MaxLearn English Language Academy
14/08/2022
The Little Mermaid ( Part-2)
ပုံပြင်လေးကို Translateလုပ်ပြီး ပုံတွေရဲ့အောက်မှာ မျှဝေကြည့်ရအောင် 🐳🐳🐳
🙋🙋hello ! 💜❤️❤️
🎶🎶🎶 Let's sing 🎶🎶🎶
🌧️🌧️မိုးတွေ ရွာနေတဲ့ ဒီကာလမှာ ရာသီဥတု အကြောင်း ဘယ်လိုပြောကြမလဲဆိုတာ သီချင်းလေး ဆိုရင်း လေ့လာကြရအောင်.......
🍀🍀🍀 30 Reasons Why 🍀🍀🍀
ဒီနေ့မှာတော့ သားသားမီးမီးတို့ ဘာလို့Englishကိုလေ့လာကြလဲဆိုတဲ့အကြောင်းလေးကိုပြောပြချင်ပါတယ်နော်...👩🏫
ဒီအချက်လေးတွေကိုသိထားရင် ဖေဖေမေမေတို့ရော၊ သင်ကြားပေးမယ့် ဆရာ၊ ဆရာမတို့ပါ သားသားမီးမီးလေးတွေ အင်္ဂလိပ်စာသင်ယူတဲ့နေရာမှာ ပိုထိရောက်အောင်ပံ့ပိုးပေးနိုင်တာပေါ့...👩💻
1. ပထမဦးဆုံးအချက်က အင်္ဂလိပ်စာသင်ရတာကို 🧏♂️🧏♀️သားသားမီးမီးလေးတွေကိုယ်တိုင်ကပျော်လို့ပါတဲ့...နည်းစနစ်မှန်မှန်နဲ့စိတ်ဝင်စားစရာကောင်းအောင်သာသင်ကြားမယ်ဆို သားသားမီးမီးလေးတွေက သင်ယူရတာ အလွန်ပျော်ကြပါတယ်...😊😊
2. ဒုတိယတစ်ချက်ကတော့ 👧👦သားသားမီးမီးလေးတွေဟာ အင်မတန်ငယ်ရွယ်သေးတဲ့အသက်အရွယ်မှာ သဘာဝအရ မိခင်ဘာသာစကားမဟုတ်တဲ့ တခြားဘာသာစကားတစ်ခုကို သိပ်အင်အားစိုက်ထုတ်စရာမလိုဘဲ သင်ယူနိုင်ကြသူတွေဖြစ်လို့ပါပဲတဲ့...ဒီအတွက် ပံ့ပိုးမှုကောင်းတဲ့ပတ်ဝန်းကျင်တစ်ခုတော့လိုမှာပေါ့နော်...ဥပမာပြောရရင် ရေမြှုပ်တုံးလေးတွေက ရေကို အလွယ်တကူစုပ်ယူနိုင်သလိုပေါ့...🍀🍀
3. နံပါတ် ၃ အချက်ကတော့ အသက် ၁၀နှစ်အောက်ကလေးလေးတွေဟာ English accentအတွက် သိပ်အာရုံစိုက်စရာမလိုလို့ပါတဲ့...အသက် ၁၀နှစ်အထက် သားသားမီးမီးတွေကျတော့ accentမှန်ဖို့ ပိုအားထုတ်ကြပါတယ်တဲ့ (မင်မင်တော့ ဒီအချက်ကို research dataတစ်ခုမို့သာမှတ်သားရတယ်...သိပ်တော့သဘောမတူချင်လှပါဘူး🤷♀️...စကားပြောတတ်ခါစအရွယ်လေးကနေ တဖြည်းဖြည်းစကားပီလာတဲ့အခါမှာ accentမှန်တဲ့အလေ့အထလေးဖြစ်မှ ကြီးလာတော့လည်း Speaking skillsတွေမှာ ပီသမှာမဟုတ်လား...😉😉)
4. နံပါတ် ၄ အချက်ကတော့ မိခင်ဘာသာစကားရော Englishလိုရောပါ ကောင်းမွန်စွာပြောဆိုသုံးနှုန်းနိုင်ခြင်းဟာ သားသားမီးမီးလေးတွေအတွက် Smartဖြစ်စေလို့ပါပဲတဲ့...ဒီအချက်တော့ မင်မင်တကယ်သဘောတူပါတယ်နော်...Englishဟာ ကမ္ဘာသုံးဘာသာစကားဖြစ်တာမို့ သားသားလေးတွေ၊ မီးမီးလေးတွေ Englishလိုလေး တစာစာပြောနေရင် ဖေဖေမေမေတို့ ပီတိတွေဖြစ်ပြီး သဘောကျနေရတယ်မလား...👨👩👧👦
5. ဒီတစ်ချက်ကတော့ Piagetရဲ့ Learning Theoryနဲ့သွားဆိုင်ပါတယ်...အင်မတန်ငယ်ရွယ်သေးတဲ့အရွယ်မှာတောင် Bilingual (မိခင်ဘာသာစကားရော Englishလိုပါပြောဆိုသုံးနှုန်းနိုင်တဲ့)သားသားမီးမီးလေးတွေဟာ ပတ်ဝန်းကျင်မှာရှိတဲ့ ပစ္စည်းလေးတွေရဲ့ ပုံစံတွေ၊ ဖွဲ့စည်းတည်ဆောက်မှုတွေကို မိခင်ဘာသာစကားတစ်ခုကိုပဲအသုံးပြုတတ်တဲ့သားသားမီးမီးလေးတွေထက် ပိုနားလည်တတ်မြောက်ကြပါတယ်တဲ့...🦸♂️🦸♀️
ဒီနေ့တော့ ဒီ ၅ ချက်ပဲ အရင်မျှဝေပေးပါမယ်နော်...
နောက်နေ့မှာလည်း စိတ်ဝင်စားစရာကောင်းတဲ့၊ ကျန်တဲ့အချက်လေးတွေကိုလည်း ဆက်လက်မျှဝေသွားမှာဖြစ်ပါတယ်... 😊🤗
Referenceကိုတော့ အချက် ၃၀ ပြည့်သွားတဲ့အခါ ပို့စ်ထဲမှာထည့်ပေးပါမယ်...။
06/08/2022
Hello ဒီနေ့တော့ Family Typesတွေအကြောင်းပြောကြမယ်။ ဒီမေးခွန်းလေးအရင်ဖြေကြည့်ရအောင်။
🌈What makes a family? Blood or love?
မိသားစုဆိုတာကို ဘာနဲ့ပြုလုပ်ထားသလဲ။
မိသားစုပုံစံများ (Types of family)
🍀Nuclear family - two adults with at least one child family.
(ဒါက တစ်ဦးတည်းသော သား/သမီး ပဲရှိတဲ့ မိသားစုပံုစံပါ)
🍀Single-parent family - only one adult who is raising his/her children
(ဒါလေးက အဖေ ဒါမှမဟုတ် အမေ တစ်ဦးတည်းပဲရှိတဲ့မိသားစုပုံစံပါ)
🍀Blended-families - step families
(မိဘတစ်ဦးဦးစီက နောက်အိမ်ထောင်ပြုပြီးဖြစ်လာတဲ့မိသားစုပုံစံပါ)
*For example, Sharon and her husband have 2 kids, and then they get divorced. Michael and his wife have 3 kids, and then they get divorced. Sharon and Michael get married to each other, and now they have 5 kids – 2 from Sharon’s previous marriage, and 3 from Michael’s previous marriage. They have blended (mixed/put together) two families.
🍀 Grandparents family -a child is raised by grandparents instead of his/her parents.
(သားသမီးတွေဟာ မိဘတွေအစား အဖိုးအဖွားတွေရဲ့ ပြုစုစောင့်ရှောက်ခြင်းခံရတဲ့မိသားစုပုံစံပါ)
🍀 Extended family - include one or two parents, children, grandparents, aunts and uncles, and/or cousins all living together.
(အမျိုးတွေသိုက်သိုက်ဝန်းဝန်းနဲ့နေတဲ့ မိသားစုပုံစံပါ)
🍀childless family - not all families have children.
(မလိုချင်လို့ပဲဖြစ်ဖြစ် မရတာကြောင့်ပဲဖြစ်ဖြစ် ကလေးမရှိတဲ့မိသားစုပုံစံပါ)
ဒါဆိုရင် ကိုယ့်ရဲ့မိသားစုပုံစံလေးကရောဘယ်အမျိုးအစားထဲပါလဲ Comment မှာရေးခဲ့လို့ရတယ်နော်။
"We may have our differences, but nothing’s more important than family." -
ဒီစာသားလေးကရော ဘယ်ကာတွန်းကားထဲပါတဲ့ စာသားလဲဆိုတာခန့်မှန်းကြည့်နော်။
(*) Reference
05/08/2022
🙋Hello....
💁🤔ဒီနေ့မှာတော့ လွယ်ကူရိုးရှင်းပြီး နေ့စဉ်သုံးဖြစ်နေကျ adjectives လေးတွေရဲ့ ဆန့်ကျင်ဘက်လေးတွေ
🥰 စဉ်းစားကြည့်ရအောင် ....
💬 အဖြေကိုတော့ မနက်ဖန်မှာ comment မှာ တိုက်ကြမယ်
🥰🥰English နဲ့ ပတ်သတ်တဲ့ ဗဟုသုတရစရာတွေကို နေ့စဉ်တင်ဆက်မှာမို့ page ကို like& follow လုပ်ခဲ့ဖို့ မမေ့နဲ့နော် 🙅🙅
🙋 Hi everyone!!!!
💁🤔 Let's brainstorm the opposite adjectives in the following
💬 The answers will be shown in comment section tomorrow
🤩🤩Have a nice day!!!
#
Click here to claim your Sponsored Listing.
Category
Website
Address
Yangon