရသာရှိကာ အာလူးနဲ့ ဆင်တူပါတယ်။ ပိန်းဥမှာ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်နေပြီး ကျန်းမာရေးအတွက် အကျိုးရှိစေတဲ့ အခြားသော အာဟာရဓာတ်တွေလည်း များစွာပါဝင်နေပါတယ်။
ပိန်းဥဟာ ယေဘူယျအားဖြင့် သွေးတွင်းသကြားဓာတ်ပါဝင်မှု၊ ကိုယ်တွင်း အင်္ဂါများနဲ့ နှလုံးကျန်းမာရေးအတွက် များစွာ အကျိုးရှိစေတဲ့ သီးနှံတစ်ခု ဖြစ်ပါတယ်။
ပိန်းဥဟာဆိုရင် လူအများစုမှာ လိုအပ်နေတဲ့ အမျှင်ဓာတ်၊ မဂ္ဂနီးစ်ဓာတ်၊ ဗီတာမင် ဘီ ၆၊ ဗီတာမင် အီး၊ ဗီတာမင် စီ၊ ပိုတက်စီယမ်၊ သံဓာတ်၊ ကော့ပါး စတဲ့ အာဟာရဓာတ်တွေ အဓိက ပါဝင်နေပါတယ်။ ပိန်းဥဟာ အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အမျှင်ဓါတ် ပါဝင်မှုမြင့်မားတာကြောင့် အူတွင်းလှုပ်ရှားမှုကို အထောက်အကူပြုပြီး အစာချေဖျက်နိုင်စွမ်းကောင်းစေကာ ဝမ်းမှန်စေပါတယ်။
ထို့အပြင် လေပွခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ အမျှင်ဓါတ်က ကိုယ်တွင်း အင်ဆူလင်နဲ့ ဂလူးကို့စ်ဓါတ် ထွက်ရှိမှုကို ထိန်းညှိပေးတာကြောင့် ဆီးချိုသွေးချို ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
ပိန်းဥဟာ ကစီဓာတ်ပြည့်ဝတဲ့ သီးနှံတစ်ခုဖြစ်သော်လည်း ၎င်းမှာ ပါဝင်တဲ့ ကာဗွန်ဟိုက်ဒရိတ်ဓာတ်ဟာ သွေးတွင်းသကြားဓာတ် ပါဝင်မှုကို ကောင်းစွာထိန်းညှိပေးပါတယ်။ ပိန်းဥမှာ ပါဝင်တဲ့ အမျှင်ဓာတ်နဲ့ ကစီဓာတ်ဟာ နှလုံးရောဂါဖြစ်နိုင်ချေကို လျော့နည်းစေပါတယ်။ အမျှင်ဓာတ်ပါဝင်တဲ့ သီးနှံတွေကို များများစားပါက နှလုံးရောဂါ ဖြစ်ပွားနိုင်မှုကို လျော့ချနိုင်တယ်လို့ အချို့သော သုတေသနတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
ပိန်းဥမှာ ပါဝင်တဲ့ ပိုတက်စီယမ်ဓါတ်က နှလုံးသွေးကြောတွေကို ဖိစီးမှုပြေလျော့စေပြီး သွေးဖိအားကိုလျော့ကျစေပါတယ်။ ထို့အပြင် အာရုံကြောစနစ်ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း မြှင့်တင်ပေးတာကြောင့် ဦးနှောက်ရဲ့လုပ်ဆောင်ချက်များကိုလည်း ပိုကောင်းစေတယ်လို့ သိရပါတယ်။
ကျန်းမာရေးအကြောင်းအရာများနှင်ပတ်သက်လို့ အသေးစိတ်သိချင်ရင်တော့ chatbox မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။
MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352
18/06/2026
မိုးရာသီရောက်ပြီ။ အပြင်ကစိုထိုင်းဆ၊ လေထုထဲကအပူလှိုင်း၊ အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်တဲ့နှာရည်ယိုတာ၊ အသက်ရှူ ကျပ်တာ၊ လေပြွန်ရောင်တာ မကြာခဏခံစားရနိုင်ပါတယ်။ ရာသီဥတုအပြောင်းအလဲကြောင့် အအေးမိတာ၊ ဖျားတာဖြစ်နိုင် ပါတယ်။ အစာအဆိပ်သင့်တာ၊ တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော၊ အသားဝါရောဂါ၊ အူရောင်ငန်းဖျား၊ တိုက်ဖွိုက်၊ အစာအိမ်ရောင်ရမ်းတာတို့ အလိုလိုဖြစ်လာတတ်ပါတယ်။
