Lwam

Lwam

Share

12/02/2026

ဘယ်တော့မှ ပြန်မသွားတော့မဲ့ ရင်ခွင်တခုနဲ့
ဘယ်တော့ တံခါးပြန်မဖွင့်တော့မဲ့ နှလုံးသားတံခါးတခု
ထပ်တူဖြစ်ဖို့မျှော်လင့်ရင်း
📑🖋️📝

06/02/2026

ဟိုးအရင်တချိန်က ရခဲ့ဖူးတဲ့အမှတ်တရတွေက
ခုချိန်မှာ နောင်တ တွေ ဖြစ်လာလိမ့်မယ်ဆိုတာ
ကြိုသိခဲ့ရင် 😥
📝📑🖋️

Photos from Lwam's post 11/01/2026

Right Person Vs ငါဘယ်ချိန်မှာ စလွဲ/စမှားခဲ့တာလဲ?

တခါတလေ ငါတို့ပြောကြတယ်လေ
"ငါတိုတွေ ဘယ်နားလွဲခဲ့ကြတာလဲ" တဲ့
အမှန်တကယ်တော့လေ အဲစာသားလေးကို
ကိုယ် နားလည်ခဲ့တာက လူချင်းမတွေ့ရဘဲ လွဲခဲ့တာလို့ ထင်မိခဲ့တာ
တကယ့်လက်တွေ့မှာတော့
right person လို့ထင်နေခဲ့တဲ့ သူကြီးက
wrong person ကြီး ဖြစ်မှန်းမသိဘဲ right time တွေဖြုန်းတီးမိခဲ့တာပဲ she/he can't right person for me မှန်းလဲ သိရော
ပေးဆပ်ခဲ့ရတဲ့အချိန်တွေ အတွက်
ရေစက်က ဝဋ်ကြွေးတွေ ဖြစ်မှန်းမသိ ဖြစ်ကုန်ကြရော
ငါတို့ဘယ်နားလွဲခဲ့တာလဲ ဆိုတာထက်
ငါဘယ်ချိန်မှာ စမှားခဲ့တာလဲ ဆိုတဲ့ အဖြေကို အသဲသန်ရှာပြီး
ရူးမတတ် နောင်တကြီးနဲ့ပေါ့
အဓိက ကတော့ မိန်းကလေး‌တွေဖက်ကနေ
ကိုယ်တွဲနေတာက right person ဟုတ်/မဟုတ်
right time မှာ သိဖို့အရမ်းကြီးတာနော်
📑✍️📒

15/12/2025

ငယ်ကအချစ် နှစ်တရာမမေ့သာတဲ့
အဲစကားလိုပဲ
ငယ်ငယ်က အမေလုပ်ပေးနေကျ
မုန့်တီဖက်ကို ထမင်းကြမ်းနဲ့ ဂေါ်ဖီ၊ကြက်သွန်နီ၊နံနံပင်
ရောသုပ်တဲ့ အသုပ်ကို အမေနဲ့နေစဉ် စားရတဲ့အချိန်တိုင်း
(စရိတ်ချွေတာကြောင့်လဲ ပါမှာပေါ့)
မုန့်တီဖက်ချည်းပဲ သုပ်‌တာ စားချင်တာ ဘာလို့ဂေါ်ဖီတွေထည့်လဲပေါ့
ငါကြီးလာတဲ့အခါ အဲထမင်းကြမ်းနဲ့ ဂေါ်ဖီ၊ကြက်သွန်နီ၊နံနံပင်
မထည့်ဘဲ သုပ်စားမှာလို့ အမြဲတွေးခဲ့တာ
တကယ်တမ်းကျတော့ ကိုယ့်လင်ကိုယ့်ခြေနဲ့လုပ်စားတဲ့အချိန်ကျ‌ပြန်တော့
ငယ်ငယ်ကအမေသုပ်သလိုလေးပဲ ပြန်စားချင်ပြီး ငယ်ကစားတဲ့အရသာလေး တမ်းတ မိတာ အမှန်
အမေ့ဆီမှာတော့ ဆိပ်ဖူးဟင်းချို ပါတာပေါ့
ကို့တကိုယ်စာကတော့ရေနွေးဖြူတခွက်နဲ့ပါပဲ
အသက်ရွယ်‌တခုရောက်လာလို့ ဘယ်အရာတွေ ဘယ်လောက်ကောင်းကောင်း ငယ်ငယ်က အမေတို့လုပ်ကျွေးတဲ့ အစားစာ‌တွေတော့ ပြန်တမ်းတ လွမ်းမောမိတာ အမှန်
ဘယ်သူ့လက်ရာကောင်းတယ်ပြောပြော ကို့အမေ့လက်ရာကတော့ အကောင်းဆုံးပဲ အလွမ်းဆုံးပဲ ထင်မိတဲ့ အသက်ရွယ်ရောက်လာပြီကိုး

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon