Knowledge World
11/09/2021
▄ စာဖတ်သမား (၃) မျိုး
စာဖတ်ခြင်းမှာ ပုံစံ (၃) မျိုး ရှိနိုင်တယ်လို့ အကြမ်းဖျင်း ယူဆမယ်။
၁။ ခံစားဖို့ အတွက် ဖတ်တာ။
၂။ သိဖို့ အတွက် လေ့လာတာ။
၃။ ခံစားဖို့ရော၊ သိနားလည်ဖို့ရော… ဖတ်ကြတာ။
စာဖတ်သူ သုံးမျိုးလို့လည်း နားလည်နိုင်ပါတယ်။
ဒီအထဲမှာ၊ နံပါတ် (၃) ဖြစ်တဲ့ စာဖတ်သူ အမျိုးအစားဟာ အတော်များများ ရှိလိမ့်မယ်လို့ ထင်တယ်။ နောက်ထပ် များနိုင်တာကတော့ နံပါတ် (၁) စာဖတ်သူ အမျိုးအစား။ နံပါတ် (၂) အမျိုးအစားကတော့ ရာခိုင်နှုန်းအားဖြင့် နည်းနိုင်ပါတယ်။
▄ သာမန် စာဖတ်သူ ဆိုတာ
လူတော်တော်များများက စာဖတ်တယ်ဆိုရင် စိတ်ကို လွတ်လွတ်လပ်လပ် ထားပြီး ဖတ်ကြပါတယ်။ သာမန် စာဖတ်သူ ဆိုတာကို အနက်ဖွင့်ချင်ပါတယ်။ ဘာရည်ရွယ်ချက်မှ သီးသီးသန့်သန့် ထားပြီး စာဖတ်တာ မဟုတ်ဘဲနဲ့ စိတ်လိုလက်ရ စာဖတ်ရတာကို ပျော်မွှေ့လို့ ၊ စာကောင်းတွေ့ရင် ဖတ်လိုက်တာ။ စာအုပ်ကောင်းလို့ ယူဆမိတာ ရှိရင် ဝယ်ဖတ်လိုက်တာမျိုးကို သာမန် စာဖတ်သမားလို့ သုံးနှုန်းချင်ပါတယ်။
ဒီတော့ သာမန် စာဖတ်သူအများစုကတော့၊ စာထဲမှာ ခံစားစရာရှိရင် ခံစားလိုက်မယ်။ သူနဲ့ နှီးနွှယ်ဆက်စပ်တာ ရှိလို့ သိမှတ် စရာတွေ့ရင် မှတ်ထားလိုက်မယ်။ ဒီလိုလူမျိုးဟာ သာမန် စာဖတ်သူပါပဲ။ သူနဲ့ နှီးနွှယ်တယ်ဆိုတာကို တမင်တကာ လိုက်မရှာဘူး။ သူနဲ့ ပတ်သက်တယ်ဆိုတဲ့အရာကို တကူးတက လိုက် မရှာဘူး။ သူ့မှာ ထူးထူးခြားခြား သိချင်တယ်ဆိုတာလည်း သိပ်မရှိလှဘူး။ သူနဲ့ ကြုံဆုံရာ စာအုပ် စာပေ စာစောင်… စတာကို တွေ့လို့ ကောက်ဖတ်တယ်၊ သတိထားမိလို့ ကောက်ဖတ်တယ်၊ ဖတ်ကြည့်လိုက်အုံးမှ… ဆိုပြီး ကောက်ဖတ်တယ်။
တခါတရံလည်း စာအုပ်ဆိုင်သွားမှဆိုပြီး စာအုပ်ဆိုင်မှာ ကောင်းနိုးရာရာ စာအုပ် ရှာဝယ်လာခဲ့တယ်။ ဒီနေ့ခေတ် အင်တာနက် အွန်လိုင်းပေါ်မှာလည်း ဒီလူ့စာတွေ မဆိုးဘူး၊ ဒီအကြောင်းအရာက မဆိုးဘူး…ဆိုပြီး တွေ့လို့ ဖတ်လိုက်တယ်။ ဖတ်လိုက်တော့လည်း သူ့မှ ရစရာ ရှိတာ ရလိုက်တယ်။ ဒါကို သာမန်စာဖတ်သူလို့ ခေါ်နိုင် ပါတယ်။ သူ့မှာ စွဲစွဲလမ်းလမ်း ဖြစ်တာ၊ ရူးရူးမူးမူးဖြစ်တာ သိပ်မရှိတဲ့သူလို့ မှတ်ယူနိုင်ပါတယ်။ ဒီလိုစာဖတ်သမား တွေက များနိုင်ပါတယ်။ ထားတော့။
သာမန် စာဖတ်သူမှာ၊ ခံစားမှုကို ပိုတောင့်တတာ။ အသိအချက်အလက်ကို ပိုလိုလားတာ ရာခိုင်နှုန်းအားဖြင့် အပြင်းအပျော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် သူ့မှာ နည်းနည်းလေး ပိုတောင့်တတာပဲ ရှိတယ်။ ကာယကံမြောက် တစ်ခုခုကိုမှ အကောင်အထည် မဖော်ဖြစ်ရင် သူဟာ သာမန် စာဖတ်သူ တစ်ယောက်ပါပဲ။
▄ စာဖတ်သမားတစ်ယောက်ရဲ့ ဝိသေသ
ဒီနေရာမှာ သာမန် စာဖတ်သူအဆင့်ကနေ တက်လာတဲ့ စာဖတ်သမားအကြောင်း ပြောချင်ပါတယ်။ သာမန် စာဖတ်သူအဆင့်ကနေ ကျော်လွန်လာတဲ့ စာဖတ်သမား တစ်ယောက်မှာတော့၊ သူ့မှာ သီးသီးသန့်သန့် ရည်ရွယ်ချက် ရှိလာပြီ။ ပြီးတော့ စာတွေဖတ်လာရင်း သူ့ကိုယ်သူ သိနေတယ်။ ငါဟာ ရသကို ပိုကြိုက်တာလား။ ငါဟာ အတွေးအခေါ်၊ ဒဿန၊ အကြောင်းဖြစ်ရပ်တွေကို လေ့လာဖတ်ရှုရတာ ပိုသဘောကျတာလားဆိုတာကို သူ့ကိုယ်သူ ခွဲမြင်လာပြီ။ ဒါဟာ သာမန်စာဖတ်သူအဆင့်ထက် ကျော်လွန်လာတဲ့ စာဖတ်သမားတစ်ယောက်ရဲ့ စရိုက်လက္ခဏာလို့လည်း ပြောလို့ ရပါတယ်။
စာဖတ်သမားတွေမှာ အမျိုးမျိုး ရှိပါတယ်။ ရသဝတ္ထုတွေကိုပဲ သဘောကျတာ။ ရသဝတ္ထုမှာလည်း ဂန္တဝင်ကို နှစ်ခြိုက်တာနဲ့ မော်ဒန်၊ ပို့စ်မော်ဒန် ဝတ္ထုတွေကို သဘောကျတာ ရှိနိုင်သေးတယ်။ အားလုံးကို ခံတွင်းတွေ့နေတာ လည်း ဖြစ်ကောင်းဖြစ်နိုင်သေးတယ်။ တချို့ကျတော့လည်း ရသသက်သက်ကြီးက မကောင်းဘူး။ အကြောင်းဖြစ်ရပ်၊ အချက်အလက်နဲ့ ရောနှောထားတဲ့ သမိုင်းနောက်ခံဝတ္ထုတွေ သဘောကျပြန်ရော။ ဘယ်လို ဝတ္ထုအမျိုးအစားပဲဖြစ်ဖြစ်၊ လူ့စရိုက်တွေကို စိတ်ဝင်စားလို့ ဇာတ်ကောင်တွေရဲ့ သရုပ်ကို ကောင်းကောင်း ဖော်ညွှန်း နိုင်တဲ့ ဘယ်ဝတ္ထုကို မဆို ကြိုက်တယ်ဆိုတဲ့ စာဖတ်သမားတွေလည်း ရှိပြန်တယ်။
