LVP - Plastic Innovation Products
09/08/2022
Recycled Plastic Lumber ဆိုတာဘာလဲ?
Plastic Lumber ဆိုတာ သစ်သားနှင့်ပုံစံဆင်တူသော recycle ပြုလုပ်ထားတဲ့ plastic တွေဖြစ်ပါတယ်။ ဒါလေးတွေကိုတော့ သစ်သား၊ ကွန်ကရစ်နှင့် သတ္တုတွေနေရာမှာ အစားထိုးအသုံးပြုရန်ရည်ရွယ်ပြီး ထုတ်လုပ်ထားရခြင်းဖြစ်ပါတယ်။
Plastic Lumber ကိုသုံးခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်သလဲ?
Plastic Lumber တွေက သန့်ရှင်းပြီး သစ်သားထက် ကြာရှည်ခံရုံသာမက ပိုးပေါက်တာမျိုးတွေ မှိုတက်တာတွေ မဖြစ်တဲ့အတွက် အခုဆိုရင် သစ်သားအစားထိုးအနေနဲ့ အသုံးပြုလာကြတာ တွေ့ရပါတယ်။ ဒါ့အပြင် Plastic Lumber တွေက
* အစိုဓာတ်နှင့် ဓာတုဓာတ်ကိုခံနိုင်ရည်ရှိခြင်း
* အရောင်ပါပြီးသားဖြစ်တဲ့အတွက် ဆေးထပ်သုတ်ရန်မလိုခြင်း
* အပိုင်းအစများထွက်ခြင်းနှင့် ကွဲအက်ခြင်းမရှိခြင်း
* ရေဒဏ်၊ လေဒဏ် ခံနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရှိနိုင်ပါတယ်။
ဒါကြောင့်မလို့ plastic lumber တွေကို sustainable decorations အရလည်းအသုံးပြုဖို့ အကြံပြုလိုပါတယ်။
လူကြီးမင်းတို့အနေနဲ့ သစ်သားအစားထိုး Plastic Lumber ဘုတ်ပြားတွေကို မိမိစိတ်ကြိုက် ဒီဇိုင်းများဖြင့် အိမ်၊ ကျောင်း၊ ရုံး၊ လုပ်ငန်း၊ interior designer များအတွက် အသုံးပြုလိုပါက LVP မှ Recycled Plastic Lumber ဘုတ်ပြားတွေကို ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုပါတယ်။
ကျွန်တော်တို့ LVP Myanmar မှ Recycled Plastic Lumber နှင့် Product ကိုစိတ်ဝင်စားလို့မှာယူချင်တယ်ဆိုရင် page messenger သို့မဟုတ် 09740915560 ကိုဆက်သွယ်၍ဝယ်ယူအားပေးနိုင်ပါတယ်။
အသေးစိတ်သိရှိလိုပါက အောက်က link မှာ form ဖြည့်ပြီး catalogue ရယူနိုင်ပါတယ်။
https://docs.google.com/forms/d/1NTWY1GB6llZ4IUouBNP-cH1beivCy9flALnzQUoSwBs/edit
03/08/2022
ဘာကြောင့် recycled product တွေကိုစျေးကြီးပေးပြီးဝယ်သင့်တာလဲ?
အခုလိုအချိန်အခါမှာ ကုန်ကြမ်းပစ္စည်းတွေစျေးကြီးနေတဲ့အချိန် ပတ်ဝန်းကျင်အတွက်လည်း စောင့်ရှောက်ရာရောက်ပြီး တန်ဖိုးရှိတဲ့ recycled plastic တွေကို အစားထိုးပြီးသုံးလိုက်တာနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို တစ်ထောင့်တစ်နေရာကနေ ကာကွယ်ရာရောက်ပါတယ်။ ပိုမိုကောင်းမွန်သောအနာဂတ်အတွက် အခုအခါမှာဆိုရင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကိုပေါင်းစပ်ပြီးဆောက်လုပ်ရေးသုံးပစ္စည်းကုန်ကြမ်းများအဖြစ်ပါအသုံးပြုလာနိုင်ပါပြီ။
ယခုနှစ်စစ်တမ်းအရ စွန့်ပစ်ပစ္စည်း တွေထဲကမှ 9% သာ recycle ပြန်လုပ်လို့ရပြီး ကျန်တဲ့စွန့်ပစ်အမှိုက်တွေကတော့ landfill ထဲရောက်သွားမှာဖြစ်ပါတယ်။ landfill ထဲရောက်သွားရင် ဆွေးမြေ့ဖို့ နှစ်1000 ကျော်ကြာအောင်စောင့်ရပြီး ရေနှင့်မြေဆီလွှာကိုပျက်ဆီးသွားစေပါတယ်။ ဒါကြောင့်မလို့မိမိတို့ပတ်ဝန်းကျင်မှအမှိုက်တွေတတ်နိုင်သမျှသေချာစွန့်ပစ်ပြီး landfill ထဲမရောက်အောင်ကူညီခြင်းဖြင့် ကမ္ဘာကြီးကိုကယ်တင်လိုက်ကြပါစို့။
ကျွန်တော်တို့ LVP Myanmar မှ Recycled Plastic Lumber နှင့် Product ကိုစိတ်ဝင်စားလို့မှာယူချင်တယ်ဆိုရင် page messenger သို့မဟုတ် 09 740 915 560 ကိုဆက်သွယ်၍ဝယ်ယူအားပေးနိုင်ပါတယ်။
🌏 လတ်တလောမှာ 𝐋𝐞𝐭 𝐓𝐡𝐞 𝐄𝐚𝐫𝐭𝐡 𝐁𝐫𝐞𝐚𝐭𝐡𝐞 𝐜𝐚𝐦𝐩𝐚𝐢𝐠𝐧 လှုပ်ရှားမှုများကြောင့် လူအများကြားမှာ သဘာ၀ ပတ်၀န်းကျင် ထိန်းသိမ်း ကာကွယ်ရေးနဲ့ ပတ်သက်ပြီး အာရုံစိုက်မှုတွေ မြင့်တက်နေတာကို တွေ့ရှိရပါတယ်။ တကယ်တော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းက ကမ္ဘာကြီးရဲ့ ကျန်းမာရေးကို စိုးရိမ်ခဲ့သူများက သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းစဉ်များကို စတင်ခဲ့ကြတာ ဖြစ်ပါတယ်။
🌏 ဒါကြောင့်မလို့ 𝟏𝟗𝟕𝟎 ခုနှစ်ကစပြီး 𝐀𝐩𝐫𝐢𝐥 𝟐𝟐 နေ့ကို 𝐄𝐚𝐫𝐭𝐡 𝐃𝐚𝐲 (မြေကမ္ဘာ) နေ့ တစ်နည်း အားဖြင့် 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐨𝐭𝐡𝐞𝐫 𝐄𝐚𝐫𝐭𝐡 𝐃𝐚𝐲 (အပြည်ပြည်ဆိုင်ရာ အမိမြေကမ္ဘာနေ့) အဖြစ်သတ်မှတ်ခဲ့ကြပြီး နှစ်စဉ်နှစ်တိုင်း ကမ္ဘာတ၀န်းမှာ မြေကမ္ဘာနေ့ အထိမ်းအမှတ် အသိပညာပေး လုပ်ငန်းစဉ်များ လုပ်ဆောင်ကြပါတယ်။
🌏 ကမ္ဘာ့လူဦးရေတိုးပွားမှုပြဿနာတွေ၊ ဇီ၀ မျိုးကွဲမျိုးစိတ် ရှားပါးလာပြီး မျိုးသုဉ်းပျောက်ကွယ်မှုတွေ၊ သဘာ၀ပတ်၀န်းကျင် ထိခိုက်ပျက်စီးနေမှုတွေ စသည်တို့ကို သတိပြုမိကြစေရန် ရည်ရွယ်ပြီး မြေကမ္ဘာနေ့ကို စတင်ခဲ့ကြတာဖြစ်ပါတယ်။ စတင်ချိန်က 𝐔𝐒 မှာ ဖြစ်ပြီး ကျောင်းသားလူငယ်များကို အဓိကထား စည်းရုံးလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ ကမ္ဘာအနှံ့ နိုင်ငံပေါင်းများစွာ ပါ၀င်လာကြပြီး နှစ်တိုင်း ဆောင်ပုဒ်တစ်ခုစီနဲ့ ကျင်းပလေ့ရှိကြပါတယ်။ 𝟐𝟎𝟐𝟐 ခုနှစ်အတွက် ဆောင်ပုဒ်ကတော့ "𝐈𝐧𝐯𝐞𝐬𝐭 𝐈𝐧 𝐎𝐮𝐫 𝐏𝐥𝐚𝐧𝐞𝐭" ဖြစ်ပြီး သဘာ၀ပတ်၀န်းကျင်ကို ချစ်မြတ်နိုးသူတိုင်းက ကမ္ဘာမြေကြီးအတွက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ကြဖို့ ဆော်ဩထားခြင်းဖြစ်ပါတယ်။
🌏 ကမ္ဘာကြီးအတွက် ရင်းနှီးမြှုပ်နှံရာမှာ လူတစ်ဦးတစ်ယောက်ချင်းစီမှစပြီး လူမှုအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ၊ အစိုးရများအထိ အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းများအနေနဲ့
𝐆𝐫𝐞𝐞𝐧 𝐄𝐜𝐨𝐧𝐨𝐦𝐲 ရဲ့အကျိုးကို ရှေးရှူပြီး 𝐒𝐮𝐬𝐭𝐚𝐢𝐧𝐚𝐛𝐢𝐥𝐢𝐭𝐲 ကို ထည့်သွင်း စဉ်းစားကြရမှာ ဖြစ်တယ်။ အစိုးရအနေနဲ့ကလည်း သဘာ၀ ပတ်၀န်းကျင် ထိန်းသိမ်းကာကွယ်ရေးကို အဓိကထား လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း၊ လုပ်ငန်းများကို အားပေးထောက်ပံ့မှုတွေ ပြုလုပ်ပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။
🌏 လွန်ခဲ့တဲ့ နှစ်များစွာကတည်းက ကျွန်ုပ်တို့လူသားတွေကြောင့်ပဲ ကမ္ဘာကြီးဟာ တဖြည်း ဖြည်းနဲ့ ယိုယွင်းပျက်စီးလာနေရတာ ဖြစ်ပြီး အဲဒီအကျိုးဆက်ကလည်း လူသားတွေအပေါ်ပဲ အဓိကရိုက်ခတ်နေတာ ဖြစ်တယ်။ ဒါကြောင့်မလို့ ကျွန်ုပ်တို့နောက် မျိုးဆက်တွေလက်ထဲ ကျန်းမာတဲ့ကမ္ဘာမြေကြီးကို လက်ဆင့်ကမ်း ပေးနိုင်ခဲ့ဖို့အတွက် ဒီထက်များစွာနောက်မကျခင် အချိန်မှာပဲ ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်ကြပါစို့လား 💚 🌱
အောက်က video လေးမှာ လူသားတို့အတွက် ကမ္ဘာကြီးဟာ ဘယ်လိုအရေးပါပုံနဲ့ ကမ္ဘာကြီးရဲ့ စကားသံအချို့ကို သီကုံးဖွဲ့ဆိုထားတဲ့ 𝐈 𝐚𝐦 𝐭𝐡𝐞 𝐄𝐚𝐫𝐭𝐡 (𝙎𝙤𝙣𝙜 𝙗𝙮 𝙂𝙡𝙮𝙣 𝙇𝙚𝙝𝙢𝙖𝙣𝙣) သီချင်းလေးပဲဖြစ်ပြီး မြေကမ္ဘာနေ့ အထိမ်းအမှတ်အနေနဲ့ နားဆင်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
26/02/2022
သင် နေ့တိုင်းစွန့်ပစ်နေကြ ရောင်စုံ ပလတ်စတစ် ဘူးခွံလေးတွေ ဘယ်ရောက်သွားလဲ?🤔
𝙍𝙚𝙘𝙮𝙘𝙡𝙚𝙙 𝙋𝙡𝙖𝙨𝙩𝙞𝙘 𝙎𝙝𝙚𝙚𝙩𝙨 များတွင် အဓိကပါဝင်သော *စွန့်ပစ်ပလတ်စတစ်များမှာ နွားနိုဘူးခွံ ၊ဆပ်ပြာရည်ဘူးခွံ ၊ အစွန်းချွတ်ဆေးဘူးခွံ ၊ ပလတ်စတစ်မုန့်ဘူးခွံ နှင့် အချိုရည်ဘူးခွံများ စသည့် 𝙃𝘿𝙋𝙀 ( 𝙃𝙞𝙜𝙝 𝘿𝙚𝙣𝙨𝙞𝙩𝙮 𝙋𝙤𝙡𝙮𝙚𝙩𝙝𝙮𝙡𝙚𝙣𝙚) အမျိုးအစားပါဝင်သော အိမ်တွင်း အမှိုက်များဖြစ်ပါတယ်။
𝙃𝘿𝙋𝙀 မှာ ပြန်လည်အသုံးပြုနိုင်သော ပလတ်စတစ်အမျိုးစားထဲတွင်ပါဝင်ပြီး စွန့်ပစ်ပြီးသည့်တိုင်အောင် 𝙍𝙚𝙘𝙮𝙘𝙡𝙚𝙙 𝙋𝙡𝙖𝙨𝙩𝙞𝙘 𝙎𝙝𝙚𝙚𝙩𝙨 များအဖြစ် ပြန်လည်ထုတ်လုပ် အသုံးပြုနိုင်ကြပါတယ်။
#𝙧𝙚𝙘𝙮𝙘𝙡𝙚 #𝙥𝙡𝙖𝙨𝙩𝙞𝙘𝙨 #𝙛𝙪𝙧𝙣𝙞𝙩𝙪𝙧𝙚 #𝙡𝙫𝙥
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. B(30), 2nd Floor, Bahosi Housing, Lanmadaw Tsp
Yangon
11131
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |