Apsis IT-Solution
Depending on the size and field of your organization, we have different products and services to meet your requirements. Our keys for development:
• Desire for Excellence
• Trust and confidence build-up
• Innovation
• Transparency
• Teamwork
We believe in
• Motivation
• Collective responsibility and leadership
• Professionalism and ethics
• Adding values to our client needs
03/05/2022
Ai အင်ဂျင်ပါဝင်ပြီး...(Filter) > (Neural Filters...) မှခေါ်၍ အင်စတောမလုပ်ရသေးသော (Beta) Filters များကိုအင်တာနက်ဖွင့်ကာဒေါင်းလုတ်ရယူရမည်...)..အဒိုဘီဖိုတိုရှော့ (2021) အသစ်ထွက် (Repack) ဗားရှင်းနှင့် အဒိုဘီအာဖတာအဖက် (Repack) ဗားရှင်းတို့ဖြစ်သည်...
🅰dobe Photoshop 2021
v.22.0.0.35 x64 Release (Repack)
===============================
🅰dobe After Effects 2020
v.17.5.0.40 x64 (Repack)
===============================
ဝင်းဒိုးမှ (Virus & Threat protection) နှင့်အခြား Antivirus ဆော့ဝဲများတင်ထားပါကပိတ်ပါ....(အသေအခြာပိတ်နေတာသေခြာပါစေ)
-Setup ကိုအင်စတောလုပ်ပါ...
(C:\...)(OK)...
-🔳Advertising: install..... အမှန်ခြစ်ဖြုတ်ပါ...
-🔳☑Visual C++ Redistributable Package.... သူ့အတိုင်းထားပါ...
လိုအပ်ပါက ☑ပေးထားလိမ့်မယ်...
🔳မလိုအပ်ပါက အမှန်ခြစ်ဖြုတ်ထားပြီးဖြစ်နေမည်...(INSTALL) ကလစ်ပါ...
-(Continue)...(100%) ပြည့်သည်အထိစောင့်ပါ...
-(OK)...(Exit)...ခဏစောင့်ပေးပါ...
-ဆော့ဝဲဖွင့်၍ ဖူးလ်ဗားရှင်း (Online/Offline) လိုင်စင်ဖြင့်အသုံးပြုနိုင်ပြီဖြစ်သည်...
🅰dobe Photoshop 2021
v.22.0.0.35 x64 (Repack) - 1.39 GB.
Mega link... https://mega.nz/file/0R0UXSiC...
🅰dobe After Effects 2020
v.17.5.0.40 x64 (Repack) - 1.10 GB.
Mega link... https://mega.nz/file/dUEUTB5L...
ီးကောင်းမြင့်
ဓါတ်ပုံတွေကို Professional ကျကျ Editing ပြုလုပ်နိုင်တဲ့ - PortraitPro 15.4.1.0 Full Version..................................................................................
PortraitPro 15.4.1.0 နောက်ဆုံးထွက် Update လေးတင်ပေးလိုက်ပါတယ်။ ဓါတ်ပုံတွေကို Professional ကျကျ Editing လုပ်ချင်ကြတဲ့ မိတ်ဆွေများအတွက်ပါ...။ Adobe Photoshop လို Program ကြီးကြီးရှိထားစရာမလိုပဲ ပေါ့ပေါ့ ပါးပါး Edit လုပ်နိုင်တဲ့ Software လေးပါ။ ဖိုင်ဆိုဒ်ကတော့ 91.4 MB ရှိပြီး Windows XP / Vista/ 7/ 8/ 8.1/ 10 (32-bit or 64-bit) အထိ အသုံးပြုနိုင်ပါတယ်။ Full Version သုံးရအောင် Crack ဖိုင်ထည့်ပေး ထားပါတယ်။ အသုံးပြုလိုတဲ့ သူများ အောက်က Link ကနေ Download လုပ်ယူသွားနိုင်ပါတယ်။
download link : http://www.solidfiles.com/v/YA6aL8yZNXLga
rar password ကို cmt မှာ ကြည့်ပါ
zunit.org
[www.ayekyaw.org]_PortPr15410x86StE.rar | Solidfiles Download [www.ayekyaw.org]_PortPr15410x86StE.rar on Solidfiles.
