Battery Creative Production

Battery Creative Production

Share

18/09/2023

ပြီးခဲ့တဲ့နေ့က ထုတ်နုတ်တင်ပြပေးခဲ့တဲ့ ကိုယ်ပိုင်ဟန်ဖြင့် အံဝင်ခွင်ကျဖြစ်ခြင်း (သို့မဟုတ်) ထင်ရှားကျော်ကြား International ပြန်ဆိုတေးများ ဆောင်းပါးထဲက မူရင်းနှင့် Cover Song များကို တစ်ခါတည်းနားဆင်နိုင်ရန် ရည်ရွယ်ပြီး ယှဉ်တွဲဖော်ပြပေးလိုက်ပါတယ်ရှင်။

ပို့စ်ကို ပြန်လည်ဖတ်ရှုချင်တယ်ဆိုရင်တော့ - https://www.facebook.com/batterycreativemm/posts/812696707221021

Battery Creative Production က International Song များကို ကိုယ်ပိုင်ဟန်နဲ့ကိုက်ညီမယ့် Music Arrangement များဖန်တီးပေးပြီး Music Video ရိုက်ကူးပေးတဲ့အထိ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါတယ်။

14/09/2023

မူရင်းအဆိုရှင်ရှိမှန်း သတိမထားမိလိုက်တဲ့အထိ နားဆင်သူသောတရှင်အားလုံးရဲ့ နားထဲမှာ စွဲမက်သွားရတဲ့ International ပြန်ဆိုတေးတွေ အများကြီးရှိပါတယ်။

ဒီထဲမှာမှ စုစုပေါင်း သီချင်း (၄) ပုဒ်ကို ထုတ်နုတ်ပြောပြပေးသွားမှာဖြစ်ပြီး (၁) ပုဒ်ကတော့ Admin အကြိုက်ဆုံးကို ထည့်သွင်းဖော်ပြပေးလိုက်ရပါတယ်။

၁။ I Will Always Love You
The Bodyguard ရုပ်ရှင်ရဲ့ ဇာတ်ဝင်တေးတစ်ဖြစ်လည်း I will always love you သီချင်းဟာ Whitney Houston ရဲ့ သာယာနာပျော်ဖွယ်အသံကြားက ကြက်သီးထလောက်စရာ အံ့အားသင့်ရတဲ့ အသံဆွဲငင်အားကြောင့် ဘယ်အချိန်နားထောင်၊ နားထောင် မရိုးနိုင်တဲ့ သီချင်းတွေထဲ တစ်ခုဖြစ်လာခဲ့ပါတယ်။ တကယ်တော့ Whitney Houston က မူရင်းအဆိုရှင်မဟုတ်ဘဲ ၁၉၇၃ ခုနှစ်တည်းက ထွက်ရှိခဲ့တဲ့ Dolly Parton ရဲ့ သီချင်းတစ်ပုဒ်ဖြစ်နေခဲ့တာပါ။

၂။ Unchained Melody
မူရင်းအဆိုရှင်ကတော့ Les Baxter ဖြစ်ပြီး ၁၉၅၅ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဂီတပညာရှင်နဲ့ တေးရေးဆရာဖြစ်တဲ့ Les Baxter ကတော့ Unchained Melody သီချင်းအစနဲ့အဆုံးကို Musical ဆန်ဆန် တေးသွားအသားပေးကိုမှ Choir နဲ့ ဖန်တီးထားပါတယ်။ အဲ့ဒီခေတ်အခါက ဓါတ်ပြားများနဲ့ နားဆင်မယ်ဆိုရင် အင်မတန်အနှစ်သာရပြည့်တဲ့ သီချင်းတစ်ပုဒ်ဖြစ်ခဲ့မယ်လို့ ယူဆမိပါတယ်။ သို့ပေမယ့် ၁၉၆၅ မှာ Righteous Brothers ပြန်လည်သီဆိုလိုက်ချိန်မှာတော့ နားဆင်သူများကို အလွယ်တကူ စွဲလန်းပြီး လေးနက်တည်ငြိမ်မှုရှိတဲ့ သီချင်းတစ်ပုဒ်အဖြစ် ပိုပြီး လူသိလာပါတယ်။

၃။ Power of Love
ဒီစာသားကိုမြင်လိုက်တာနဲ့ Celine Dion ကို ပြေးမြင်မိကြမယ်လို့ ထင်ပါတယ်။ Admin လည်း ထို့အတူပါပဲ။ မူရင်းအဆိုတော်သက်သက်ရှိကြောင်းကို သိလိုက်ချိန်မှာတော့ ဘယ်သူဘယ်ဝါဖြစ်မလဲဆိုတာကို ခြေရာကောက်ကြည့်ခဲ့ပါတယ်။ အမေရိကန် တေးရေးနဲ့ အဆိုတော် Jennifer Rush ဖြစ်သူ သူအခြေချရာ ဂျာမနီနိုင်ငံ၊ Frankfurt မှာ အသံသွင်းခဲ့တာဖြစ်ပါတယ်။ ၁၉၈၅ ဆိုတာ Jennifer Rush ရဲ့ နှစ်လို့ ဆိုရမလိုပါပဲ Power of Love သီချင်းဟာ UK Single Chart မှာ နံပါတ်တစ်နဲ့ တခြားသော အောင်မြင်မှုတို့ကိုပါ ရရှိခဲ့ပါသေးတယ်။ Celine Dion ပြန်လည်သီဆိုချိန်မှာတော့ ပိုလူသိများခဲ့ပြီး ဘာသာစကားအမျိုးမျိုးနဲ့လည်း သီဆိုလာကြပါတယ်။

၄။ Cancer
မူရင်းဖြစ်တဲ့ My Chemical Romance ဟာ Rock Band ဖြစ်တာကြောင့် Cancer သီချင်းကို Rock ဟန်မပျက်ဘဲ အမြင်အားဖြင့်ကြမ်းတမ်းတဲ့လူတစ်ယောက်ဆီကနေ လူသားဆန်မှုကို မြင်လိုက်ရသလိုမျိုး ပုံဖော်ခဲ့ပါတယ်။ ဒါကိုပဲ Twenty One Pilots က သီချင်းစာသားအတိုင်း လွင့်မျောနေအောင် Music Arrangement ပြောင်းပြီး ပြန်လည်သီဆိုထားပုံက သီချင်းသံခပ်တိုးတိုးလေးကြားရင်တောင် ငြိမ်သက်သွားရတဲ့အထိ ဆွဲခေါ်သွားစေပါတယ်။ ဒါကတော့ Admin အကြိုက်ဆုံး Cover Song တွေထဲက တစ်ပုဒ်လည်းဖြစ်ပါတယ်။

အခုပြောပြသွားတဲ့ Cover Song/ Remake တွေထဲကမဟုတ်ဘဲ ကိုယ့်အကြိုက်ဆုံးဖြစ်ရတဲ့ သီချင်းတွေရှိတယ်ဆိုရင် ကွန်မန့်မှာ ဝေမျှပေးသွားပါဦး။

Battery Creative Production က International Song များကို ကိုယ်ပိုင်ဟန်နဲ့ကိုက်ညီမယ့် Music Arrangement များဖန်တီးပေးပြီး Music Video ရိုက်ကူးပေးတဲ့အထိ တာဝန်ယူဆောင်ရွက်ပေးနေပါတယ်။

Photos from Battery Creative Production's post 08/09/2023

It's time to add your favorites 🥳

Yes 😎 Now you can customize what you want from our battery’s various music production services. It's as easy as eating hot pot 😋

I know you guys already know how to pick it. So....

Let's join in our Music Pot Buffet NOW!!!

Photos from Hmway Pyant Minn Thu's post 23/07/2023

Thank you Ma Hmway Pyant

ကျွန်မတို့ Battery Creative Production မှ ဂီတပိုင်းဆိုင်ရာကျွမ်းကျင်သူများ စုစည်းထားသော Taygita-တေးဂီတ အဖွဲ့နှင့်ပူးပေါင်းကာ တစ်ယောက်လာလည်း ဒီအသံအတိုင်းထပ်တူကျနေမှာမဟုတ်တဲ့ သီချင်းအသံသွင်းခြင်းနှင့် Mastering အထိပါအပြီး + တစ်သက်တာသိမ်းထားချင်စရာ Music Video များဖန်တီးရိုက်ကူးပေးသည့် Package ကို ဘယ်မှာမှမရနိုင်သော အတန်ဆုံးစျေးနှုန်းများဖြင့် ကျွန်မတို့ Battery Creative Production Team မှ အထူးဝန်ဆောင်မှုများ ပေးလျက်ရှိပါတယ်။

စိတ်ရှည်လက်ရှည်ရှင်းပြပေးမည့် အက်မင်များက အမြဲအသင့်ရှိနေတာကြောင့် သိလိုသမျှ အသေးစိတ်​အချက်အလက်များကို Chat Box မှာ အားမနာတမ်း လာရောက်မေးမြန်းနိုင်ပါတယ်ရှင် 🥰

17/07/2023

နေရာ ၂
တေးရေးနှင့် မူရင်းတေးဆို - ဗဒင်
Cover - Hmway Pyant Minn Thu
Location - Horse Studio

Battery Creative Production has partnered with Taygita-တေးဂီတ to provide music video services including recording and mastering.

We emphasize your own style of individuality in both audios and music videos. If you are interested, DM for more detail.

DISCLAIMER: We hereby declare that we do not own this music/song rights. All rights & special credit to the owners.

#နေရာ၂ #ဗဒင်

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon