IM Solutions
"ဖြတ်သန်းခဲ့တဲ့ တစ်နှစ်တာလုံးမှာ ကျွန်တော်တို့ရဲ့ Interior နဲ့ Event ဝန်ဆောင်မှုတွေအပေါ် ယုံကြည်အားကိုးပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်🙏
မြန်မာတို့ရဲ့ ရိုးရာအတာသင်္ကြန်အခါသမယမှာ လူကြီးမင်းတို့ရဲ့ စိတ်နှလုံးများ အေးချမ်းလန်းဆန်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ အတာရေအေးပက်ဖျန်းလို့ မကောင်းမှုအညစ်အကြေးတွေ ဆေးကြောသန့်စင်ပြီး... အသစ်တဖန် ပြန်လည်စတင်မယ့် နှစ်သစ်မှာလည်း ပိုမိုလှပတဲ့ Living Space တွေ၊ ပိုမိုခမ်းနားတဲ့ Event အခိုက်အတန့်တွေကို ဖန်တီးနိုင်ဖို့ ကျွန်တော်တို့ အသင့်ရှိနေပါမယ်။
အားလုံးပဲ ပျော်ရွှင်စရာ သင်္ကြန်ပွဲတော်လေး ဖြစ်ပါစေခင်ဗျာ။
08/04/2026
မကြာခင်မှာ မြင်တွေ့ရမယ့် ပြင်ဦးလွင်မြို့က IM Solutions ရဲ့လက်ရာ!
ပြင်ဦးလွင်က ID Project အတွက် IM Solutions Team တစ်ခုလုံး မနားတမ်း အားသွန်ခွန်စိုက် လုပ်ဆောင်နေပါတယ်။
Client တိုင်း စိတ်ကျေနပ်မှုအပြည့်ရစေမယ့် အမိုက်စား လက်ရာတွေကို မကြာခင်မှာပဲပုံလေးတွေ ချပြပေးသွားမှာမို့ Page လေးကို စောင့်ကြည့်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 💡🎨
Professional ကျတဲ့ Interior Decorations တွေအတွက် IM Solutions က အမြဲအသင့်ရှိနေမှာပါ။
"
07/04/2026
မကြာခင်မှာ ရောက်ရှိတော့မယ့် မြန်မာတို့ရဲ့ ရိုးရာအတာသင်္ကြန်မှာ စိတ်ရောကိုယ်ပါ လန်းဆန်းကြည်လင်ကြပါစေကြောင်း IM Solutions မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။ 🌼
ဒီနှစ်ရဲ့ သင်္ကြန်အကြို အမှတ်တရလေးအနေနဲ့ ကျွန်တော်တို့ရဲ့ အဖိုးတန် Client တွေကို ချစ်စရာကောင်းတဲ့ "အတာကိတ်" လေးတွေနဲ့ လက်ဆောင်ပေးရင်း ဂါရဝပြုခဲ့ပါတယ်။
လက်တွဲခဲ့ကြတဲ့ တစ်လျှောက်လုံးမှာ စိတ်ကျေနပ်မှုတွေ ပေးနိုင်ခဲ့မယ်လို့ ယုံကြည်သလို၊ နောင်လာမယ့် နှစ်သစ်ပေါင်းများစွာမှာလည်း အောင်မြင်မှုတွေကို အတူတူ ဆက်လက်ပုံဖော်သွားချင်ပါတယ်...။ 🤝💛
21/03/2026
💯 Brand တစ်ခုရဲ့ တန်ဖိုးကို Booth Design တစ်ခုကနေတစ်ဆင့် သက်သေပြခြင်း
Global Premium EV Brand တစ်ခုဖြစ်တဲ့ ZEEKR ရဲ့ ခမ်းနားမှုကို YCC ခန်းမကြီးထဲမှာ အပြည့်အဝ ခံစားရစေဖို့ IM Solutions ကနေ သေသပ်လှပတဲ့ Special Design Booth ကို ဖန်တီးပေးခဲ့ပါတယ်။
Event တစ်ခုမှာ Booth ဆိုတာ Brand ရဲ့ မျက်နှာစာဖြစ်တဲ့အတွက် ကျွန်တော်တို့ IM Solutions အနေနဲ့ သေးစိတ်ကအစသေချာစွာပြင်ဆင်ပေးခဲ့ပါတယ်။
ယုံကြည်စိတ်ချစွာ လက်တွဲခဲ့ကြတဲ့ ZEEKR Myanmar မှတာဝန်ရှိလူကြီးမင်းများကို ကျေးဇူးအထူးတင်ရှိပါတယ်။
သင့်လုပ်ငန်းရဲ့ ပွဲတွေကိုလည်း နိုင်ငံတကာအဆင့်မီ မြင်တွေ့ရစေဖို့ IM Solutions နဲ့ လက်တွဲလိုက်ပါ။
ဘာကြောင့် IM Solutions ကို ရွေးချယ်သင့်တာလဲ?
ကျွန်တော်တို့ဟာ Event လုပ်ငန်းတစ်ခုတည်းကို လုပ်တာမဟုတ်ဘဲ၊ Event Concept, Booth Design, Production နဲ့ Management အစရှိတဲ့ အစမှအဆုံးတိုင်အောင်အရာအားလုံးကို တာဝန်ယူပေးတဲ့ One Stop Event Services Provider တစ်ခု ဖြစ်တာကြောင့်ပါ။ သင့်လုပ်ငန်းရဲ့ တန်ဖိုးကို မြှင့်တင်ပေးမယ့် ပွဲမျိုးကို စိတ်တိုင်းကျ ဖန်တီးချင်တယ်ဆိုရင် ကျွန်တော်တို့ကို ဆက်သွယ်လိုက်ပါ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Bayint Naung Yeik Thar Street 3, Kha 11th St, Myanmar (Burma)
Yangon
11011
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |