Cutties Baby

Cutties Baby

Share

Photos from Cutties Baby's post 28/01/2021

Baby ​လေး​တွေကြိုက်တဲ့ ထိုင်းနိုင်ငံထုတ် NANACO တံဆိပ် jelly pudding ​လေး​တွေ ​ရောက်​နေပါပြီ​ 😊😊

အချိုအရသာကြီး မဟုတ်ဘဲ အနံ့လေးအရမ်း‌​မွှေးပြီး အသီးအရသာလေးတွေနဲ့ ပြုလုပ်ထားတဲ့အတွက် baby ​လေး​တွေ အရမ်းကြိုက်ပါတယ်​နော် 😋😋😋

Jelly ဆိုပြီး​ချောင်းဆိုးမှာလဲစိတ်ပူစရာမလိုပါဘူး​နော်၊ မင်မင်ကိုယ်တိုင်လဲအရမ်းကြိုက်လို့ အမြဲစားဖြစ်တဲ့ jelly ​လေးပါရှင့် 😍😍😍

​စျေးနှုန်း​လေးက​တော့ အခု ၆၀ ပါ တစ်ထုပ်ကိုမှ 4000 ကျပ်ထဲပါ​နော်

ပစ္စည်း instock ရှိပါတယ်ရှင့်

09978630845 သို့မဟုတ် Cb ကိုဆက်သွယ်မှာယူနိုင်ပါတယ်၊

24/01/2021

မေမေတို့အတွက်ဗဟုသုတအဖြစ်​မျှဝေလိုက်ပါတယ်
***********************************************

ယခုအချိန်ကာလမှာ ရာသီဥတုအေးလာတာမို့ နှာစေး၊ ချောင်းဆိုးဖြစ်လို့၊ နှာခေါင်းပိတ်လို့၊ ချွဲကြပ်လို့ဆိုပြီး မေးကြတာများပါတယ်။ ဒါနဲ့ပတ်သက်လို့ ပြောပြချင်တာလေးတွေရှိပါတယ်။ တစ်ခုရှိတာက ကျွန်မတို့မြန်မာမိဘတွေပြောလေ့ရှိတဲ့ ချွဲကြပ်တယ်ဆိုတာနဲ့ ကျွန်မတို့ ဆေးပညာဘက်ကသတ်မှတ်ထားတဲ့ ချွဲကြပ်တယ်ဆိုတာက ကွာခြားပါတယ်။

မေမေတို့က ကြပ်တယ်ဆိုတိုင်းလည်း ဆရာဝန်စမ်းသပ်တဲ့အခါမှာ တကယ်ကြပ်တဲ့လက္ခဏာတွေရှိချင်မှရှိတာပါ။ ဒါကြောင့် အခုလိုအသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ပြဿနာတွေမှာ အကောင်းဆုံးက ဆရာဝန်ကိုယ်တိုင် ဖြစ်စဉ်ကို သေသေချာချာမေးပြီး စမ်းသပ်ကုသရတာ အကောင်းဆုံးပါ။ ဒါကြောင့်လည်း ကလေးချွဲကြပ်လို့ ဆေးလေးပြောပေးပါဆိုတဲ့မိဘတွေကို ဆရာဝန်ပဲပြကြဖို့ပြောရတာပါ။

မေမေတို့အိမ်မှာလုပ်ပေးလို့ရနိုင်တာလေးတွေကိုတော့ ပြောပြပေးသွားပါမယ်။

နှာစေး၊ နှာပိတ်တဲ့ကလေးတွေ
----------------------------
မွေးကင်းစအရွယ်လေးကစပြီး ဖြစ်တတ်တာမို့ တကယ်ကိုအမေးများတဲ့မေးခွန်းပါ။ ကျွန်မကိုယ်တိုင်လည်း သားလေးနှာခေါင်းပိတ်တိုင်း သူ့ရဲ့အသက်ရှူသံလေးကိုကြားနေရတာကိုက ကိုယ့်ရင်ထဲမှာနာနေအောင်ဖြစ်မိတော့ မိဘတွေရဲ့ခံစားချက်ကို ကိုယ်ချင်းစာမိပါတယ်။ နှာစေး၊ နှာပိတ်တယ်ဆိုတာ သာမန်ဖြစ်လေ့ရှိတာပဲဆိုပေမယ့် မိဘဆိုတာ သားသမီးကို ဘာဝေဒနာမှကို မခံစားစေချင်ကြတာ သဘာဝပါ။

