Fitness by Ko Pyae
Weight Loss/Gain,Fat loss,Muscle Gain,Nutrition Plan&Healthy Lifestyle အတွက် Personal Trainerငှားလိုသူများ,OnlineမှTrainလိုသူများ,Programeဝယ်လိုသူများ စုံစမ်းမေးမြန်းနိုင်ပါတယ်။
22/05/2024
ကဆုန်လပြည့်ရက်မြတ်များ
၁။ဗျာဒိတ်ခံယူသောနေ့-လေးအသင်္ချေကမ္ဘာအစ ကဆုန်လပြည့်နေ့၊
၂။ဘုရားဖွားမြင်သောနေ့-မဟာသက္ကရာဇ်(၆၈)ခု ကဆုန်လပြည့်(သောကြာ)နေ့ ။ဘီစီ(၆၂၃)မေလ။
၃။ဘုရားဖြစ်သည့်နေ့-မဟာသက္ကရာဇ်(၁၀၃)ခု ကဆုန်လပြည့်(ဗုဒ္ဓဟူး)နေ့။ ဘီစီ(၅၈၈)မေလ။
၄။ဗုဒ္ဓ၀င်အကျဉ်းဟောသောနေ့-မဟာသက္ကရာဇ်(၁၀၄)ခု ကဆုန်လပြည့်နေ့။ ဘီ(၅၈၇)မေလ။
၅။ပရိနိဗ္ဗာန်စံသောနေ့-မဟာသက္ကရာဇ်(၁၄၈)ခု ကဆုန်လပြည့်(အင်္ဂါ)နေ့။ ဘီစီ(၅၄၃)မေလ။
-ဗုဒ္ဓနေ့(ကဆုန်လပြည့်)အကြောင်းသိကောင်းစရာများ
၁။ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာ၀င်တို့၏ နေ့ထူးရက်မြတ်ကြီးဖြစ်ပါသည်။ ထူးခြားချက်မှာ(ဗျာဒိတ်,ဖွားမြင်,ဗောဓီပင်,စံ၀င်နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ သုံးလောကထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့် ပတ်သက်၍
*ဗျာဒိတ်ခံသောနေ့၊
*ဖွားမြင်သောနေ့၊
*ဘုရားဖြစ်တော်မူသောနေ့၊
*ပရိနိဗ္ဗာန်စံသောနေ့၊ စသည့်
ထူးခြားချက်လေးမျိုးတို့နှင့် တိုက်ဆိုင်နေပါသည်။ ထိုထူးခြားချက်လေးမျိုးနှင့် ပြည့်စုံတော်မူသောကြောင့် “ကဆုန်လပြည့်နေ့”ဟု အမွှန်းတင်ခေါ်ဆိုကြပါသည်။
၂။ဤကဆုန်လပြည့်နေ့တွင် မာန်နတ်ကိုအောင်မြင်တော်မူသောကြောင့် ဤနေ့ရက်ကို “ကဆုန်လပြည့်မာန်အောင်နေ့”အဖြစ်စိတ်အစဉ်တွင် စွဲမြဲနေကြသည်။
၃။ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွာတော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍ ကဆုန်လပြည့်နေ့ကို “ဝိဆစ်ဒေး”ဟုခေါ်ဆ်ုကြပါသည်။(ဝိသာခါဒေးဟုဆိုလိုပါသည်။)
၄။ဗုဒ္ဓဘာသာ၀င်တို့သည် ဘုရားဖြစ်သော နေထူးနေ့မြတ်ကိုအာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရဘောဂစေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းလေ့ရှိကြပါသည်။
၅။ဗောဓိပင်သည် သဗ္ဗညုတဥာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွာဖက်တော်၇ပါးတွင် စာရင်း၀င်ဖြစ်ခြင်းတု့ကြောင့် ထူးခြားသောသစ်ပင်တစ်မျိုးဖြစ်ပါသည်။
ထိုသို့မြတ်စွာဘုရားနှင့် တိုက်ရိုက်ဆက်စပ်၍ ဗောဓိပင်၌ရေသွန်းလောင်းခြင်း အစဉ်အလာကို ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။
၆။မိမိတို့နိုင်ငံ ၁၂ရာသီပွဲတော်များအနက် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာသတ်မှတ်ခဲ့ကြပါသည်။
၇။အသနဗောဓိယမထေရ် အလောင်းသည် တိဿဘုရားရှင်၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသောကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ အပါယ်ဘေးမှကင်းရခြင်း အကျိုးများကိုခံစားရကြောင်း(ထေရာပဒါန်)ကျန်း၌ ဟောကြားထားရှိပါသည်။
၈။ဂန္ဓောဒကတိဿ မထေရ်၏အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံသာရည်ဖြင့်သွန်းလောင်းသော ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊ သောကကင်းဝေးခြင်းစသော အကျိုးများကိုခံစားရပါသည်။
၉။အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာ၀င် သူတော်စင်များအနေဖြင့် နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း၊ ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို အနေကဇာတင် ဗုဒ္ဓဘိသေက မင်္ဂလာသဘင်ဆင်ယင်ကျင်းပ၍ ကုသိုလ်ထူးကို ဆည်းပူးလေ့ရှိကြပါသည်။ ကျောင်းကန်ဘုရားသို့သွား၍ ဒါန၊သီလ၊ဘာ၀နာအမှုကို ပြုလုပ်ကာ ကဆုန်လပြည့်ဗုဒ္ဓနေ့ကို အမှတ်တရဆင်နွဲ့ကြပါသည်။
by Ko Pyae
15/05/2024
ရက်(၃၀)နဲ့ အနည်းဆုံး၁၀ပေါင်ချမယ်။
တနေ့တာစားသုံးရမဲ့ Meal planများကိုနေ့တိုင်းပြောပြပေးမှာဖြစ်ပါတယ်။
အလေးမလေ့ကျင့်ခန်းများ၊ကာဒီယိုလေ့ကျင့်ခန်းများ၊အကျောလျော့လေ့ကျင့်ခန်းများ၊ဝမ်းဗိုက်ကြွက်သားအတွက်လေ့ကျင့်ခန်းများ၊တင်အတွက်လေ့ကျင့်ခန်းများပါဝင်ပါမည်။
တနေ့တာဆော့ကစားရမဲ့ Videoများကို ည၉ထဲကကြိုတင်ပြီး တင်ပေးထားပါဖြစ်ပါတယ်ဗျ။Videoနဲ့ဆော့ကစားရမှာဖြစ်တဲ့အတွက် မိမိအားလပ်တဲ့အချိန် အလွယ်တကူဆော့ကစားလို့ရအောင် Videoများကို စနစ်တကျပြုလုပ်ပေးထားပါတယ်ဗျ။ဒါ့အပြင် တပတ်တခါ Face to faceဆွေးနွေးပေးမှာဖြစ်ပါတယ်။
လူဦးရေကန့်သတ်ထားသည်ဖြစ်တဲ့အတွက် အမြန်ဆုံးအပ်နှံလိုက်ကြပါစို့။
သင်တန်းကြေးကတော့-၁သိန်းကျပ်ဖြစ်ပါတယ်။
စတင်မည့်ရက်-(3.6.2024(တနလာ်နေ့))
သင်ကြားမည့်ပုံစံ-Facebook Private Groupဖြင့်သင်ကြားပေးပါမည်။
မှတ်ချက်။.။အမှန်တကယ်ပြောင်းလဲလိုသူများ၊အစားသောက်သေချာလိုက်လုပ်သူများသာJoinရန်။
by Ko Pyae
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Yangon
11071