No Name
24/02/2022
ကျွန်တော်တို့ Football Click War လေး လုပ်တာ
၅ ရက်ရှိပြီ အသင်းအားလုံး ၂ပွဲစီ ပြိုင်ပြီးပြီ ဆိုတော့
လက်ရှိ အမှတ်စာရင်းလေး ကြေညာပေးချင်ပါတယ်
🥇 (698) Man United
🥈 (537) Liverpool
🥉 (360) Arsenal = Chelsea (လုံးဝ အတူတူ 😱)
💦 (234) Man City တို့ပဲ ဖြစ်ပါတယ်
နောက်ကျန်တဲ့ ၅ရက် မှာ အနိုင်အရှုံး ဆုံးဖြတ်မှာမို့
ဒီ link ထဲဝင်ပြီး ကိုယ်အားပေးတဲ့ အသင်းကို click ပါ
👉🏻 https://bit.ly/revolution-fan-war 👈🏻
Telegram မှာလည်း လာ click လို့ ရပါတယ်
https://t.me/Revolution_Fan_War
အရင်နေ့က link တွေလည်း ပြန်ဝင်လို့ ရတာမို့
ကိုယ့်အသင်း နိုင်စေချင်ရင် နေ့တိုင်းဝင်နော် 🙆🏻♀️
⬇️ ဝင်နည်း ကြည့်ရန် ⬇️
https://www.facebook.com/106169878502467/posts/153663393753115/
▪▪▪
《 အမှတ် တွက်နည်း 》
Post က အသည်း + link 4 ခု visit count
* post တွေက view ကို မကြည့်ပါဘူး နော် *
Post က ၁၀ ရက်လုံး ဒီ အသင်းဆို ဒီ post ပါပဲ
Link က တခြား 4 သင်းနဲ့ ပတ်လည် ပြိုင်တော့
4 link စီ ရှိပါတယ်
Link က vpn ပြောင်းပြီး ထပ်ဝင်လို့ ရပါတယ် 🙆🏻♂️
ကိုယ့်အသင်း အမှတ်များစေချင်ရင် နေ့တိုင်းဝင်ပါ
▪▪▪
ဘောလုံးဖန်များ clicker ဖြစ်လာစေရန် ရည်ရွယ်ပါသည်
Click အကြောင်း သိချင်တာတွေမေးဖို့ ဒီgroupကို လာပါ
https://www.facebook.com/groups/1032451787598055/
🙆🏻♂️ များများ သိအောင် share ပေးကြပါ 🙆🏻♀️
24/01/2022
“ လေးစားထိုက်သူများ ”
==================
CDMသူရဲကောင်းတွေကြုံတွေ့နေရတဲ့ ပြဿနာတွေကို တွေးကြည့်ဖူးပါသလား....?
တွေးကြည့်ဖူးတဲ့လူရှိသလို မတွေးကြည့်မိတဲ့လူတွေလည်းရှိမှာပေါ့။ မတွေးမိတဲ့လူပိုများမယ်ထင်မိပါတယ် ><
အခုတော့ အဲ့ပြဿနာတွေကိုနည်း"လောက်
အာချောင်ချင်ပါတယ်ရှင့်
ပထမဆုံးကတော့ စကစလိုက်ဖမ်းတဲ့ဒဏ်ကနေ ရှောင်ပြေးနေရတာပါပဲ။ စားဖို့သောက်ဖို့နောက်ထားဦး အဖမ်းမခံရဖို့ အသက်မသေဖို့အရေး သူရဲကောင်းတွေမှာ အစစ်အဆေးအင်မတန်ကြပ်နေတဲ့ကြားက ရှောင်တိမ်းနေကြရပါတယ်။
အဲ့လိုရှောင်တိမ်းတဲ့အခါ CDMလုပ်တဲ့လူတစ်ယောက်တည်း ရှောင်လို့ရတဲ့ ကိစ္စမှမဟုတ်ပဲလေနော်။ ဟိုဘက်က မမိရင် မိတဲ့လူဖမ်းနေတာဆိုတော့ မိသားစုလိုက်ရှောင်ရတာပေါ့။
မိသားစုလိုက်ရှောင်ရတာကြောင့် စားဝတ်နေရေးကြပ်တည်းတဲ့ပြဿနာကို သူရဲကောင်းတွေခင်မျာ ထပ်ပြီးရင်ဆိုင်ကြရပြန်ပါရောကွယ် ...
တချို့သူရဲကောင်းတွေက မိသားစုလိုက် ဝန်ထမ်းအိမ်ရာမှာနေကြတဲ့လူတွေဖြစ်တာကြောင့် မရှောင်ရသည့်တိုင် ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှားခံကြရပါတယ်။
သူတို့အနေနဲ့ အခုလို တော်လှန်ရေးနဲ့ဆက်စပ်တဲ့လူတွေနဲ့ပတ်သတ်တဲ့ အိမ်မှန်သမျှကို လိုက်ပြီးချိတ်ပိတ်နေတဲ့အချိန်မဖျာ အိမ်ငှားဖို့ဆိုတာ မလွယ်ကူလှပါဘူး။
ဒီကြားထဲကနေ တလရအစကနေစလို့ အခုချိန်ထိ CDMလုပ်နေကြတဲ့ သူရဲကောင်းတွေကတော့ တကယ့်ကိုလေးစားထိုက်သူတွေပါ။
နေစရာနေရာရှိတယ်ပဲဆိုကြပါစို့။ လစာအပေါ်မှီခိုနေရတဲ့ဝန်ထမ်းတွေဖြစ်တာကြောင့် CDMလုပ်လိုက်တဲ့အတွက် လစာမရပဲ ရိုင်းရိုင်းပြောရရင်ငတ်ကုန်ကြပါတော့တယ်။ “ရုံးမသွားနဲ့ဝန်ထမ်းတွေ အိမ်မှာနေပါ ဇိမ်နဲ့ ဇိမ်နဲ့” ဆိုပြီးအော်ခဲ့ကြတဲ့လူအုပ်ကြီးထဲက လူအားလုံးက သူရဲကောင်းတွေကို ထောက်ပံ့နေတာမဟုတ်တဲ့အတွက် ငတ်ကုန်ကြတာပါပဲ။
တလရအစမှာ လူတစ်ယောက်က်ု တစ်လ ဘယ်လောက်ထည့်ရင် ဘယ်လောက်ရမယ် ဘယ်လိုထောက်ပံ့မယ် ကျွန်တော်/မတို့လည်းပါဝင်ပါမယ်ဆိုပြီး postတင်ခဲ့တဲ့လူတွေကလည်း အခုချိန် ကြက်ပျောက် ငှက်ပျောက်ပါပဲ ဟီးဟီး ဟုတ်တယ်မလား ><
ဆိုတော့က နုဂျီကမထောက်ပံ့ဘူးလားဆိုပြီး ဆရာကြီးများက စောဒကတက်လာကြပါလိမ့်မယ်။
နုဂျီလည်းသူနဲ့လက်လှမ်းမီသလောက်ထောက်ပံ့နေတာ အားလုံးအသိပါ။
ဒါပေမယ့် နုဂျီနဲ့ မချိတ်ဆက်မိသေးတဲ့ သူရဲကောင်းတွေမှ အများကြီး အများကြီးရှိပါသေးသည် ။
အဲ့လို နုဂျီနဲ့အချိတ်အဆက်မမိတဲ့ ဝန်ထမ်းတွေကို ဘယ်သူက ထောက်ပံ့ပေးနေလဲ....?
သူတို့တွေ ခုချိန် ဘယ်လိုတွေများ
ရုန်းကန်စားသောက်နေရလဲ.....?
ဟူး တွေးကြည့် ရင်မောစရာတွေကြီးပါပဲ
:::::::
:::::::
ကဲ ရေလေးသောက် ၊ မျက်လုံးလေး ခဏနားပြီး ပြန်ဆက်ရအောင် ...
အဲဒီလို
နုဂျီနဲ့ အချိတ်အဆက်မမိတဲ့ သူရဲကောင်းတွေကို ထောက်ပံ့ရေးအဖွဲ့လေးတွေက တတ်စွမ်းသရွေ့ အလှူခံပြီး ထောက်ပံ့နေကြပါတယ်။
အဲ့ထောက်ပံ့ငွေလေးတွေက သူရဲကောင်းတွေအတွက် လုံလောက်တယ်တော့မဟုတ်ပေမယ့် သူတို့တွေကတော့ အရာအားလုံးကိုရင်ဆိုင်လို့ အခုထိCDMလုပ်နေကြဆဲပါ။
အဲ့လိုထောက်ပံ့နေတဲ့အဖွဲ့တွေနဲ့ရော နုဂျီနဲ့ရောအချိတ်အဆက်မမိတဲ့ သူရဲကောင်းတွေရှိနေပြန်ပါသေးတယ်။
အဲဒီ့သူရဲကောင်းတွေထဲမှာ တချို့ကတော့ မိသားစုရဲ့ စီးပွားရေးအခြေအနေကြောင့် လစာမရလည်း ပုံမှန်လေးအတိုင်းနေထိုင်စားသောက်နိုင်သူတွေရှိသလို ၊
ဝန်ထမ်းလစာတစ်ခုတည်းကို မှီတည်နေရတဲ့ အခြေအနေခက်ခဲလွန်းတဲ့မိသားစုတွေလည်း ပါဝင်လို့နေပါတယ်။
အဲ့လိုမျိုး ဘယ်ထောက်ပံ့ရေးအဖွဲ့နဲ့မှ အချိတ်အဆက်မမိပဲ စားဝတ်နေရေးခက်ခဲတဲ့ သူရဲကောင်းတွေခင်မျာ ကြုံရာအလုပ်လုပ်ပြီးဝမ်းရေးကိုဖြေရှင်းကြရပါတော့တယ်။
ဈေးရောင်းတာ ရပ်ကွက်ထဲအဝတ်လိုက်လျှော်တာ အစရှိသဖြင့်ပေါ့ ...
အဲ့လိုမျိုး ကြုံရာအလုပ်လုပ်ကိုင်နေကြရတဲ့ သူရဲကောင်းတွေကို ခင်များတို့ ဒီလောက်ခက်ခဲနေတာ အလုပ်ပြန်ဝင်ချင်စိတ်မဖြစ်မိဘူးလား” လို့ မေးကြည့်ပါ။
သူတို့ဘာပြန်ဖြေမယ်လို့ထင်လဲ ... ?
“အလုပ်ပြန်ဝင်ချင်ပေမယ့် အာဏာရှင်ရဲ့ခိုင်းဖက်အဖြစ်မခံနိုင်လို့ အာဏာရှင်ရဲ့ကျေးကျွန်မဖြစ်ချင်လို့ အရေးတော်ပုံမအောင်မချင်းအလုပ်ပြန်မဝင်ဘူး” ဆိုတဲ့ ကြက်သီးထလောက်အောင်ကောင်းတဲ့ လေးစားဖွယ် စကားကိုကြားရပါလိမ့်မယ်။
အခု Non-CDM ဝန်ထမ်းတွေကိုကြည့်လိုက်ပါ သုံးပုံနှစ်ပုံဟာ လစာမရရင်တောင် စားနိုင်သောက်နိုင်တဲ့လူတွေချည်းပါပဲ။
အဲ့ဒီ့ သုံးပုံနှစ်ပုံသောလူတန်းစားဟာ သက်သက်မဲ့ ဘောမရတာဝါသနာပါလို့ကိုမနေကြတာပါ။
သူတို့တွေဟာ လစာမှမရရင် စားဝတ်နေရေးကစလို့ အရာရာခက်ခဲမယ်ဆိုပေမယ့် တလရ မှာ ကျရာတာဝန်ကိုထမ်းလို့ CDM လုပ်ခဲ့ကြတဲ့သူရဲကောင်းတွေရဲ့ ခြေမှုန်လောက်တောင် တန်ဖိုးရှိနိုင်ပါ့မလား.......?
ဒီလိုမျိုး လေးစားစရာစိတ်ဓာတ်ပိုင်ရှင် CDM သူရဲကောင်းတွေကို သင်ရော ထောက်ပံ့ဖူးပါသလား.....?
လမ်းမထက်မှာ ဝန်ထမ်းတွေကို CDM လုပ်ဖို့ တိုက်တွန်းကြွေးကြော်ခဲ့တဲ့ လူအုပ်ကြီးထဲက လူအားလုံးသာ CDM သူရဲကောင်းတွေကိုထောက်ပံ့ကြမယ်ဆိုရင် ဆိုရင် .......
ထောက်ပံ့ချင်ပေမယ့် ဘယ်မှာထောက်ပံ့ရမှန်းမသိရင်တော့ No Moneyဆိုတဲ့ ထောက်ပို့အဖွဲ့လေးရှိပါတယ်......><
💵 No Money သို့
တထောင်ကျပ် လှူဒါန်းပါ 👇 💵
https://www.facebook.com/107999301692505/posts/108126055013163/
———————————
“ Click ပေါင်းချုပ် အစုံ ”
( မဖြစ် မနေ ပြန်ကူးတင်ပေးပါ )
https://www.facebook.com/106169878502467/posts/141748044944650/
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon