Cymbidium

Cymbidium

Share

Photos from Cymbidium's post 12/06/2023

*ပန်းအဓိပ္ပါယ်/ ပန်းအဘိဓာန်*

၁။ ကံ့ကော်ပန်း = မပြောင်းလဲတဲ့ ထာ၀ရအချစ်ပါ။
၂။ ကြာပန်း = မိတ်ဆွေတွေရဲ့ ဖြူစင်မှုမျိုးနဲ့ ခင်မင်ကြရအောင်။
၃။ ခရေပန်း = မေ့မသွားပါနဲ့ကွယ်။
၄။ ခတ္တာပန်း = အားငယ်ရတဲ့သူမို့ ညှာတာပါ။
၅။ ခေါင်းလောင်းပန်းအဖြူ = အမြန်ဆုံး နီးခွင့်ရချင်တယ်။
၆။ ဂန္ဓမာပန်းအဖြူ = ငြိမ်းချမ်းပါစေ။
၇။ ဂန္ဓမာပန်းအဝါ = သတိရနေမယ်။
၈။ ဂမုန်းပန်း = မျှော်လင့်ခြင်းကြီးစွာနဲ့ စောင့်နေရတဲ့ ချစ်သူပါ။
၉။ စံပယ်ပန်း = မင်းရဲ့အချစ်ကို လက်ခံလိုက်တယ်။
၁၀။ ဆပ်သွားဖူးပန်း = သစ္စာမရှိတဲ့သူအတွက် ၀မ်းနည်းရတယ်။
၁၁။ ဆောင်တော်ကူးပန်း = မင်းကြောင့် ကိုယ့်မှာ ရူးပြီ။
၁၂။ ဆယ့်နှစ်ရာသီပန်း = ရိုးသား ဖြူစင်ခြင်း။
၁၃။ ညမွှေးပန်း = အရာရာမင်းအတွက် ဖြစ်စေရမယ်။
၁၄။ ဒေလီယာပန်း = မကြာခင်မှာ ဆုံတွေ့ကြရအောင်။
၁၅။ ဒန်းပန်း = ဘ၀ကို အရှုံးမပေးနဲ့ ။
၁၆။ ဒေါနပန်း = တို့တစ်တွေ ခွဲခွါကြပါစို့။
၁၇။ နှင်းပန်း = အဆင်မပြေမှုတွေဟာ တစ်ခဏပါ။
၁၈။ နှင်းဆီပန်း = ကိုယ်တော့ မင်းကို ချစ်နေမိပြီ။
၁၉။ ချယ်ရီပန်း = တစ်နေ့နေ့တော့ ဝေးရဦးမယ်။
၂၀။ နေကြာပန်း = မင်းရဲ့ဘဝရှေ့ရေး အဆင်ပြေစေဖို့ ကိုယ်တာ၀န်ယူပါတယ်။
၂၁။ ပိတောက်ပန်း = မင်းဟာ ကိုယ့်အတွက် ရှားပါးတဲ့ ဆုလာဘ်ပါ။
၂၂။ ပျားခတ်ပန်း = မင်းဟာ ဒီပန်းကလေးလို လှပသူတစ်ယောက်ပါ ။
၂၃။ ဖယောင်းပန်း = အထီးကျန်ဖြစ်ခြင်း၊ ကြေကွဲအားငယ်ခြင်း ။
၂၄။ မြတ်လေးပန်း = ဇွဲသတ္တိရှိခြင်း။
၂၅။ မိုးမခပန်း = လွမ်းဆွေး ကြေကွဲရခြင်း။
၂၆။ သဇင်ပန်း = ကျေးဇူးပြု၍ ကိုယ့်ကို မမုန်းလိုက်ပါနဲ့။
၂၇။ သစ်ခွပန်း = ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံခြင်း။
၂၈။ သော်ကပန်း = ကိုယ့်ကို ခွင့်လွှတ်ပါ။
၂၉။ သံလွင်ပန်း = အောင်မြင်ခြင်း၊ ဂုဏ်ပြုခြင်း။
၃၀။ ရွက်လှပန်း = နှုတ်ဆက်လိုက်ပါတယ်။
၃၁။ ဝိုင်အိုလက်ပန်း(ခရမ်းရောင်) = မျှော်လင့်သလို ဖြစ်လာပါစေ။
၃၂။ အုန်းပန်း = ကံကောင်းခြင်း။

( - Flower Beauty)

ဒီအယူအဆတွေဟာ ဉရောပတိုက်ဘက်က လာတာလို့ ဆိုပါတယ်။
Credit #

06/02/2023

ဘယ်ဘက်စောင်းပြီးအိပ်ကြမယ်
ဘာလို့အိပ်ခိုင်းတာလဲ?
::::::::::::::::::::::::::::::

သင်ညအိပ်ရင်ခန္ဓာကိုယ် ဘယ်ဘက်စောင်းပြီး အိပ်ခြင်း၏ ကျန်းမာရေးကောင်းကျိုးများကိုရှာဖွေတင်ပြခြင်း

သင်ညအိပ်ရင် ဘယ်ဘက်ကို စောင်းအိပ်တတ်တဲ့ သူတစ်ယောက် ဆိုရင်တော့ ထီပေါက်တာထက် ပိုပြီးတန်ဖိုးရှိသွားပါပြီဘာကြောင့် ဒီလိုမေးရသလဲဆိုတော့ သင်ရဲ့အိပ်စက်ပုံဟာ သင်ရဲ့စိတ်နဲ့ကိုယ် ကျန်းမာရေးအတွက် အရမ်းကိုအရေးတကြီး ပတ်သက်နေလို့ပါပဲ။
အကယ်၍ သင့်အနေနဲ့ ဘယ်ဘက်ကိုစောင်းအိပ်လေ့မရှိရင်တော့ အခုဖော်ပြသွားမယ့် အကြောင်းအရာတွေကို အဆုံးထိဖတ်ကြည့်ရင်း ဘယ်ဘက်ကိုစောင်းအိပ်ဖို့ သင်ကြိုးစားလာပါလိမ့်မယ်။

ခန္ဓာကိုယ်ကို ဘယ်ဘက်သို့စောင်းအိပ်ခြင်းက ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်တွေနဲ့ မလိုလားအပ်တဲ့ အခြားသောအရာဝထ္တုတွေကို ခန္ဓာကိုယ်ကနေ ဖယ်ရှားသွားအောင် ကူညီပေးနိုင်လို့ပါပဲ။
ဒီလို ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေသာမက ဦးနှောက်ထဲက ဓာတုအညစ်အကြေးတွေကိုလည်း ဘယ်ဘက်စောင်းအိပ်ခြင်းဖြင့် ဖယ်ရှားပေးနိုင်ပါတယ်။သင့်ဆီမှာ နှလုံးပြဿနာရှိနေမယ်ဆိုရင် ဘယ်ဘက်ကိုစောင်းအိပ်ခြင်းက သင့်ကိုကူညီပေးနိုင်ပါတယ်။
ဘာကြောင့်လည်းဆိုတော့ ဘယ်ဘက်ကိုစောင်းအိပ်ခြင်းက နှလုံးသွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ရင်ပူခြင်းဝေဒနာ ခံစားနေရသူတွေအနေနဲ့လည်း ဘယ်ဘက်ကိုစောင်းအိပ်ဖို့ လိုအပ်ပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ ညာဘက်ကိုစောင်းအိပ်ခြင်းက ဒီဝေဒနာကို ပိုမိုဆိုးရွားစေနိုင်ပြီး ဘယ်ဘက်ကို ဆယ်မိနစ်ခန့်လောက် စောင်းအိပ်လိုက်ရုံနဲ့တင် ရင်ပူခြင်းမှသက်သာသွားစေနိုင်ပါတယ်။ဒါ့အပြင် ဘယ်ဘက်ကိုစောင်းအိပ်ခြင်းက အစာခြေစနစ်ကိုပါ ကောင်းမွန်စေနိုင်ပါတယ်။ဒီလို ကောင်းကျိုးတွေ များစွာရရှိစေနိုင်တဲ့ ဘယ်ဘက်ကိုစောင်းအိပ်ခြင်းကို ညတိုင်းပြုလုပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

ကျွန်တော်ကိုယ်တိုင်လဲအစကမယုံခဲ့ပါဘူး
အခုလက်တွေ့ပါ....

ခန္ဓာကိုယ် ဘယ်ဘက်စောင်းပြီး အိပ်ခြင်း၏ကျန်းမာရေးကောင်းကျိုးများ...
လူတွေအတွက် အိပ်စက်တာက အရေးပါတဲ့ အားသွင်းမှုဖြစ်တယ်။ သင်အိပ်တဲ့ အနေအထားက သင့်အထွေထွေကျန်းမာရေးကို သက်ရောက်မှုရှိတယ် ဆိုတာ သင်သိပါသလား။
လတ်တလောလေ့လာမှုအရ ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းအိပ်တာကြောင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းအများစုရဲ့ ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ သိရပါတယ်။
–ပြန်ရည်ကြောစနစ် လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်
ပြန်ရည်ကြောစနစ်ဟာ ကိုယ်တွင်းစနစ်ကနေ စွန့်ပစ်ပစ္စည်းတွေနဲ့ အဆပ်အတောက်တွေ စွန့်ထုတ်တဲ့ နည်းနဲ့ ခန္ဓာကိုယ်မှာ အရေးပါတဲ့လုပ်ငန်းဆောင်တာကိုလုပ်ပါတယ်။ ပြန်ရည်ကြောစနစ်ထဲကအကြီးဆုံး သွေ.ကြောက ခန္ဓာကိုယ်ဘယ်ဘက်အခြမ်းမှာရှိတယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။
ဒါကြောင့် ခန္ဓာ ကိုယ်ကို ဘယ်ဘက်စောင်းအိပ်တာက ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းတွေကိုပိုပြီး ထိထိရောက်ရောက် စွန့် ထုတ်နိုင်ပါတယ်။
ပြန်ရည်ကြောစနစ်က အဆီ၊ ပရိုတင်းဓာတ်နဲ့ တစ်သျှူးထဲက တခြားအရေးကြီးတဲ့ အရာတွေ သယ်ယူပို့ဆောင်ရာမှာအရေးပါပြီး ဆဲလ်တွေထဲကို အာဟာရဓာတ်တွေ မြန်မြန်ရောက်ရှိစေပါတယ်။
–သရက်ရွက်ကို ကောင်းကောင်းလုပ်ဆောင်စေနိုင်ပါတယ်
သရက်ရွက်ဟာ ပြန်ရည်ကြောစနစ်ထဲကအကြီးဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ဘယ်ဘက် အခြမ်းမှာရှိပါတယ်။ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်း အိပ်တဲ့အခါ သရက်ရွက်က ပိုပြီးထိထိရောက်ရောက် အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ သရက်ရွက်ထဲသွေးစီး ဆင်းမှုအားကောင်းစေပြီး စွန့်ပစ်ပစ္စည်းတွေကို ပိုပြီး မြန်မြန် စွန့်ထုတ်ပေးနိုင်ပါတယ်။
–စွန့်ပစ်ပစ္စည်းတွေကို ကောင်းကောင်း စွန့်ထုတ်နိုင်ပါတယ်
ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်အခြမ်းမှာ အူသိမ်နဲ့အူမကြီးကြားဆက်တဲ့နေရာ
(Ileocecal valve)ရှိပါတယ်။ ဘယ်ဘက်စောင်းအိပ်တဲ့အခါ ကမ္ဘာမြေဆွဲအားကြောင့် အူသိမ်ကနေ အူမကြီးဆီကို စွန့်ပစ်ပစ္စည်းတွေ အလွယ် တကူထွက်ရှိသွားပါတော့တယ်။ အဲဒီအခါ အူမကြီးကနေ စွန့်ပစ်ပစ္စည်းတွေကို မြန်မြန်စွန့်ထုတ်နိုင်စေပါတယ်။
–ညဘက်ရင်ပူဝေဒနာ လျော့ပါးစေပါတယ်
မကြာခဏ ရင်ပူဝေဒနာ ခံစားနေရရင် ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းအိပ်ပေးပါ။ အဲဒီအခြေအနေမှာ သင့်အစာအိမ်ကနေ အစာရေမျိုပြွန်ဆီ အစာတွေဆန် တက်မှုမဖြစ်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။
–အသည်း ဝန်ပိမှုမဖြစ်အောင် ကာကွယ်ပေးပါတယ် ဒနဲ့တင်တော်တော်အဆင်ပြေနပါပီ
အသည်းက ခန္ဓာကိုယ်ရဲ့ ညာဘက်အခြမ်းမှာရှိတာကြောင့် ညာဘက်စောင်းအိပ်ရင် အသည်းပေါ် ဝန်ပိစေပါတယ်။ ဘယ်ဘက်စောင်းအိပ်ရင် အသည်း ဆီကို အဆိမ်အတောက်နဲ့ တခြားအန္တရာယ်ရှိတဲ့ ဓာတ် တွေမရောက်ရှိစေပါဘူး။
–နှလုံးကို ကျန်းမာစေပါတယ်
နှလုံးရဲ့ ဘယ်ဘက်အခြမ်းဟာ အဆုတ်ကနေ သတေ.တွေ လက်ခံပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းအိပ်တာက နှလုံးကို ပိုပြီး အလွယ်တကူ လုပ်ဖြစ်စေပါတယ်။
ဘယ်ဘက်စောင်းအိပ်ရင် အသက်ရှူလမ်းကြောင်းစနစ်ကို ကောင်းမွန်စေပြီး နှလုံးကျန်းမာစေပါတယ်။

လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


North Okkalapa
Yangon