T R T Online Pharmacy
15/03/2023
ခဏစောင့်ပါအုံးဟ 😂
11/12/2022
ရော်နယ်ဒိုလို လူတိုင်းဝိုင်းဆွဲတာ ခံရဖူးတယ်
အောင်မင်္ဂလာ ကားဝင်းမှာ 😎
10/12/2022
ဘရာဇီးနဲ့ ခရိုအေးရှားပွဲကြည့်ပြီး ဘာသင်ခန်းစာရလိုက်လဲဆိုတော့ ကိုယ့်ကောင်မလေးက ကိုယ့်ကိုချစ်တာပဲဆိုပြီး ဂရုမစိုက်ဘဲမနေမိဖို့ပါပဲ။ အခုဘရာဇီးကိုပဲကြည့်လေ ၁-၀ နဲ့နိုင်နေတာ ပွဲပြီးဖို့လည်း (၅)မိနစ်လောက်လိုတာကို (၁)ဂိုးရထားတာပဲဆိုပြီး ဖင်ယားနေကြတာ နောက်ဆုံးတော့အိမ်ပြန်ရရော
အဲလိုပဲ ငါ့ကောင်မလေးက ငါဘာပဲလုပ်လုပ်ငါ့ကိုချစ်တာပဲလေဆိုပြီးနေချင်သလိုနေမယ် လုပ်ချင်တာတွေလုပ်နေမယ်ဆိုရင် တခြားကောင်နောက်ကောက်ကောက်ပါသွားမှာပါ
ငါဘာတွေရေးမိနေမှန်းလည်းမသိပါဘူးကွာ
30/10/2022
------------------------------------------------------
👉သာမန်ချွဲပျော်ဆေးတွေလို မဟုတ်ပဲ ချွဲပျော်စေတဲ့ ဂုဏ်သတ္တိရှိတဲ့ Ambroxol hydrochlorideနဲ့ Acetylcystineနှစ်မျိုးကို ပေါင်းစပ်ထုတ်လုပ်ထားလို့
-လည်ပင်းတွင် ဟပ်ထုတ်ရခက်နေအောင် ချွဲများခဲနေခြင်း၊
-ချွဲကျပ်နေ၍ အသက်ရှူရာတွင် အဆင်မပြေခြင်း၊
-ချွဲခဲနေပြီး လည်ချောင်းနာခြင်း စတဲ့ ချွဲပြဿနာတွေကို ယူပစ်သလိုပျောက်ကင်းစေပါတယ်။
💁သုံးဖူးသူတိုင်းသိတဲ့ အရည်အသွေးမို့ ချွဲပျော်ဖို့ဆို ဒီ Respoလေးကိုသာ တာဝန်ပေးလိုက်တော့နော်။
Online Pharmacy
27/10/2022
💊 Alpha Gulcosidase inhibitor ဆေးဝါးအုပ်စုတွေအကြောင်း
💊 ဆီးချိုရောဂါနဲ့ပတ်သက်တဲ့ တတိယဆေးဝါးအုပ်စုဖြစ်တဲ့ (Aloga Glucosidase) အုပ်စုဝင်ဆေးတွေစာ အစာချေအင်ဇိုင်းကို တားမြစ်ပေးတဲ့ ဆေးဝါးအုပ်စုဖြစ်ပါတယ်။
💊 ဒီဆေးက ကစီဓာတ်လို့ခေါ်တဲ့ ကာဗိဟိုက်ဒရိတ်ကို အဓိကချေဖျက်တဲ့ အင်ဇိုင်းဓာတ်ကို တားဖြစ်ပေးပါတယ်။
💊 အဓိကအားဖြင့် ဒီအင်ဇိုင်းက ဘယ်မှာရှိသလဲဆိုရင် အူသိမ်ရဲ့အတွင်းအမြှေးပါးမှာ ကပ်ပြီးရှိနေပါတယ်။
💊 ကိုယ်ထဲကို ကစီဓာတ်ဝင်သွားပြီး အစာအိမ်ကနေ အစာချေဖျက်ပြီး အူထဲကို ရောက်သွားပါတယ်။
💊 အူထဲရောက်လာတဲ့အချိန်ကျတော့ စောစောကပြောတဲ့ (Alpha Glucosidase) အာနိသင်က သွေးထဲစုပ်လို့လွယ်တဲ့ ပုံစံရောက်အောင် (Monosaccharide ) ပုံစံပြောင်းလဲပေးနိုင်ပါတယ်။
💊 အင်ဇိုင်းကို ဆန့်ကျင်တဲ့ဆေးပေးလိုက်ခြင်းအားဖြင့် အူသိမ်ကိုရောက်လာတဲ့ ကစီဓာတ်တွေကို အစာချေဖျက်ခြင်းအဆင့်ကို ပိတ်ပင်လိုက်ရာရောက်သွားပါတယ်။
💊 အူထဲရောက်လာတဲ့ ကစီဓာတ်တွေဟာ အူသိမ်အဦးပိုင်းက မစုပ်နိုင်တော့ဘဲ အူသိမ်နောက်ပိုင်းကိုရောက်သွားပြီးမှ တဖြည်းဖြည်းချင်း စုပ်ယူကာ သွေးချိုဓာတ်ကို တဖြည်းဖြည်းချင်းတက်စေပါတယ်။
💊 စားပြီးပြီးချင်း သွေးချိုဓာတ်တက်လာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
ဒီဆေးဝါးအုပ်စုရဲ့ အကောင်းဆုံးအာနိသင်က ဘာတွေလဲ ❓
💊 ဒီဆေးဝါးတွေရဲ့ ကောင်းတဲ့အာနိသင်အနေနဲ့ပြောရရင် စားလိုက်တယ်၊ ချက်ချင်းကစီဓာတ်တွေတက်ခြင်းကို ကာကွယ်နိုင်ပါတယ်။
💊 အစာချေတဲ့အဆင့်က နောက်ကျသွားတဲ့အတွက်ကြောင့် သွေးထဲကို သကြားဓာတ်ချက်ချင်းတက်လာတဲ့အဆင့်ကို နိမ့်ကျသွားစေပါတယ်။
💊 ဒီဆေးဝါးအုပ်စုက အစားအသောက်စားပြီးတာနဲ့ ချက်ချင်းတက်လာတဲ့ (Postprandial Hyperglycaemia) လို့ခေါ်တဲ့ သွေးချိုဓာတ်တက်လာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
💊 ဒါက ဆေးရဲ့ ကောင်းတဲ့အာနိသင်ပါ။
မကောင်းတဲ့အာနိသင်က ဘာလဲ ❓
💊 အူသိမ်တစ်ဝိုက်မှာ ကစီဓာတ်တွေကို ချေဖျက်ရမယ်၊ စုပ်ယူရမယ်၊ ဆေးကြောင့် မစုပ်ယူနိုင်တဲ့အခါမျိုးကျတော့ အူရဲ့နောက်ပိုင်းကို ရောက်သွားတတ်ပါတယ်။
💊 အူနောက်ပိုင်းကို ရောက်သွားတဲ့ကစီဓာတ်တွေဟာ အူသိမ်ထဲက မစုပ်နိုင်လို့ အူမကြီးထဲရောက်သွားပါတယ်။
💊 အူမကြီးထဲကို ကစီဓာတ်တွေရောက်သွားရင် အူမကြီးထဲမှာ ပုံမှန်အားဖြင့်ဆိုရင် ဗက်တီးရီးယားပိုးတွေ ရှိနေတတ်ပါတယ်။
💊 ရှိနေတဲ့ ဗက်တီးရီးယားပိုးမွှားတွေကြောင့် ကစီဓာတ်တွေ အချဉ်ဖောက်တာ ဖြစ်နိုင်ပါတယ်။
💊 အချဉ်ဖောက်ပြီဆိုရင် ဓာတ်ငွေ့တွေထွက်လာတတ်ပါတယ်။
💊 အဲဒီဓာတ်ငွေ့ကြောင့် လူနာဟာ ဝမ်းပျက်ပြီး ဗိုက်ကြီးတွေ တင်းနေတတ်ပါတယ်။
💊 ဒါက မလိုလားအပ်တဲ့ဆေးရဲ့ ဆိုးကျိုးတွေပါပဲ။
💊 ဒီဆေးတွေကို အစာမစားခင် နာရီဝက်ကြိုသောက်ရပါတယ်။
ဒီဆေးအုပ်စုဝင် ဘယ်နှမျိုးရှိသလဲဆိုရင် (Acarbose) ဆိုတဲ့ (Glucobay)ဆေးကို ဝယ်လို့ရပါတယ်။
💊 နောက်တစ်မျိုးကတော့ (Voglibose) ဆိုတဲ့ Basen ဆိုတာ ဝယ်လို့ရပါတယ်။
💊 ဆေးရဲ့အာနိသင်တွေကတော့ အတူတူပါပဲ ။ကုမ္ပဏီပဲ ကွာခြားပါတယ်။
Online Pharmacy
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11012