တစ်ခုခုကို ခံစားရမှ၊ ပျော်တာဖြစ်ဖြစ်၊ ကြည်နူးတာဖြစ်ဖြစ်၊ ဒေါသဖြစ်တာဖြစ်ဖြစ်၊ ကြေကွဲတာဖြစ်ဖြစ် ဘယ်လိုဖြစ်ဖြစ် ခံစားရရင် ဝတ္ထုပဲ။ ဒီလိုမျိုးဆိုရင် ဘယ်ဝတ္ထုကိုမဆို ဖတ်တယ်ဆိုတဲ့ စာဖတ်သမားတွေလည်း ရှိနိုင်တာပဲ။
စာဖတ်သမား ဆိုတဲ့အဆင့်ဟာ အပျင်းပြေ၊ အပျော်ဖတ်အဆင့်ကနေ ကျော်လွန်လာတဲ့သူကို ခေါ်တာဖြစ်ပါတယ်။ သာမန် စိတ်ဖြေဖျော်မှုအတွက် အချစ်ဝတ္ထုလေး ကောက်ဖတ်တာ၊ သိုင်းဝတ္ထုလေး ကောက်ဖတ်တာ၊ ဂမ္ဘီရဆန်ဆန် ဝတ္ထု လေးကောက်ဖတ်တာ၊ ကိုယ့်ရှေ့တွေ့တဲ့ ဂျာနယ်၊ မဂ္ဂဇင်းလေး ကောက်လှန်တာမျိုးကို စာဖတ်သမားတစ်ယောက် လို့ မခေါ်နိုင်ပါဘူး။
▄ ခံစားမှုဘက် ပိုတိမ်းညွှတ်ကြတယ်
ဒီနေရာမှာ သိမြင်တွေးခေါ်နားလည်နိုင်ဖို့အတွက် ဖတ်တဲ့ သုတတွေရော၊ ခံစားဖို့အတွက် ဖတ်တဲ့ ရသတွေရော။ အားလုံးကို မျှမျှတတ ဖတ်တဲ့ စာဖတ်သမားတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဘယ်လောက် မျှမျှတတ ဖတ်တယ်ပဲ ပြောပြော သူတို့ဟာ တစ်ဖက်ဖက်တော့ ပိုညွှတ်ကြတာများတယ်။ ရာခိုင်နှုန်း အချိုးနဲ့ ကြည့်ရင်၊ ၈၀ / ၂၀ အချိုး။ ၇၀ / ၃၀ အချိုး။ ၄၀ / ၆၀ အချိုး။ ၅၀ / ၅၀ အချိုးလို့ တွက်နိုင်တယ်။ မြန်မာပြည်မှာတော့ ပညာရပ်ဆိုင်ရာတွေ၊ ဘာသာရပ်ဆိုင်ရာတွေချည်း ရာခိုင်နှုန်းအများဆုံး လေ့လာဖြစ်တဲ့သူ နည်းမယ် ထင်တယ်။ အထူးသဖြင့် လူငယ်တွေထဲ မှာ နည်းနိုင်တယ်။ လူငယ်ဆိုတာ စိတ်အားဖြင့်လည်း နူးညံ့လတ်ဆတ်နေသေးတော့ ခံစားမှုပိုင်းမှာ ပိုသာနေတာ သိပ်မဆန်းဘူး ထင်ပါတယ်။
ဒီနေရာမှာ ဖတ်တာနဲ့ လေ့လာတာကို ကျနော် ခွဲပြီး သုံးခဲ့ပါတယ်။ စာဖတ်သူ သုံးမျိုးမှာ ….
၁။ ခံစားဖို့ အတွက် ဖတ်တာ။
၂။ သိဖို့ အတွက် လေ့လာတာ။
၃။ ခံစားဖို့ရော၊ သိနားလည်ဖို့ရော… ဖတ်ကြတာ… လို့ ပြောခဲ့တယ်။
▄ ဖတ်တဲ့အဆင့်ကို ကျော်၍
စာဖတ်သမားတွေထဲမှာ၊ အနည်းစုသော စာဖတ်သမားတွေကတော့ ဖတ်တဲ့အဆင့်ကို ကျော်သွားတာ တွေ့ရတယ်။ သူတို့ကိုကြည့်ရင် စာအုပ်တစ်အုပ်ကို လှန်ပြီး စာဖတ်နေတာလို့၊ မြင်နေရတယ်။ အင်တာနက်အွန်လိုင်း စခရင်ပေါ် မှာ စာဖတ်နေတယ်လို့ မြင်ကောင်းမြင်နေရမယ်။ ဒါပေမယ့် သူတို့ထဲက တချို့ဟာ ဖတ်တာ မဟုတ်တော့ဘူး။ လေ့လာတာဖြစ်သွားပြီ။ သူတို့ သိချင်တဲ့အကြောင်းအရာ တစ်ခုခု၊ အဖြစ်အပျက် တစ်ခု၊ ဖြစ်စဉ် တစ်ခုခု၊ သဘောတရားတစ်ခုခု၊ သီအိုရီတစ်ခုခု၊ ပြဿနာ တစ်ခုခု၊ သမိုင်းတစ်ခုခုကို သေချာ ဂဃနဏ သိအောင် လေ့လာနေတာ။
လူကြီးသူမ မိဘတွေဟာ အော်… ဒီကောင်လေး၊ ဒီကောင်မလေး စာဖတ်နေတာပဲ လို့ ထင်ကောင်းထင်မယ်။ တကယ်တော့ ဒီလူငယ်ဟာ စာဖတ်နေတာ မဟုတ်ဘူး။ လေ့လာနေတာ၊ ဆည်းပူးနေတာ၊ စူးစမ်းနေတာ၊ ရှာဖွေနေတာ။ သူ့မှာ ဦးတည်ချက် တစ်ခုခု ရှိနေတယ်။ သူ့မှာ ရည်ရွယ်ချက် တစ်ခုခု ရှိနေတယ်။ သူ့မှာ လုပ်စရာ တစ်ခုခု ရှိနေတယ်။ အဲသည့်အတွက် သူဟာ ဒီစာအုပ်ထဲက၊ ဒီအင်တာနက်ထဲက အရာကို လေ့လာနေတာ။ တမင်တကာ တကူးတက ရှာဖွေနေတာ။ ဒီလိုလူကျတော့၊ စာဖတ်သမားထဲမှာ အတော် အဆင့်မြင့်သွားပြီလို့ ခေါ်တယ်။
ဒီလို စာဖတ်သမားဟာ စာပေကနေ သူ့ရဲ့ အသိနဲ့ ခံစားချက်ကို စနစ်တကျ တည်ဆောက်နေပြီ။ စာအုပ်တွေကနေ သူ့ရဲ့ ဦးနှောက်ထဲက အတွေးအခေါ်ကို ချဲ့ထွင်နေပြီ။ ပညာရပ်ဆိုင်ရာတွေ ဘာသာရပ်ဆိုင်ရာတွေထဲကနေ သူ့ အသိဉာဏ်ကို နက်နဲအောင် လုပ်နေပြီ၊ ကျယ်ပြန့်အောင် ချဲ့နေပြီလို့ နားလည်နိုင်တယ်။ စာပေကနေ၊ စာအုပ်ကနေ ဘဝကို အကျိုးပြုအောင် မဖြစ်မနေ လုပ်ဆောင်နေပြီလို့ ပြောလို့ ရတဲ့အဆင့်ကို ရောက်သွားပြီ။
မြန်မာပြည်မှာ ဒီလို စာဖတ်သမားတွေ လိုတယ်။
သာမန်ကာလျှံကာ ဖတ်တဲ့ ဝါသနာ ပါတယ်ဆိုတဲ့အဆင့်ကနေ အများကြီး ကျော်လွန်သွားပြီ။ ဒီလို စာဖတ်သမားတွေ များလာမှ၊ တိုင်းပြည်ရဲ့ လူ့အဖွဲ့ အစည်းတွင်းမှာ အသိဉာဏ် ထုထည်ကြီးမားတဲ့ လူ့စွမ်းအားတွေ များလာမယ်လို့ ကျနော် ထင်တယ်။ သို့မဟုတ်ရင် တော့ စာဖတ်ပြီး လေဖောင်တဲ့သူတွေပဲ များမှာပဲ။ တကယ်တတ်သိနားလည်သူတွေ နည်းနေလိမ့်အုံးမယ် ထင်တယ်။
မင်းသေ့
၈ ၊ စက်တင်ဘာလ၊ ၂၀၂၁
15/08/2021
သွေးခဲခြင်း မှ ကာကွယ်ရန်
သွေးလည်ပတ်မှုကောင်းမွန်စေရန်
လေ့ကျင်ခန်း
crd
14/08/2021
ဂျင်းပြုတ်ရည်
========
သတိပြုလိုက်နာရမည့်အချက်များ
- ချင်း(ဂျင်း)နဲ့ပျားရည်ကိုအသက် 2 နှစ်အောက်ကလေးငယ်များကို တိုက်ကျေွးခြင်းမပြုရပါ။
- အသက် 6 နှစ်နဲ့ 10 နှစ်အရွယ်ကလေးတွေကိုတော့ တစ်နေ့လျှင် ချင်း(ဂျင်း)ဖျော်ရည် 2 မီလီဂရမ်အထိ တိုက်ကျေွးနိုင်ပါတယ်။
- အရွယ်ရောက်ပြီးသူတွေအနေနဲ့ တစ်နေ့လျှင် 4 ဂရမ်ထက်ပို၍ မသောက်သင့်ပါဘူး။
- ကလေးယူတော့မယ့် မိခင်လောင်းတွေအနေနဲ့ တစ်နေ့လျှင် 1 ဂရမ်သာသောက်ပေးဖို့ လိုအပ်ပါတယ်။
ချင်း(ဂျင်း)ပြုတ်ရည်ကိုဘာကြောင့်သောက်သင့်လဲ
အိမ်ရှင်မအများစုဟာ ချင်း(ဂျင်း)ကိုဟင်းချက်ရာမှာသာ ထည့်သုံးတတ်ကြပါတယ်။ ဒါပေမယ့် ဈေးနှုန်းကလည်း မမြင့်မား၊ အလွယ်တကူလည်း၀ယ်ယူရရှိနိုင်တဲ့ ချင်း(ဂျင်း)တစ်လက်မှာ ဆေးစွမ်း ထက်မှု များစွာ ပါရှိနေပါတယ်။ ဒါကြောင့် ရောဂါများစွာကိုသက်သာပျောက်ကင်းစေနိုင်တဲ့ ချင်း(ဂျင်း)ရဲ့အသုံး၀င်ပုံတွေကို လေ့လာလိုက်ကြရအောင်။
1. အအေးမိေ၀ဒနာသက်သာစေနိုင်ခြင်း
ချင်း(ဂျင်း)ပြုတ်ရည်ပူပူလေးကိုသောက်ပေးပါက အဖျားပျောက်ကင်းစေနိုင်ပါတယ်။ ချင်း(ဂျင်း)ပြုတ်ရည်ထဲမှာ လက်ဖက်ခြောက်ခတ်ပြီး လက်ဖက်ရည်ကြမ်းအဖြစ်လည်း သောက်သုံးပေးနိုင်ပါ တယ်။
2. ချောင်းဆိုးပျောက်စေနိုင်ခြင်း
ချင်း(ဂျင်း)ဖျော်ရည်ကိုပျားရည်နဲ့ရောကာ တစ်နေ့ 3 ကြိမ်လောက် သောက်ပေးပါက လည်ချောင်းနာသက်သာစေပါတယ်။ ချွဲ၊ သလိပ်တွေကို ချေဖျက်ပေးပြီး ခံတွင်းရှင်းစေပါတယ်။ အကယ်၍ ချောင်းခြောက်ဆိုးသူဖြစ်ပါက ချင်း(ဂျင်း)နုဖျော်ရည်ကိုသောက်ပေးသင့်ပြီး ချွဲ၊ သလိပ်သံပါတဲ့ ချောင်းဆိုးနေသူဖြစ်ပါက ချင်း(ဂျင်း)အရင့်ကိုဖျော်ပြီးသောက်ပေးသင့်ပါတယ်။
3. သွေးခဲခြင်းမှကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိရှိခြင်း
မိမိနေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ ချင်း(ဂျင်း)ထည့်ပြီးချက်ပြုတ်စားသောက်ခြင်း ဒါမှမဟုတ် အဖျော်ယမကာထဲကို ချင်း(ဂျင်း)နုရည်လက်ဖက်ရည်ဇွန်း 1 ဇွန်းထည့်ပြီး သောက်သုံးပေးခြင်းဖြင့် သွေးခဲခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
4. စိတ်ဆန္ဒကို နှိုးဆွပေးနိုင်ခြင်း
ထမင်းစားပြီးတဲ့အခါ ချင်း(ဂျင်း)လက်ဖက်ရည်ပူပူလေးသောက်ပေးပါက လိင်စိတ်ကို နှိုးဆွပေးနိုင်ပါ တယ်။
5. အစာအိမ်အူလမ်းကြောင်းနဲ့ပတ်သက်တဲ့ရောဂါများကိုပျောက်ကင်းစေနိုင်ခြင်း
ရေတစ်ဖန်ခွက်ထဲမှာ ချင်း(ဂျင်း)နုရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ သံပရာရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ပူဒီနာလက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ပျားရည်အနည်းငယ်ရောဖျော်၍ သောက်သုံးပါကရင်ပူခြင်း၊ အစာမကြေခြင်း၊ ပျို့အန်ခြင်း စတဲ့ေ၀ဒနာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
6. ပင်ပန်းနွမ်းလျမှုကိုသက်သာစေနိုင်ခြင်း
ပါးပါးလှီးထားတဲ့ချင်း(ဂျင်း)ကို သစ်ကြားပိုးခေါက်နဲ့ရောပြုတ်ပါ။ ပြုတ်ပြီးသားအရည်ကို ရွှေရောင် သန်းလာသည်အထိ နာရီ၀က်လောက် အဖုံးနဲ့ဖုံးအုပ်ထားပါ။ ယင်းပြုတ်ရည်ကိုသောက်ပေးခြင်းဖြင့် ပင်ပန်းနွမ်းလျမှုကိုပြေပျောက်စေပြီး ကြွက်သားများနာကျင်ကိုက်ခဲမှုဒဏ်မှ ကင်းေ၀းစေပါတယ်။
7. လေပွခြင်းနဲ့ ရာသီလာချိန်မှာဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှုများကို သက်သာပျောက်ကင်းစေနိုင်ခြင်း
ထောင်းပြီးသားချင်း(ဂျင်း)နုကိုပြုတ်ပြီး ပျားရည်အနည်းငယ်ထည့်ကာ တနေ့ 2-3 ကြိမ် သောက်ပေးပါက ရာသီလာချိန်မှာဖြစ်တတ်တဲ့ ကြွက်သားတွေ ကိုက်ခဲနာကျင်ခြင်းကို ပျောက်ကင်းစေ ပါတယ်။ ရာသီမလာခင် 3 ရက် အလိုကစပြီး ရာသီပြီးတဲ့အထိ သောက်ပေးသင့်ပါတယ်။ တခါတရံရာသီလာရမယ့်ရက်ကိုရောက်ပေမယ့် မလာသေးဘဲနောက်ကျနေရင်လည်း ဒီချင်း(ဂျင်း)ဖျော်ရည်ကိုသောက်ပေးခြင်းဖြင့် ရာသီလာစေနိုင်ပါတယ်။