မွေးကင်းစကနေ ၆ လ အထိ လသားလေးတွေအတွက် အရင်ပြောပြပါမယ်။ ကလေးက နှာရည်ပဲကျတယ်ဆိုပါစို့။ သိပ်အများကြီးကျနေတာမဟုတ်ဘူး။ သူ့အတွက်လည်း သက်တောင့်သက်သာပဲဆိုရင်တော့ ဆေးမတိုက်စေချင်ပါဘူး။ သိပ်ကျတယ်ဆိုရင်လည်း ဆရာဝန်ပြစေချင်ပါတယ်။

အဖြစ်များတာကတော့ နှာခေါင်းပိတ်တာပါ။ အဲဒီအတွက်အဓိကလုပ်ပေးရမှာကတော့ နှာခေါင်းထဲကို အစက်ချဆေးလေးထည့်ပေးရတာပါပဲ။ တကယ်ကတော့ ပိုးသန့်ထားတဲ့ဆားရည်ကြည်ပါပဲ။ အခုခေတ်မှာတော့ 5ml ပဲပါတဲ့ ဘူးလေးတွေ အလွယ်တကူဝယ်လို့ရနေပါပြီ။ မေမေတို့အသိများတဲ့နာမည်ကတော့ Physiodose ပေါ့။

အရေးကြီးတဲ့အချက် သတိပေးချင်တာကတော့ အဲဒီ normal saline လို့ခေါ်တဲ့ ဆားရည်ကြည်ကလွဲပြီး ကျန်တဲ့အမျိုးအစား နှာခေါင်းအစက်ချဆေးတွေ ကလေးမှာ မသုံးသင့်ပါဘူး။ ဆရာဝန်ညွှန်ကြားချက်နဲ့ လိုအပ်တဲ့အခါ ရှိချင်ရှိပါမယ်။ ဒါပေမယ့် ဆရာဝန်ကတစ်ခါပေးဘူးလို့ဆိုပြီး ကိုယ့်သဘောနဲ့ကိုယ် ဆက်သုံးနေတာမျိုးမလုပ်ရပါဘူး။

ဆာရည်ကြည်အစက်လေးနှာခေါင်းကိုထည့်ပေးရတာက အန္တရာယ်မရှိပါဘူး။ ကလေးနှာခေါင်းပိတ်လို့ အနေရခက်နေရင် လိုရင်လိုသလိုထည့်ပေးလို့ရပါတယ်။ ဆေးဘူးလေးရဲ့ထိပ်ကလေးကိုလှည့်ဖွင့်ပြီးသွားရင် အဲဒီအပိတ်လေးကို အထက်အောက်ပြောင်းပြန်လှန်ပြီး အပေါက်ကိုပြန်ပိတ်လို့ရပါတယ်။ ဖွင့်ပြီးပြီဆိုရင်တော့ ၂၄ နာရီထက်ပိုမသုံးသင့်ပါဘူး။ကလေးငယ်ကလည်း ရုန်းကန်မှာပဲမို့ ထည့်ရမှာ မဝံ့မရဲဖြစ်ကြမှာပါပဲ။ စနစ်တကျ ဘယ်လိုလေးထည့်ပေးသင့်တယ်ဆိုတာ ပြောပြပေးပါမယ်။