06/01/2022
32-bit and 64-bit
=============
ကွန်ပျူတာမှာ 32-bit Windows OS တင်မလား၊
64-bit Windows OS တင်မလားဆိုတာ မပြောခင် Processor (CPU) အကြောင်းကို ဦးစွာ အနည်းငယ် ပြောချင်ပါတယ်။
32bit နဲ့ 64bit Processor........................................
Processor တစ်လုံးရဲ့ အတွင်းပိုင်းမှာ Register ဆိုတဲ့ အစိတ်အပိုင်းတစ်ခု ရှိပါတယ်။ Processor မှ လက်ရှိ execute လုပ်ဖို့ လိုအပ်တဲ့ data များကို ထည့်ထားတဲ့နေရာဖြစ်ပါတယ်။
Processor ထဲမှာ data/ instruction တွေ တစ်နေရာနဲ့တစ်နေရာ ပေးပို့သယ်ဆောင်ပေးတဲ့ Internal Data Bus ဆိုတဲ့ လမ်းကြောင်းတစ်ခုလည်း ရှိပါတယ်။ ၎င်း Internal data bus ပေါ်မှာ တစ်ကြိမ် တွင် data ပမာဏ ဘယ်လောက်ထိ သယ်ယူပေးနိုင် သလဲဆိုတာ Register ရဲ့ size အပေါ် မူတည်ပါတယ်။
32bit register သုံးထားတဲ့ processor ကို 32-bit Processor ဟု ခေါ်ပြီး 64bit register သုံး ထားတဲ့ processor ကို 64-bit Processor ဟု ခေါ်ပါတယ်။
Intel မှ ထုတ်သော 80386 မှစပြီး Pentium 4 processor များထိ 32-bit register များကိုအသုံးပြု ထားပါတယ်။ ဒါကြောင့် 32-bit processor နဲ့ တပ်ဆင်ထားတဲ့ Computer များမှာ 32-bit Windows OS နဲ့ Application များကိုသာ Install လုပ်နိုင်ပါတယ်။ 64-bit Windows OS နဲ့ Application များကို Install လုပ်လို့ မရနိုင်ပါဘူး။
Intel ရဲ့ Pentium Dual Core လောက်ကစပြီး ယနေ့အထိ Processor များတွင်တော့ 32bit နဲ့ 64bit register နှစ်မျိုးလုံး ပါရှိတဲ့အတွက် 32-bit OS ပဲဖြစ်ဖြစ်၊ 64-bit OS ပဲဖြစ်ဖြစ် အသုံးပြုလို့ ရပါတယ်။
32-bit Windows နှင့် 64-bit Windows.............................................................
