1XBET

1XBET

Share

02/12/2023

အိုနာနာ ကင်မရွန်းလက်ရွေးစင် အသင်းမှာ အရွေး မခံရအောင် ညှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်
---------------------------------

မန်ချက်စတာ ယူနိုက်တက်ဟာ အင်ဒရေ အိုနာနာအား အာဖရိကဖလားပြိုင်ပွဲတွင် အရွေး မခံရရေး အတွက် ကင်မရွန်း ဘောလုံး အဖွဲ့ချုပ်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။
ယူနိုက်တက်ဂိုးသမားဟာ နှစ်သစ်ကူးကာလတွင် နိုင်ငံတကာ ပွဲသွားကစားပါက ယူနိုက်တက်ရဲ့ ပွဲ ၆ ပွဲကို လွဲချော်မှာ ဖြစ်ပြီး အသင်းနှင့် ပြန်လည်ပူးပေါင်းချိန်တွင် နံပါတ်တစ်ဂိုးသမားနေရာကိုပါ ဆုံးရှုံးလာရမည်ကို စိုးရိမ်နေပါတယ်။အင်ဒရေအိုနုာနာဟာ ကင်မရွန်းအသင်းက ရွေးချယ်မှုကို ငြင်းပယ်လာမည် ဆိုပါက ယူနိုက်တက်အတွက်ပါ ကစားခွင့် ပိတ်ပင်ခြင်းခံရနိုင်ပါသေးတယ်။

ယင်းသို့ မကြုံရစေရေးအတွက် ကင်မရွန်းအနေဖြင့် အိုနာနာအား မရွေးချယ်စေရန် ကလပ်က ကြားဝင် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နေပါတယ်။အဲရစ်တန်ဟက်က “သူတို့ ရွေးချယ်ရင်တော့ သူ သွားရမယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆွေးနွေးနေတယ်”လို့ ပြောကြား သွားပါတယ်။

အိုနာနာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ကင်မရွန်းအသင်း နည်းပြရီဂိုဘတ်ဆောင်းနှင့် ပြဿနာတက်ပြီးနောက် အသင်းမှ နှုတ်ထွက်ခဲ့ပြီး လက်ရွေးစင် ကစားသမားဘဝမှ အနားယူခဲ့ပါတယ်။

အသက် ၂၇ နှစ်ရှိ အိုနာနာဟာ နောက်ပိုင်းတွင် ရီဂိုဘတ်ဆောင်းနှင့် ငြိမ်းချမ်းရေးရယူပြီးနောက် ကင်မရွန်း အသင်း အတွက် ပြန်လည်ကစားပေးခဲ့ပါတယ်။
လက်ရှိအနေအထားအရ ကင်မရွန်းရဲ့ အာဖရိကဖလားပြိုင်ပွဲတွင် အင်ဒရေအိုနာနာကို ရွေး/မရွေးမှာ လီဗာပူး နောက်ခံလူဟောင်း ရီဂိုဘတ်ဆောင်းအပေါ်တွင် မူတည်နေပါတယ်။

အာဖရိက ဖလားပြိုင်ပွဲကို ဇန်နဝါရီလ ၁၃ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အင်ဒရေ အိုနာနာမှာ ယူနိုက်တက်ရဲ့ ပွဲ ၆ ပွဲကို လွဲချော်လာပါမယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အိုနာနာ မကစားနိုင်ချိန်တွင် နံပါတ်နှစ်ဂိုးသမား အယ်တေးဘေယီနီဒါကို အသုံးပြုပါမယ်။

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Address


Yangon