Mobile Care
01/05/2026
May Day မှသည် အောင်မြင်မှုဆီသို့...
"လုပ်အားရှိမှ တန်ဖိုးရှိသည်" ဆိုတဲ့အတိုင်း မိမိတို့ရဲ့ အရည်အချင်းတွေကို အကောင်းဆုံး အသုံးချပြီး အနာဂတ်သစ်တွေကို တည်ဆောက်နေကြတဲ့ သူရဲကောင်းများအားလုံးအတွက် ဒီနေ့ဟာ အထူးခြားဆုံးနေ့တစ်နေ့ပါ။
အလုပ်ခွင်ထဲမှာ စိန်ခေါ်မှုတွေရှိနေပါစေ..ကြိုးစားမှုတိုင်းဟာ အဓိပ္ပာယ်ရှိပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုလိုက်ပါတယ်။
19/03/2026
ဂျပန်ခရီးစဉ်အမှတ်တရများ - Part 1
အမှတ်တရများစွာနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ကြတဲ့ (၆) ညအိပ် ဂျပန်အထူးခရီးစဉ်လေးကတော့ လှလှပပပြီးဆုံးသွားခဲ့ပါပြီ။🤩
Nagano မှာ ဂျပန်နိုင်ငံရဲ့ နှင်းတောင်၊ နှင်းခဲအလှတွေကို ခံစားခဲ့ကြပြီး Matsumoto ရဲတိုက်မှာရှိတဲ့ ဂျပန်ဆာမူရိုင်းခေတ်က အသုံးအဆောင်၊ လက်ရာတွေကို လေ့လာခဲ့ကြတယ်။
Nagano Ski Resort မှာ ပျော်စရာအမှတ်တရတွေကို ဖန်တီးခဲ့ကြပြီး Zenkoji Nakamise Street Market ကိုလည်း သွားရောက်လည်ပတ်ခဲ့ကြပါတယ်။
Shibuya Station အပါအဝင် တိုကျိုမြို့ရဲ့ နာမည်ကြီးနေရာတွေကို သွားရောက်လည်ပတ်ခဲ့ကြတဲ့အပြင်
နာမည်ကျော် ကမာကူရ ဗုဒ္ဓရုပ်ပွားတော်ကို သွားရောက်ဖူးမျှော်ခဲ့ကြပါသေးတယ်။
နောက်ထပ်လည်း ရင်ခုန်စိတ်လှုပ်ရှားစရာ ခရီးစဉ်များစွာကို ဖန်တီးပေးသွားမှာဖြစ်လို့ X နဲ့ လက်တွဲလိုတဲ့သူတွေကို ဖိတ်ခေါ်ပါတယ်ဗျ။
X Brand နဲ့ လက်တွဲပြီး အောင်မြင်မှုမှတ်တိုင်တွေစိုက်ထူခဲ့ကြတဲ့ Dealer တွေနဲ့အတူ ဂျပန်နိုင်ငံခရီးစဉ်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ခဲ့ကြတဲ့အမှတ်တရအနေနဲ့
ဂျပန်ခရီးစဉ်အတွင်းက ပုံရိပ်လေးတွေကို ပြန်လည်မျှဝေလိုက်ရပါတယ်။ 🤗
11/03/2026
ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်တွေကြောင့် ၂၀၂၆ခုနှစ် နွေရာသီဟာ မှတ်တမ်းတင် အပူဆုံးနှစ်တစ်နှစ် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
အပူချိန်မြင့်မားလွန်းခြင်းဟာ သာမန်ပင်ပန်းရုံတင်မကဘဲ အပူလျှပ်ခြင်း (Heat Stroke) တွေကိုပါ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် Heat Stroke မဖြစ်အောင် အပူဒဏ်ကနေ ကာကွယ်နေထိုင်ဖို့ ဒီအချက်တွေကို ဂရုစိုက်ပါ။
👉 ရေကို လုံလောက်စွာ သောက်သုံးပါ
ရေမငတ်ခင်ကတည်းက ရေကို ခဏခဏ သောက်ပေးပါ။ အပူကြောင့် ခန္ဓာကိုယ်ထဲက ရေဓာတ်ကုန်ခမ်းမှုကို အဓိက ကာကွယ်ပေးနိုင်ပါတယ်။
👉 နေရောင်ခြည် ပြင်းထန်ချိန် အပြင်မထွက်ပါနဲ့
မနက် (၁၀) နာရီကနေ ညနေ (၄) နာရီအတွင်း နေရောင်ခြည်ဟာ အပြင်းထန်ဆုံး ဖြစ်ပါတယ်။ ဒီအချိန်မှာ အပြင်ထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
👉 ပေါ့ပါးလွတ်လပ်တဲ့ အဝတ်အစားကို ရွေးချယ်ပါ
ချည်သား (Cotton) အင်္ကျီအပွတွေကို ဝတ်ဆင်ပါ။ အရောင်ရင့်တာတွေထက် အရောင်ဖျော့တဲ့ အဝတ်အစားတွေက အပူကို စုပ်ယူမှုနည်းစေပါတယ်။
👉 နေကာပစ္စည်းများကို အသုံးပြုပါ
အပြင်ထွက်ရမယ်ဆိုရင် ထီး၊ ဦးထုပ် (သို့မဟုတ်) နေကာမျက်မှန်များ အသုံးပြုပါ။ နေလောင်ကာခရင်မ် (Sunscreen) ကိုလည်း မမေ့မလျော့ လိမ်းပေးပါ။
👉 လေဝင်လေထွက် ကောင်းအောင် နေထိုင်ပါ
နေအိမ်အတွင်း လေဝင်လေထွက် ကောင်းမွန်အောင် ပြတင်းပေါက်များ ဖွင့်ထားပါ။
"ကျန်းမာရေးဟာ ပထမ၊ ဂရုစိုက်မှုက အဓိက" မို့ ၂၀၂၆ နွေပူပူမှာ အားလုံးပဲ ဘေးကင်းကျန်းမာစွာ
ကျော်ဖြတ်နိုင်ကြပါစေ။
" ဖုန်းပျက်စီးတိုင်း အခမဲ့ပြုပြင်ပါ " - Mobile Care
#ဖုန်းမှန်ကွဲ #မှန်ကွဲတိုင်းအခမဲ့ပြင်လိုက်
Click here to claim your Sponsored Listing.
Category
Website
Address
R-117, Inya Lake Hotel, Mayangone Township
Yangon