LOYAL Professional Engineering Group

LOYAL Professional Engineering Group

Share

Photos from LOYAL Professional Engineering Group's post 12/10/2022

တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် လိုအပ်သည့်အဆင့်များကို ချစ်သော Customer များအတွက် တင်ပြလိုက်ရပါသည်ခင်ဗျာ
*************************************
👉လူကြီးမင်းတို့ရဲ့ တိုက်အသစ်နံရံသားအသစ်ကို
ဆေးစမသုတ်ခင်ပထမ ဆုံး အနေနှင့်သုတ်မဲ့နံရံကို Plaster ချောပြီး အနည်းဆုံးသုံးပတ်ကြာထားပေးသင့်ပါတယ် ။သုံးပတ်ကြတဲ့အခါမှာ Plaster က ခြောက်သွေ့ပြီး moisture တွေမရှိတော့ပါဘူးခင်ဗျာ။

👉အဆင့် ၂အနေဖြင့် နံရံ Plaster ခြောက်သွေ့သွားမှ ဆေးသုတ်ဖို့ နံရံကိုကော်ပတ်တိုက် နံရံထဲမှာရှိတက်တဲ့ သစ်စအမှိုက်တွေထွင်းထုတ် အဖုထစ်တွေထိုးချပြီး နံရံကို သန့်ရှင်းရေးလုပ်ရပါမယ်ခင်ဗျာ

👉အဆင့်၃ အနေဖြင့် Sealer ချုပ်ရပါမယ်ခင်ဗျာ Sealer ကိုရေအချိုးစားအတိုင်းရောစပ်ပြီး နံရံများအားလုံးကိုသုတ်ပြီး Sealer ခြောက်သွေ့ချိန်ထိထားရပါမယ်

👉အဆင့် ၄ အနေဖြင့် Wall Putty ရိုက်ရပါမည်ခင်ဗျာ Putty ရိုက်တဲ့အခါ First time ကို Portland Cement အနည်းငယ်အသုံးပြုလို့ရပါတယ် ထို့သို့အသုံးပြုခြင်းအားဖြင့် နံရံက မာကြောပြီး ကျစ်လှစ်စေပါတယ်ခင်ဗျာ
First time Putty work ခြောက်သွေ့ပြီဆိုရင် Second time putty workလုပ်ငန်း စလို့ရပါပီခင်ဗျာ။

👉 အဆင့် ၅ ကတော့ ကော်ပတ်တိုက်ရမယ်အဆင့်ဖစ်ပါတယ်ခင်ဗျာ Puttyသား ချောသွေ့ပြီးရင်
ကော်ပတ်တိုက်လို့ရပါပြီ ကော်ပတ်တိုက်တဲ့အခါနံရံ
သားညီညာချောမွှေ့စေဖို့ ကော်ပတ်တိုက်
စက်(သို့မဟုတ်)ကော်ပတ်ကိုင်းတို့နဲ့ တိုက်လို့ရပါ
တယ် ကော်ပတ်တိုက်စက်(သို့မဟုတ်)ကော်ပတ်ကိုင်းတို့နဲ့
တိုက်ပြီးရင် ကော်ပတ်အနောက်ဘက်နဲ့ပြန်တိုက်ပြီး
ကော်ပတ်အစင်းရာများကိုပြန်ညှိပေးရင် ပိုကောင်း ပိုချောမွှေ့စေပါတယ်ခင်ဗျာ။

👉အဆင့် ၆ ကတော့ 2nd time Sealer သုံးရပါမယ် ကော်ပတ်တိုက်ပြီးသားနံရံကို ကော်ပတ်အမှုံတွေခါချပြီး သန့်ရှင်းရေးလုပ်ရပါမယ် သန့်ရှင်းရေးအားလုံးပြီးရင် 2nd time Sealer သုံးလို့ရပါပြီ

