AV Yoga

AV Yoga

Share

✓ April Virtue Yoga

"April" is a special month for Myanmar people as it signifies the fresh start of Myanmar new year. Meanwhile, "Virtue" represents the principle of doing what is right and avoiding what is wrong. Through the practice of Yoga, the intention of AV yoga is to foster harmony among mind, body, and spirit for a better quality of life.

✓ Founder Profile

April's yoga journey started

Photos from AV Yoga's post 08/07/2026

လှပတဲ့ Yoga Pose တစ်ခုရဖို့ထက်
ကိုယ့်ရဲ့ အသက်ရှူသံ၊ လှုပ်ရှားမှုနဲ့ စိတ်အခြေအနေကို
သတိထားမိလာတာက ပိုအရေးကြီးပါတယ်။

Instructor Wendy ရဲ့ လေ့ကျင့်မှုတိုင်းဟာ
Yoga ဆိုတာ အမြဲတမ်း သင်ယူနေတဲ့ Journey တစ်ခုဖြစ်ကြောင်း သက်သေပြနေပါတယ်. 🌿

Photos from AV Yoga's post 07/07/2026

Weekend Reset Starts Here. ✨

Weekend ကို အနားယူရုံမဟုတ်ဘဲ ကိုယ့်ကိုယ်ကို ပြန်လည်ချိတ်ဆက်ဖို့ အချိန်ပေးလိုက်ပါ။

Instructor May Pyone နဲ့အတူ သင့်ရဲ့ Saturday & Sunday ကို Energy နဲ့ Balance နှစ်မျိုးလုံး ပြည့်စုံစေမယ့် Class နှစ်ခုက စောင့်နေပါတယ်။

☯️ Yin & Yang Yoga Flow

🕦 11:30 AM – 12:30 PM

တစ်ဖက်မှာ နူးညံ့စွာ အနားယူခြင်း၊
တစ်ဖက်မှာ ခွန်အားကို ပြန်လည်နိုးထစေခြင်း။

Yin & Yang Yoga Flow က ခန္ဓာကိုယ်နဲ့ စိတ်ကို Balance ပြန်ရစေပြီး၊ တစ်ပတ်လုံး စုဆောင်းထားတဲ့ တင်းမာမှုတွေကို ဖြည်းဖြည်းချင်း လွှတ်ချပေးပါတယ်။

🌿 Vinyasa Yoga

🕓 3:45 PM – 4:45 PM

အသက်ရှူသံနဲ့ လှုပ်ရှားမှုကို တစ်သားတည်း ချိတ်ဆက်ရင်း Flow တစ်ခုချင်းစီမှာ Strength, Focus နဲ့ Flexibility ကို တည်ဆောက်ပေးမယ့် Practice ဖြစ်ပါတယ်။

ဒီ Weekend မှာ…
ကိုယ့်ကိုယ်ကို Recharge လုပ်ဖို့၊
Balance ပြန်ရှာဖို့၊
Yoga Mat ပေါ်မှာ ပြန်တွေ့ကြရအောင်။ 🤍

03/07/2026

🌿 တစ်စုံတစ်ယောက်ဆီကနေ မျှော်လင့်နေမိတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ဂရုစိုက်မှုတွေကို ကိုယ့်ကိုယ်ကိုယ် ပြန်ပေးလို့ရတယ်ဆိုတာ နားလည်လက်ခံတတ်လာတဲ့နေ့ကစပြီး April တို့ရဲ့ ကမ္ဘာလေးဟာ ပိုပြီး ငြိမ်းချမ်းလာခဲ့ပါတယ်။

🌿 လူဆိုတာ လူ့သဘာဝအရ မျှော်လင့်တတ်ကြတာပါပဲ။ ကိုယ်က အလေးအနက် ချစ်ပေးခဲ့သလိုမျိုး ကိုယ့်ကိုလည်း ပြန်ပြီး မြတ်မြတ်နိုးနိုး ချစ်တာ ခံချင်ကြတယ်၊ ဂရုစိုက်ခံချင်ကြတယ်၊ ကိုယ့်ရဲ့ ခံစားချက်တွေကို အလိုက်တသိ နားလည်ပေးစေချင်ကြတာဟာ လူတိုင်းရဲ့ အလိုဆန္ဒပါပဲ။

🌿 ဒါပေမဲ့ ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါမှာတော့ ဒဏ်ရာတွေနဲ့ နာကျင်ရတယ်၊ ဝမ်းနည်းရတယ်။ မျှော်လင့်ချက်တွေ ကြီးလေလေ နာကျင်ရလေလေပဲမို့ ဘယ်အရာကိုမဆို လိုတာထက်ပိုပြီး မမျှော်လင့်ထားတာကပဲ ကိုယ့်စိတ်ကို အကာအကွယ်ပေးရာ ရောက်မှာပါ။

🌿 အဲဒီအစား သူတစ်ပါးဆီကနေ ရဖို့ မျှော်လင့်နေမဲ့အစား ကိုယ်လိုအပ်နေတဲ့ အရာတွေကို ကိုယ့်ကိုယ်ကိုယ် ပြန်ပေးနိုင်အောင် ကြိုးစားကြည့်ဖို့ April တွေးမိခဲ့တယ်။ သူတစ်ပါးဆီက လိုချင်တဲ့ အချစ်တွေ၊ နားလည်မှုတွေနဲ့ ဂရုစိုက်မှုတွေကို ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ပြန်ပေးလို့ မရနိုင်ဘူးလားပေါ့။ သေချာပေါက်ကို ရနိုင်တာ ဖြစ်ပါတယ်။