မိုးတွင်းမှာ ကိုယ်ခံစွမ်းအားမြှင့်တင်ပေးတဲ့ အစာစားသင့်ပါတယ်။ လူတို့စားသောက်တဲ့ အစာထဲမှာ ကိုယ်ခံစွမ်းအားမြှင့်တင်ပေးတဲ့ အစားအသောက်တွေပါနေတယ်။ မိုးရာသီမှာ အရည်ရွှမ်းတဲ့လိမ္မော်၊ သံပရာ၊ရှောက်သီး၊ ပဲတောင့်ရှည်၊ ပဲဖြူလေး၊ ကြက်ဟင်းခါးသီး၊ နနွင်း၊ သရက်သီး၊ မင်းကွတ်သီး၊ ဒူးရင်းသီးတို့ ပေါများလှပါတယ်။ ရေနွေးကြမ်းပုံမှန်သောက်ပေးသင့်ပါတယ်။ ရေနွေးကြမ်းမှာပါတဲ့ အခါးဓာတ်(Tarmin)ကဗိုင်းရပ်၊ ဗက်တီးရီးယားတွေကို တိုက်ထုတ်နိုင်ပါတယ်။
အသားဓာတ်နဲ့ ကယ်စီယမ်ကြွယ်ဝတဲ့ နို့နဲ့နို့ထွက်ပစ္စည်း၊ အစေ့အဆန်၊ အခွံမာသီးတွေကအရိုးနဲ့သွားကို အကျိုးပြုရုံသာမက ကိုယ်ခံစွမ်းအားမြှင့်တင်စေပါတယ်။ ကြက်ဥ၊ ကြက်ဥအနှစ်က မိုးတွင်းစားသောက်သင့်ပါတယ်။ လတ်ဆတ်ဖို့လိုပါတယ်။ ကြက်ဥရဲ့ အပြင်မှာညစ်ပတ်နေပြီး ကွဲရာအက်ရာရှိနေရင် မစားသင့်ပါဘူး။ အချို့မှိုတွေ ကိုယ်ခံစွမ်းအား တိုးမြင့်တတ်စေပေမယ့် ဘယ်ကရမှန်း မသိတဲ့မှို(အဆိပ်သင့်မှို)ကြောင့်ဒုက္ခရောက်တတ်ပါတယ်။
မိုးတွင်းကာလ ကောက်ပဲသီးနှံစားပေးသင့်ပါတယ်။ အစားအသောက်တစ်ခုကို အလွန်အကျွံ မစားမိဖို့လိုတယ်။ အဆီအအိမ့်၊ အချိုများလွန်းတဲ့ အစားအသောက်တွေက ဆီးချို၊ သွေးချို၊ သွေးတိုးနဲ့ အဝလွန်ခြင်းဖြစ်စေပါတယ်။ ဆန်၊ ဂျုံ၊ ပြောင်းတို့လို ကောက်ပဲသီးနှံတွေ နည်းနည်းစီနဲ့ အကြိမ်ကြိမ်ခွဲပြီး စားသင့်တယ်။ ကစီဓာတ်ကြွယ်ဝတဲ့ အစားအသောက်ကို နည်းနည်းစီ ပုံမှန်စားပေးရင် အစာချေဖျက်ဖြစ်စဉ်မြန်လာကာ အဆိပ်အတောက်တွေ ဖယ်ထုတ်ပေးတယ်။ လတ်ဆတ်တဲ့အသီးအရွက်တွေ ဦးစားပေးသင့်ပါတယ်။ အသီးအရွက်တွေကြောင့် ဗိုက်ပြည့်နေတဲ့အခါ အခြားအစားအသောက်တွေကို စားသောက်ချင်စိတ် လျော့နည်းသွားတယ်။ မိုးတွင်းမှာ သင်္ဘောသီး၊ ပန်းသီး၊ သစ်တော်သီး အလွယ်တကူ ဝယ်ယူရနိုင်သလို ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ဟင်းနုနယ်၊ ဆလတ်ရွက်အပါအဝင် အခြားစိမ်းစိမ်းစိုစို အရွက်တွေလည်း စားနိုင်တယ်။
သခွားသီးမှာ ဓာတ်တိုးမှုဆန့်ကျင်ပေးတဲ့ Antioxidant အာနိသင်ရှိတာကြောင့် နေထိုင်ကောင်းစေဖို့ကူညီပေးတယ်။ လတ်ဆတ်တဲ့ အသီးအရွက်သုပ်၊ သစ်သီးဖျော်ရည်တွေက ကျန်းမာရေး အထောက်အကူပြုတယ်ဆိုပေမယ့် ဝမ်းဖောဝမ်းရောင်လေပွတာတွေ ဆက်ဖြစ်လာနိုင်တာကြောင့် အလွန်အကျွံ မစားသင့်ပါဘူး။ သိမ်းဆည်းတဲ့နေရာမှာ သစ်သီးတစ်လုံး တစ်ခြမ်းစားပြီး ကျန်တဲ့ တစ်ခြမ်း ရေခဲသေတ္တာထဲ ထည့်သိမ်းကာ ပြန်စားမယ်လုပ်လို့ရပေမယ့် မိုးရာသီမှာပြင်ပစိုစွတ်မှုကြောင့် ခွဲလက်စသစ်သီးမှာ ပိုးကောင်တွေ ပေါက်ပွားရှင်သန်ကာ ပျို့အန်တာ၊ ဝမ်းပျက်ဝမ်းလျှောတာဖြစ်နိုင်တယ်။
အစာချေဖျက်တဲ့အစာ စားပေးသင့်ပါတယ်။ ဒိန်ချဉ်သည် အစာချေဖျက်အားကောင်း၍ စားသင့်သလို ချင်း(ဂျင်း)သည် အစာချေ ဖျက်မှုမြန်စေလို့ အအေးမိတာကို တိုက်ထုတ်နိုင်သော အစားအသောက်တစ်မျိုးဖြစ်တယ်။ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ တရုတ်နံနံ စတာတွေက အစာချေဖျက်မှုမြန်စေပြီး ကိုယ်ခံစွမ်းအားမြင့်တက်စေတယ်။ ပျားရည်ကလည်း အစာချေဖျက်မှုကိုမြန်စေပြီး အူလမ်း ကြောင်းရှိ အကျိုးပြုဗက်တီးရီးယားကို ထိန်းပေးတယ်။ ရုတ်တရက် ဝမ်းပျက်ဝမ်းလျှောတာ ဟန့်တားပေးနိုင်တယ်။ ချောင်းဆိုး တာနဲ့အအေးမိတာ ပျားရည်ကကုသနိုင်ပါတယ်။ သဘာဝဆေးဝါးဖြစ်တယ်။
ရေသန့်သောက်သင့်ပါတယ်။ မိုးရေပဲဆိုပြီး မိုးရေခံရေစစ်နဲ့ စစ်ပြီးမသောက်သင့်ဘူး။ အက်စစ် သို့မဟုတ်ဗေ့စ်ဖြစ်နေတတ်တယ်။ ရေသန့်ဟာဆိုရင် ရေကတစ်ဆင့်ကူးစက်နိုင်တဲ့ ဝမ်းနဲ့ဆိုင်တဲ့ရောဂါများ ကာကွယ်ပေးတယ်။ ချက်ပြုတ်တဲ့နေရာ၊ သောက်တဲ့ နေရာ အသုံးပြုတဲ့ရေက သန့်ရှင်းနေဖို့လိုတယ်။ မသန့်ရှင်းရင် ကျိုချက်ပြီးမှသုံးစွဲသင့်တယ်။ နေမကောင်းဖြစ်တဲ့အချိန် နာလန်ထ အချိန်တွေမှာ ရေကျက်အေးသောက်သင့်တယ်။ ရေဓာတ်မခန်းခြောက်အောင် ဓာတ်ဆားရည်သောက်သင့်တယ်။ မိုးတွင်းမှာ ရေဓာတ်ခန်းခြော က်နိုင်တာကြောင့် ရေနွေး၊ ကော်ဖီ၊ စွပ်ပြုတ်ရည်သောက်ကာ ခန္ဓာကိုယ် ရေဓာတ်မခန်းခြောက်အောင် ပြုပြင် သင့်တယ်။ မလိုအပ်တဲ့ အဆိပ်အတောက်များ ခန္ဓာကိုယ်က မြန်မြန်ထွက်သွားလို့ ကျောက်ကပ်သက်သာစေတယ်။
ပင်လယ်စာကို ရှောင်သင့်ပါတယ်။ မိုးရာသီမှာ ကျန်းမာရေးအတွက် ဦးစားပေးစားသောက်ရတဲ့ အစားအသောက်တွေရှိနေသလို မဖြစ်မနေ ရှောင်ကြဉ်ရမယ့် အစားအစာလည်းရှိပါတယ်။ ပင်လယ်စာရှောင်သင့်ပါတယ်။ ငါး၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်၊ ရေဘဝဲ ရှောင်သင့်တယ်။ ရေထဲမှာရှင်သန်နေတဲ့ ပိုးမွှားတွေက အစာအိမ်ဝေဒနာဖြစ်စေပါတယ်။
အနူးလွန်အောင်ချက်ထားတဲ့၊ တူးမတက်ကြော်ထားတဲ့ ဆီများလွန်းတဲ့ အစားအသောက်တွေ ပိုရှောင်သင့်တယ်။ အလွယ်တကူ အသင့်အမြန်စားစနပ်(snack)များဖြစ်တဲ့ ဟမ်ဘာဂါ၊ ဆင်းဒဝှစ်၊ ပီဇာ၊ အာလူးချောင်းကြော်၊ လမ်းဘေးထမင်းဟင်း ရှောင်သင့်ပါ တယ်။ နို့ သို့မဟုတ် နို့နဲ့လုပ်ထားတဲ့ အစားအသောက်တွေစားရင် ပူပူနွေးနွေး ချက်ပြုတ်စားသင့်တယ်။ ရေခဲသေတ္တာထဲ သိမ်းဆည်း ထားတာဆိုရင် ပြန်နွှေးပြီးမှ စားသင့်ပါတယ်။
သေသေချာချာ ဆေးကြောပြီးမှ ချက်ပြုတ်စားသောက်သင့်ပါတယ်။ အသီးအရွက်တွေ ဈေးကွက်ထဲမဝင်ခင် ဓာတ်မြေသြဇာ၊ ဓာတု ပိုးသတ်ဆေးတို့ ပါဝင်လာတတ်တယ်။ ဝမ်းကိုက်ပိုး၊ သန်ကောင်၊ တုတ်ကောင် မျက်စိနဲ့မမြင်ရတဲ့ အကောင်တွေ ပါလာတယ်။ အကောင်းဆုံးက ဈေးကဝယ်လာတဲ့ ပစ္စည်းကိုဆားရေထဲ ၁၅ မိနစ်ကြာစိမ်ထားသင့်တယ်။ အဲလိုစိမ်ပြီးရင် ရေနဲ့ကြာကြာ ဆေးကြော ပြီးမှ ချက်ပြုတ် သို့မဟုတ် သိုလှောင်သင့်ပါတယ်။ အစိမ်းစားတာထက် ရေနွေးဖျောပြီး ငါးပိရည်နဲ့ တို့စားတာမျိုး လုပ်သင့်ပါတယ်။ အသားစိမ်း၊ ငါးစိမ်းကို ကိုင်တွယ်တဲ့အခါ လက်၊ စဉ်းတီတုံးတို့ စင်ကြယ်အောင်ဆေးပြီးမှ စနစ်တကျခုတ်ထစ်ပြုပြင်သင့်တယ်။
မိုးရာသီမှာ အပြင်စာကို တတ်နိုင်သလောက် လျှော့စားသင့်ပါတယ်။ မိုးတွင်းမှာ သတိထားသင့်တာက လမ်းဘေးမှာဖွင့်ထားတဲ့ အစားအသောက်တွေ ဝယ်ယူစားသောက်ခြင်းပဲဖြစ်တယ်။ စိုစွတ်နေတဲ့ ပတ်ဝန်းကျင်၊ အခါခါနွှေးထားတဲ့ဟင်းရည်၊ အချဉ်တို့ဟာ ကျန်းမာရေးနဲ့ မသင့်တော်ပါဘူး။ အစားအသောက်တွေကနေ ပါရာဆိုက်၊ ဗက်တီးရီးယား စတဲ့ကူးစက်ပိုးတွေ အလွယ်တကူ ဝင်တတ်ပါတယ်။ ပိုးကောင်တွေမျိုးပွားမှုကလည်း သာမန်အချိန်ထက် များတတ်ပါတယ်။ ဘေစင်တွေ၊ အသားလှီးဖြတ်တဲ့နေရာ၊ အသီးအရွက်နွှင်တဲ့နေရာတွေက အိမ်မှာမိသားစုအတွက်ပြင်ဆင်တာထက်ပိုပြီး လုပ်ကိုင်ရတာကြောင့် သန့်ရှင်းမှု အားနည်းတတ် ပါတယ်။ ဆိုင်ခင်းကျင်းပုံက ပါပုံမလာတဲ့အခါ ညစ်ပတ်တဲ့အစားအစာဖြစ်နေပါတယ်။
မိုးရာသီမှာ အများဆုံးစားသောက်သင့်တာက စွပ်ပြုတ်ပူပူနွေးနွေး၊ ကွေကာအုပ်ပူပူ၊ နွားနို့ပူပူတို့ပဲဖြစ်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေအိမ်မှာ ချက်စားသင့်ပါတယ်။ အိမ်ပတ်ဝန်းကျင်သန့်ရှင်းရေး၊ မီးဖိုချောင်နဲ့ ရေခဲသေတ္တာ သန့်ရှင်း ရေးလည်း ပြုလုပ်သင့်ပါတယ်။ သင့်တင့်တဲ့ကိုယ်လက်အားကစား၊ အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး(၁၅-၄၅)မိနစ်လုပ်ကာ စွမ်းအားမြှင့် အစာအာဟာရများ စားသုံးမယ်ဆိုရင် မိုးရာသီဟာ ကျန်းမာပျော်ရွှင်စွာ နေထိုင်လို့ကောင်းပါတယ်။ ။
ကျန်းမာရေးအကြောင်းအရာများနှင်ပတ်သက်လို့ အသေးစိတ်သိချင်ရင်တော့ chatbox မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။
MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352
12/06/2026
သွေးလွန်တုပ်ကွေး (Dengue Fever) ဆိုတာ ခြင်ကျားကိုက်ခြင်းကနေတစ်ဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။အထူးသဖြင့် မိုးရာသီမှာ မိုးရေတွေကြောင့် ရေဝပ်နိုင်တဲ့ နေရာများပေါ်လာပါတယ်။ ဥပမာ- ပန်းအိုးတွေ၊ ရေအိုး၊ ရေသိုလှောင်တဲ့ ပစ္စည်းတွေ၊ ပလတ်စတစ်ပုံးခွံတွေ၊ တာယာအဟောင်းတွေနဲ့ ရေတင်ကျန်နိုင်တဲ့ အမှိုက်သရိုက်တွေမှာ ခြင်တွေ အလွယ်တကူ ဥဥပြီး ပေါက်ပွားနိုင်တာမလို့ မိုးတွင်းမှာ ခြင်ကျားတွေ ပိုများတတ်ပါတယ်🦟 ဒါကြောင့်မလို့ ရောဂါကူးစက်နိုင်ခြေလည်း ပိုမြင့်မားပါတယ်။
သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ၄ ရက်မှ ၁၀ ရက်အတွင်း ရောဂါလက္ခဏာတွေ စတင်ပြသတတ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေက🦠
💢ရုတ်တရက်ဖျားနာခြင်း (အဖျားကြီးခြင်း)
💢ပြင်းထန်စွာခေါင်းကိုက်ခြင်း
💢မျက်လုံးများ နာကျင်ကိုက်ခဲခြင်း
💢ကြွက်သားနဲ့ အဆစ်အမြစ်များ ပြင်းထန်စွာ နာကျင်ကိုက်ခဲခြင်း
💢ပျို့အန်ခြင်း
💢အရေပြားယားယံခြင်း (အနီစက်များ ထွက်ပေါ်ခြင်း)
💢အားအင်ကုန်ခန်းပြီး ပင်ပန်းနွမ်းနယ်ခြင်း တို့ဖြစ်ပါတယ်။
ကိုယ်ခံအားနည်းတဲ့သူအချိုက သွေးလွန်တုပ်ကွေးအပြင်းစားအဖြစ် ပြောင်းလဲနိုင်ပြီး အသက်အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒီလို အပြင်းစားလက္ခဏာတွေကအဖျားကျပြီးနောက်ပိုင်း ၂၄ နာရီမှ ၄၈ နာရီအတွင်း စတင်ပေါ်ပေါက်တတ်ပါတယ်။
💢သွေးယိုစီးခြင်း (ဥပမာ- နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးသွေးထွက်ခြင်း၊ အရေပြားအောက် သွေးခြေဥခြင်း၊ အော့အန်လျှင် သွေးပါခြင်း၊ ဝမ်းသွားလျှင် သွေးပါခြင်း)
💢ဗိုက်အောင့်ခြင်း သို့မဟုတ် ဗိုက်အောင့်ဗိုက်နာခြင်း
💢အဆက်မပြတ် အော့အန်ခြင်း
💢ပင်ပန်းနွမ်းနယ်ပြီး အားအင်မရှိခြင်း၊ လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေခြင်း
💢မောပန်းခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်း ဒီလို လက္ခဏာတွေဖြစ်ပေါ်နေလျှင် ဆရာဝန်နဲ့ အရေးပေါ် အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။
သွေးလွန်တုပ်ကွေးမဖြစ်ဖို့ ဘယ်လိုကာကွယ်မလဲ💡
သွေးလွန်တုပ်ကွေးကို ကာကွယ်ဖို့အတွက် အထိရောက်ဆုံးနည်းလမ်းက ခြင်ကိုက်မခံရအောင်ကာကွယ်ခြင်းနဲ့ ခြင်ပေါက်ပွားမှုကို ထိန်းချုပ်ခြင်းပဲ ဖြစ်ပါတယ်။ ခြင်ကိုက်မခံရဖို့ လိမ်းဆေးလိမ်းတာ၊ ခြင်ထောင်နဲ့အိပ်တာ၊ လက်ရှည်၊ ဘောင်းဘီရှည်များ ဝတ်ဆင်တာနဲ့ နေအိမ်ပြတင်းပေါက်တွေမှာ ခြင်လုံဇကာတွေ တပ်ဆင်တာမျိုးတွေ လုပ်ဆောင်သင့်ပါတယ်။
မိုးရာသီမှာ အရေးကြီးဆုံးက ခြင်တွေ ဥဥနိုင်တဲ့ ရေတင်ကျန်နိုင်တဲ့ နေရာမှန်သမျှကို ပုံမှန်စစ်ဆေးပြီး ရှင်းလင်းဖယ်ရှားဖို့ပါပဲ။ ရေအိုး၊ ရေတိုင်ကီ၊ ပန်းအိုး စတာတွေကို အဖုံးလုံအောင် ပိတ်ပြီး ပုံမှန်ဆေးကြောသန့်စင်ပါ။ တာယာအဟောင်းတွေ၊ အမှိုက်သရိုက်တွေထဲမှာ ရေမဝပ်ဖို့အတွက် မှောက်ထားတာ ဒါမှမဟုတ် စနစ်တကျစွန့်ပစ်တာမျိုး လုပ်ဆောင်ပြီး မိမိပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားဖို့ အရေးကြီးပါတယ်။
အဖျားရှိနေပြီလို့ ခံစားနေရပြီဆို ရာသီတုပ်ကွေးလား၊ သွေးလွန်တုပ်ကွေးလားသိရဖို့ နီးစပ်ရာဆေးခန်းသွားပြီး ဆရာဝန်နဲ့ သေချာကုသဖို့ အကြံပေးချင်ပါတယ်။
ကျန်းမာရေးအကြောင်းအရာများနှင်ပတ်သက်လို့ အသေးစိတ်သိချင်ရင်တော့ chatbox မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။
MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352
03/06/2026
အသည်းရောင် အသားဝါစီပိုးဆိုတာ နာတာရှည်ရောဂါတစ်ခုဖြစ်ပြီး လူ့အသက်ကို ခြိမ်းခြောက်တဲ့ရောဂါတစ်ခုထဲမှာပါဝင်ပါတယ်။
အသည်းရောင်အသားဝါရောဂါဟာ ကုသဖို့နည်းလမ်းရှိပေမယ့်လည်း ကူးစက်ခံရမှုကိုမသိတဲ့အတွက် ကုသမှုနောက်ကျပြီး သေဆုံးမှုတွေလည်းရှိပါတယ်။ လူအတော်တော်များများက မိမိမှာ အသည်းရောင်အသားဝါရောဂါပိုးရှိလို့ ရှိမှန်းတောင်မသိကြပါဘူး။ အသည်းရောင်အသားဝါရောဂါဟာ ရောဂါလက္ခဏာမပြပါဘူး။ အသည်းရောင်အသားဝါစီပိုးဟာ အသည်းခြောက်ပြီး အသည်းကင်ဆာအထိဖြစ်နိုင်ပါတယ်။ ကုသလို့ပျောက်ကင်းနိုင်ပေမယ့်လည်း မပေါ့ဆသင့်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။
အသည်းရောင် အသားဝါ စီပိုးကူးစက်မှု
အသည်းရောင်အသားဝါစီပိုးဟာ ရောဂါရှိသူရဲ့ သွေးကတစ်ဆင့်ကူးစက်နိုင်သလို ကိုယ်တွင်းထိတွေ့မှုတွေကလည်းကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိနေတဲ့ အပ်တွေကနေတစ်ဆင့်ကူးစက်နိုင်ပြီး လူသုံးကုန်ပစ္စည်းတွေဖြစ်တဲ့ မုတ်ဆိတ်ရိတ်ဓားတွေ၊ သွားတိုက်တံကနေတစ်ဆင့်ကူးစက်နိုင်သလိုအကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကလည်းကူးစက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်လောင်းမှာလည်းရောဂါပိုးရှိနေခဲ့ရင် မိခင်ကတစ်ဆင့် ရင်သွေးကိုလည်း ကူးစက်နိုင်ပါတယ်။
ရောဂါလက္ခဏာများ
အသည်းရောင်အသားဝါ စီပိုးရှိနေတဲ့သူအများစုက ကိုယ့်မှာ ပိုးရှိနေမှန်းမသိကြပါဘူး။ စီပိုးက ရောဂါလက္ခဏာမပြတဲ့အတွက်ကြောင့်ပါ။ ရောဂါပိုးရှိရှိချင်းမှာ မသိကြဘဲ နောက်ဆုံးအသည်းရောင်လာတဲ့အချိန်မှသာ သိကြပါတယ်။ အသည်းရောင်လာမှ ရောဂါလက္ခဏာတွေကလည်း ပေါ်လာတာပါ။ ရောဂါလက္ခဏာတွေကတော့ အစားအသောက်ပျက်တာ၊ နုန်းတာ၊ ဗိုက်အောင့်တာ၊ အသားဝါတာနဲ့ ဆီးအရောင်က ပုံမှန်ထက်ဝါကာ အရောင်ရင့်တာအသားတွေယားတာ ခြေထောက်တွေယောင်ယမ်းတာ စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။
ဘယ်လိုကုသမှု ခံယူမလဲ
အခုနောက်ပိုင်းမှာတော့ အသည်းရောက်အသားဝါစီပိုးကို ဆေးထိုးကုသစရာမလိုဘဲ သောက်ဆေးနဲ့တင်ကုသနိုင်ပါတယ်။ ဆေးသောက်သုံးရာမှာလည်း ဆရာဝန်နဲ့ သေချာစစ်ဆေးပြီးမှ ညွှန်ကြားတဲ့ ဆေးအမျိုးအစားကိုသာ ဂရုပြုသောက်သုံးသင့်ပါတယ်။ အနည်းဆုံး သုံးလဆက်တိုက် သောက်သုံးပေးရမှာပါ။ အသည်းရောင်အသားဝါ စီပိုးကူးစက်ခံရပြီး ပျောက်ကင်းသွားတဲ့သူတွေဟာ ထပ်မံပြီးလည်းကူးစက်နိုင်ပါတယ်။ အဓိက ကိုယ်ခံအားနည်းတဲ့သူတွေနဲ့ မူးယစ်ဆေးသုံးစွဲတဲ့သူတွေဖြစ်ပြီး ထိုသူတွေအနေနဲ့ကတော့ ထပ်မံမကူစက်အောင် အထူးဂရုပြုဖို့လိုအပ်ပါတယ်။