64-bit CPU နဲ့ computer ကို စွမ်းဆောင်ရည် ပိုမို အသုံးချနိုင်ဖို့ 64-bit Windows ကို အသုံးပြုသင့်ပြီး ၎င်း Windows အတွက် 64-bit Driver များ တင်ဖို့ လိုအပ်ပါတယ်။
32-bit Windows ကို သုံးမည်ဆိုပါက CPU တစ်လုံး ကို စွမ်းရည်ပြည့် အသုံးမချသလို ဖြစ်နေပါမယ်။
ယခုနောက်ပိုင်း model မြင့် Laptop တွေအချို့မှာ ဆိုရင် 64-bit OS အတွက်ပဲ Driver ထုတ်ပေးပြီး 32bit အတွက် driver support မလုပ်တော့တာ တွေ့ရပါတယ်။ ၎င်း Laptop များကို 32-bit Windows တင်သုံးလို့ရသော်လည်း driver install လုပ်တဲ့အခါ component device အားလုံးအတွက် driver ရှိမည် မဟုတ်ပေ။
နောက်ထပ် အရေးကြီးတဲ့အချက်က RAM (memory capacity) နဲ့ ဆက်စပ်မှုပါပဲ။
32-bit Windows OS ရဲ့ အမြင့်ဆုံး support လုပ်နိုင် တဲ့ RAM ပမာဏဟာ 4GB အထိသာ ဖြစ်ပါတယ်။ သဘောကတော့ 32-bit Windows သုံးထားရင် computer မှာ RAM ကို 4GB ထက်ကျော်လွန်အောင် အသုံးပြု၍ မရပါ။ (ဥပမာ. 6GB တပ်ထားပါက ပိုတဲ့ 2GB သည် အပို waste ဖြစ်နေပါလိမ့်မည်။)
RAM ကို 4GB ထက်ပိုသုံးထားပါက 64-bit Windows ကိုသာ အသုံးပြုသင့်ပြီး 64-bit Windows ရဲ့ အမြင့်ဆုံး support လုပ်နိုင်တဲ့ RAM ပမာဏဟာ 16.8 million terabyte ထိ ဖြစ်ပါတယ်။
Computet တစ်လုံးမှာ RAM အများဆုံး တပ်ဆင်နိုင် မှုသည် Motherboard ရဲ့ Chipset အပေါ်မှာလည်း မူတည်ပါသေးတယ်။ Motherboard chipset ရဲ့ RAM support လုပ်နိုင်မှုသည် 16 GB ဆိုပါက RAM ကို 16GB ထက် ပိုတပ်၍ မရပေ။
Windows 64-bit သုံးမည်ဆိုလျှင် ဆက်စပ် device များအတွက် 64-bit driver များ install လုပ်ရမည် ဖြစ်ပြီး Application များကတော့ 32-bit ရော 64-bit ပါ install လုပ်နိုင်ပါတယ်။ အချို့ Apps များကတော့ 64-bit apps များသာ တင်လို့ ရပါတယ်။
(ဥပမာ. Adobe Premiere CS 5 software ဆိုရင် 64-bit Windows ပေါ်မှာသာ သုံးနိုင်ပါတယ်။)
64-bit Windows OS အသုံးပြုပါက 3D Game များ၊ 3D Aimation, Graphic app များကို သုံးသည့်အခါ စွမ်းဆောင်ရည် ပိုမိုအသုံးချနိုင်သည့်အတွက် 64-bit Windows OS အသုံးပြုမှုမှာ ပိုမိုတွင်ကျယ်လာပြီး ဖြစ်သည်။
........................
Ref: Wikipedia
Kyaw Kyaw (UniSUN)
03/01/2022
Monitor တစ်လုံး ရွေးချယ်ရာတွင်
အပိုင်း(၁)
အခုနောက်ပိုင်းမှာ CRT မော်နီတာတွေရဲ့ နေရာကို LCD မော်နီတာတွေက အစားထိုး ဝင်ရောက်နေရာယူလိုက် ပြီ ဖြစ် ပါတယ်။ LCD မော်နီတာတွေ ဝယ်ယူတဲ့အခါမှာ အောက်ပါ အချက် (၇) ချက်ပေါ် အဓိကထား နှိုင်းယှဉ် ပြီး ဝယ်ယူသင့်ပါတယ်။
အဲဒါတွေကတော့
(1) Resolution
(2) Contrast Ratio
(3) Monitor Ratio
(4) Response Time
(5) View Angle
(6) Port (DVI/VGA) နဲ့
(7) Warranty တို့ပဲ ဖြစ်ပါတယ်။
အခုဖော်ပြပေးထားတဲ့ အချက်တွေနဲ့ ပတ်သက်တဲ့ သိရှိထားသင့်တာတွေ ကို ရေးသားဖော်ပြပေးလိုက်ပါတယ်။
အသေးစိတ်ကို အောက်မှာ ဆက်လက်လေ့လာပါ...
(1) Resolution
Resolution ဆိုတာကတော့ မော်နီတာပေါ်မှာ ပုံဖော်ပေးနိုင်မယ့် အစက်အပြောက်အရေအတွက်ပဲ ဖြစ်ပါတယ်။ resolution များလေ မော်နီတာရဲ့ ကြည်လင်ပြတ်သားမှု ပိုကောင်းလေပါပဲ။ resolution ကို pixel ပမာဏ နဲ့ ဖော်ပြ ပေးပါတယ်။ ဥပမာ မော်နီတာရဲ့ resolution 1280 x 1024 megapixel ဆိုရင် အဲဒီနှစ်ခု ကို မြှောက်ရန် မော်နီတာမှာ ပုံဖော်ပေးမယ့် အစက်အရေအတွက် ရပါတယ်။
(2) Contrast Ratio
Contract Ratio ဆိုတာကတော့ ပုံရိပ်ဖော်ရာမှာ အသုံးပြုတဲ့ အစက်အပြောက် တစ်ခုချင်းစီရဲ့ အတောက်ပဆုံး အဖြူရောင်နဲ့ အနက်ရောင်စစ်စစ်တို့ကို ဘယ်လောက်အထိ ရလဲဆိုတာကို တိုင်းတာတဲ့ အတိုင်းပဲဖြစ်ပါတယ်။ Contract Ratio ကွာခြားချက် တန်ဖိုးမြင့်လေ ဖော်ပြတဲ့ ပုံရိပ်ရဲ့ ကြည်လင်တောက်ပမှု ပိုအားကောင်းလေ ဖြစ်ပါ တယ်။ စကရင် ဆိုဒ်အရွယ်အစား တူညီတဲ့ အမျိုးအစားမတူတဲ့ မော်နီတာ နှစ်မျိုးကို ရွေးချယ်တဲ့ အခါမှာတော့ Contract Ratio ပိုများတာကို ရွေးချယ်သင့်ပါတယ်။
(3) Monitor Ratio
Monitor Ratio ဆိုတာကတော့ မော်နီတာရဲ့ အလျားနဲ့ အနံအချိုးကို ဆိုလိုတာဖြစ်ပြီး အခုဈေးကွက်ထဲမှာရှိ တဲ့ မော်နီတာတွေမှာ square view နဲ့ wide view ဆိုပြီး နှစ်မျိုး တွေ့နိုင်မှာ ဖြစ်ပါတယ်။ wide view အချိုးမှာတော့ 16:10 နဲ့ 16:9 ဆိုပြီး နှစ်မျိုးရှိပြီး square view အချိုးကတော့ 4:3 ဖြစ်ပါတယ်။ 4:3 ကတော့ CRT မော်နီတာတွေ မှာသုံးတဲ့ အချိုးအစားဖြစ်ပြီး ရုံးလုပ်ငန်းသုံးအတွက် သင့်တော်ပါတယ်။ Wide view ကတော့ ရုပ်ရှင်ကြည့်တာမျိုးနဲ့ Multi-media လုပ်ငန်းသုံးအတွက် အထူးသင့်လျော်ပါတယ်။
(4) Response Time
မော်နီတာပေါ်မှာ ပုံရိပ်ဖော်ဖို့အတွက် pixel လေးတွေကို အဖွင့်အပိတ်ပြုလုပ်ပေးရပါတယ်။ အဲဒီလိုလုပ်ပေးရာမှာ ဘယ်လောက်မြန်မြန် လုပ်နိုင်သလဲဆိုတာကို တိုင်းတာတဲ့ အတိုင်းအတာပဲ ဖြစ်ပါတယ်။ Response Time နည်းပါက ပိုမိုကောင်းမွန်ပါတယ်။ အခုဈေးကွက်ထဲမှာတွေ့နေရတဲ့ မော်နီတာအများစုကတော့ 2ms, 5ms, 7ms စတာတွေရှိပါတယ်။ 2 milli second (2ms) ဆိုရင် Response Time က တစ်စက္ကန့်ရဲ့ တစ်ထောင်ပုံနှစ်ပုံ ကြာတာကို ဆိုလိုတာဖြစ်ပါတယ်။