8. ရောင်ရမ်းမှုတွေကိုသက်သာစေနိုင်ခြင်း
ချင်း(ဂျင်း)ဟာရောင်ရမ်းမှုတွေကိုသက်သာစေနိုင်တဲ့ ဆေးဖက်၀င်အပင်ဖြစ်တ့ဲ အတွက် ရောင်ရမ်းခြင်းကြောင့်ဖြစ်စေတဲ့ ဂေါက်ရောဂါ (Gout)၊ အရိုးအဆစ်ရောင်ရောဂါ (Osteoarthritis)နဲ့ Autoimmune ရောဂါတစ်မျိုးဖြစ်တဲ့ Rheumatoid Arthritis တွေကိုသက်သာစေနိုင်တဲ့အပြင် ဖူးရောင်နေတဲ့ဒဏ်ရာတွေကို လျော့ပါးစေနိုင်တဲ့ အစွမ်းအာနိသင်ရှိပါတယ်။
9. မူးေ၀ခြင်းနှင့် ပျို့အန်ခြင်းကိုသက်သာစေနိုင်ခြင်း
ချင်း(ဂျင်း)နုဖျော်ရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ပျားရည်ကိုရောပြီးသောက်ပေးပါက ကိုယ်၀န်ဆောင်စတွင် နံနက်ခင်းတိုင်းခံစားရလေ့ရှိတဲ့ ပျို့အန်ခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ပျို့အန်ခြင်းနဲ့မအီမသာဖြစ်ခြင်း၊ မေ့ဆေးပေး၍ ခွဲစိတ်ကုသမှုအပြီးဖြစ်လေ့ရှိတဲ့ မူးေ၀ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
10. ကိုက်ခဲမှုတွေကိုပျောက်ကင်းစေနိုင်ခြင်း
ချင်း(ဂျင်း)ဖျော်ရည်ဟာ ကိုက်ခဲမှုေ၀ဒနာတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ ဆေးစွမ်းကောင်း တစ်လက်ဖြစ်ပါတယ်။
11. ကိုယ်ခံစွမ်းအားမြှင့်တင်ပေးနိုင်ခြင်း
ရေနွေးတစ်၀က်ခန့်မှာ ချင်း(ဂျင်း)ဖျော်ရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းရောပြီး အစာမစားခင်သောက်ပေးပါက ကိုယ်ခံစွမ်းအားကောင်းစေပါတယ်။
12. ကင်ဆာရောဂါနဲ့ အသည်းရောဂါများကို ကာကွယ်ပေးနိုင်စွမ်းရှိခြင်း
ချင်း(ဂျင်း)ဖျော်ရည်ကိုသောက်သုံးပေးခြင်းကြောင့် ကင်ဆာနဲ့ အသည်းရောဂါတွေကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။
13. ကိုလက်စထရောကိုလျော့ကျစေနိုင်ခြင်း
ချင်း(ဂျင်း)ဟာ ခန္ဓာကိုယ်အတွင်းရှိမကောင်းတဲ့ ကိုလက်စထရောတွေကိုလျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချနေတဲ့သူတွေလည်း စားသုံးပေးသင့်ပါတယ်။
crd.
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon