Regal Life
Such as - Medical checkup , treatment, surgery & any health care plan.
We provide Non Profit Medical Services for patients who would like to get medical treatments at Chulaborn Hospital
ထိုင်းနိုင်ငံ ဘန်ကောက်ရှိ International Brand New ဆေးရုံကြီးသစ်ကြီးမှာ ကျန်းမာရေးစစ်ဆေးချင်တဲ့ မိတ်ဆွေများအတွက် YCDC (ငွေသော်တာ) Golf Club ကကျင်းပတဲ့ ပြိုင်ပွဲလေးမှာ Regal Life Medical Services မှလည်း Sponsor အဖြစ် ပူးပေါင်းပါဝင်ထားပြီး အထူး Promotion Packages များနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်
အထူးစျေးနှုန်းများဖြင့် ခန္ဓာကိုယ်တစ်ခုလုံးအတွက် လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုအမျိုးအစား စုံလင်စွာတစ်ပါတည်းပါဝင်တဲ့ Packages များအပြင် BUY ONE GET ONE Packages များကိုလည်းရှင်းပြပေးခဲ့ပါတယ်
ဒါ့အပြင် အစာအိမ်နဲ့အူလမ်းကြောင်းကြည့်ချင်သူများအတွက် လည်း အထူးချိုသောသော စျေးနှန်းဖြင့် စစ်ဆေးနိုင်မယ့် အခွင့်ရေးများကိုလည်း ထည့်သွင်းထားပါတယ်
Buy one Get one packages များကို ဝယ်ယူအားပေးခဲ့ကြသော Golf ချစ်သူအားကစားဝါသနာရှင်များကို ကျွန်မတို့ Regal Life မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်
👩💼ကျွန်မတို့ Regal Life Medical Services နဲ့အတူ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ရန် စိတ်ဝင်စားသော မိတ်ဆွေများအနေဖြင့် 📱page messenger မှဖြစ်စေ၊ ☎️ ဖုန်းနံပါတ် 09 970534289 မှဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်
🍀 Regal Life Medical Services ဟာဆိုရင်ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင်ငံတကာအဆင့်မီဆေးရုံကြီးများနဲ့ တရားဝင် ချိတ်ဆက်ထားတာဖြစ်ပြီး ကျန်းမာရေးစစ်ဆေးမှု ခရီးသွားလာဖို့အတွက် လိုအပ်တဲ့ ဝန်ဆောင်မှုအကုန်လုံးကို အပြည့်အစုံ ဝန်ဆောင်မှု ပေးလျက်ရှိပါတယ်။
27/02/2023
👨⚕️ ဆရာဝန် သွေးစစ်ခိုင်းတဲ့အခါ ဘယ်ဟာက ဘာကိုစစ်ခိုင်းသလဲဆိုတာ ဒါလေးဖတ်ပြီး သိနိုင်ပြီ။ 💁♂️
⏩ CP(Auto) ကတော့ သွေးဖြူဥ သွေးနီဥ သွေးမွှားတွေရဲ့ အခြေအနေနဲ့ သွေးအားကောင်း မကောင်း သိရှိအောင် စစ်ဆေးတဲ့ စစ်ဆေးမှုမျိုးဖြစ်ပါတယ်။
⏩ Creatinine က တော့ ဆီးချို ရောဂါဟာ ကျောက်ကပ် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်နိုင်လို့ ကျောက်ကပ်အတွက် စစ်ဆေးမှုမျိုးဖြစ်ပါတယ် (Urea) လည်း တူပါတယ်။
⏩ Electrolytes ကတော့ ဆီးချိုရောဂါကြောင့် ဆီးများများသွားတဲ့အခါ ဆုံးရှုံးသွားတဲ့ sodium potassium chloride ဆိုတဲ့ ဓာတ်တွေ အတွက်စစ်ဆေးမှုမျိုး ဖြစ်ပါတယ်။
⏩ HBA1c ကတော့ လွန်ခဲ့တဲ့ ၃လအတွင်း ဆီးချိုရောဂါကို ထိန်းချုပ်နိုင်စွမ်းရှိမရှိ သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးဖြစ်ပါတယ်။
⏩ Urine RE ကတော့ ဆီးချိုရောဂါကို သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးဖြစ်ပါတယ်။
⏩ FBS ( Fasting Blood Sugar ) ကတော့ ဘာအစားမှ မစားဘဲ ၈နာရီနေပြီး စစ်ဆေးပါက သွေးထဲရှိ သကြားပမာဏ မြင့်တက်မှုကို တိုက်ရိုက် သိစေနိုင်တဲ့ စစ်ဆေးမှုမျိုးဖြစ်ပါတယ်။
⏩ HbsAg ကတော့ အသားရောင်အသားဝါ Bပိုးစစ်တာဖြစ်ပါတယ်။
⏩ Alkaline Phosphates ကတော့ အသည်းစစ်ဆေးတာဖြစ်ပါတယ်။
⏩ AFP က အသည်းကင်ဆာစစ်တာဖြစ်ပါတယ်။
⏩ Lipid profile ကတော့ သွေးတွင်းအဆီပမာဏကို စစ်တာမျိုးပါ ( ကောင်းကျိုးပေးသော အဆီနဲ့ မကောင်းတဲ့ အဆီတွေကိုကြည့်ပြီး နှလုံး ကျန်းမာရေး အကဲဖြတ်နိုင်ရန်)စစ်ဆေးတာမျိုးဖြစ်ပါတယ်။
⏩ VDRL ကတော့ syphilis အတွက် စစ်ဆေးမှုဖြစ်ပါတယ်။
⏩ ECG ကတော့ နှလုံးစစ်ဆေးခြင်း ဖြစ်ပါတယ်။
(နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)မျိုးပါ။
⏩ EST ကတော့ ပြေးစက်ပေါ် နှလုံးစမ်းသပ်တာဖြစ်ပါတယ်။
⏩ Urine test ကတော့ ဆီးစစ်ဆေးခြင်းဖြစ်ပါတယ်။
( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )မျိုးပါ။
⏩ Blood Sugar ကတော့ သွေးတွင်းသကြားပမာဏ စစ်ဆေးခြင်းဖြစ်ပါတယ်။
(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် စစ်ဆေးမှုမျိုးပါ။ )
⏩ SGOT, SGPT, Serum Bilirubin.,ALT -
အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့
သွေးတွင်း ဘီလီယူဘင်ကိုစစ်တာမျိုးဖြစ်ပါတယ်။
(အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ စစ်ဆေးမှူမျိုးပါ)
⏩ BUN ကတော့ ကျောက်ကပ်စစ်ဆေးခြင်းဖြစ်ပါတယ်။
⏩ Cholesterol ကတော့
သွေးထဲရှိ ကိုလက်စထရောစစ်ဆေးခြင်းဖြစ်ပါတယ်။
⏩ HDL Cholesterolကတော့
သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်ဆေးခြင်းဖြစ်ပါတယ်။
⏩ LDL Cholesterol အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကိုစစ်ဆေးခြင်းဖြစ်ပါတယ်။
⏩ Haemogram ကတော့ သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးခြင်းဖြစ်ပါတယ်။
⏩ HBs Antigen ,HCV Antibodyကတော့
အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်ဆေးခြင်းဖြစ်ပါတယ်။
⏩ Anti HBS ကတော့ Bပိုး ကိုယ်ခံအားစစ်ဆေးခြင်းမျိုးဖြစ်ပါတယ်။
⏩ Anti HCVကတော့ C ပိုးစစ်ဆေးခြင်းဖြစ်ပါတယ်။
⏩ ( X -ray )ကတော့ ဓာတ်မှန်ရိုက်တာ
(ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ)မျိုးဖြစ်ပါတယ်။
⏩ (Chest X-ray) ကတော့ ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာမျိုးဖြစ်ပါတယ်။