👉 အဆင့် ၇ အနေနှင့် မိမိတို့ စိတ်တိုင်းကျ Painting Color များကို နံရံပေါတွင်အလှဆင်လို့ရပါပြီခင်ဗျ။ ပထမတကြိမ် ဆေးသုတ်ရုံနဲ့မလုံလောက်တဲ့အတွက် အနည်းဆုံး ၂ ကြိမ်ဆေးသုတ်ရပါမယ်။ 2nd time painting work မှာတော့ နံရံအနာဆာများ repairing work ပြန်လုပ်ရပါမယ် ဆေး 1 coat ခြောက်သွေ့ပြီးရင် ကို Wall repairing work လုပ်ရပါမယ် ။ ပြီးရင် Sealer သုံးရပါမည် ။

👉အဆင့်၈ အနေနှင့် အဆိုပါ wall repairing work များ လုပ်ဆောင်ပြီးရင် ဆေးကို Final Coat သုတ်လို့ရပါပြီခင်ဗျာ ။

👷‍♂️ကျွန်တော်များကျင့်၀တ်စည်းကမ်းနှင့်အညီ Customer များကို စေတနာရှေ့ထားပြီးဆောင်ရွက်ပေးနေသော 👉LOYAL Professional Engineering Group မှ ကျွမ်းကျင်အသိပညာရှင် အတက်ပညာရှင်များနှင့် လူကြီးမင်းတို့ရဲ့ အိမ်ဂေဟာလေးကို တာ၀န်ယူဆောက်လုပ်ပေးပါရစေခင်ဗျာ ။ 👷‍♀️🚧

From the First Step ... Towards Success

ပထမဆုံးခြေလှမ်းမှသည် ...အောင်မြင်ခြင်းဆီသို့

11/05/2022

ကျင့်၀တ် စည်းကမ်း နှင့်အညီ ခေတ်မှီလှပ တည်တံ့ခိုင်မြဲသော Constructionအဖြစ်ဂုဏ်၀င့်ထည်စွာရပ်တည်နေတဲ့ ကျွန်တော်များ LOYAL Professional Engineering Group မှာ အမေးများ‌ သော မေးခွန်းများမှ တစ်ခုဖြစ်သောPAE ဈေးနှုန်းများကို ချစ်သော Customer များ သိရှိစေရန် တင်ပြအပ်ပါသည် ခင်ဗျာ

LOYAL Professional.Engineering Group မှ လူကြီးမင်းတို့ အတွက် Package သုံးခုကို ယနေမှာ မိတ်ဆက်ပေးပါရစေ ခင်ဗျာ ။

🪙Gold Package - 36000 MMK🪙

💎Diamond Package - 40000 MMK💎

💳Master Package - 55000 MMK💳

အစရှိသည်ဖြင့် Package (၃) မျိုးထားရှိပေးထားတာမို့ ချစ်သော Customer များစိတ်တိုင်းကျ ဆောက်လုပ်နိုင်ပါတယ်ခင်ဗျာ။

ထိုအပြင် ကျွန်တော်များ LOYAL Professional Engineering Group မှ ဆောက်လုပ်သော အိမ်များကို နှစ်ငါးဆယ် အာမခံဖြင့်ဆောက်လုပ်ပေးနေပါသည်ဖြစ်ကြောင်း ထပ်လောင်း ပြောကြားပါရစေခင်ဗျာ

ယခု ကျွန်တော်တို့ Package အလိုက်ပါ၀င်သော လုပ်ငန်းစဉ်များကို ဖော်ပြလိုက်ပါသည်ခင်ဗျာ

🏗️ Construction Stage 🏗️.............................................................................

👉Plint Level - 2' ( မြေပြင်အမြင့် 2ပေ )

👉Ground Foundation - Soil Report နှင့် Structure Engineer တွက်ချက်မှုအပေါ မူတည်ပြီး မြေ၀င်အနက်ကို တူးပေးပါမည်။

👉Soil Excevation ( Backhoe ၀င်လိုရပါက Backhoe နှင့် Excevation လုပ်ပေးပါမည်။)

👉Footing Rebar Work , Short Column Rebar Work , Conc ; Casting work ( Readymade Concrete နှင့် Casting လုပ်ပေးပါမည်)

👉Retaining Wall ( 9" THK Brickwall )

👉Plinth Beam Rebar Work , Formwork work , Conc; Casting work (Readymade Concrete နှင့် Casting လုပ်ပေးပါမည်)

👉Backfilling Work ( Compactor ဖြင့် Compaction ရအောင် လုပ်ပေးပါမည်။)

👉Sub Floor Conc; Casting Work (Readymade Concrete နှင့် Casting လုပ်ပေးပါမည်)

👉Column Rebar + Formwork + Conc;casting
(Readymade Concrete နှင့် Casting လုပ်ပေးပါမည်)

👉Floor Beam + Slab ( Rebar + Formwork+ Conc; Casting )
(Readymade Concrete နှင့် Casting လုပ်ပေးပါမည်)

👉Ground Tank တူးပေးပါမည်

👉Septic Tank တူးပေးပါမည်

👉Brick Work ( 4 1/2 " THK Brickwall )

👉ကျည်းဘောင်ထောင်ပေးခြင်း

👉Plastering Work ( 1" pier )

👉Topping Work

👉Roofing Work

👉Scaffolding Work

👉Drain work

🏗️ Super Structure Work 🏗️...............................................................................

M&E work (Water Supply installaion Work )...........................................................................

Gold Package & Diamond Package

• Interior & Exterior Piping installation
13.5 Tiger ပိုက်အမျိုးအစားကိုသာ သုံးပေးပါမည်။
• Down Rain Pipe (4")
8.5 Tiger ပိုက်အမျိုးအစားကိုသာ သုံးပေးပါမည်။
• Man Hole လုပ်ပေးခြင်း
• Pressure Test ရိုက်ပေးခြင်း
• Basin + Shower တပ်ဆင်ပေးခြင်း

စသည့်လုပ်ငန်းများအား ကျွမ်းကျင်သော M&E Engineer မှ တာ၀န်ယူ ကြီးကြပ်ဆောင်ရွက်ပေးပါသည်။

Electrical installation Work...............................................

• Conduit သွယ်တန်းပေးပါမည်
• Early Fit Breaker တပ်ဆင်ပေးခြင်း
• DP Box installation
• Lighting Contractor installation ( မိုးကြိုးလွဲ)
• Lighting Point , Switch & Socket များကို လူကြီးမင်းတို့ စိတ်ကြိုက် တပ်ဆင်ပေးပါမည်

Cable - RR Classic
Switch & Socket - RR Classic
Lighting - 6W , 9W ,12 W

Master Package တွင်
American Standard Brand ကိုသာ အသုံးပြုပေးပါမည် ။

Door & Window Installation ................................................

Gold Package ( 1sq - ft = 36000 MMK)

Main Door နှင့် အိပ်ခန်း တံခါးများအား ကျွန်းတံခါး ( 1 Rft - 8500 MMK )တပ်ဆင်ပေးခြင်း

ရေချိုးခန်း/ အိမ်သာ တံခါးများအား ကျွန်းတံခါးများ ( 1 Rft - 7500 MMK )တပ်ဆင်ပေးခြင်း

ပြတင်းပေါက်များကို Aluminum Slide Windows များတပ်ဆင်ပေးခြင်း

Diamond Package ( 1 sq - ft = 40000 MMK)

Main Door နှင့် အိပ်ခန်း တံခါးများအား ကျွန်းတံခါး ( 1 Rft - 10500 MMK )တပ်ဆင်ပေးခြင်း

ရေချိုးခန်း/ အိမ်သာ တံခါးများအား ကျွန်းတံခါးများ ( 1 Rft - 8500 MMK )တပ်ဆင်ပေးခြင်း

ပြတင်းပေါက်များကို Aluminum Slide Windows ( 1 Rft - 6500 MMK ) များတပ်ဆင်ပေးခြင်း

Master Package ( 1 sq-ft = 55000 MMK)

Main Door နှင့် အိပ်ခန်း တံခါးများအား ကျွန်းတံခါး - နယ်ကျွန်းရှယ်( 1 Rft - 13000 MMK )တပ်ဆင်ပေးခြင်း

ရေချိုးခန်း/ အိမ်သာ တံခါးများအား ကျွန်းတံခါးများ - နယ်ကျွန်းရှယ်( 1 Rft - 10500 MMK )တပ်ဆင်ပေးခြင်း

ပြတင်းပေါက်များကို Aluminum Slide Windows ( 1 Rft - 6500 MMK ) or ကျွန်းပြတင်းပေါက် များတပ်ဆင်ပေးခြင်း

Painting Work ........................

Gold Package ( 1sq - ft = 36000 MMK)
▪️Exterior and Interior - Orient Paint ( Color design များကို လူကြီးမင်းတို့စိတ်ကြိုက် ၀န်ဆောင်မှုပေးခြင်း )

Diamond Package ( 1 sq - ft = 40000 MMK)
▪️Exterior + Interior - Orient Professional Paint
( Color design များကို လူကြီးမင်းတို့စိတ်ကြိုက် ၀န်ဆောင်မှုပေးခြင်း )

Master Package ( 1 sq-ft = 55000 MMK)
▪️Exterior + Interior - PREMIER Painting
( Color design များကို လူကြီးမင်းတို့စိတ်ကြိုက် ၀န်ဆောင်မှုပေးခြင်း )

Package အကုန်လုံးတွင်

• Interior - Putty 2 Coats + Sealer 1 Coat + Painting - 2 Coats
• Exterior - Putty 2 Coats + Sealer 1 Coat + Painting - 2 Coats

စသည့်၀န်ဆောင်မှုများကိုလူကြီးမင်းတို့အတွက် အထူး၀န်ဆောင်မှုများပေးနေပါသည်။

Tiling Work ..................

Bath & WC Floor Tiling 1' x 1' ( Design & Material Coordination with Client ) နှင့် လူကြီးမင်းတို့ စိတ်တိုင်းကျဆောင်ရွက်‌ပေးခြင်း

Bath & WC Wall Tiling ( 2' x 1' ) Fully Height ( Design & Materials Coordination with Client ) ဖြင့် လူကြီးမင်းတို့ စိတ်တိုင်းကျ ဆောင်ရွက်ပေးခြင်း

Kitchen Counter Floor & Wall
(Floor 2' x 1' & Wall 8" x 1' ) Design & Material Coordination with Client ဖြင့် လူကြီးမင်းတို့ စိတ်တိုင်းကျ ဆောင်ရွက်ပေးခြင်း စသည့် ၀န်ဆောင်မှုများကို ဆောင်ရွက်ပေးနေပါသည်ခင်ဗျာ

Ceiling & Handrail Installations Work ................................................................

: Shear Board ( Design )

: Steel Handrail

: ကျွန်းလက်ရန်း နှင့် ကျွန်းနင်းပြား ( only Master Package)

များကို ချစ်သော Customer များစိတ်တိုင်းကျ လုပ်ဆောင်ပေးနေပါသည်ခင်ဗျာ ။

Roofing Work ........................

• Classic အမိုး

• အုတ်ကြွပ်မိုး

• 4 Angle အမိုး

စသည်တို့ကို လူကြီးမင်းတို့စိတ်တိုင်းကျ ဆောင်ရွက်ပေးနေပါသည်ခင်ဗျာ

*** အထပ်တိုင်းတွင် ***

- ချစ်သော လူကြီးမင်းများ စိတ်တိုင်းကျ အခန်း ဖွဲ့များ ဖွဲ့ပေးခြင်း

-အထပ်တိုင်းတွင်Layout Plan အတိုင်း အုတ်တလွှားစီပေးပြီး လူကြီးမင်းတို့စိတ်ကြိုက် အခန်းဖွင့်များကို အုတ်စီပေးခြင်း

စသည့်၀န်ဆောင်မှုများကို လူကြီးမင်းတို့အတွက် Special Service များပေးနေပါသည်။

ချစ်သော Customer တို့ရဲ့ လှပလုံခြုံပြီး စိတ်ကျေနပ်မှုကို သက်ဆုံးတိုင် ရရှိစေနိုင်မည့် အိမ်တိုင်းအတွက် ကျွန်တော်များ LOYAL Professional Engineering Group မှ ကျွမ်းကျင်ထက်မြက်ပြီးတာ၀န်ယူမှု၊တာ၀န်ခံမှု အပြည့်အ၀ဖြင့်တည်ဆောက်ပေး‌ နေ ပါသောကြောင့် အမြန်ဆုံး ကျွန်တော်တို့နှင့်လက်တွဲဆောင်ရွက်ရန် လူကြီးမင်းတို့အား ဖိတ်ကြားအပ်ပါသည်။

From The First Step .... Toward Success

ပထမဆုံးခြေလှမ်းမှသည် ...အောင်မြင်ခြင်းဆီသို့

11/05/2022

အဆောက်အအုံဆောက်လုပ်ခွင့်ရရှိသူ လိုက်နာရမည့် စည်းကမ်းနှင့်နည်းဥပဒေများ ကို ကျွန်တော်များ LOYAL Professional Engineering Group မှ ချစ်သော မိတ်ဟောင်းမိတ်သစ် Customer များအတွက် ဖော်ပြလိုက်ရပါတယ်ခင်ဗျာ ။

******

၁။ (၄၀ပေ x ၆၀ပေ)နှင့် အထက်မြေကွက်များတွင် လုံးချင်းအဆောက်အအုံများ ဆောက်လုပ်လိုပါက အနည်းဆုံး ရှေ့ ၅ပေ၊ နောက် ၄ပေ၊ ဘေးနှစ်ဖက်အမိုးစွန်းမှ ၂ပေစီချန်လှပ်ရမည်။

၂။ (၄၀ပေ × ၆၀ပေ) အောက်မြေကွက်များတွင်လုံးချင်းအဆောက်အအုံများ ဆောက်လုပ်ပါက အနည်းဆုံး ရှေ့ ၅ပေ၊ နောက် ၄ပေ၊ ဘေးနှစ်ဖက်အစွန်းမှ ၁ ပေစီချန်လှပ်ရမည်။ (ဘေးနှစ်ဖက် ၁ပေချန်သဖြင့် အရွက်ဖွင့်တံခါးဆောင်ရွက်၍မရဘဲ လျှောတံခါး (Sliding Window) ဖြင့် ဆောင်ရွက်ရမည်။

၃။ (၄)ထပ်နှင့် အထက်အဆောက်အအုံများတွင် အနည်းဆုံး (Plinth Level) ၁ပေ ဆောင်ရွက်ပြီး (Gf: Level) မှစ၍ (Total Height) ၆၂ပေ ကျော်လွန်ပါကဓာတ်လှေခါး တပ်ဆင်ရမည်။

၄။ (၄)ထပ်နှင့် အထက်အဆောက်အအုံများ လျှောက်ထားရာတွင် ယာဉ်ရပ်နားရန်နေရာ ထည့်သွင်းတင်ပြ၍ မပျက်မကွက်ဆောင် ရွက်ရမည်။

၅။ (၄)ထပ်နှင့် အထက်အဆောက်အအုံများတွင် အရှေ့ဘက်ပင်မလှေခါးအပြင် အရေးပေါ် အသုံးပြုနိုင်ရေးအတွက် မီးသတ်လှေခါးအား အလွယ်တကူတက်/ဆင်းနိုင်ရန်အတွက် ထည့်သွင်း ဆောက်လုပ်ရမည်။

၆။ အဆောက်အအုံ၏အုတ်ခုံအား အနီးကပ်ဆုံး လမ်းမျက်နှာပြင်အထက် အနည်းဆုံး ၁ပေ-၆လက်မမြှင့်၍ ဆောက်လုပ်ရမည်။

၇။ အဆောက်အအုံ၏ ကျောရပ်အမြင့်အား မြေညီထပ်(၁၂ပေ)နှင့် အပေါ်ထပ်အား (၁၀ပေ) စီဆောက်လုပ်ရမည်။

၈။ အိမ်ခန်း၏ ပန္နက်ဧရိယာသည် (၁ဝဝစ/ပေ)ရှိ၍ လေဝင် /လေထွက် ပြူတင်းပေါက်တံခါးများ ဧရိယာသည် အနည်းဆုံး အခန်းနံရံဧရိယာ၏ သုံးပုံတစ်ပုံရှိရမည်။

၉။ ရေမိလ္လာစနစ်အား ရေနှင့်သန့်ရှင်းမှုဌာန၏ ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ရမည်။

၁၀။ မည်သည့်မြို့နယ်တွင်မဆို (Pile Foundation) ဆောင်ရွက်မည် ဆိုပါက မိမိပိုင်နယ်နိမိတ်အတွင်း အနည်းဆုံး ၂ပေခွာ၍ ဆောင်ရွက်ရမည်။ (သို့) အဆောက်အအုံနှင့် ကုန်ဌာန၏ သတ်မှတ်ညွန်ကြားချက်အတိုင်း ဆောင်ရွက်ရမည်။

၁၁။ မိလ္လာကန် (Septic Tank)အတွက် မိမိပိုင်မြေအတွင်းအနည်းဆုံး ၆ပေ ချန်၍ ဆောက်လုပ်ရမည်။ မိလ္လာပိုက်လိုင်းများအတွက် အနောက်ဖက်တွင် အသားတင်၄ပေ ချန်ရမည်။ သို့တည်းမဟုတ် ရေနှင့်သန့်ရှင်းမှုဌာန၏ သတ်မှတ်ညွန်ကြားချက်အတိုင်း ဆောင်ရွက်ရမည်။

၁၂။ အရေးပေါ်ထွက်ပေါက်လှေခါးကို မိမိပိုင်မြေအတွင်းတပ်ဆင်ရမည်။

၁၃။ (၂)ထပ် ထက်ပိုသောအဆောက်အအုံများကို သံကူကွန်ကရစ် (သို့) သံထည်အဆောက်အအုံ (Steel Structure) ဖြင့် ဆောက်လုပ်ရမည်ဖြစ်သည်။

၁၄။ အဆောက်အအုံဆောက်လုပ်ရာတွင် မိမိပိုင်နယ်နိမိတ်အတွင်း ဆောက်လုပ်ရမည်။ စည် ပင်မြေဖြစ်သည့် နောက်ဖေးလမ်းကြား၊ ဘေးလမ်းကြား၊ လမ်းနယ်များနှင့် ဘေးကပ်လျက် မြေကွက်များသို့ ကျူးကျော်ဆောက်လုပ်ခြင်းမပြုရပါ။

၁၅။ ကော်မတီမှ အခါအားလျော်စွာ သတ်မှတ်သည့်နေရာများတွင် သတ်မှတ်သည့် အမြင့်အထိသာ ဆောက်လုပ်ရမည် ဖြစ်ပါသည်။

ကျွန်တော်များ LOYAL Professional Engineering Group မှ ချစ်သော မိတ်ဟောင်းမိတ်သစ် Customers များ ကိုယ်စိတ်နှလုံး ကျမ်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည် ခင်ဗျာ ။

From The First Step .... Toward Success

ပထမဆုံးခြေလှမ်းမှသည် ... အောင်မြင်ခြင်းဆီသို့

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Pinlon Road
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00