🤍 အခုနောက်ပိုင်းမှာ April ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းမေတ္တာတွေ၊ ဂရုစိုက်မှုတွေ ပိုပေးဖြစ်လာတယ်။ တောင်းတမှုတွေ၊ မျှော်လင့်ချက်တွေအားလုံးကို Surrender လုပ်ပြီး လက်ရှိအခြေအနေလေးမှာပဲ ငြိမ်းချမ်းစွာ နေထိုင်တတ်လာခဲ့ပါတယ်။

🤍 ညအိပ်ခါနီးတိုင်း တရားထိုင်တယ်၊ နေ့စဉ်နေ့တိုင်းမှာ ယောဂကို သေချာ လေ့ကျင့်တယ်။ ယောဂသင်တဲ့နေရာမှာလည်း အရင်ကထက်ပိုပြီး စိတ်နှစ်သင်ပေးတယ်။ နောက်ပြီး ကိုယ့်မှာရှိတဲ့ အရာလေးတွေအတွက် ကျေးဇူးတင်တတ်တဲ့ (Gratitude practice) လေးတွေကို ပုံမှန်လုပ်တယ်။ ပြီးရင်တော့ Butterfly hugလေးနဲ့ ကိုယ့်ကိုယ်ကိုယ် နွေးနွေးထွေးထွေး ဖက်ထားပြီး လိုအပ်နေတဲ့ မေတ္တာတွေကို ကိုယ့်ဘာသာ ပြန်ဖြည့်ပေးဖြစ်တယ်။

🤍 ကိုယ်ကိုယ်တိုင်က ချစ်ခြင်းမေတ္တာတွေ စတင်မြစ်ဖျားခံရာ နေရာဖြစ်ဖို့ သိပ်ကို အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် အပြည့်အဝ မချစ်နိုင်၊ မေတ္တာမထားနိုင်ဘဲ သူတစ်ပါးအပေါ် ဘယ်လိုလုပ် စစ်မှန်တဲ့ မေတ္တာ ထားနိုင်မှာတဲ့လဲ။

🤍 တစ်ခါတလေမှာ April တို့တွေ ကိုယ်မရနိုင်တဲ့ အရာတွေအတွက် ပူဆွေးသောက ရောက်နေမဲ့အစား၊ ကိုယ့်ဆီကနေ ကိုယ့်ကိုယ်ကိုယ် ပြန်ပေးနိုင်တဲ့ မေတ္တာတရားတွေ၊ ဂရုစိုက်မှုတွေနဲ့ပဲ ကျေနပ်နှစ်သိမ့်လိုက်တာက ပိုပြီး အေးချမ်းလှပါတယ်။

Photos from AV Yoga's post 01/07/2026

Open Your Hips, Open Your Body.

AV Yoga မှာ Hip Opening Class လေးတွေလည်း ရှိပါတယ်။

တစ်နေ့လုံး ထိုင်အလုပ်လုပ်တာ၊ ကားမောင်းတာ၊ လေ့ကျင့်ခန်းမလုပ်ဖြစ်တာတွေကြောင့် Hip တစ်ဝိုက်က ကြွက်သားတွေ တင်းကျပ်လာတတ်ပါတယ်။

Hip Opening Practice ကတော့—

✨ Hip နဲ့ Lower Back တင်းကျပ်မှုတွေကို လျော့ပါးစေတယ်။
✨ တင်ပါး၊ ပေါင်နဲ့ Pelvis ရဲ့ Flexibility ကို တဖြည်းဖြည်း တိုးတက်စေတယ်။
✨ Posture နဲ့ Body Alignment ကို ပိုမိုကောင်းမွန်စေတယ်။
✨ လှုပ်ရှားမှုတွေကို ပိုမိုလွတ်လပ်ပြီး ပေါ့ပါးစေတယ်။
✨ အသက်ရှူနဲ့ တွဲဖက်လေ့ကျင့်တဲ့အခါ စိတ်ဖိစီးမှုတွေကိုလည်း လျော့ပါးစေတယ်။

Hip Opening ဆိုတာ ခန္ဓာကိုယ်ကို တဖြည်းဖြည်း ဖွင့်လှစ်ပေးပြီး၊ လှုပ်ရှားမှုတိုင်းကို ပိုမိုသက်တောင့်သက်သာ ဖြစ်စေဖို့ပါ။

Join our Hip Opening Class at AV Yoga.

တဖြည်းဖြည်းဖွင့်လှစ်ပြီး ပိုမိုလွတ်လပ်တဲ့ Movement ကို အတူတကွ ရှာဖွေကြရအောင်။ 🤍

Photos from AV Yoga's post 27/06/2026

Not every hour has to be productive.

တစ်ခါတလေ
ကိုယ့်အတွက် အချိန်ပေးထားတဲ့ တစ်နာရီက
တစ်နေ့လုံးရဲ့ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်တတ်ပါတယ်.

Moment to Mindfulness

A simple practice.
A meaningful pause.

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. (1/1A), 4th Floor, Than Thu Mar Street, South Okkalapa Township, Https://goo. Gl/maps/cSpMDFThZa3gzbd 37
Yangon
11091

Opening Hours

Tuesday 06:30 - 19:00
Wednesday 06:30 - 19:00
Thursday 06:30 - 19:00
Saturday 07:00 - 12:30
Sunday 07:00 - 10:30