⏩ USG (Ultrasound)ကတော့ အယ်ထရာဆောင်း
(တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ)
အသည်းသည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်၀မ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ အတွက် စစ်ဆေးတာမျိုးဖြစ်ပါတယ်။
⏩ Thyroid Function Test ကတော့
လည်ပင်းကြီးဟော်မုန်းစစ်ဆေးခြင်းဖြစ်ပါတယ်။
⏩ T3,T4,TSH ကတော့
သိုင်းရွိုက် ဟော်မုန်းစစ်တာ ဖြစ်ပါတယ်။
⏩ Vitamin D (total ) ကတော့
အရိုးပွရောဂါအတွက်စစ်တာမျိုးဖြစ်ပါတယ်။
⏩ Uric acid (Gout ) ကတော့
အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးခြင်းဖြစ်ပါတယ်။
⏩ RA ကတော့
သွေးကြောင့် ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်ဆေးခြင်းဖြစ်ပါတယ်။
⏩ ESR -ကတော့
သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ်) အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်းကြီး တီဘီ အဆစ်နာရောဂါ
စတဲ့သူတွေကို စစ်ဆေးခြင်းဖြစ်ပါတယ်။
⏩ PSA/CA 125/CA 153 ကတော့
ကင်ဆာဖြစ်နိုင်ခြေရှိမရှိစစ်ဆေးခြင်းဖြစ်ပါတယ်။
⏩ PSAကတော့ ဆီးကျိတ်ကင်ဆာ စစ်ဆေးခြင်းဖြစ်ပါတယ်။
⏩ CEAကတော့ အစာအိမ်နဲ့
အူလမ်းကြောင်း ကင်ဆာစစ်ဆေးခြင်းဖြစ်ပါတယ်။
⏩ Digital Mammogram ကတော့
ရင်သားဓာတ်မှန် ရိုက်တာဖြစ်ပါတယ်။
⏩ CRP ကတော့ သွေးကြောရောင်ကိုင်းတာကို စစ်ဆေးခြင်းဖြစ်ပါတယ်။
အကောင်းဆုံးသော ကျန်းမာရေးဝန်ဆောင်မှုများအတွက် Regal Life
"Regal Life: Be Excellent for your Life"
အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
📞 09 88 11 000 40
🏠 No.9၊ United Condo ၊ ကျောင်းလမ်း၊ မြေနီကုန်း၊ စမ်းချောင်း။
15/02/2023
PET CT Scan လုပ်တယ် ဆိုတာ ဘာကိုဆိုလိုသလဲ ???
-----------
Positron Emission Tomography Computed Tomography လို့ခေါ်တဲ့ PET CT ဟာ Positron များမှတစ်ဆင့် Gamma rays များထုတ်ပေးပြီး ခန္ဓာကိုယ်မှမော်လီကျူးများ၊ ကိုယ်တွင်းကလီစာများ၏ အလုပ်လုပ်ပုံများကို 3D ပုံရိပ်များအဖြစ် Scan ဖတ်ဖမ်းယူ ကြည့်ရှုခြင်းကို PET CT Scan ပြုလုပ်ခြင်းဟု ခေါ်ပါတယ်။
PET CT က ထုတ်ပေးတဲ့ အဖြေတွေက တခြားစစ်ဆေးမှုထက် ဘာကြောင့် တိကျတာလဲ ???
-------------
ကင်ဆာရောဂါကြောင့်ဖြစ်စေ၊ အခြားသောရောဂါတစ်မျိုးမျိုးကြောင့်ဖြစ်စေ ခန္တာကိုယ်မှာ ပုံသဏ္ဍာန်ပြောင်းလဲမှုများဖြစ်ပေါ်တတ်ပါသည်။ ထိုပုံရိပ်များကို PET CT တွင် Scan ဖတ်ကြည့်ခြင်းဖြင့် ကင်ဆာရောဂါများကို အခြားသောစစ်ဆေးမှုများထက် ပိုမိုစောစီး တိကျစွာ အဖြေထုတ်ပေးနိုင်ပါတယ်။
PET CT ကိုဘယ်နေရာတွေမှာအသုံးပြုသလဲ ??
--------------
ကင်ဆာရောဂါကိုရှာဖွေခြင်း။
⏩ ကင်ဆာပျံ့နှံ့မှု ရှိမရှိ စစ်ဆေးခြင်း
⏩ ကင်ဆာရောဂါကုသမှုခံယူပြီးချိန်မှာလဲ ပြန်လည်ဖြစ်ပွားခြင်းရှိ/မရှိ စစ်ဆေးခြင်း။
⏩ Chemotherapy သွင်းပြီးအောင်မြင်မှုရှိ/မရှိ စစ်ဆေးခြင်း။
⏩ Angioplasty, Bypass surgery အစရှိသော procedure များပြုလုပ်ထားသော နှလုံးရောဂါဝေသနာရှင်များ၏ နှလုံးကြွက်သားများတိုးတက်မှု ရှိ/မရှိစစ်ဆေးခြင်း။
⏩ ဦးနှောက်ပုံမမှန်မှုများ (အကျိတ်၊ မှတ်ဥာဏ်ချို့ယွင်းမှုနှင့်ဆိုင်သောရောဂါများ၊ အတက်ရောဂါနှင့် အာရုံကြောမကြီးဆိုင်ရာရောဂါများ) အစရှိသည်တို့ကိုစစ်ဆေးခြင်းတွင် အသုံးပြုပါသည်။
PET Scan ဖတ်မယ်ဆို လိုက်နာရမယ့် အချက်များ
----------------
🚨 𝐏𝐄𝐓 𝐒𝐜𝐚𝐧 မရိုက်ခင် ၆ နာရီအတွင်း
အစားအစာ စားချင်း ရှောင်ကျဥ်ရပါမည်။
🚨 နေ့လည်ရိုက်မယ့်သူများ မနက်၈နာရီ
မတိုင်ခင် ပုံမှန်ဆေးများ ကြိုသောက်ထားရပါမည်။
🚨 အချိုရည်နဲ့ အချိုဓာတ်များသော
အသီးများ၊ အစားအသောက်များကို ရိုက်မယ့်ရက်
(1) ရက်အလို ကြိုရှောင်ထားရပါမယ်။
🚨 ဆေးလိပ်သောက်ခြင်းနဲ့
အရက်သောက်ခြင်းကို အနည်းဆုံး (1) ရက်ရှောင်ရပါမယ်။
🚨 Carbonhydrate များသော ဂျုံ နဲ့ ထမင်းများကို
မရိုက်ခင် (1) ရက် အလိုတွင် လျော့စားရပါမယ်။
🚨 သောက်နေသော ဆေးများကို သိရှိနိုင်ရန်
ဆေးစာအုပ်ကို အတူယူလာရပါမယ်။
🚨 သွေးနဲ့ ဓာတ်မှန်အဖြေများ အတူယူဆောင်လာရပါမယ်။
🚨 မရိုက်ခင် တစ်ရက်အလိုတွင် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုနဲ့ နှိပ်နယ်ခြင်းများကိုရှောင်ပါ
🚨 လက်ဝတ်လက်စားများ ဝတ်ဆင်ခြင်းကို ရှောင်ကျဥ်ရပါမယ်။
🚨 ကလေးများ ကိုယ်ဝန်ဆောင်အမျိုးသမီးများ 𝐏𝐄𝐓 𝐒𝐜𝐚𝐧 ရိုက်မည့်နေရာသို့ လိုက်ပါခြင်းကို ရှောင်ကျဥ်ရပါမယ်။
🚨 ဆီးချိုရောဂါရှိသူများအနေနဲ့ ဆီးချိုအတွက် ဆေးများကို မနက် 8 နာရီမတိုင်ခင် ကြိုသောက်ထားရပါမယ်။
🚨 ရိုက်ကူးမည့်ရက်တွင် မနက် 8 နာရီ နောက်ပိုင်းမှာစ အစားမစားပဲ ရေပဲ သောက်သုံးလို့ရပါမယ်။
PET Scan ရိုက်လျှင် ကုန်ကျစရိတ် ဘယ်လောက်ရှိနိုင်မလဲ ?????
---–-------------
ဘန်ကောက် အစိုးရဆေးရုံ တွင် 30,000 THB မှ 40,000 THB ခန့်
ဘန်ကောက် ပုဂ္ဂလိက ဆေးရုံကြီးများတွင် 60,000 THB မှ 70,000 THB ခန့် ကုန်ကျနိုင်ပါသည်။
Regal Life တွင် ဘန်ကောက်ရှိ အစိုးရဆေးရုံ နှင့် ပုဂ္ဂလိက ဆေးရုံကြီးများတွင် PET CT Scan ရိုက်ချင်သူများအတွက် အခမဲ့ဆွေးနွေး ကူညီဆောင်ရွက်ပေးနေပါပြီ....
အသေးစိတ်စုံစမ်းမေမြန်းလိုပါက
Regal Life - Medical Service
📞 09881100040
🏠 No.9, United Condo, ကျောင်းလမ်း, မြေနီကုန်း, စမ်းချောင်း။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 9, United Condo , Kyaung Road , Sanchaung
Yangon
11111