Kosmetic Box

Kosmetic Box

Share

Photos from Kosmetic Box YGN's post 29/05/2026

ရန်ကုန် ဒူဘိုင်း Instock ပါရှင့်🩷🇦🇪

29/05/2026

Dubai Instock ပါရှင့်🩷🇦🇪

ဆားဝက်ခြံတွေများလာတယ်လို့ခံစားရတဲ့ချိန်၊အဆီတွေပြန်မျက်နှာကြီးညစ်လာတဲ့လို့ခံစားရတဲ့ချိန်၊ဝက်ခြံတွေထွက်တဲ့အချိန် တခြားသူတွေဘာသုံးပြီး careလုပ်လဲမသိပေမဲ့ "ခေတ်"ကတော့ Medicube က Zero pore mud maskနဲ့ Exosome shot (7500)ကို (1)ပတ်(1)ရက်လောက်တွဲသုံးပေးလိုက်တယ်။

Deep clean & skin repair comboမို့ သုံးပြီးတာနဲ့တစ်ပတ်လောက်ကတော့ Skinကလုံးဝကိုကြည်ရှင်းပြီး မွတ်ထွက်သွားတာ တအားသိသာတယ်။ Mud mask က skinပေါ်ကပို​နေတဲ့အဆီနဲ့အညစ်အကြေးတွေကိုချွေးပေါက်ရဲ့အတွင်းထဲထိသန့်စင်ပေးနိုင်လို့ အဲ့ဒီလို clean ဖြစ်သွားတဲ့ skin ပေါ်မှာ Exosome Shot သုံးလိုက်ရင် active ingredients တွေက ပိုပြီးစိမ့်ဝင်လွယ်တော့ skin repair လုပ်တဲ့နေရာမှာ ပိုထိရောက်တယ်လို့ခံစားရလို့။သုံးပြီးတာနဲ့ ချွေးပေါက်တွေဆိုသန့်ပြီးskin texture ဆိုညီလာတာ။

ကိုယ်က အဆီပြန်၊ ဝက်ခြံထွက်လွယ်တဲ့ skin၊ blackhead/whitehead ရှိတဲ့သူဆိုရင် ဒီနှစ်ခုတွဲသုံး​ကြည့် ပိုသိသာတဲ့ result ကိုမြင်ရတယ်။ကျယ်နေတဲ့​ချွေးပေါက်တွေလည်းကျဥ်းသွားသလိုskin လည်း smooth ဖြစ်လာတယ်။ဒါပေမယ့် ဒီအတွဲက strong ဖြစ်လို့ sensitive skin တွေ၊ skin barrierအားမကောင်းတဲ့အချိန်တွေမှာတော့ မသုံးပါနဲ့ barrier ပိုပျက်သွားနိုင်လို့။အကောင်းဆုံးကတော့ တစ်ချိန်တည်းတွဲမသုံးဘဲ ခွဲသုံးတာကပို safe ဖြစ်တယ်။ "ခေတ်"ကတော့ခံနိုင်ရည်ရှိပြီး Barrier အားကောင်းနေလို့ (1)ပတ်(1)ကြိမ် Ceramide / Hyaluronic နဲ့ Panthenol ပါတဲ့ Toner /Essence/ Moisturizer တွေနဲ့တွဲသုံးပါတယ်။

"ခေတ်"အတွက်တော့ Skin irritation လည်းမဖြစ်သလို ဝက်ခြံ၊ဆားဝက်ခြံနဲ့အဆီပြန်သက်သာပြီး မျက်နှာကြည်လာတယ်။ချွေးပေါက်ကတော့ Retinol လည်းသုံးနေသူမို့ ကျဥ်း/မကျဥ် ပြောဖို့ခက်တယ်။

နားလည်အောင်ပြောရရင် ဒီအတွဲက skin ကို deep clean & repair treatment လုပ်ပေးတဲ့အတွဲမို့မှန်ကန်တဲ့ skin type၊မှန်ကန်တဲ့နည်းလမ်းနဲ့သုံးရင် result ကတော်တော်လေးသိသာတဲ့ Perfect duo ဆိုတာပါဘဲ။အရင်ကလည်း Review အရှည်တွေရေးဖူးတာမို့ အကျယ်တဝင်မရှင်းပြတော့ဘူးနော်။ သိချင်တာရှိရင်တော့ Cmtမှာ​မေးခဲ့ပါဗျ။

လိုချင်ရင်တော့ Shar’s Cosmectis မှာဝယ်ပါဗျ။

ဒီနေ့တော့ဒီလောက်ပါဘဲ။နောက်ရက်ရဲ့နောက်ထပ် Review တွေမှာဆုံကြမယ်နော်။

❌Copying of images and text is strictly prohibited.❌

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Bahan
Yangon
11201