Success Computer Online Class

Success Computer Online Class

Share

Photos from Success Computer Online Class's post 19/02/2022

Window 10 password ခတ်နည်းလေးပါ။
-Photo

Photos from Success Computer Online Class's post 06/02/2022

ဓာတ်ပုံ၊PIN နံပါတ်ဖြင့် Login ပြုလုပ်နည်း 💻

Windows 8,10 အသုံးပြုတဲ့ ကွန်ပျူတာတွေမှာ
Password က ရှည်နေလို့ Login ဝင်တာကြာနေ
တတ်ရင်၊ Password ကို ရိုက်ထည့်တာ ခဏခဏ
အမှားရိုက်ထည့်မိနေရင် သို့မဟုတ် Password ကို
ရိုက်မထည့်ချင်ရင် Password အစား ဓာတ်ပုံ၊ PIN
နံပါတ်တို့ဖြင့် Windows Login ဝင်လို့ရပါတယ်။
All Settings\Accounts\Sign-in Options ထဲကို
တစ်ဆင့်ချင်းဝင်သွားပြီး အောက်မှာဖော်ပြထားတဲ့
ပုံတွေထဲကအတိုင်း စမ်းလုပ်ကြည့်နိုင်ပါတယ်။

23/01/2022

ကွန်ပျူတာ RAM တိုးနည်း

•••• မိမိကွန်ပျူတာတွင် RAM အလွယ်တကူ တိုးနည်း ••••
ဒီနည်းလမ်းကို အိုင်တီပညာရှင် စာဖတ်သူတော်တော်များများ သိရှိပြီး ဖြစ်မယ်လို့ ယူဆပါတယ်။ မိမိ လက်ရှိအသုံးပြုနေတဲ့ ကွန်ပျူတာကို Speed - ၆၀ ရာခိုင်နှုန်းမြင့်တင်ခြင်း ဖြစ်ပါတယ်။ ဒီအတွက် RAM တိုးဖို့ လိုအပ်ပါတယ်။

ဒီ trick အတိုင်းသွားရင် ကွန်ပျူတာတွင်းက Hard disk ရဲ့ အချို့အစိတ်အပိုင်းကို Virtual RAM အနေနဲ့ အသုံးချလို့ ရမှာ ဖြစ်ပါတယ်။ RAM တိုးတယ်ဆိုလို့ အမှန်တက
ယ်တော့ အခြား Hard disk က Space ကို ချေးငှားအသုံးပြုလုပ်တာ ဖြစ်ပါတယ်။ အမှန်တကယ်လည်း RAM တိုးပြီး လုပ်ဆောင်ချက် မြန်သွားပါတယ်။ အောက်ပါအဆင့်အတိုင်း သွားနိုင်ပါတယ်။

၁။ My Computer ကို right click နှိပ်ပြီး Properties ထဲဝင်ပါ။
၂။ Advance tab ထဲကိုဝင်ပါ။
၃။ Performance section ထဲက Setting button ကိုဝင်ရပါမယ်။
၄။ Advance Tab ကိုပဲ ထပ်ဝင်ရပါမယ်။
၅။ Virtual Memory အောက်မှ Change ဆိုတာကို နှိပ်ရပါမယ်။
၆။ Drive C ကိုရွေးချယ်ရပါမယ်။
၇။ Custom Size ကိုရွေးချယ်ရပါမယ်။

၈။ Automatically manage မှာ အမှန်ခြစ်ထားတာလေး ဖြုတ်ပြီး ဒီလိုဖြည့်ရပါမယ်။

Initial Size မှာ 5GB အတွက်ဆိုရင် 5000 . 2GB အတွက်ဆိုရင် 2000 ကို ဖြည့်ပေးရပါမယ်။ စာဖတ်သူတို့ ကိုယ်ကြိုက်တာ ထည့်နိုင်ပါတယ်။
Maximan Size မှာ 5GB အတွက် 5000 ဖြည့်ပေးရပါမယ်။ သဘောကတော့ Virtual Memory ကအနေနဲ့ Local Disk C က 5GB ယူသုံးတာဖြစ်ပါတယ်။
၁၀။ Set ဆိုတဲ့ Button ကိုနှိပ်နိုင်ပါတယ်။ ပြီးရင် OK ပေါ်သမျှ လိုက်နှိပ်ပြီး Apply လည်းပါဝင်ပါတယ်။

ပြီးရင် ကွန်ပျူတာကို Restart လုပ်ပေးလို့ တောင်းဆိုလာပါလိမ့်မယ်။
ကွန်ပျူတာ Restart လုပ်ပြီးရင်တော့ ယခင်ကထက် နှစ်ဆကျော် (၆၀ရာခိုင်နှုန်း) ပိုမြန်တဲ့ ကွန်ပျူတာကို အသုံးပြုနိုင်ပါတယ်။
မိတ်ဆွေ… အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


SouthDagon
Yangon