အသည်းရောင် အသားဝါ စီပိုးဟာ ဘီပိုးလိုမျိုးကာကွယ်ဆေးမရှိပါဘူး။ ဒါပေမယ့် ဘီပိုးကာကွယ်ဆေးထိုးထားခြင်းဖြင့် ရောဂါပိုမဆိုးအောင်ကာကွယ်လို့ရပါတယ်။ စီပိုးရောဂါခံစားနေရတဲ့သူတွေအနေနဲ့ကုသမှုခံယူနေစဉ်အတွင်း ဆေးလိပ်၊အရက်သောက်သုံးခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ အရက်သောက်ခြင်းက ရောဂါပိုးအပြင် အသည်းကိုပိုပြီးထိခိုက်နိုင်ခြင်းကြောင့်ပါ။ စီပိုးရှိတဲ့သူတွေဟာ ခန္ဓာကိုယ်အလေးချိန်ပို ထိန်းညှိပြီး သင့်တင့်တဲ့အစားအစာမျိုးတွေကိုသာ စားသုံးသင့်ပါတယ်။ အသည်းရောင်အသားဝါစီပိုးက အသည်းခြောက် အသည်းကင်ဆာဖြစ်နိုင်တဲ့ ရောဂါပိုးပါ။ လက္ခဏာမပြတဲ့အတွက် ကိုယ့်မှာ ပိုးရှိနေမှန်းလည်း မသိနိုင်တဲ့အပြင် သိတဲ့အချိန်မှာလည်း ရောဂါက ပြင်းထန်နေနိုင်ပါတယ်။ ဒါ့ကြောင့် စီပိုးရှိမှန်းသိပြီဆိုတာနဲ့ အချိန်မဆွဲဘဲ ဆေးကုသမှုကို စနစ်တကျ ချက်ချင်းခံယူသင့်ကြောင့်ကို ဒေါက်တာစိမ့်စမ်းဖြူက အကြံပြုပြောကြားထားပါတယ်။
ကျန်းမာရေးအကြောင်းအရာများနှင်ပတ်သက်လို့ အသေးစိတ်သိချင်ရင်တော့ chatbox မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။
MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352
01/06/2026
ကိုယ်က ဘာရောဂါဖြစ်တတ်သလဲ။ အစာအိမ်အောင့်တတ်တာလား။ အစာမကြေတာလား။ ခေါင်းခဏခဏ ကိုက်တတ်တာလား အစရှိတဲ့ ကိုယ်နဲ့ ကိုယ့်မိသားစုဝင်တွေဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ပတ်သက်တဲ့ ဆေးတွေဆောင်ပါ။
ဥပမာ- အိမ်ရှင်မတွေဆို ဓါးရှတာ၊ အပူလောင်မျိုးတွေ ဖြစ်တတ်တဲ့အတွက် ထိခိုက်မှုကို ကာကွယ်ပေးတဲ့ ဆေးဝါးတွေဆောင်သင့်ပါတယ်။ မိသားစုဝင်တိုင်းအတွက် ဖြစ်တတ်တဲ့ အခြေအနေပေါ်မူတည်ပြီး ဆောင်သင့်တဲ့ ဆေးဝါးကို ရွေးချယ်ရပါမယ်။
ဆေးဝါးကို ဘယ်လိုနေရာမျိုးမှာထားရမလဲ
အဲဒီဆေးကို ဘယ်လို နေရာမှာထားမလဲ ဆိုတာမျိုး စဥ်းစားရပါမယ်။ ဆေးတွေကို နေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့နေရာမှာ မထားသင့်ပါဘူး။ ဆေးတွေကို နေရောင်နဲ့ တိုက် ရိုက်ထိတွေ့စေပါက ဆေးအာနိသင် လျော့ကျစေနိုင်ပါတယ်။ ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့်မို့ ဆောင်ထားတဲ့ ဆေးဝါးတွေကို အေးမြခြောက်သွေတဲ့ နေရာတွေမှာထားပါ။
နောက်ပြီး ကလေးတွေနဲ့ အတတ်နိုင်ဆုံးဝေးတဲ့နေရာမှာထားသင့်ပါတယ်။ ကလေးက မတော်လို့ ပါးစပ်ထဲထည့်မိတာဆို အသက်အန္တရာယ်ထိခိုက်စေတဲ့ ဆေးမျိုးဆို ပြဿနာရှိနိုင်ပါတယ်။ဒါကြောင့်မို့ ကလေးသူငယ်တွေမမီနိုင်တဲ့ နေရာတွေမှာထားပါ။
ဆောင်မယ့်ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုး၊ မတည့်တဲ့အရာတွေကိုလေ့လာပါ ကိုယ်က ဒီဆေးကို ရွေးလိုက်ပြီဆိုတာနဲ့ ဒီဆေးနဲ့ ကိုယ်က ဓာတ်မတည့်လား၊ တည့်လားဆိုတာ သိသင့်ပါတယ်။ တချို့ကျတော့ပါရာစီတမောနဲ့ မတည့်တာ၊ ပိုးသတ်ဆေးတွေနဲ့ မတည့်တာမျိုး တွေ ရှိတတ်ပါတယ်။ တခြားဘာဆေးနဲ့ မတွဲသင့်ဘူးဆိုတာလည်း သိသင့်ပါတယ် ။ အဓိကက ကိုယ်နဲ့တည့်လား မတည့်လား သိသင့်ပါတယ်။ ဒီဆေးရဲ့ Side Effect ကိုလည်း သိသင့်ပါတယ်။
နောက်ပြီး ကိုယ်က ကလေးကို တိုက်မယ်ဆို ကလေးကို ဘယ်လောက် ပမာဏတိုက်သင့်လဲ ဆိုတာ အချိုးအစားကို သေချာသိရပါမယ်။ အသက်ကြီးတဲ့သူတွေ ဒါမှမဟုတ် အစာအိမ်သမားကို တိုက်မယ်ဆို ဒီဆေးကအစာအိမ်သမားနဲ့ တည့်လား။ အသက်ကြီးတဲ့သူသောက်လို့သင့်လားဆိုတဲ့ အညွှန်းတွေကို သေချာသိထားသင့်ပါတယ်။
ဖြစ်တတ်တဲ့ကျန်းမာရေးပြဿနာအလိုက် ဆောင်ထားသင့်တဲ့ဆေးဝါးများ
၁။ အစာအိမ်အောင့်တတ်တဲ့သူတွေအနေနဲ့ အစာအိမ်ဆေးဝါးများ
၂။ ခေါင်းမကြာခဏကိုက်တတ်သူတွေ အတွက် (ပါရာစီတမောလို အကိုက်အခဲပျောက်ဆေး)
၃။ မကြာခဏထိခိုက်သူတွေအတွက် (ဂွမ်း၊ပတ်တီးလိပ်၊ အရက်ပြန်နဲ့ ဘီတာဒင်းကဲ့သို့အနာထည့်ဆေး)
၄။ ဝမ်းချုပ်တတ်သူတွေအတွက် ဝမ်းပျော့ဆေးများ
၅။ ရောဂါအခံရှိသူတွေအတွက် သက်ဆိုင်ရာဆေးဝါးများ
ဒါပေမယ့် မိမိဖြစ်တဲ့ ရောဂါက ကိုယ့်အိမ်မှာဆောင်ထားတဲ့ ဆေးဝါးတွေနဲ့ မလုံလောက်ဘူးဆိုပါ ဆေးရုံ၊ ဆေးခန်းဆီ တိုက်ရိုက်လာသင့်ပါတယ်။ အလွယ်တကူ စပ်ဆေးတွေ မသောက်သင့်ပါဘူး။ နောက်တစ်ခုသတိပြုရမှာပါက အိမ်မှာဆေးဝါးဆောင်တဲ့အခါ ဆေးပြင်းတွေကိုတော့ ဆရာဝန်ခွင့်ပြုချက်မပါဘဲ မဆောင်သင့်ပါဘူး။
စပ်ဆေးတွေ ဘာကြောင့်မသောက်သင့်တာလဲ
၁။ စပ်ဆေးဆိုင်တွေဟာ ဆေးအကြောင်းပဲ သိပြီး လူနာအကြောင်းမသိပါ။
၂။ ကိုယ်နဲ့ မတည့်တဲ့ ဆေးတွေကို စပ်ဆေးထဲပါဝင်လာရင် ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။
ဒီလောက်ဆိုရင်တော့ အိမ်မှာဆောင်သင့်တဲ့ဆေးဝါးတွေနဲ့ ဆောင်ရန်ရှောင်ရန်တွေကို သိရှိသွားပြီလို့ ယူဆပါတယ်။ နောက်တစ်ခု သတိပြုစေချင်တာက ဆေးဝါးတွေမှာ သက်တမ်းကုန်ဆုံးရက်ရှိတာကြောင့် ဆေးတွေဆောင်ထားတာ တစ်နှစ်နီးပါးကြာပြီဆိုရင် ဆေးဝါးသက်တမ်းတွေကို သေချာစစ်ဆေးပြီး သက်တမ်းကုန်ဆုံးတဲ့ ဆေးဝါးတွေကို မသုံးစွဲမိအောင် လွှင့်ပစ်ဖယ်ရှားဖို့လည်း မမေ့ပါနဲ့နော်။
အသေးစိတ်သိချင်ရင်တော့ chat box မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။
MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
• MICT Park • Building (19), Room-606, 5th Floor, Hlaing Campus
Yangon
00951