(5) View Angle
Verticle View Angle နဲ့ Horizonal View Angle ဆိုပြီး နှစ်မျိုးရှိပါတယ်။ မော်နီတာရဲ့ မျက်နှာပြင်ကို ဘေးစောင်း ကနေ ဘယ်လောက်ထိကြည့်လို့ရသလဲနဲ့ အပေါ်အောက် ဘယ်လောက်ထိ စောင်းကြည့်နိုင်လဲဆိုတာကို တိုင်း တာတဲ့ အတိုင်းအတာဖြစ်ပါတယ်။ View Angle ကျဉ်းရင် ဘေးစောင်းကြည့်တဲ့အခါ မော်နီတာမျက်နှာပြင်က မည်းနေပါ လိမ့်မယ်။ View Angle ကျယ်လေ ပိုကောင်းလေ ဖြစ်ပါတယ်။
(6) Port
မော်နီတာ ဝယ်ယူတဲ့အခါမှာ ဘယ်လို Port တွေနဲ့ချိတ်ဆက်အသုံးပြုလို့ရလဲဆိုတာကိုပါ သိရှိဖို့လိုပါတယ်။ DVI port နဲ့ VGA port ဆိုပြီး နှစ်မျိုးရှိပါတယ်။ DVI port ကတော့ ဒစ်ဂျစ်တယ်ကနေ ဒစ်ဂျစ်တယ်ကို တိုက်ရိုက် output အနေနဲ့ ထုတ်ပေးတဲ့အတွက် VGA port ထက်ပိုကောင်းပါတယ်။ သင့်ရဲ့ system unit မှာ DVI output ပါတယ်ဆိုရင်တော့ DVI port ပါတဲ့ မော်နီတာကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ အခုနောက်ပိုင်းမှာပေါ့ HD အရည်အသွေးတိုင်း ထောက်ပံ့ပေးနိုင်တဲ့ HDMI port ပါဝင်တဲ့ အမျိုးအစားတွေလည်း ဝင်ရောက်လာပါတယ်။
(7) Warranty
Warranty ကိုတော့ ဝယ်ယူတဲ့အခါမှာ သေချာမေးဝယ်သင့်ပါတယ်။ တချို့တွေက Warranty သုံးနှစ်လို့ ပြောပေမယ့် ဆားဗစ်ပဲ ပေးတာမျိုးရှိပါတယ်။ ဥပမာ - Warranty သုံးနှစ်ဆိုပါစို့။ Warranty ကို ဆားဗစ်ရော အစိတ်အပိုင်း (parts) နှစ်မျိုးလုံး သုံးနှစ် ပေးတာလား၊ LCD panel ကိုရော သုံးနှစ်ပေးတာလားဆိုတာကို သေချာမေးပြီး ဝယ်ယူသင့်ပါတယ်။
အပိုင်း(၂)
Monitor အသစ်တစ်လုံးဝယ်တဲ့ အခါမှာ စဉ်းစားစရာ အချက်တွေက screen size, resolution, aspect ratio တွေပဲဖြစ်ပါတယ်။ အဲ့ဒီအချက်တွေတင်မကသေးပဲ နောက်တစ်ချက် ဖြစ်တဲ့ refresh rate ဆိုတာကို ကျွန်တော်တို့ကြားဖူးကြပါတယ်။ ကဲဒါဆိုရင် refresh rate ဆိုတာဘာလည်း ဆိုတာကိုအနည်းနဲ့အများ သိရှိသွားအောင် ရေးသားလိုက်ပါတယ်။
Refresh rate ဆိုတာဘာလဲ?
__________________
Monitor တစ်လုံးရဲ့ refresh rate ဆိုတာက တစ်စက္ကန့်ကို မော်နီတာပေါ်မှာ မြင်နေရတဲ့ ပုံဘယ်နှစ်ကြိမ်ပြောင်းလည်းသလဲဆိုတာကို တိုင်းတဲ့အတိုင်းအတာပဲဖြစ်ပါတယ်။ အဲ့ဒါကို Hertz(Hz) ဆိုတာနဲ့တိုင်းပါတယ်။ Refresh rate ဆိုတာ frame rate ကိုပြောတာမဟုတ်ပါဘူး။ Frame rate ဆိုတာက program တစ်ခုကနေ သင့် display ကို တစ်စက္ကန့်အတွင်း ပေးပို့တဲ့ video frame ပမာဏကိုပြောတာပါ။ အဲ့ဒီပေးပို့လိုက်တဲ့ frame တွေကို တစ်က္ကန့်အတွင်း ဘယ်နှစ်ကြိမ် update လုပ်ပြီးပြနိုင်လဲဆိုတဲ့ နှုန်းကိုတော့ “Monitor Refresh Rate” လို့ဆိုပါတယ်။ ဥပမာ game တစ်မျိုးက 100FPS(Frame Per Second) နဲ့ runနေတယ်ဆိုရင် refresh rate များတဲ့ monitor နဲ့ဆိုရင် လှုပ်ရှားမှုတွေကို ပိုမိုချောချောမွတ်မွတ် မြင်တွေ့ရမှာပါ။ ပုံမှန် monitor တွေဟာ refresh rate 60Hz နဲ့ပါ။ ဒါပေမဲ့ တခြား rate တွေဖြစ်တဲ့ 144Hz၊ 240Hz နဲ့ monitor တွေလည်းရှိပါတယ်။
Refresh rate တွေကဘယ်အချိန်မှအရေးပါတာလည်း?
_______________
Game နဲ့ ရုပ်ရှင်ကြည့်တာတွေကို ကောင်းကောင်းမွန်မွန်ကြည့်ချင်ရင် refresh rate များတဲ့ monitor ဝယ်လိုက်ရုံပဲလား?။ မဟုတ်ပါဘူး။ အပေါ်ကပြောသလိုပဲ refresh rate ဆိုတာ frame rate မဟုတ်ပါဘူး။ အဲ့ဒီ frame တွေကို ဘယ်လောက်မြန်မြန် update လုပ်နိုင်သလဲဆိုတာပါ။ Game နဲ့ Video တွေ Smooth ဖြစ်တာက frame rate တွေကြာင့်လည်းပါပါတယ်။ အဲ့ဒီတော့ Refresh များတဲ့ monitor တွေကိုဝယ်မယ်ဆိုရင် အဲ့ဒီ refresh rate ကိုကောင်းကောင်း အသုံးချဖို့ သင့် computer က frame rate များများပို့ပေးနိုင်ဖို့လိုပါတယ်။ Productivity Application တွေဖြစ်တဲ့ Microsoft Officeတို့၊ Photoshop ( Animation မလုပ်ရင် ) စတဲ့ Application များစုနဲ့၊ Video တွေကြည့်တဲ့အခါမှာတော့ refresh rate ကလုံး၀ အရေး မပါပါဘူး။ Video အများစုက 24FPs နဲ့သွားတာဖြစ်လို့ 60Hz monitor တိုင်းကောင်းကောင်းနိုင်ပါတယ်။ ဒါပေမဲ့ Video တိုင်းကတော့ 24FPs နဲ့မဟုတ်ဘူးဆိုတာ သတိပြုစေလိုပါတယ်။
Refresh Rate တွေတကယ့် အရေးပါတဲ့ နေရာက Game ကစားတဲ့အခါမှာပါ။ ဘာလို့လည်းဆိုတော့ Graphics ကဒ်ကောင်းကောင်းတွေက FPSအများကြီးထုတ်တတ်ပါတယ်။ အဲ့ဒီတော့ 60Hz refresh rate ထက်များတဲ့ monitor တွေနဲ့မှ 100 FPs နဲ့ အထက် game တွေကိုကစားရ တာကောင်းမှာပါ။ 60Hz refresh rate ပဲရှိတဲ့ mointor မှာ graphic card ကောင်းလို့ FPs များများလာတဲ့ဂိမ်း (ဥပမာ - 60Fps အထက်) တွေကို display ပြရင် screen ပေါ်မှာ ပြတဲ့ပုံက အပိုင်းပိုင်းပြတ်နေတာတွေရှိမှာပါ။
အဲ့ဒါကို "screen tearing” လို့လူသိများပါတယ်။
နောက်ဆုံး အနေနဲ့ monitor ဝယ်တဲ့အခါမှာ ဘယ်လောက် refresh rate ကိုဝယ်ရမလဲဆိုတာက ကိုယ်ဘာအတွက် ဒီ monitor ကိုအသုံးပြုမှာလည်းဆိုတာအပေါ်မူတည်ပါတယ်။ သာမန် သုံးပဲဆိုရင်တော့ 60Hz ကသင့်တော်ပါတယ်။ Refresh rate ကိုထည့်စဉ်းစားဖို့ လိုတဲ့သူတွေကတော့ တကယ့် serious ဖြစ်တဲ့ gamer တွေပဲများပါတယ်။ သာမန်အသုံးပြုသူတွေ၊ ဂိမ်းကိုရံဖန်ရံခါသာကစားသူတွေအတွက်ကတော့ အဲ့ဒီလောက် 60Hz ထက်ပိုမလို့လောက်ဘူးလို့ ယူဆလို့ရပါတယ်။ ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ စားလုံးပေါင်းမှားတာတွေ၊ typo တွေပါသွားရင် သည်းခံပေးပါ။
အပိုင်း ၃
Screen Resolution နဲ့ ပတ်သက်ပြီး Monitors အကြောင်း အမေးများတဲ့ မေးခွန်းလေးတွေရဲ့ အဖြေကို အောက်ပါ စာလေးကို ဆုံးအောင်ဖတ်ကြည့်ခြင်းဖြင့် အတန်အသင့် နားလည်သွားမယ်လို့ ယူဆမိပါတယ်😊
=====================
Screen တွေမှာရှိတဲ့ resolutionတွေဖြစ်တဲ့ 720p, 1080p, 1440p, 2K, 4K နဲ့ 8K စတာတွေကတစ်ခုနဲ့တစ်ခု ဘာကွာသလဲ?
Resolution ဆိုတာကို screen တစ်ခုမှာရှိတဲ့ pixel စုစုပေါင်း ရဲ့အရေအတွက်လို့သုံးရင်မှားပါတယ်။ အမှန်တကယ်မှာတော့ resolution ဆိုတာ တစ်ယူနစ် area မှာရှိတဲ့ pixel အရည်အတွက်ကိုပြောတာပါ။ နောက်ထပ်တစ်ခုဖြစ်တဲ့ PPI (pixel per inch) ဆိုတဲ့ တာကတော့ pixel လေးတွေဘယ်လောက်သိပ်သိပ်သည်းသည်းရှိနေသလဲဆိုတာကိုပြတဲ့ အတိုင်းအတာဖြစ်ပါတယ်။ Resolution တွေမှာ p နဲ့ I ဆိုပြီးတော့ နောက်ဆုံး စာလုံးနှစ်မျိုးကို သင်မြင်ဖူးကောင်း မြင်ဖူးပါလိမ့်မယ်။ P ကတော့ progressive display ကိုပြောတာဖြစ်ပြီးတော့ I ကတော့ interlaced display ကိုပြောတာပါ။ သူတို့နှစ်ခုရဲ့ကွာခြားချက်ကတော့ ရုပ်ပုံတွေကို ဖန်သားပြင်ပေါ်မှာ ပြတဲ့နည်းလမ်းပါ။
High-definition TV တွေ monitor တွေစထွက်တဲ့ အချိန်မှာတော့ ထုတ်လုပ်သူတွေဟာ သူတို့ရဲ့ ထုတ်ကုန်တွေကို အသုံးပြုသူတွေအလွယ်သိရှိအောင်ဆိုပြီးတော့ 720p, 1080p, 1440p, 2K, 4K နဲ့ 8K ဆိုပြီးတော့ အဲ့ဒီ screen တွေရဲ့ display resolution တွေကို အလွယ်နည်းနဲ့ ဖော်ပြလာပါတော့တယ်။ ဒီလိုဖော်ပြတဲ့နေရာမှာ TV တွေရော computer monitor တွေရောကိုပါ ဖော်ပြကြပါတယ်။
Resolution ကို အလျားအလိုက် စီထားတဲ့ pixel အရေအတွက်နဲ့ ဒေါင်လိုက် စီထားတဲ့ pixel အရေအတွက် များရဲ့ မြှောက်လဒ်များ အဖြစ်ဖော်ပြပါတယ်။ ဥပမာ အနေနဲ့ဆိုရင်တော့ 640 x 480 = 307200 pixels ။
720p = 1280 x 720 – ကို HD သို့ “HD ready” resolution လို့သိရှိကြပါတယ်။
------
1080p = 1920 x 1080 - ကိုတော့ FHD ဒါမှမဟုတ် "Full HD" resolution ဖြစ်ပါတယ်။
------
1440p = 2560 x 1440 - ကိုတော့ QHD ဒါမှမဟုတ် Quad HD resolution လို့လူသိများပါတယ်။ ဒီလို screen တွေကိုတော့ gaming monitor တွေနဲ့ high-end ဖုန်းတွေမှာတွေ့ရတတ်ပါတယ်။ 1440p ဟာ HD သို့ “HD ready” resolution ရဲ့ 4 ဆဖြစ်ပြီးတော့ တချို့ premium ဖုန်းတွေမှာဆိုရင် 2960x1440 Quad HD+ resolution နဲ့တောင်မှ လာကြပါတယ်။
------
4K or 2160p = 3840 x 2160 -ကိုတော့ 4K, UHD or Ultra HD resolution လို့လူသိများပြီး premium TV တွေနဲ့ monitor တွေမှာ တွေ့ရတတ်ပါတယ်။ ဒီကောင့်ကို 4K လို့ခေါ်ရတဲ့ အကြာင်းကတော့ သူ့ရဲ့ အကျယ်က 4000 pixels နားကပ်နေလို့ပါ။ 1080p FHD or "Full HD." ရဲ့ pixel အရေအတွက်ထက် 4ဆ ပိုများပါတယ်။
------
8K လည်းရှိပါသေးတယ်။ 8K ကတော့ pixel 7680 x 4320 ရှိပါတယ်။
ကိုယ့် screen မှာရှိတဲ့ resolution ထက်ပိုတဲ့ video တွေကိုကြည့်လို့ရပါ့မလား?
========
ရပါတယ်။ သင့် screen က 720p ပဲရှိတယ်လို့ ဥပမာဆိုကြပါဆို့။ သင်ဟာ 1080p ရှိတဲ့ video တစ်ခုကို ကြည့်လို့ရပါတယ်။ သင့် display ဟာ downsampling ဆိုတဲ့နည်းပညာကိုသုံးပြီးတော့ သင့် resolution နဲ့ကိုက်ညီအောင် video resolution ကိုလိုက်ညှိပေးမှာဖြစ်ပါတယ်။ အဲ့ဒီတော့ သင့်မှာ 720p ပဲရှိပြီးတော့ 4K video ကိုကြည့်လည်း သင်က 720p ကိုပဲမြင်ရမှာဖြစ်ပါတယ်။
သင့်မှာ ရှိတဲ့ resolution ?
=======
http://whatismyscreenresolution.net/ ဆိုတဲ့ အင်တာနက် စာမျက်နှာကို သွားရောက်ခြင်းအားဖြင့် သင့် screen resolution ကိုသိရှိနိုင်မှာဖြစ်ပါတယ်။ တခြားနည်းလမ်းတွေလည်းရှိပါသေးတယ်။ အလွယ်ဆုံးနဲ့ အမြန်ဆုံးကို ဖော်ပြထားတာဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 347/6A, Nawaratt 3rd Street (Down Block), Thaketa 8 Ward
Yangon
11231