၁။ အရင်ဆုံး ကလေးကို အမေရဲ့ပေါင်ပေါ်မှာ စောင်းလျက်အနေအထားနဲ့ ဦးခေါင်းကို လက်မောင်းပေါ်မှာတင်ထားပါ။
၂။ နှာခေါင်းပေါက်တစ်ဖက်ထဲကို ဆားရည်ကြည် ၂ စက်- ၃စက်ထည့်ပါ။
၃။ နှာခေါင်းထဲသို့ ဆားရည်ကြည်ဝင်စေရန် အချိန်ခဏစောင့်ပါ။
၄။ ပြီးရင် ပုံမှာပြထားတဲ့ လက်ညှစ်နှပ်စုပ်ဘောလုံးလေးနဲ့ဖြစ်ဖြစ်၊ ပါးစပ်ကနေစုပ်လို့ရတာလေးနဲ့ဖြစ်ဖြစ် စုပ်ထုတ်ပေးလို့ရပါတယ်။ လက်ညှစ်တာလေးကိုသုံးမယ်ဆိုရင် နှာခေါင်းထဲမထည့်ခင် ဘောလုံလေးကိုညှစ်ထားရပါမယ်။ ကလေးနှာခေါင်းပေါက်ထဲကို ထိပ်ဝလေးဝင်ပြီဆိုမှ ညှစ်ထားတာကိုလွှတ်ရပါမယ်။ ပစ္စည်းလေးတွေကို သုံးပြီးရင် သေချာပြန်ဆေးကြောရပါမယ်။
၅။ နောက်ထပ်နှာခေါင်းပေါက်တစ်ဖက်ကို အမှတ်စဉ် ၂ မှာပြောထားတာကနေစပြီးပြန်လုပ်ပါမယ်။

ဒီလိုနည်းအားဖြင့် ကလေးနို့မစို့ခင် မအိပ်ခင်အချိန်လေးများမှာ လုပ်ပေးမယ်ဆိုရင် ကလေးနေရတာသက်သာပါလိမ့်မယ်။

အိမ်မှာနေရင်းလုပ်ပေးနိုင်တာလေးတွေကတော့ မိခင်နို့ကိုသေချာဝင်အောင်တိုက်ဖို့ပါပဲ။
ကလေးရဲ့ခေါင်းကို အနည်းငယ်မြှင့်ထားပေးလို့ရပါတယ်။ ကလေးက အဲကွန်းခန်းမှာအနေများတယ်ဆိုရင် ပတ်ဝန်းကျင်လေထုစိုထိုင်းဆနည်းနေတတ်ပါတယ်။ Cool mist humidifier လေးဖွင့်ပေးလို့ရပါတယ်။ အခန်းစိုထိုင်းဆကို တိုင်းပေးတဲ့ကိရိယာလေးပါ ဆောင်ထားရင်တော့ ပိုတိကျမှာပါ။
မုန်ညှင်းဆီလေး လူးပေးလို့ရပါတယ်။
ရေနွေးနွေးဆွတ်ထားတဲ့အဝတ်လေးနဲ့ နှာခေါင်းနဲ့ မျက်နှာကို သန့်ရှင်းရေးလုပ်ပေးပါ။

ကလေးမှာ သတိထားရမယ့် အရေးပေါ်လက္ခဏာတွေကတော့ ခါတိုင်းထက် အသက်ရှူမြန်တာ၊ ကလေးမှိန်းတာ၊ နို့မစို့တာ၊ ဆီးသွားနည်းတာ၊ ပြာသွားတာ၊ တက်သွားတာပါ။ ဒါတွေရှိရင်တော့ ဆေးရုံကို အမြန်ရောက်အောင်သွားရပါမယ်။

သာမန်အအေးမိနှာစေးနှာပိတ်တာက ၂ ပတ်လောက်ကြာရင် ပျောက်လေ့ရှိပါတယ်။ ၃ ပတ်ထက်ပိုကြာလာတယ်။ ကလေးကပိုဆိုးလာတယ်ထင်ရင်လည်း ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်

မိဘတိုင်း ကျန်းမာပျော်ရွှင်သောရင်သွေးငယ်လေးများကိုပျိုးထောင်ပေးနိုင်ကြပါစေ.......


#ဒေါက်တာအိ_ကလေးကျန်းမာ
#နှာခေါင်းပိတ်ခြင်း

Photos from Cutties Baby's post 23/01/2021

မေမေတို့အတွက်
ဗဟုသုတ အဖြစ်ပြန်မျှဝေလိုက်ပါတယ်

Photos credit ❤❤❤

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
11051