Perfexy

Perfexy

Share

04/07/2023

#ဆီးဖြူသီးကို ဘာကြောင့် စားပေးသင့်တာလဲ (သို့) ဆီးဖြူသီး စားခြင်းဖြင့် ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးများ
~~~~~
- Indian Gooseberry လို့ ခေါ်ကြတဲ့ ဆီးဖြူသီးဟာ အပူပိုင်းဒေသမှာ ပေါက်ရောက်တတ်တဲ့ အသီးတစ်မျိုးပါ။ ချဉ်တင်တင်၊ ဖန်တန်တန် အရသာရှိပြီး ဆီးဖြူသီးစားပြီးရင် ရေလေးတစ်ခွက်သောက်လိုက်ရင် ပါးစပ်ထဲမှာ ချိုပြီးတော့ ကျန်နေခဲ့တယ်လို့ လူသိများကြပါတယ်။ တကယ်တော့ ဆီးဖြူသီးဟာ ဗိုက်တာမင်၊ ကယ်လ်ဆီယမ်နဲ့ သံဓာတ်တေွ အများကြီး ပါဝင်တဲ့ အသီးအနှံတစ်မျိုးပါ။ ဆီးဖြူသီးကို သုတ်စား၊ ထောင်းစားကြသလို သွားရည်စာအဖြစ်လည်း စားသုံးကြပါတယ်။ ဒါအပြင် ဆီးဖြူသီးစားပေးခြင်းဖြင့် ကျန်းမာရေးအတွက်သာမက အလှအပရေးရာအတွက်ပါ အကျိုးရှိစေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဆီးဖြူသီးကို စားသုံးခြင်းဖြင့် ဘယ်လိုကောင်းကျိုးတေွ ရနိုင်သလဲဆိုတာကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။

၁။ ကျန်းမာရေးကို ကောင်းမွန်စေတယ်
---------------------------------------------------

ဆီးဖြူသီးကို ပုံမှန် စားပေးမယ်ဆိုရင် ဝိတ်ကျ စေနိုင်ပါတယ်။ ဒါအပြင် ဝမ်းချုပ်ရောဂါကိုလည်း ပျောက်ကင်းသက်သာစေပါတယ်။ လည်ချောင်းထဲက ချှဲသလိပ်တေွကို ရှင်းလင်းပေးနိုင်သလို လည်ချောင်းနာ ရောဂါကိုလည်း သက်သာစေနိုင်ပါတယ်။ နောက်တစ်ခုကတော့ ဆီးဖြူသီးဟာ အပူငြိမ်းစေတဲ့အတွက် သေွးသားကိုလည်း သန့်စင်စေနိုင်ပါတယ်။

၂။ အသားအရေ ထိန်းသိမ်းရေးအတွက်လည်း အကျိုးရှိတယ်
-------------------------------------------------------------------

ဆီးဖြူသီး စားပေးခြင်းက သေွးသားကို သန့်စင်စေနိုင်တဲ့အတွက် အရေပြားအပေါ်ယံအလွှာက အရေပြားဆဲလ်သေတေွကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ဆဲလ်သေ၊ ဆဲလ်ဟောင်းတေွကို ဖယ်ရှားပြီးရင် သန့်စင်တဲ့ ဆဲလ်သစ်တေွကိုလည်း ဖြစ်ပေါ်လာစေပါတယ်။ ဆီးဖြူသီးထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်တေွဟာ အရေပြားနေလောင်ဒဏ်မှလည်း ကာကွယ်ပေးနိုင်ပြီး အသားအရေကို မူလအတိုင်း ပြန်လည်ဖြူဝင်းလာစေနိုင်ပါတယ်။ ဆီးဖြူသီးရဲ့ ကောင်းကျိုး နောက်တစ်ခုကတော့ အရေပြား အိုမင်းရင့်ရော်ခြင်းကို နေှးကေွးစေနိုင်တာပါပဲ။ ဒါအပြင် ဟော်မုန်း ပြောင်းလဲမှုကြောင့် ဝက်ခြံအပေါက်များတဲ့ သူတေွဆိုရင်လည်း ဆီးဖြူသီးစားပေးရင် ဝက်ခြံကင်းစင်လာစေနိုင်မှာပါ။

၃။ ကိုယ်ခံအားလည်း ကောင်းမွန်စေတယ်
-------------------------------------------------

ခန္ဓာကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ ကူးစက်ရောဂါပိုးတေွနဲ့ ဗိုင်းရပ်စ်ပိုးမွှားတေွကို တိုက်ဖျက်ရာမှာ အရေးပါတာကတော့ ကိုယ်ခံအားစနစ်ပါ။ အဲဒီကိုယ်ခံအားစနစ် ကောင်းမွန်စေဖို့အတွက် ဆီးဖြူသီးက ကူညီပေးနိုင်ပါတယ်။ ဒါအပြင် ဆီးဖြူသီးကို ဖျော်ရည်လုပ်ပြီးတော့ ရံဖန်ရံခါ သောက်သုံးပေးမယ်ဆိုရင်လည်း စိတ်ဖိစီးမှုတေွကို လျော့ပါးသက်သာစေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဆီးဖြူသီးဖျော်ရည်က အစာခြေစနစ် ပိုမိုကောင်းမွန်အောင်လည်း ကူညီပေးနိုင်ပါသေးတယ်။ နောက်တစ်ခုကတော့ ဆီးဖြူသီးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာရှင်တေွနဲ့လည်း တည့်ပါတယ်။

၄။ ဆံသားကိုလည်း လှပစေတယ်
---------------------------------------

ပိုးသားလေးလို လှပချောမေွ့တဲ့ ဆံကေသာလေးကို မနှစ်သက်တဲ့လူ မရှိပါဘူး။ ဆံသားကျန်းမာရေးအတွက် ဆီးဖြူသီးရဲ့ ကောင်းကျိုးတေွ အများကြီးရှိပါတယ်။ ဆီးဖြူသီးနဲ့ ပြုလုပ်ထားတဲ့ အဆီဟာ ဆံပင်လေးတေွကို အမြစ်ကနေ အရင်းထိ သန်စွမ်းစေပါတယ်။ နောက်ပြီးတော့ ဆံသားလေးတေွပေါ်မှာ ကပ်ညိနေတဲ့ ဗောက်ဖြူဖြူလေးတေွကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါအပြင် ဆံပင်ဖြူတဲ့ ပုဂ္ဂိုလ်တေွရှိရင်လည်း ဆီးဖြူသီးအဆီကို လိမ်းပေးမယ်ဆိုရင် အရင်အတိုင်း ဆံသားလေးတေွကို တဖြည်းဖြည်းနဲ့ ပြန်လည်မဲနက်လာစေမှာပါ။

04/07/2023

ရေဝါးရွက်က အသားအရေ ကျန်းမာစေသလား!

ရေဝါးရွက် ဆိုတာကို ဆီးချို နဲ့ သွေးတိုးအတွက် အသုံးပြုကြတဲ့ ဆေးပင် တစ်မျိုးလို့ တော်တော်များများက သိထားကြပေမယ့် အသားအရေ ကျန်းမာရေးကိုလည်း ထောက်ကူပေးနိုင်တယ်ဆိုတာကိုတော့ သိသူက နည်းပါတယ်။ ဒီတစ်ခေါက်တော့ ရေဝါးရွက်က အသားအရေ ကျန်းမာစေဖို့ ဘယ်လို ထောက်ကူပေးသလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ကဲ …… ရေဝါးရွက်က အသားအရေ ကျန်းမာရေးစေသလား ဆိုတာ အတူတူကြည့်လိုက်ရအောင်နော်။

ရေဝါးရွက် ဆိုတာ
ရေဝါးရွက် ဆိုတာက ရေဝါးပင်ရဲ့ အရွက်ပါ။ ရေဝါးပင်ဆိုတာက နွယ်ပင်တစ်မျိုးပါ။ အပင်က အပေါ်ကို နွယ်တက်တာမျိုး မဟုတ်ဘဲ လိုက်ကာလေးလိုမျိုး အောက်ဘက်ကို နွယ်ဆင်းတာပါ။ အရွက်က ခရမ်းရောင်ကနေ အနီရောင်ရှိပါတယ်။ အရွက်လေးတွေက ထိပ်ပိုင်းမှာ ချွန်ချွန်လေးပါ။ ရိုးတံနဲ့ အရွက်လေးတွေမှာ အမွေးပါးလေးတွေ ဖုံးနေပါတယ်။

ရေဝါးရွက်က အသားအရေ ကျန်းမာစေသလား
ရေဝါးရွက်က အသားအရေ ကျန်းမာရေးစေသလား ဆိုတော့ ရေဝါးရွက်က အသားအရေကို အခုလို ကျန်းမာစေနိုင်ပါတယ်။

အသားအရေကို ရေဓာတ်ဖြည့်ပေးတယ်
ရေဓာတ် ကြွယ်ဝတဲ့ ရေဝါးရွက်က အသားအရေကို ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် အရေပြား ခြောက်သွေ့တာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရေပြားမှာ ပုံမှန်လေး လိမ်းပေးတာက အသားအရေကို ကျန်းမာစေပြီး အစိုဓာတ် ထိန်းပေးနိုင်မှာပါ။

အရေပြား ခြောက်သွေ့မှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။ အရေပြားမှာ လိမ်းမယ်ဆိုရင်တော့ ဓာတ်တည့်မှု ရှိ၊ မရှိ အရင်စမ်းသပ်သင့်ပါတယ်။

အသားအရေ ကြည်လင်စေတယ်

ဆက်လက်ဖတ်ရှုမည်။

ရေဝါးရွက်ရဲ့ နောက်ထပ် အာနိသင် တစ်ခုက သွေးတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာပါ။ သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သွေးသန့်စေမှုက အသားအရေ ကြည်လင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဆားဝက်ခြံ သက်သာစေတယ်
မျက်နှာ အထူးသဖြင့် နှာခေါင်းနဲ့ နှာခေါင်းတဝိုက်က ဆားဝက်ခြံတွေ သက်သာစေဖို့ဆိုရင် ရေဝါးရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ရေဝါးရွက်ကို ကြိတ်ပြီး မျက်နှာပေါ်က ဆားဝက်ခြံတွေမှာ အသုံးပြုပေးလို့ ရပါတယ်။

အရေပြား ပြဿနာ ကင်းစေတယ်
အရေပြားမှာ ဖြစ်တတ်တဲ့ ပွေး၊ ဝဲ၊ ညှင်းတို့လိုမျိုး အရေပြားပြဿနာတွေ ကင်းစေဖို့နဲ့ သက်သာစေဖို့ဆိုရင်လည်း ရေဝါးရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ အရေပြားပြဿနာ အမျိုးမျိုးကို သက်သာစေဖို့အတွက် အသုံးပြုပေးလို့ရတဲ့ သဘာဝ အပင်တစ်မျိုးပါ။

အရောင်ကျစေနိုင်တယ်
ရေဝါးရွက်က ဝက်ခြံကြောင့် အရေပြားတွေကို ရောင်ရမ်းတာကို သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။ ဝက်ခြံတွေကြောင့် နီမြန်းရောင်ရမ်းနေရင် ရေဝါးရွက်ကို ကြိတ်ပြီး အုံပေးလို့ ရပါတယ်။

ဝက်ခြံ သက်သာစေတယ်
ရေဝါးရွက်ကို ပြုတ်ပြီးရလာတဲ့ အရည်ကို ဖြစ်ဖြစ်၊ ရေစင်အောင်ဆေးပြီး ကြိတ်ထားတဲ့ အနှစ်ကိုဖြစ်ဖြစ် ဝက်ခြံ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့ ရပါတယ်။

အရေးအကြောင်းတွေကို သက်သာစေတယ်
ရေဝါးရွက်က ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝပြီး အရေပြားကို အရေးအကြောင်းတွေ မဖြစ်အောင် ကာကွယ်ပေးသလို အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

အသားအရောင် ညီစေတယ်
ရေဝါးရွက်ရဲ့ နောက်ထပ် အာနိသင် တစ်ခုကတော့ အသားအရောင် မညီတာကို သက်သာစေတာပါ။ အသားအရောင် ညီစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဝက်ခြံ အမာရွတ်တွေကို သက်သာစေတယ်
ရေဝါးရွက်မှာ ပါဝင်နေတဲ့ အာဟာရတွေက ဝက်ခြံကိုတင် သက်သာစေတာ မဟုတ်ပါဘူး။ ဝက်ခြံအမာရွတ်တွေကိုပါ သက်သာစေတာပါ။ ဝက်ခြံ အမာရွတ် သက်သာစေဖို့အတွက် အရေပြားမှာ တိုက်ရိုက် အသုံးပြုပေးလို့ ရပါတယ်။

သတိပြုရန်အချက်
ရေဝါးရွက်က အသားအရေကို ကျန်းမာစေတယ်ဆိုပေမယ့် ဘေးထွက်ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ ရေဝါးရွက်ကို ဒီအတိုင်းသုံးမယ်ဆိုရင် သန့်စင်ထားတာ မဟုတ်တဲ့အတွက် ဘေးထွက်ဆိုးကျိုး ရှိနိုင်တာကို သတိပြုသင့်ပါတယ်။ ဒါ့ပြင် အရင်တစ်ခေါက် သုံးပြီး ဓာတ်မတည့်ဖြစ်ဖူးသူတွေ၊ ထိခိုက်လွယ်အသားအရေရှိသူတွေအနေနဲ့ မသုံးသင့်ပါဘူး။ ရေဝါးရွက်ကို သုံးပြီး အထက်ပါ အရေပြားပြဿနာတွေ မသက်သာလာဘူး။ ပိုဆိုးလာတယ်ဆိုရင် အသုံးပြုတာကို ရပ်လိုက်ဖို့ လိုပါတယ်။

03/07/2023

ညဘက် အိပ်တဲ့အခါ ဆံပင်စည်း မအိပ်သင့်ပါဘူး။

====================

ဒီလိုပြောရတာက ဆံပင်ကို တင်းနေအောင် စည်းတာက ရေရှည်မှာ ဆိုးကျိုး များလို့ပါ။ နေ့ခင်းဘက်မှာ ကိုယ်တိုင်က ဆံပင်ချ ထားရတာကို မကြိုက်တာကြောင့်ဖြစ်ဖြစ်၊ အလုပ်ခွင် လိုအပ်ချက်ကြောင့်ဖြစ်ဖြစ် ဆံပင်ကို ခပ်တင်းတင်း စည်းနှောင်ထားတာက ဆံသား နဲ့ ဦးရေပြား ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

====================

ညအိပ်တဲ့အခါ ဆံပင်ကို ဖြန့်ချပြီး အိပ်တာက အသင့်တော်ဆုံးပါ။ ဆံပင်တွေကို လေဝင်လေထွက် ကောင်းစေသလို ဆံပင်ကျွတ်တာ၊ ဆံပင်အမြစ်တွေ ထိခိုက်တာ၊ ဦးရေပြား သွေးစီးဆင်းမှုကို ထိခိုက်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေး နိုင်တာကြောင့်ပါ။ ဆံပင်တွေ ကျိုးပျက်တာ၊ ပြတ်ထွက်တာတွေ မဖြစ်စေဖို့လည်း အထောက်အကူ ပေးနိုင်မှာပါ။

====================

ဆံပင်ကို ချပြီး မအိပ်ချင်ဘူးဆိုရင်တော့ ဆံပင်ကို ခပ်ဖွဖွလေး စည်းထားတာမျိုး၊ ကျစ်ဆံမြီး ကျစ်အိပ်တာမျိုး လုပ်ပေးလို့ ရပါတယ်။ ဆံပင်ကို စည်းတယ်ဆိုတဲ့ နေရာမှာလည်း သားရေကြိုးတွေ၊ သတ္တုကြိုးတွေနဲ့ စည်းမယ့်အစား အဝတ်စထဲမှာ သားရေကြိုး ခပ်ပျော့ပျော့လေး ထည့်လုပ်ထားတာမျိုး နဲ့ စည်းပေးပါ။ အပွင့်အခက်တွေ၊ ကျောက်တွေ ကပ်ထားတာမျိုး မဟုတ်ဘဲ ရှင်းရှင်းလေး ဖြစ်တာမျိုး နဲ့ ခပ်လျော့လျော့လေး စည်းပေးပါ။

====================

နောက်ဆုံး သတိထားရမှာ တစ်ချက်က ညအိပ်ရာမဝင်ခင်မှာ ဆံပင်ကို အာဟာရ ဖြည့်ပေးနိုင်မယ့် အဆီတစ်မျိုးမျိုးကို ခပ်ပါးပါးလိမ်းလို့ ဆံပင်ကို သေချာလေး ဖြီးသင် ပေးဖို့ပါ။

====================

ဒီလိုလုပ်ပေးတာက ဆံသားကို ကျန်းမာစေနိုင်သလို ဦးရေပြားကိုလည်း သွေးစီးဆင်းရောက်ရှိမှု ကောင်းမွန်စေတာကြောင့် ဆံသားနဲ့ ဦးရေပြားပြဿနာတွေ ဖြစ်ကြတဲ့ ဆံပင်ကျွတ်တာ၊ ဆံပင်အရှည်နှေးတာ၊ ဆံပင်ပါးတာ၊ ဆံပင်ဖြူတာ၊ ဗောက်ထတာ လိုမျိုး ပြဿနာတွေကို ကင်းစေမှာပါ။

====================

ညအိပ်တဲ့အခါ ခန္ဓာကိုယ် သက်သောင့်သက်သာဖြစ်ပြီး ကောင်းမွန်စွာ အိပ်ပျော်စေဖို့ အဝတ်အစားကို ချည်သား ပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ရသလို ဆံသားကိုလည်း လေဝင်လေထွက် ကောင်းစေဖို့ ဖြန့်ထားတာ၊ ခပ်ဖွဖွလေး စည်းပေးတာ၊ ကျစ်ဆံမြီး ကျစ်တာတွေ လုပ်ပေးပါ။

====================

ဒါမှ ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်မှုကို ရရှိပြီး အသားအရေရော စိတ်ကျန်းမာ ကိုယ်ကျန်းမာမှာ ဖြစ်သလို ဆံသားလည်း ကျန်းမာ လှပမှာပါ။

18/08/2021

ကိုဗစ်ကနေ ပြန်လည်ကျန်းမာလာတဲ့အခါ ကိုယ်ခံအား အမြန်ဆုံး ပြန်ပြည့်စေဖို့
အခုလက်ရှိ မြန်မာနိုင်ငံမှာ အသေအပျောက်များတဲ့ ကိုဗစ်လှိုင်းကို ရင်ဆိုင်နေရပါတယ်။ ဒီကာလမှာ ကိုဗစ်ကြောင့် သေဆုံးသွားရသူတွေ ရှိသလို ကိုဗစ်ကနေ ပြန်လည် ကျန်းမာလာသူတွေလည်း ရှိပါတယ်။ ဒီတစ်ခေါက်တော့ ကိုဗစ်ကနေ ပြန်လည်ကျန်းမာလာတဲ့အခါ ကိုယ်ခံအား အမြန်ဆုံး ပြန်ပြည့်စေဖို့ ဘာတွေလုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

ကိုဗစ်ကနေ ပြန်လည်ကျန်းမာလာပေမယ့် ရုတ်တရက် သေဆုံးမှုတွေကလည်း မနည်းပါဘူး။ ကိုဗစ်ကနေပြီးတောင် ပြန်ကောင်းလာတယ်။ အခုဆို ၂၁ ရက်တောင် ကျော်နေပြီ။ ဒီနေ့မှ ရုတ်တရက်ကြီး အကောင်းကြီးကနေ ဆုံးပါးသွားတယ်ဆိုတာမျိုးတွေက ကိုဗစ်ကနေ နာလန်ထလာချိန်မှာ လိုက်နာရမယ့် အချို့အချက်လေးတွေကို မလိုက်နာမိတာကြောင့် ဖြစ်ရတာပါ။ ရောဂါအခံ ရှိတာကြောင့်လည်း ပါတာပေါ့လေ။

ဒီလို နာလန်ထချိန်မှာ ရုတ်တရက် သေဆုံးမှုတွေ မဖြစ်စေဖို့အတွက် မဖြစ်မနေ ဂရုစိုက်ဖို့ လိုမယ့် တစ်ချက်က ကိုယ်ခံအားပြည့်ဝလာစေဖို့ ပါ။ ကိုယ်ခံအား ပြည့်ဝလာစေဖို့ ဆိုတဲ့အချက်ကလည်း အကြောင်းတရား များစွာအပေါ်မှာ မူတည်နေပါတယ်။

ကိုဗစ်ကနေ ပြန်လည်ကျန်းမာလာတဲ့အခါ ကိုယ်ခံအား အမြန်ဆုံး ပြန်ပြည့်စေဖို့ ဘာလုပ်ရမလဲ………..
ကိုဗစ်ကနေ ပြန်လည်ကျန်းမာလာတဲ့အခါ ကိုယ်ခံအား ပြည့်ဝစေဖို့ အတွက် လိုက်နာလုပ်ဆောင်ရမယ့် နည်းလမ်းတွေက ပုံသေ မရှိပါဘူး။ ဒီလိုပြောရတာက လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ် တုံ့ပြန်ပုံချင်း မတူသလို ကျန်းမာရေး အခြေအနေချင်းလည်း မတူပါဘူး။

ဒါပေမယ့် ကိုဗစ်ကနေ ပြန်လည် ကျန်းမာလာတဲ့အခါ ကိုယ်ခံအား ပြည့်ဝလာစေဖို့ လူတိုင်း မဖြစ်မနေ လိုက်လုပ်ရမယ့် ယေဘုယျ အချက်ကလေးတွေတော့ ရှိပါတယ်။ ဒါတွေက ဘာတွေများ ဖြစ်မလဲ…. အတူတူ ကြည့်လိုက်ရအောင်နော်။

ကိုဗစ်ကနေ ပြန်လည်ကျန်းမာလာတဲ့အခါ ကိုယ်ခံအား ပြည့်ဝလာစေဖို့
ဒီတော့ ကိုဗစ်ကနေ ပြန်လည်ကျန်းမာလာတဲ့အခါ မတော်တဆ အခြေအနေတွေကို ရှောင်လွှဲနိုင်ဖို့အတွက် အခုပြောပြမယ့် အချက်လေးတွေကို လိုက်နာပေးဖို့ လိုပါမယ်။

အိပ်ရေးဝ ပါစေ။
ညတိုင်း အိပ်ချိန် ၇ နာရီ ကနေ ၈ နာရီ ပုံမှန် အိပ်ချိန် ရှိအောင် ဂရုစိုက်ပေးပါ။ လုံလောက်ပြည့်ဝတဲ့ အိပ်စက်ချိန် မရှိတာက ကိုယ်ခံအား ပြည့်ဝကျန်းမာစေဖို့ အနှောင့်အယှက် ဖြစ်ပါတယ်။

အိပ်ရေးပျက်တာ များလာတဲ့အခါ ဖျားနာတာ၊ နာလန်ထချိန် ပိုကြာတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုဗစ်ကနေ ပြန်လည် ကျန်းမာလာချိန်မှာ တစ်နေ့ကို အိပ်ချိန် အနည်းဆုံး ၇ နာရီ ကနေ ၈ နာရီ ပုံမှန် ရှိအောင် ဂရုစိုက်ဖို့ လိုအပ်ပါမယ်။ ဒါမှ ကိုယ်ခံအားက ပုံမှန် အခြေအနေကို မြန်မြန် ရောက်ရှိမှာပါ။

အာဟာရ ပြည့်ဝမျှတပါစေ။
နေ့စဉ် စားသုံးမှုမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်၊ အမျှင်ဓာတ်၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်တို့ ပြည့်ဝမျှတစွာ ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။ အမျှင်ဓာတ်က အူနံရံကို ကျန်းမာစေပြီး ကိုယ်ခံအား ပြည့်ဝစေဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေကို အကောင်းဆုံး စုပ်ယူနိုင်စေဖို့ ထောက်ကူပေးမှာ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်ကတော့ ကိုယ်တွင်းက ရောင်ရမ်းမှုတွေကို သက်သာစေမှာပါ။ ကာဗိုဟိုက်ဒရိတ်ကတော့ အင်အား ဖြစ်စေပြီး အခြားသော ဗီတာမင် နဲ့ သတ္တုဓာတ်တွေက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပရိုတင်းကလည်း antibodies တွေကို ထွက်ရှိစေပြီး ကိုယ်ခံအားကို အထိရောက်ဆုံး အားဖြည့်ပေးနိုင်မှာပါ။

ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ အသီးအရွက်၊ အမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ကြက်သား၊ ငါး၊ နို့ စတာတွေကို ပါဝင်အောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။

အချိန်ကိုက်ပါစေ။
ကိုဗစ်ကနေ ပြန်လည် ကျန်းမာလာသူတွေ အနေနဲ့ တစ်နေ့ကို မနက်စာ၊ နေ့လယ်စာ၊ ညစာဆိုပြီး (၃) ကြိမ်ကိုတော့ မဖြစ်မနေ စားဖို့ လိုပါမယ်။ဒါ့ပြင် ကြားထဲမှာ နည်းနည်းနဲ့ ခဏခဏ စားပေးဖို့ လိုပါတယ်။

မဟုတ်ရင် အစာအိမ်က စားလိုက်တဲ့ အစားကို မချေဖျက်နိုင်တာမျိုး ဖြစ်ပြီး အစာမကြေတာ၊ လေပွတာ၊ အိပ်ပျော်ဖို့ ခက်တာမျိုးတွေ ဖြစ်စေနိုင်လို့ပါ။

မစားဘဲနေပြန်တော့လည်း ခန္ဓာကိုယ်မှာ အင်အားပြည့်ဝဖို့ ခက်သွားတာမျိုးတွေ ဖြစ်စေနိုင်လို့ပါ။ အစားအစာတွေကို ရွေးချယ်တဲ့အခါမှာလည်း အားဖြစ်စေပြီး အစာကြေလွယ်တာမျိုးကို ရွေးချယ်ပေးပါ။

အရမ်းဆာမှ စားတာမျိုး မဖြစ်စေဖို့နဲ့ အစာမကြေတာမျိုး မဖြစ်စေဖို့ အစားစားချိန် တစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာ ၄ နာရီ အတိ ခြားပါ။

ဗီတာမင်တွေ သတိရပါစေ။
နေကောင်းလာပြီ မှန်ပေမယ့် ရောဂါကို ကာကွယ်ဖို့ရော၊ ကုသဖို့ရော၊ နာလန်ထလာချိန်မှာ ကျန်းမာစေဖို့အတွက်ပါ ဗီတာမင်တွေက အရေးပါတယ်ဆိုတာကို သတိရပါ။

ဒါကြောင့် နေကောင်းကျန်းမာလာပြီ ဆိုရင်လည်း ဗီတာမင်တွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆက်လက် သောက်သုံးတာမျိုး လုပ်ပေးဖို့လိုပါမယ်။ ဥပမာ သံဓာတ်၊ ဗီတာမင် C၊ ဇင့်၊ ဗီတာမင် D တို့လို ဗီတာမင်တွေပါ။ အလွန်အကျွံ မဖြစ်စေဖို့တော့ သတိရပါ။

လေ့ကျင့်ခန်း လုပ်ဖြစ်ပါစေ။
လေ့ကျင့်ခန်း လုပ်ဆိုတဲ့နေရာမှာ ပင်ပင်ပန်းပန်း လေ့ကျင့်ခန်းမျိုးတွေ မဟုတ်ပါဘူး။ စိတ်ရောကိုယ်ပါ ကျန်းမာစေမယ့် တရားထိုင်တာမျိုး၊ အသက်ရှူလေ့ကျင့်ခန်း လုပ်တာမျိုးနဲ့ ပေါ့ပေါ့ပါးပါး လမ်းလျှောက်တာမျိုးတွေပါ။

ဒီလို လေ့ကျင့်ခန်း လုပ်တာက ခန္ဓာကိုယ်မှာ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်တဲ့ သွေးဖြူဥဆဲလ်တွေနဲ့ antibodies တွေကို ထွက်ရှိစေပါတယ်။ သွေးထဲမှာ သွေးဖြူဥဆဲလ်တွေနဲ့ antibodies တွေ များများ လည်ပတ်တာက မြန်မြန် ကျန်းမာလာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ တစ်နေ့ကို ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း မိနစ် ၃၀ ကနေ မိနစ် ၆၀ လောက် လုပ်ပေးပါ။

နလန်ထချိန်မှာ လေ့ကျင့်ခန်းတွေကို အလွန်အကျွံ မလုပ်ဖို့ ပြောပါရစေ။ တစ်နေ့ကို မိနစ် ၉၀ ထက် ပိုပြီး လေ့ကျင့်ခန်း လုပ်သူတွေဟာ ကျန်းမာနေချိန်မှာတောင် ဖျားနာနိုင်ခြေ များပါတယ်။ ဒါကြောင့် နလန်ထချိန်မှာ လေ့ကျင့်ခန်းကို အလွန်အကျွံ မလုပ်မိစေဖို့ ဂရုပြုပေးပါ။

ကိုဗစ်ကနေ ပြန်လည်ကျန်းမာလာတဲ့အခါ ကိုယ်ခံအား အမြန်ဆုံး ပြန်ပြည့်စေဖို့ အခုပြောပြခဲ့တဲ့ အချက်လေးတွေကို သေချာ ဂရုစိုက် လုပ်ပေးဖို့ အကြံပြုပါရစေ။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon