Yoon.Precious Y
23/05/2026
ထပ်မချစ်သင့်တဲ့သူ
ကိုယ်ပေးတဲ့ မေတ္တာ၊ စေတနာတွေကို အလေးမထားတတ်တဲ့သူမျိုးနဲ့ဆိုရင် ...ထပ်မချစ်သင့်တော့ဘူး...။
တစ်ဦးတစ်ယောက်တည်းအတွက် ရည်ရွယ်တဲ့ ချစ်ခြင်းမေတ္တာမျိုးကို ပေးနိုင်တဲ့သူမှ မဟုတ်ရင်...
ထပ်မချစ်သင့်တော့ဘူး...။
သူ့အနာဂတ်မှာ ကိုယ့်အတွက် နေရာ ပေးမထားတဲ့သူမျိုးနဲ့ဆိုရင်...ထပ်မချစ်သင့်တော့ဘူး...။
စာနာ နားလည်ခွင့်လွှတ်ခြင်း၊ ဖေးမကူညီခြင်းဆိုတာတွေကို မသိနားမလည်တဲ့သူမျိုးနဲ့ဆိုရင်..
ထပ်မချစ်သင့်တော့ဘူး...။
ဘဝရည်မှန်းချက်ကင်းမဲ့နေတတ်တဲ့သူမျိုးဆိုရင်၊ ကိုယ်ပိုင်အရည်အချင်းနဲ့ တောက်ပနိုင်တဲ့သူ မဟုတ်ရင်...
ထပ်မချစ်သင့်တော့ဘူး...။
ကိုယ့်အတွက်ဆိုတဲ့ စိတ်စေတနာမျိုး မရှိတဲ့သူဆိုရင်
ကိုယ်နဲ့အတူဆိုတဲ့ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ မရှိတဲ့သူမျိုးဆိုရင်...ထပ်မချစ်သင့်တော့ဘူး...။
ကိုယ်ရဲ့ အားနည်းချက်ကို ဖိနင်းရင်း အနိုင်ယူချင်တဲ့သူမျိုးနဲ့ဆိုရင်လေ လုံးဝ ထပ်မချစ်မိတော့အောင် နှလုံးသားကို သော့ခတ်ထားလိုက်ပါ။
လုံးဝ ထပ်မချစ်သင့်တော့ပါဘူး...။
ဒီကာလကြီးထဲမှာလေ ... နှစ်ယောက်အတူရှိပြီး စိတ်ဆင်းရဲရမယ့်အချစ်မျိုးထက် အချစ်ရဲ့ အဝေးမှာ တစ်ယောက်တည်း ပျော်အောင်သာ နေလိုက်သင့်ပါပြီ။ ကိုယ့်အတွက် စိတ်ချလုံခြုံ စေတဲ့ရင်ခွင် မဟုတ်ရင်၊ အားအင်ပေးစွမ်းနိုင်တဲ့သူ ဖြစ်မနေရင် ၊ နွေးထွေး ပျော်ရွှင်စေချင်တဲ့ သူ မှ မဟုတ်ရင် လေ တကယ်ကို ထပ်မချစ်သင့်တော့လို့ပါ...။
#ယွန်း @ Precious Y
22/05/2026
မစွန့်လွှတ်ချင်ပါဘဲ ရင်တွေကွဲကြေခံပြီး
စွန့်လွှတ်လိုက်ရတဲ့အခါ
ငါ့ကောင်းကင်မှာ တိမ်တွေဟာ
အတိုင်းအဆမဲ့ အတားအဆီးမဲ့စွာ ပြိုနေပါတယ် အချစ်ရေ...
ဝင်သက်ထွက်သက်တိုင်းမှာ
ဖြစ်ချင်တိုင်း မဖြစ်တဲ့ ဘဝတွေကြားမှာ
မောစရာတွေကို ရယ်စရာတွေနဲ့ သာ
ရောချကြရအောင်လားလေ။
နွမ်းလျလျ နှလုံးသားလေးကို
မင်းချစ်တဲ့ ဝါသနာနဲ့အားဖြည့်ရင်း ဆက်ကြိုးစားပါ။
ဘယ်လိုအရာနဲ့မှ ဖြေသိမ့်ခြင်းငှာမစွမ်းသာတဲ့အခါ
နာရတဲ့ကဗျာတွေပဲ ဆက်ရေးပါ။
မလွန်နိုင်တဲ့ အလွမ်းညတွေ အကြောင်းဖြစ်ဖြစ်
မိုးရေစက်တွေနဲ့အတူ ရောငိုချင်ရှာတဲ့
မိုးကိုမျှော်ရှာတဲ့ သစ္စာရှင် မိုးကြိုပန်းလေးအကြောင်းတွေပဲ ဖြစ်ဖြစ်ပေါ့။
သက်ဆိုင်သူ သစ်ပင်အိုကြီးက ငြိုငြင်စွာ ခြွေချတဲ့အခါ နာကျင်စွာ လေနဲ့အတူ ဝေ့ဝဲလွင့်ပါသွားတဲ့ သစ်ရွက်ခြောက်လေးတွေဟာလည်း ကိုယ်တို့နဲ့ ဘဝတူလေးတွေပါပဲ အချစ်ရယ်...
ရွက်သစ်လေးတွေပေါ်မှာ ခိုတွဲနေတဲ့ ကျလုလု မိုးရည်စက်လေးတွေ မြေပြင်ပေါ်ကြေကွဲစွာ စီးဆင်းသွားတဲ့အခါ ကိုယ့်မျက်ဝန်းထဲက ချော်ရည်ကြည်တွေကို သတိရပေးပါ။
တဖြည်းဖြည်းဝေးကွာသွားရင်လည်း မမေ့နိုင်ကြဘူးလို့ပဲ ယုံကြည်ရင်း ကံတရားသာ မျက်နှာသာပေးခဲ့မယ်ဆိုရင်
ကိုယ်တို့ပြန်ဆုံနိုင်ကြကောင်းပါရဲ့...
#ယွန်း Y
#နေ့ရက်တိုင်းပျော်ပါစေ #ဘဝကိုမွမ်းမံခြင်း #လူငယ့်စိတ်လူငယ့်အတွေး #ပျော်ရွှင်စွာရှင်သန်ပါ
20/05/2026
မိသားစုကပဲဖြစ်ဖြစ်၊ ကိုယ်ချစ်ရတဲ့သူကပဲဖြစ်ဖြစ် ချစ်လို့ဆိုတဲ့ ခေါင်းစဥ်အောက်ကနေ သင့်ကို ထိန်းချုပ်ထားတာ တွေ ခံစားနေရပြီဆိုရင် လှောင်အိမ်ထဲကနေ အမြန်ရုန်းထွက်ခဲ့ပါတော့။
အချစ်လို့ အယောင်ဆောင်ထားတတ်တဲ့ ထိန်းချုပ်ခြင်းတွေကြားမှာ လမ်းပျောက်နေရပြီဆိုရင် သင့်အနေနဲ့ ဒီ Relationship မှာ Healthy Boundary ထား ဖို့ လိုအပ်နေပြီ ဖြစ်ကြောင်းသတိပြုမိပါစေ။
မင်းငါ့ကို ချစ်တာ ငါသိပါတယ်။ ငါလည်း မင်းကို ချစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စမှာတော့ ဒါကိုတော့ ငါလက်မခံနိုင်ဘူး ဆိုတာမျိုး စည်းလေးတော့ ကန့်သတ်ထားပါ။
ကာကွယ်ပေးတာပါ ဆိုပြီး Emotional Manipulation လုပ်တာ { စိတ်ပိုင်းဆိုင်ရာအရ ကြိုးကိုင်ခြယ်လှယ်ခြင်း} တွေကို မခံရအောင်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ပါစေ။
နာခံတတ်ခြင်းဟာ အချစ်မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်လေးစားတတ်လာမှ၊ ကိုယ့်မှာ အစွမ်းအစရှိတယ်လို့ ယုံကြည်ချက် ရှိပါမှ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်သန်မာလာပြီး ဟန်ချက်ညီတဲ့ ဘဝနဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်တဲ့သူ ဖြစ်လာမှာပါ။
ချစ်တယ်ဆိုတာလေးအတွက်နဲ့ ကိုယ့်ရဲ့ လွတ်လပ်မှုကို အလဲအလှယ်လုပ်စရာ မလိုတဲ့အတွက် ကိုယ့်ဘဝကို ကိုယ်တိုင် လွတ်လပ်ခိုင်မာစွာ တည်ဆောက်ပါ။
#ယွန်း Y
18/05/2026
အရာရာဟာ အကျဘက်မှာ
လူတိုင်းဟာ အလွယ်တကူ ပြိုလဲပစ်လိုက်ချင်တဲ့ စိတ်တွေနဲ့ ယိုင်နဲ့နဲ့ အားပြတ်နေပြီး
Low Energy Vibration Zone
ထဲက ရုန်းမထွက်နိုင်ချိန်
Give up လုပ်ချင်စိတ်တွေသာ ကြီးစိုးနေကြောင်း
ခဏ ခဏ မြင်ရ ကြားရများလှတဲ့အခါ
ဒီမှာ သူငယ်ချင်း မငိုပါနဲ့ ကွာ
အရှုံးမပေးလိုက်ပါနဲ့ဦး...
အားတင်းထားပါဦးရယ်လို့
ဘောင်မဝင်တဲ့ မရေမရာစကားလုံးတွေနဲ့
ချွေးမသိပ်ချင်တော့ဘူး။
🍁ဟေး လာစမ်းပါ သူငယ်ချင်းရာ
ပိတ်လှောင် ချူပ်တီးထားတဲ့ မင်းစိတ်တွေကို
လွှတ်ပေးလိုက်စမ်းရယ်လို့
မင်းလက်ကိုဆွဲ
🌧️ရွာနေတဲ့မိုးထဲ ပြေးထွက်
အရာအားလုံး ခဏတာ မေ့ပစ်လိုက်စမ်းပါ ဆိုပြီး
ဘောလုံးတစ်လုံးကိုယူ
စိတ်ရှိလက်ရှိ ပြေးကန်ပစ်
🌧️ခန္ဓာကိုယ်ထက် လာရောက်ခုန်ပေါက်ပြေးလွှားဆော့ကစားနေတဲ့ မိုးစက်တွေနဲ့အတူ မွန်းကြပ်ရတဲ့သောကမှန်သမျှ ရေစီးနဲ့အတူမြှောချပစ်လိုက်တာမျိူးလည်း
ကိုယ်တို့ တတ်နိုင်သေးတာပဲ။ အခန်းတံခါးပိတ်လို့ သီချင်းတွေအော်ဆိုရင်း စိတ်ရှိသမျှ ခုန်ပေါက်ဖြေလျှော့ပစ်လိုက် ချင် လည်း ရသေးတယ်။
💖လုပ်ကြည့်လိုက်စမ်းပါ။ ခဏလေးပဲဖြစ်ပါစေ
ပေါ့ပါးပျော်ရွှင်မှုကို ခံစားကြည့်လိုက်ပါ။
🌊စိတ်ပင်ပန်းစရာတွေ မိုးရေတွေနဲ့အတူ မျှောချပြီးတဲ့အခါ မနက်ဖြန်ဆိုတဲ့နေ့သစ်မှာ
🌹အခွင့်အရေးအသစ်တွေ ၊
🌹အပြုံးအသစ်တွေ၊
🌹နေရောင်ခြည်အသစ်တွေနဲ့ ဘဝ ကို
လန်းလန်းဆန်းဆန်း
ပြန်လည်အစပြုကြတာပေါ့ကွာ။
🌟ဘာပဲဖြစ်ဖြစ် အခက်အခဲတွေကြားထဲမှာ နစ်မွန်းနေတဲ့အခါတိုင်း မီးလျှံကြားက ပြန်လည် ရုန်းထ ရှင်သန်နိုင်တဲ့
ဖီးနစ်ငှက်ရဲ့ အားမာန်မျိူးကို မမေ့စေချင်ဘူး။
🌟နားမကြား မျက်စိမမြင် စကားတောင်မပြောနိုင်တော့တဲ့ အထိ ဝေဒနာတွေခံစားခဲ့ရတဲ့
Helenkeller ဘယ်လို အောင်မြင်မှုတွေ စွမ်းဆောင်ခဲ့သလဲ သတိရပေးပါ။
🌟ဖိနှိပ်မှုတွေကြားထဲက ထိုးဖောက်ထွန်းတောက်ခဲ့တဲ့ အိန္ဒိယရဲ့ ကြယ်တစ်စင်း Mahatma Gandhi ကို အတုယူပါ။
🌟အောင်မြင်ချင်စိတ်ရှိသရွေ့
ကြိုးစားရှင်သန်နေသရွေ့
ပန်းတိုင်မပျောက်သရွေ့ မင်းမရှုံးသေးဘူးးး။
🌟ပင်ပန်းတဲ့အခါ ခဏ အနားယူ လို့ရတယ် ။
မရပ်တန့်လိုက်ပါနဲ့ ။
မင်းဟာ စွမ်းနိုင်သူ အောင်မြင်သူဆိုတာ မမေ့ပါနဲ့ ။
🍀💛 ယွန်း Y 🍀💛
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon