Voice of Rangoon
20/03/2022
"INVEST-91B ဟာ မုန်တိုင်းအဆင့် ရောက်လာပြီးတဲ့နောက် ၂၁ ရက် ည သန်းခေါင်ကျော်မှာ ကုန်းတွင်းကို မော်တင်စွန်းအနီးမှကပ်ပြီး ဖြတ်ကျော်ဝင်ရောက်နိုင်မယ်" ဆိုတဲ့ ECMWF ခန့်မှန်းချက်ကတော့ ခုချိန်အထိ ပြောင်းလဲခြင်း မရှိသေးပါ။
အခု ပုံတွေမှာတော့ မုန်တိုင်းရဲ့ ညာဘက်ခြမ်းက ပိုမိုပြင်းထန်တဲ့အား(850 mb height & wind လေတိုက်နှုန်း)ကို မြင်စေချင်တာဖြစ်ပါတယ်။ ပုံရဲ့ ညာဘက်ခြမ်းမှာ အညွှန်းဇယား တွေ့ရပါမယ်။ ပုံပါအချိန်တွေက မြန်မာစံတော်ချိန်ဖြစ်ပါတယ်။
ပုံတွေမှာ မတ်လ ၂၁ ရက် နံနက် ၃ နာရီခွဲမှ မတ်လ ၂၂ ရက် ညနေ ၃နာရီခွဲအထိကာလအတွင်း မြောက်ဘက်ကို တောက်လျှောက်တိုက်သွားနိုင်တဲ့ လေတိုက်နှုန်းပြ အစိမ်းရောင်ဧရိယာနဲ့ဒေသတွေ(ကိုယ့်ဘာသာကိုယ် ခန့်မှန်းကြည့်ပါ) အထူး သတိထားကြရမှာ ဖြစ်ပါတယ်။
မိတ်ဆွေတချို့ဆီက ရတဲ့ သတင်းတွေအရတော့ ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းနီးရေလုပ်ငန်းလုပ်ကွက်ပင်လယ်ပြင်မှာ ဒီနေ့မနက်ပိုင်းမှာ လေ စ ကြမ်းနေပြီလို့ သိရပါတယ်။
လျှော့မတွက်စေချင်ပါ၊ နာဂစ်တုန်းက လဲ ခန့်မှန်းချက်ကို ရနေ/တွေ့နေရပေမဲ့ ကျနော်ကိုယ်တိုင်က(ပထမဆုံး မုန်တိုင်းကြီးကို ကြုံဖူးတာကြောင့်) မယုံတဝက် ယုံတဝက်ဖြစ်ခဲ့ပြီး လျှော့တွက်ခဲ့မိကြပါတယ်။
07/02/2022
3 ပတ်ခန့် အတွင်း အိုမီခရွန် တနိုင်ငံလုံး ပျံ့နှံ့မှုကြီးနိုင်ကြောင်း ကျန်းမာရေးပညာရှင်အချို့နှင့် ဆရာဝန်ကြီးများ သတိပေး
……………………………………………………
ကိုဗစ်ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ပျံ့နှံ့မှုကြီးမားပြီး မြန်မာနိုင်ငံမှာ ၃ ပတ်အတွင်းပြန့်နှံ့လာနိုင်ပြီးး အရင်လိုလော့ဒေါင်းတွေ ထပ်ချကောင်းချရနိုင်တယ်လို့ ဆရာဝန်ကြီးတချို့က မှတ်ချက်ပေးပါတယ်။
ရန်ကုန်မြို့ပေါ်က ပန်းလှိုင်ဆေးရုံနဲ့ အာရှတော်ဝင်ဆေးရုံတို့မှာ ကိုဗစ်လူနာတွေကပြည့်နေပြီး အိုမီခရွန် ကူးစက်မှုနှုန်းများပြားနေတယ်လို့ ရန်ကုန်မြို့နေ အထွေထွေရောဂါကုဆရာဝန်တစ်ဦးကပြောပါတယ်။
‘လွန်ခဲ့တဲ့ နှစ်ပတ်ကက ခရီးသွားပြန်လာတဲ့သူတွေအတော် များများနှာစေးချောင်းဆိုး-ဖျားတာ ဖြစ်တယ်’လို့ သူက ပြောပါတယ်။
လက်ရှိမှာ တာမွေမြို့နယ်အတွင်း ကိုဗစ်ကူးစက်မှုအဖြစ်များနေတယ်လို့လည်း သိရပါတယ်။
‘အခုက လူငယ်တွေအဖြစ်များနေတာ။လူကြီးတွေသိပ်မကူးသေးဘူး။သေတဲ့နှုန်းကတော့ အခုမှ စတာမို့ ’လို့ အထွေထွေရောဂါကုဆရာဝန်ကပြောပါတယ်။
ဖေဖေါ်ဝါရီ ၃ ရက်နေ့ ည ၈ နာရီ ကနေ ဖေဖေါ်ဝါရီ ၄ ရက်နေ့ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၃,၈၂၅) ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၁၉) ဦး တွေ့ရှိခဲ့ကြောင်း။
ဒါ့ကြောင့် ဒီနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၄၆၉,၇၂၄) ခုကို စစ်ဆေးခဲ့ပြီး အတည်ပြုလူနာပေါင်း (၅၃၇,၂၂၃) ဦး ရှိပြီဖြစ်ကြောင်း ဖေဖေါ်ဝါရီ ၄ ရက်နေ့မှာ ကိုဗစ်ရောဂါနဲ့ ထပ်မံသေဆုံးသူ မရှိ တဲ့အတွက် ဒီနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၃၁၀) ဦးရှိကြောင်း ကျကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#အိုမီခရွန်
Credit
24/11/2021
သက်တမ်း(၁၀၅)နှစ် ရှိပြီဖြစ်တဲ့ 𝗛𝘂𝗮 𝗟𝗮𝗺𝗽𝗵𝗼𝗻𝗴 ဘူတာကြီး
ဒီဇင်ဘာလတွင် အပြီးပိတ်သိမ်းတော့မည်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ 𝗛𝘂𝗮 𝗟𝗮𝗺𝗽𝗵𝗼𝗻𝗴 ဘူတာကြီးကို လာမယ့် ဒီဇင်ဘာလမှာ အပြီးအတိုင်ပိတ်သိမ်းပြီး ရထားခရီးစဉ်အားလုံးကို ဘန်ဆူး ဘာတာရုံအသစ်ကြီးမှာ ပြောင်းလဲပြေးဆွဲတော့မယ်လို့ ထိုင်းသယ်ယူပို့ဆောင်ရေး ဝန်ကြီးက ပြောကြားလိုက်ပါတယ်။
𝗛𝘂𝗮 𝗟𝗮𝗺𝗽𝗵𝗼𝗻𝗴 ဘူတာရုံကြီးကို ၁၉၁၀ ခုနှစ် ချူလာလောင်ကွန်း ဘုရင်မင်းမြတ် လက်ထက်တွင် ခြောက်နှစ်ကြာ ဆောက်လုပ်ခဲ့ပြီး ၁၉၁၆ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့တဲ့အတွက် ဒီဘူတာကြီးရဲ့ သက်တမ်းဟာ (၁၀၅)နှစ်ရှိခဲံပြီဖြစ်ပါတယ်။
ဒီဘူတာကြီးကနေ ထိုင်နိုင်ငံနေရာအနှံံ့အပြား ခရီးသည်များ နှင့် ကုန်ပစ္စည်းများ ပို့ဆောင်ပေးနေခဲ့တာဖြစ်ပြီး ရထားဖြင့်ခရီးသွားရတာကြိုက်နှစ်သက်သူများ၊ ဘတ်ဂျက်ခရီးသွားများအတွက် လွယ်ကူအဆင်ပြေစေခဲ့တဲ့ ဘူတာရုံကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။
Photo - The Standard
#ဘန်ကောက်လမ်းညွှန်ကိုစိုင်း #𝗛𝘂𝗮𝗟𝗮𝗺𝗽𝗵𝗼𝗻𝗴𝗦𝘁𝗮𝘁𝗶𝗼𝗻
Click here to claim your Sponsored Listing.
Category
Website
Address
Yangon