Mac OS Applications
08/02/2025
BlueStacks Air for Mac
🔹🔹🔹🔹🔹🔹🔹🔹
👋 အားလုံးပဲ မင်္ဂလာပါ။
👨💻 Silicon Chips သုံးထားတဲ့ Macs တွေပေါ်မှာ android emulator သုံးချင်သူတွေအတွက် BlueStacks Air ဆိုတဲ့ App ထွက်ရှိထားပါတယ်။
👨💻 BlueStacks ကတော့ နာမည်ကြီး android emulator ဆိုတာ လူတိုင်းလဲ သိကြမှာပါ။ အရင်ကဆို Intel Chips တွေအတွက်ပဲ support ပေးပြီး ဒီ BlueStacks Air မှာဆိုရင်တော့ Silicon Chips တွေအတွက် optimize လုပ်ပေးထားတယ်လို ဆိုပါတယ်။
👨💻 Silicon Chips တွေရဲ့ resources တွေကို ကောင်းကောင်းအသုံးချနိုင်ပြီး resource-intensive games တွေ ကစားရင်တောင်မှ smooth experience ရပါမယ်လို့ ဆိုထားပါသေးတယ်။ Games တွေအတွက် pre-configured လုပ်ထားတဲ့ trackpad နဲ့ keyboard settings တွေပါဝင်ပြီး game ကစားတဲ့အခါ တော်တော်လေး အဆင်ပြေပါလိမ့်မယ်။
👨💻 ပြီးတော့ App က လုံးဝ free ပါပဲ။ ခုလောလောဆယ် beta version အနေနဲ့ ထွက်ထားပြီး အဆင်မပြေတာတွေအတွက် feedback တွေ ပေးနိုင်ပါမယ်။
👉 https://www.bluestacks.com/mac မှာ download လုပ်နိုင်ပါတယ်။
😇 အားလုံးအဆင်ပြေကြပါစေ။
04/02/2025
🤑 2.99$ နဲ့ 6 လစာ သုံးလို့ရမယ့် Apple 🎵 Music
👋 အားလုံးပဲ မင်္ဂလာပါ။
🥳 Apple Music ကို ဈေးသက်သက်သာသာနဲ့ သုံးလို့ရမယ့် discount offer ကို promotion ပေးနေပါတယ်။ Apple Music ကို အရင်ကတော့
🎶 New Subscriber ဆို တစ်လ free
🎶 အခြား iTunes Gift Card (15$, 20$, etc..) တွေ Redeem လုပ်ရင် ၃ လ free စသဖြင့် ပေးနေရာကနေ ဒီတစ်လအတွက် လုံးဝတန်စေမယ့် offer မျိုးကို ပေးလိုက်ပါတယ်။
🤩 သူကတော့ ၆ လလုံးကိုမှ 2.99$ ပဲ ကျသင့်မှာဖြစ်ပြီး “eligible” ဖြစ်တဲ့ subscriber အသစ်တွေအတွက် ပေးထားတာ ဖြစ်ပါတယ်။ “eligible” ဖြစ်တဲ့ new subscribers (သို့) devices တွေကိုတော့ အသေးစိတ် မဖော်ပြထားပေမယ့် App Store US region နဲ့ တစ်ခါမှ Apple Music ကို subscribe မလုပ်ဖူးတဲ့သူတွေ ရနိုင်တယ်လို့ ယူဆရပါတယ်။ Apple Music ကို redeem code တွေနဲ့ free သုံးနေတယ့်သူတွေ ကတော့ ရမရမသိပါဘူး။
👨💻 ကိုယ်ရမရသိချင်ရင်တော့ Apple Devices တွေမှာပါတဲ့ Music App ကို ဖွင့်လိုက်တာနဲ့ အဲဒီ offer ကို မြင်ရမှာ ဖြစ်ပါတယ်။ အကယ်၍ offer လည်းရတယ်။ Apple Music လည်း သုံးချင်တယ်ဆိုရင်တော့ Subscribe လုပ်လိုက်ရုံပါပဲ။
📆 Offer ပေးထားတဲ့ ကာလကတော့ January 29, 2025 မှ February 27, 2025 ထိပဲ ဖြစ်ပါတယ်။
⚠️ တစ်ခုသတိထားရမှာက 2.99$ သည်(၆) လစာအတွက်ပဲ ဖြစ်ပြီး ပြီးရင်တော့ တစ်လကို 10.99$ ကျသင့်မှာ ဖြစ်လို့ မသုံးချင်ရင် unsubscribe လုပ်ဖို့ မမေ့ကြပါနဲ့။
🤩 P.S —> Mac နဲ့တော့ မဆိုင်ပေမယ့် iOS အတွက် အရင်က 12.99$ ကျသင့်မယ့် NARUTO: Ultimate Ninja STORM ဂိမ်းကလည်း 5.99$ နဲ့ discount ချနေလို့ Naruto fans တွေအတွက် လက်တို့လိုက်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon