Simplexity
15/02/2026
SAT Prep Camp (9) ရဲ့ Application Form ပိတ်ပြီ။
SAT ဖြေဆိုဖို့စဉ်းစားထားတဲ့သူတွေအတွက် SAT ကို ယုံကြည်မှုရှိရှိနဲ့ ကျွမ်းကျင်စွာ ဖြေဆိုနိုင်သည်အထိ လေ့ကျင့်သင်ကြားပေးမယ့် SAT Prep Camp ရဲ့ Application Form ကိုတော့ ဒီနေ့ညမှာပဲ ပိတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။
SAT Prep Camp ကို အချိန်ပေးစောင့်ကြည့်ပေးပြီး ယုံကြည်စွာလျှောက်ထားခဲ့ကြတဲ့ Applicants တွေကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။
လျှောက်ထားသူများအနက်မှ ရွေးချယ်ခံရသူများကိုလည်း Feb 23 ရက်နေ့ ည (9:00) နာရီမှာ ကြေငြာပေးသွားမှာမို့ စောင့်ကြည့်ကြဖို့မမေ့နဲ့နော်။
Let’s Simplify all the Complexities Together!
Simplexity
26/11/2025
နှစ်သစ်မှာ Simplexity ရဲ့ IELTS Fluent Camp ကို Join ပြီး စာလုပ်ကြမယ်။
ဒီနှစ်အတွင်းမှာ Simplexity ကနေပြီး SAT Prep Camp တွေကို ဆက်တိုက်ဖွင့်ပေးသွားခဲ့ပြီးပါပြီ။ ကျောင်းလျှောက်ကြဖို့ စဉ်းစားကြတဲ့အခါ SAT ရဲ့ အရေးပါမှုက လုံးဝ ငြင်းဆန်လို့ မရသလို English Proficiency Test တခုဖြစ်တဲ့ IELTS ဟာလည်း မပါမဖြစ်ပါပဲ။ ဒါပေမဲ့ အခုနောက်ပိုင်းမှ ပိုမိုမြင့်တက်လာတဲ့ IELTS စာမေးပွဲကြေးတွေ၊ သင်တန်းကြေးတွေကြောင့် မြန်မာကျောင်းသားကျောင်းသူတွေ အခက်ကြုံနေရတာကို နားလည်ပါတယ်။ ဒါ့ကြောင့် နှစ်သစ်မှာ ကျောင်းသားတို့ စိတ်သစ်၊လူသစ်နဲ့ စာလုပ်နိုင်ဖို့ Simplexity ကနေ တတိယအကြိမ်မြောက် အခမဲ့ IELTS Fluent Camp ကို ဖွင့်လှစ်ပေးလိုက်ပါပြီ။ 🙌
ယခုဖွင့်လှစ်မယ့် IELTS Fluent Camp (2) မှာတော့ ယခင် Camp တွေတုန်းကနဲ့မတူဘဲ Instructor လေးယောက်ကသင်ကြားပေးသွားမှာဖြစ်ပြီး လေးယောက်လုံးဟာ IELTS ကို အလွန်မြင့်တဲ့ score တွေနဲ့ ဖြေဆိုအောင်မြင်ခဲ့ကြသူတွေလည်းဖြစ်ပါတယ်။ Instructor တွေနဲ့ပတ်သက်တဲ့ Information တွေကိုတော့ Poster တွေမှာ အသေးစိတ်ကြည့်ရှုပေးပါရှင်။
📚 ဘာတွေသင်ကြားပေးမှာလဲ?
ဒီအတန်းမှာတော့ IELTS အတွက်လိုအပ်တဲ့ (4) skills လုံးကို လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။
⏳ အတန်းချိန်တွေကရော?
IELTS Fluent Camp (2) ကိုတော့ January (1) ရက်နေ့မှာ စတင်မှာ ဖြစ်ပြီးတော့ အပတ်စဉ် ကြာသပတေးနေ့ မနက် 10နာရီကနေ 11:30အချိန်နဲ့ စနေနေ့ ညနေ 6 နာရီ ကနေ 7:30 အချိန်ထိ သင်ကြားပေးမှာဖြစ်ပါတယ်။
📌 IELTS Fluent Camp (2) ရဲ့ Application Process အကြောင်း
IELTS Camp ဖြစ်တာမို့ လျှောက်ထားသူတွေအနေနဲ့ English Test Results တွေကိုတော့ လိုအပ်မှာဖြစ်ပါတယ်။
အကျဉ်းချုပ်အားဖြင့်လိုအပ်ချက်တွေကတော့
1. EnglishScore Application ကနေစစ်ဆေးထားသည့် Score Break Down Result (ယခင်က IELTS, TOEFL စသည့် စာမေးပွဲတစ်ခုခုဖြေဆိုဖူးပါက အဆိုပါ Test Result များကိုလည်း အသုံးပြုနိုင်ပါသည်။)
2. Application Form မှာပါဝင်တဲ့ မေးခွန်းအချို့နဲ့ Essay တို့ပဲဖြစ်ပါတယ်။
3. အထက်တန်းပြီးမြောက်ကြောင်း Transcript (မရှိသေးပါက ကျောင်းကစစ်သည့် စာမေးပွဲများတွင် ရရှိထားသော အမှတ်များကိုလည်း အသုံးပြုနိုင်ပါသည်။)
IELTS Fluent Camp (2) ကို Apply လုပ်ချင်တယ်ဆိုရင် Simplexity page ရဲ့ Messenger ကနေပဲဖြစ်ဖြစ်၊ Email ကနေပဲဖြစ်ဖြစ် Application Form ကိုတောင်းယူနိုင်ပါတယ်။
Application Form ကို မတောင်းယူခင် အောက်ပါ နှစ်ချက်ကို ပြုလုပ်ပေးရပါမယ်။⬇️
1. Simplexity ရဲ့ page ကို Like (သို့မဟုတ်) Follow ပြုလုပ်ထားပေးပါ။
2. ယခု Post ကို မိမိရဲ့ Facebook Account မှာ Friends (သို့မဟုတ်) Public နဲ့ Share ထားပေးပါ။ Registration Form တောင်းယူတဲ့အခါ အထက်ပါ နှစ်ချက်ကိုပြုလုပ်ထားကြောင်း Screenshot လေးပြပေးပါ။
📌Due Date နဲ့ အရွေးချယ်ခံရသူများအား အသိပေးခြင်း
Application Due Date ကတော့ December 20, 2025 ည 9:00 PM အချိန်မှာဖြစ်ပါတယ်။
သင်တန်းတက်ဖို့အရွေးချယ်ခံရတဲ့သူတွေရဲ့ အမည်စာရင်း ကိုတော့ Dec 31, 2025 မှာ Simplexity ရဲ့ page ကနေပြီး ကြေညာပေးသွားမှာဖြစ်ပါတယ်။
Content Writer - Thinn Thiri Thwe
Graphics - Swan Linn Tun
Let’s Simplify All the Complexities Together!
Simplexity
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Yangon