Kuro
11/04/2025
Mercedes S500 2015 W222
KURO CAR Auto parts တွင်ကားအပိုပစ္စည်းများကိုဈေးနှုန်းချိုသာစွာဖြင့်ဝယ်ယူရရှိနိုင်ပါသည်။
ကားအပိုပစ္စည်းအမျိုးမျိူးနှင့်အခြားအပိုပစ္စည်းအမျိုးမျိုး
အောက်ပိုင်းအပိုပစ္စည်းများ
body show အပိုပစ္စည်းအမျိုးမျိုးကိုအချိန်တို တွင်း ဆက်သွယ် မှာယူနိုင်ပါတယ်
Quality ပိုင်းအတွက်ဆိုစိတ်ချရပြီ Dubai ဆိုင်ခွဲတွင်း အဆင်သင့်ရှိ့သော အပို ပစ္စည်း များ
Europe
China
Germany
italy
China ကားအပို ပစ္စည်း များ.......
တိုက်ရိုက်ကုန်သည်မို့ဈေးများမှာလဲပူပန်စရာမလို။
Kuro Car Sales Centerမှစိတ်တိုင်းကျမှာယူနိုင်ပါသည်။
နယ့်မြို့များသို့ကားဂိတ်မှတဆင့်ပိုဆောင်ပေးပါသည်။
09-429098456 /09-258409080 သို့ဆက်သွယ်မှာယူနိုင်ပါသည်။
page & massage chat boxမှတဆင့်လဲဆက်သွယ်မှာယူနိုင်ပါတယ်
Kuro automobile Myanmar
06/03/2024
#မာယာများတဲ့မာလီဘူး
Chevrolet Malibu တွေ ရေပန်းစားလာတာနဲ့အညီ
ဝယ်ယူတဲ့အခါမှာလည်း ပါဝင်မှုတွေက Grade အလိုက်
ကွဲပြားနေတဲ့အပြင် Grade အမြင့်မှာကို ပိုစုံတဲ့ပါဝင်မှုတွေ
ရှိတဲ့အတွက် ဝယ်ယူတဲ့အခါမှာ ဈေးဘာကြောင့် Grade တူပြီးကွဲပြားရတာလဲဆိုတာ ကျွန်တော်သိသလောက် ပြောပြပါ့မယ်...
အကြမ်းအားဖြင့်
Malibu မှာ
2017-2018 မှာ
LS - Basic Grade
LT-Middle Grade
LTZ-High Grade
2019-2020
LS - Basic Grade
LT-Middle Grade
LTZအစား Premier လို့သုံးပါတယ်-High Grade
အဲ့တော့ 2018 မှာ LTZ ကအမြင့်ဆုံး
2019-2020 ကို LTZ ဆိုရင်မှားပါတယ်
Premier ပဲလာပါတယ်...ပရီမီယမ်လို့မှားခေါ်ကြတယ်...မဟုတ်ပါဘူး ပရီးမီးယားပါနော်....
LS မှာဘာတွေပါလဲ
စတီယာ ညာခလုတ်တစ်ခြမ်း ဒိုင်ခွက်Setting ချိန်ဖို့ပဲပါမယ်...အားနည်းချက်က TV ပါရဲ့နဲ့ TV မှာ Back Camera လ်ိုင်းမပါ၊ Back အတွက် TV တစ်လုံးပြန်ဆင်ရပါတယ်...
TV အသေးနဲ့ပဲလာပါတယ်... ထိုင်ခုံမော်တာမဖြစ်
Cruise Control မပါ ၊ Air Con လက်လှည့် အကြမ်းအားဖြင့်ဒါဆို LS
မာယာများတဲ့ LT
ဘာလို့ အဲ့လိုပြောရလဲဆိုရင် LT က Malibu မှာနည်းနည်းရှုပ်ထွေးတယ် ပုံသေပြောမရ...တစ်ခါတလေ LTZ မှာ မပါတဲ့ခလုတ်တွေက သူ့မှာပါနေတတ်တယ်...
LT ဖြစ်ပြီဆိုရင် Air Con အများအားဖြင့် Korea အလုံးတွေမှာ Dual Temperature နဲ့ Digital ဖြစ်ပါပြီ၊ TV ကတော့ အသေးကော အကြီးကောလာတတိပါတယ်..ချွင်းချက်အနေနဲ့ US အလုံးတွေမှာ Air Con လက်လှည့်လာတတ်ပါတယ်... Korea LT တွေကတော့ ရှေ့ထိုင်ခုံ ၂ လုံး မော်တာဖြစ်ပြီး US ကတော့ မောင်းသူခုံပဲဖြစ်ပါတယ်။
Back Camera မျဉ်းကွေးပါဝင်လာပါပြီ၊ စတီယာရင် ခလုတ် ၂ ဖက်ပါဝင်ပြီး Cruise ပါဝင်ပါတယ်...
တစ်ဖက်နိုင်ငံ User order အရ LT ကို Auto Parking,Bose Speaker,Blind Spot စတာတွေလည်း စုံလင်စွာနဲ့ LTZ,Premier လိုမျိုးပါဝင်တတ်ပါတယ်...
LTကို အစုံပါရဲ့နဲ့ LTZ,Premier လို့ခေါ်မရဘူးလားမရပါဘူး
အတွင်းခန်းကျွန်းကွက်တွေက LT မှာထည့်မပေးတဲ့အတွက်မရတာပါ။ LT အကြောင်း အကြမ်းခွဲရပြီဆိုရင်
LTZ,Premier ကိုရှင်းပြပါ့မယ်
သူကတော့ Malibu ရဲ့ အမြင့်ဆုံး Grade ပဲဖြစ်ပါတယ်။
အတွင်းခန်းက ပြထားတဲ့ပုံထဲကလို ကျွန်းကွက်လေးတွေပါဝင်ပါတယ်။ ဖင်မှာ LTZ စာလုံးက ဖြုတ်ခိုးခံရရင်တောင် ဒီကျွန်းလေးကြည့်ပြီးသိနိုင်ပါတယ်...နောက်ပြီး ဒိုင်ခွက်က Indicator LCD Display က Colour စုံ Screen နဲ့ LTZ,Premier ကို သုံးပေးထားပါတယ်...ချွင်းချက် တစ်ချို့ LT မှာလည်း ဒီဒိုင်ခွက်ပါတာရှိပါတယ်...
Grade တွေအကြောင်းအကြမ်းသိပြီဆိုတော့
LTZ,Premier ချင်းတူတူ ဘာကြောင့် ဈေးကွာတာလဲရှင်းပြပါ့မယ်...
တစ်ချို့ LTZ,Premier တွေက
အခြေခံပါဝင်နေကျ
Air Con Digital
Steering Control Cruise ဒီလောက်ပဲပါတယ်...
စျေးGradeတူချင်းပိုပေးရတဲ့ ပါဝင်မှုတွေက
ကျွန်တော်ပြထားတဲ့ ပုံထဲက
Auto Parking ပါကင်မထိုးတတ်သူတွေအတွက် ထိုးပေးတဲ့စနစ်
Rader Cruise ရှေ့ကားအရှိန်အတိုင်းလိုက်ပေးပြီး တိုက်မိခါနီး Auto အရှိန်လျော့ပေးတဲ့စနစ်
Lane Assist Keeping လမ်းစည်းချော်ပြီး စောင်းသွားရင် အလိုအလျောက်ပြန်တည့်ပေးတဲ့စနစ်
Blind Spot မျက်ကွယ်က ကား(သို့)ဆိုင်ကယ်ရှိလျှင် အချက်ပေးစနစ်
Bose Speaker ပုံမှန်နဲ့မတူဘဲ သီချင်းနားထောင်ကောင်းတဲ့ Bose Sound System ပတ်လည်ထည့်ပေးတဲ့စနစ်
ဒီလိုအစုံပါတဲ့ကားမျိုးတွေက Grade တူချင်းတောင် ဈေးပိုပေးရပါတယ်...
LTZ,Premier တိုင်း စံနှုန်း တစ်ခုအတိုင်း အစုံမထည့်ပေးထားတော့ ဝယ်ယူတဲ့အခါ ဒီအရာတွေပါဝင်နေတဲ့ကားက
ဈေးပိုပေးရတာဖြစ်ပါတယ်...
LTZ , Premierချင်းတူတူကို ဈေးကဘာလို့ကွာလဲဆိုတာ အဖြေကဒါပါပဲ
အားလုံးလည်း ဒါလေးကြည့်ပြီး Malibu ဝယ်တဲ့အခါ အထောက်အပံ့ဖြစ်ရင် ဝမ်းသာပါပြီ
Crd #မောင်ဂျစ်တူး
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Thingangyun PyiHtaungsu Street No. (23)
Yangon