AVE
18/07/2023
အိမ်ထောင်တခု တည်ထောင်ဖို့
နိုင်ငံခြားက Couple goal ပုံတွေကြည့်ပြီး
စိတ်ကူးမယဉ်ပါနဲ့ ညီမလေးတို့
ချစ်သူရည်းစားဘဝမှာ အရမ်းတွေကောင်းပြ ချစ်ပြနေပါစေ
အိမ်ထောင်ဘဝနဲ့ လုံးဝလုံးဝ ခြားနားပါတယ်
ပုံဖော်တဲ့ဘဝနဲ့ လက်တွေ့ဘဝဆိုတာ မတူဘူး
ငါတို့ယူပြီးရင် Couple ပုံစံလို Roကြမယ်
စိတ်မကူးပါနဲ့ ဖြစ်ခဲပါတယ်
couple goalဆိုတာကြီးကို ဘဝထင်ပြီး
ဇွတ် အပြောကောင်းတာကို
အားကျပြီး မျက်စိစုံမမှိတ်လိုက်ပါနဲ့
ချစ်သူဘဝမှာ အချစ်တခုနဲ့သာ
အချိန်တွေ ကုန်လို့ ရပေမယ့်
အိမ်ထောင်ဘဝမှာ ငွေကြေးကိစ္စ လူမူရေးကိစ္စ
စီးပွားရေး မယား တာဝန် ခင်ပွန်း တာဝန်ကိစ္စ
အိမ်မူကိစ္စ ကျန်းမာရေး ကိစ္စ ဆိုတဲ့
အခက်ခဲတွေများစွာ ကြုံတွေ့နိုင်တယ်
အဆိုးဆုံးကတော့ ကျန်တော်မျက်မြင်
တွေ့တာကတော့ မယားက ကျန်းမာရေးမကောင်းဘူး
ခင်ပွန်းကစိတ်မရှည်ဘူး မယား နားလဲမကပ်ဘူး
ဆေးရုံ တက်ထားတယ် ညအိပ်စောင့်ဖို့နေနေတာ
တရက်မှ တခါလာတွေ့ပြီး ပြန်ရောဗျာ
ဒီလို အဆိုးဆုံးဘဝတွေက ချစ်သူဘဝမှာ
မကြုံနိုင်ဘူး အိမ်ထောင်ဘဝမှာသာကြုံနိုင်မယ်
ဒီ့အတွက်ကြောင့်ဗျာ စုံလုံးကန်းပြီး
ဘဝကို မစတေးလိုက်ပါန့
လွယ်ယောင်ယောင်နဲ့ ခက်တာတွေကို
ဦးဆောင်ဖြေရှင်းပေးမယ့် ယော်ကျားမျိုးဆိုတာ
ညီမလေးတို့ အိမ်ထောင်ကျမှ ကောင်းကောင်းသိမယ်
တကယ့်လက်တွေ့ဘဝမှာ တကယ်ကို
ကောင်းနိုင်တဲ့ အမျိုးသားတွေဆိုတာ ရှိပါတယ်
သိူ့သော် ဘယ်အရာဖြစ်ဖြစ်
မကြုံသေးတဲ့အရာကို ဦးစွာ ဦးနှောက်နဲ့
စဉ်းစားပါ အဆိုးအကောင်း တွေးတောပါ
ရလဒ်ကို ကြိုတင်စဉ်းစားပါ... ။
Crd:
11/07/2023
အားလုံးသတိလေးထားရအောင်ပါရှင့်
ပြင်းထန်တုပ်ကွေးအန္တရာယ်'' သတိပေးချက်''
ဒီနှစ် တုပ်ကွေး တော်တော်ဆိုးပါမယ်။ တုပ်ကွေးမျိုးကိုက ပိုဆိုးလာသလား၊ ကိုဗစ်နဲ့ပေါင်းပြီး supervirus တွေဖြစ်ကုန်လို့လားတော့ သေချာမသိရသေးဘူး။ ကျနော်ရော အမျိုးသမီးပါ ကွေးစပြုနေကြပြီ။ အိမ်မှာလည်းအကုန်ဖျားနေကြတယ်။ ဒီရက်ပိုင်းအတွင်း ကြားရသလောက်လည်း ကလေးရော၊ လူကြီးတွေရော တော်တော်ဖျားကြတယ်။ ဖျားတဲ့အခါမှာလည်း တော်တော်ခံရတယ်ဆိုတာတွေချည်းပဲ။ ကျနော်တို့ချည်းဖြစ်နေတာတော့မဟုတ်ဘူး နိုင်ငံတကာမှာလည်း ဒီနှစ်တုပ်ကွေး ပြင်းထန်အဆင့်ဖြစ်နေတယ်လို့ ကောက်ချက်ချနေကြတယ်။ ၁၀နှစ်အတွင်း အပြင်းထန်ဆုံး တုပ်ကွေးရာသီဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒီနှစ်တုပ်ကွေးရဲ့ လက္ခဏာနှစ်ခုက ရောဂါပြင်းထန်တယ်၊ ပြန့်နှုန်းမြန်တယ်။ ကိုဗစ်အလွန်ကာလမှာ ကာကွယ်ရေးနည်းလမ်းတွေ ဆက်မလုပ်ကြတော့တာကြောင့် တုပ်ကွေးက ပိုကူးနေကြတယ်လို့ဆိုပါတယ်။
- ဖျားနေတဲ့သူတွေနဲ့ နီးနီးကပ်ကပ်မနေပါနဲ့။
- ဖျားနေရင် ဖျားချင်သလိုဖြစ်နေရင် အပြင်တွေလျှောက်မသွားဘဲ အိမ်မှာပဲနားပါ။
- မက်စ်ပြန်တပ်ပါ။
- လက်ဆေးတာကို သေချာပြန်လုပ်ပါ။
- မျက်စိ၊ ပါးစပ်၊ နှာခေါင်းတွေကို လက်နဲ့မကိုင်ပါနဲ့။ မျက်နှာကို မကြာခဏမကိုင်ပါနဲ့။
- ဒီအချိန်မှာ ကိုယ်ခံအားကောင်းအောင်နေရမယ်။ အာဟာရပြည့်အောင်စားရမယ်၊ အိပ်ရေးဝအောင်အိပ်ရမယ်။ ကိုယ့်ကိုယ်ဂရုစိုက်ရမယ့်အချိန်ဖြစ်ပါတယ်။
- ကလေးတွေဖျားနေရင် ကျောင်းမလွှတ်ပါနဲ့။
- တုပ်ကွေးကာကွယ်ဆေး လက်လှမ်းမီရင်ထိုးပါ။ အထူးသဖြင့် ၅နှစ်အောက်၊ အသက် ၆၅နှစ်အထက်၊ သွေးတိုးဆီးချိုလို နဂိုရောဂါအခံရှိသူတွေ ပိုထိုးသင့်ပါတယ်။
တော်တော်ခံနေကြရတယ်ဆိုတဲ့အတွက် မပေါ့ကြဖို့ သတိပေးပါတယ်။ ကိုယ်ဖျားနေရင်ရော ကိုယ့်အနီးနားမှာဖျားတဲ့သူတွေ ရှိနေရင်ရော သေချာဂရုစိုက် ကာကွယ်ကြပါ။
ပုံမှန်အားဖြင့်တော့ ၁ပတ်လောက် ဖျားတတ်ကြတယ်။ အဖျားကြီးတတ်တယ်။ ချောင်းဆိုး၊ နှာစေး၊ ခေါင်းကိုက်၊ ကိုယ်တွေလက်တွေကိုက်ခဲ နုံးချိပြီး ခေါင်းမထူနိုင်အောင် ခံနေကြရတယ်။ လည်ချောင်းနာတာ၊ ကြွက်သားတွေနာကျင်နေတာနဲ့ ချမ်းတုန်တာတွေလည်းဖြစ်နိုင်တယ်။
- အကိုက်အခဲပျောက်ဆေး၊ ကိုယ်ပူကျဆေး၊ နှာစေးနှာပိတ်သက်သာတဲ့ဆေးတွေသောက်လို့ရတယ်။ ဥပမာ ပါရာစီတမောလ်၊ ဘိုင်အိုဂျက်ဆစ်၊ အလက်ဆန် သောက်လို့ရတယ်။ နှာမွှန်နှာစေးနေရင် Citrizine, Loratidine လိုဆေးမျိုးတွေသောက်လို့ရတယ်။ ကိုယ်ပူရုံပဲဆိုရင် ပါရာသောက်၊ အရမ်းကိုက်ခဲတအားဆိုးနေရင် အလက်ဆန်လိုမျိုး အကိုက်အခဲပျောက်ဆေးပါတာသောက်ပါ။ သတိထားရမှာက အနည်းဆုံး ၆နာရီခြားရမယ်။ အကိုက်ခဲပျောက်ဆေးသောက်မယ်ဆိုရင် အစာစားပြီးမှ သောက်ရမယ်။
- ချောင်းဆိုးရင် ချယ်ရီကော့ဖ်လိုချောင်းဆိုးပျောက်ဆေးအရည် သောက်လို့ရတယ်။ လည်ချောင်းယားရင် ပူရှိန်းလို သကြားလုံးလေးတွေ ငုံလို့ရတယ်။
- ရေဓာတ်ပြည့်ဝနေအောင်နေရမယ်။ ဓာတ်ဆား ဒါမှမဟုတ် သီးစုံဓာတ်ဆားသောက်ပါ။ ချိုချိုအေးအေးမှဆိုရင် Royal-D လိုမျိုး ဓာတ်ဆားဖျော်ရည်သောက်လို့ရတယ်။ ရေဓာတ်ပြည့်ဝနေမှ မြန်မြန်ပြန်ကောင်းမယ်။
- အနားကောင်းကောင်းယူပါ။ အစာမစားချင်ဖြစ်လိမ့်မယ်။ သည်းခံပြီး ဝင်အောင်စားရမယ်။ အာဟာရပြည့်ဝတာလေးတွေ ရွေးစားမယ်။ မစားရင် ဖျားတာပိုကြာနိုင်လို့ ဝင်အောင်စားရမယ်။
- ရေချိုးလို့ရတယ်။ အဖျားအရမ်းတက်နေရင် ရေချိုးချလို့ရတယ်။ ရေနွေးလေးနဲ့ လန်းသွားအောင်ချိုးချင်လည်းရတယ်။
အသက်ရှူကျပ်လာတာ၊ ရင်ဘတ်တွေတအားအောင့်တာ၊ အရမ်းအန်တာ၊ အစာလုံးဝမဝင်တာ၊ အဖျားတာရှည်နေတာ (၁ပတ်ကျော် ၂ပတ်)၊ အရောင်ရင့်တဲ့ချွဲတွေထွက်နေတာ၊ ဆေးသောက်ပေမယ့်လည်း လုံးဝမသက်သာဖြစ်နေတာ၊ အစက်အပျောက်တွေပေါ်လာတာဆိုရင် ဆေးရုံဆေးခန်းသွားရမယ်။
Crd. dr thurain hlaing win
https://www.facebook.com/profile.php?id=100064220105363&mibextid=ZbWKwL
11/07/2023
ယခုလိုစိုစွတ်တဲ့မိုးရာသီချိန်တွေမှာ ခလေး၊လူကြီးမရွေးအဆုတ်ပွ ၊ချောင်းဆိုး၊ဖျားနာမှုလေးတွေဖြစ်ပွားနေကြပါတယ်ရှင့်။
ကျန်းမာရေးကိုအထူးဂရုစိုက်ပေးကြပါရှင့်။
အပြင်ထွက်တိုင်းလည်း ထီး၊ mask နှင့် ကာကွယ်ရေးပစ္စည်း Handsanitizer လေးတွေဆောင်သွားဖို့ မမေ့ကြပါနဲ့အုံးနော်။
Handsanitizer Spray type နဲ့ Gel type နှစ်မျိုးရှိ
သောကြောင့်မိမိနှစ်သက်ရာရွေးချယ်သုံးစွဲလို့ရပါတယ်ရှင့်။
AVE Handsanitizer လေးတွေက Fda လက်မှတ်ရထားတဲ့ကုန်ကြမ်းလေးတွေအသုံးပြုပီးထုတ်လုပ်ထားသော Product လေးတွေမို့ စိတ်ချယုံကြည်စွာသုံးစွဲလို့ရပါတယ်ရှင့်။
AVE Group Co.Ltd - 09451993103
https://www.facebook.com/profile.php?id=100064220105363&mibextid=ZbWKwL
02/07/2023
AVE HAND SANITIZER. AVE handgel ~ handspray လေးတွေ က
ခုလိုမိုးရာသီမှာအရမ်းကိုလိုအပ်နေတဲ့အချိန်ဖစ်နေပါပီနော်။
အပြင်မှာမမြင်နိူင်တဲ့ရောဂါပိုးမွှားတွေ ဆိုတာက
ကူးစက်လာပီးဖြစ်ပီဆိုမှ sorry လုပ်လို့မရပါဘူးနော်။ ကြိုတင်ကာကွယ်ရမှာပါနော်။ သင့်ပတ်ဝန်းကျင်မှာ မမြင်နိူင်တဲ့အန္တရာယ်တွေရှိလို့ AVE Hand Sanitizer လေးတွေဆောင်ပြီးမှ အပြင်ထွက်ကြပါနော်။ သင့်အရေပြားနဲ့အသုံးအဆောင်တွေမှာကပ်တွယ်နေတဲ့မမြင်နိူင်တဲ့ Virus တွေကို AVE Hand Sanitizer နဲ့ကာကွယ်လိုက်ပါလို့အကြံပြုပေးပါရစေရှင့်။
Fda ရရှိထားတဲ့ကုန်ကြမ်းများသာအသုံးပြုပီးထုတ်လုပ်ထားသောထုတ်ကုန်ပစ္စည်းလေးများဖြစ်ပီးဓါတ်ခွဲခန်းများတွင်အကြိမ်ကြိမ်စစ်ဆေးပီးတရား၀င်လက်မှတ်ရရှိထားသောကြောင့်စိတ်ချယုံကြည်စွားမှာယူအသုံးပြုနိူင်ပါတယ်နော်။
သုံးစွဲသူ ကျေးဇူးရှင် Customer များ၏တစ်ခဲနက်အားပေးယုံကြည်မှုရရှိထားသော AVE လုပ်ငန်းလေးဖြစ်ပါတယ်ရှင့်။
မြန်မာပြည်အရပ်ရပ်မှအစဥ်အမြဲအားပေးသုံးစွဲ
ကြပါသောမိတ်ဟောင်းမိတ်သစ်ကျေးဇူးရှင် Customer များအား AVE Group Co.Ltd မိသားစုမှအစဥ်အမြဲကျေးဇူးတင်ရှိလျှက်ပါရှင့်။
ထုတ်ကုန်အရည်အသွေးများအားပိုကောင်းသထက်ကောင်းအောင်အစဥ်အမြဲကြိုးစားအားထုတ်လျှက်ပါရှင့်💝
Page Cb မှဆက်သွယ်လို့ရသလို Viber 09451993103 သို့တိုက်ရိုက်ဆက်သွယ်ပေးကြပါနော်။
AVE Hand Sanitizer ရဲ့ products ပုံလေးတွေအဆုံးထိဝင်ရောက်ကြည့်ရှု့လေ့လာပေးကြသူများကို လည်းအထူးကျေးဇူးတင်ရှိပါတယ်ရှင့်😍😍😍
AVE Group Co.Ltd - viber - 09451993103
13/06/2023
Thanks Customer Order 🙏
✨️IELTS Ivy International School ✨️
AVE Product Handspray [300]Pcs [7]ကြိမ်မြောက်PrGift ပေးရန်အတွက်ယုံကြည်စွာရွေးချယ်မှာယူအသုံးပြုပေးပါသော IELTS Ivy International School အား
AVE မှအထူးကျေးဇူးတင်ရှိရပါတယ်ရှင့်💝
IELTS Ivy International School မိသားစု
သက်ရှည်၊ကျန်းမာ၊ချမ်းသာဘေးဘယာကင်းဝေးကာစီးပွားလာဒ်လာဘများဆထက်တပိုးတိုးတက်ပြီးလုပ်ငန်းများအောင်မြင်ပါစေကြောင်း AVE မိသားစုမှဆုမွန်ကောင်းတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်ရှင့်💌
AVE Group Co.Ltd - 09451993103
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon