Living Water
14/05/2026
May လ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ Gallery Ohmar တွင် ကျင်းပပြုလုပ်ခဲ့သည့် “Yangon Children’s Book Fair” တွင် ကျွန်မတို့ ၏ Living Water Learning Center မှ Co-Organizer အနေဖြင့် ပါဝင်ခွင့်ရရှိခဲ့ပါသည်။
အဆိုပါပွဲတွင် Special Needs ကလေးငယ်များ၏ အနုပညာလက်ရာများ၊ အိမ်တွင်းမှုလက်ရာများကို ခင်းကျင်းပြသခဲ့ပြီး Vocational Class မှ လူငယ်များဦးဆောင်၍ Magic Hands Bakery မှ ထုတ်လုပ်ထားသော မုန့်နှင့်စားသောက်ကုန်များကိုလည်း ရောင်းချခဲ့ပါတယ်။
ကလေးငယ်များနှင့် လူငယ်များ၏ ကြိုးစားမှု၊ ဖန်တီးနိုင်စွမ်းနှင့် အရည်အချင်းများကို လူအများသိမြင်ခွင့်ရရှိစေသည့် အဓိပ္ပါယ်ရှိသော အတွေ့အကြုံတစ်ခု ဖြစ်ခဲ့ပါတယ်။
လာရောက်အားပေးကြသော မိဘများ၊ မိတ်ဆွေများနှင့် ပွဲစီစဉ်သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင့်။ 💙
25/04/2026
May လ 1,2,3 ရက်နေ့များတွင် Gallery Ohmar တွင်ကျင်းပပြုလုပ်မည့် "Yangon Children's Book Fair" ကို ကျွန်မတို့ Living Water ကျောင်းမှ Co- Organizer အနေဖြင့်ပါဝင်ပြီး Special Needs ကလေးငယ်များ၏ အနုပညာလက်ရာများနှင့် Vocational Class မှ လူငယ်များရဲ့ Magic Hand Bakery မှ ထုတ်လုပ်ရောင်းချမည့် ထုတ်ကုန်များကိုလည်း လာရောက် အားပေး ကြည့်ရှုလေ့လာနိုင်ပါကြောင်း ဖိတ်ခေါ်ပါတယ်။ အခြားသော Special Needs ကလေးများနှင့် မိဘများအနေဖြင့်လည်း လာရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း ထပ်မံ၍ ဖိတ်ခေါ်အပ်ပါတယ်ရှင်။
20/01/2026
ယခုလို အထူးကရုပြုစောင့်ရှောက်ရန်လိုအပ်သော လူငယ်လေးများ သက်မွေးပညာအတွက် အများနည်း
တူ သင်ယူခွင့်ရရှိရန် အခွင့်အလမ်းများဖန်တီးပေးသော ဉာဏ Empowers နဲ့ Athena Community Vocational Collage တို့ကိုလည်းများစွာကျေးဇူးတင်ရှိပါတယ်
လူငယ်လေးများရဲ့ ထုတ်ကုန်များကိုလည်းဆက်
လက်စောင့်မျှော်အားပေးကြပါနော်
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
No, 516 Awaiyar Street, Nant Thar Gyone, Insein
Yangon
11011