MMK
28/05/2022
🌿🌿🌿 GHEE
🍀🍀🍀 Instock
☎️ 09798481816/ 09426532829 or cb
Ghee စားခြင်းရဲ့ အကျိုးကျေးဇူးများ ☺️👨⚕️
Ghee နဲ့ အူလမ်းကြောင်းသန့်စင်လို့ရတာကို ဖတ်ပြီးတော့ Ghee စားကြည့်မယ်စိတ်ကူးနေတုန်း မဝေက လက်ဆောင်ပေးတာနဲ့ သုံးကြည့်ဖြစ်ပါတယ်၊တချို့လည်း ဘာကောင်းလဲမေးကြတော့ ကောင်းကျိုးတွေအများကြီးမို့ ပြောပြရဦးပေမပေါ့။
Ghee(ဂီး) ဆိုတာ သန့်စင်ထားတဲ့ထောပတ်(Clarified Butter)ပါ၊ရိုးရိုးထောပတ်(Butter)မှာ
-Butter Fat(ထောပတ်အဆီ)
-Milk Solids(နို့ပရိုတိန်းအခဲများ) နဲ့
-Water(ရေ) တို့ပါဝင်ပေမယ့်
Ghee မှာတော့ ရေနဲ့ အခဲကိုဖယ်ထုတ်ပြီး Pure Butter(ထောပတ်အဆီ) သီးသန့်သာ ကျန်ပါတော့တယ်။
Ghee ရဲ့ အာဟာရတန်ဖိုး နဲ့ အကျိုးကျေးဇူးတွေကို လိုတိုရှင်း ပြောရရင် ...
🔸CLA ပါဝင်ပါတယ်,CLA က ကြွက်သားထုကိုတည်ဆောက်ပေးတာမို့ အားကစားသမားများ,ခွန်အားကုန်ခမ်းနေသူများ သင့်တော်ပါတယ်၊ဝိတ်ချချင်သူများအတွက်လည်း စွမ်းအင်ကိုထုတ်ပေးနိုင်တာမို့ ကောင်းမွန်ပါတယ်၊အူလမ်းကြောင်းကျန်းမာရေး မကောင်းသူများနဲ့ အော်တိုအင်မြူန်းရောဂါရှိသူများပါ အသုံးပြုလို့ရပါတယ်။
🔸နို့ပရိုတိန်းအခဲတွေ မပါတော့တာမို့ အစာကြေညက်ဖို့ လွယ်ကူပါတယ်၊နို့နဲ့မတည့်သူတွေ နို့ညှီနံ့မကြိုက်သူတွေအတွက် အင်မတန်ကောင်းမွန်ပါတယ်။
🔸ဗီတာမင် A,D,E,K ပါဝင်ပြီးသားဖြစ်တဲ့အပြင် Ghee ကိုယ်တိုင်က အဆီဖြစ်တာမို့ ထို ဗီတာမင်များစုပ်ယူဖို့ပါ တစ်ခါတည်းအားပေးပါတယ်၊သည်းခြေရည်ကောင်းစွာ အလုပ်မလုပ်လို့ အစာမချေနိုင်သူများ စားပေးသင့်ပါတယ်။
🔸Choline လည်းပါဝင်တာမို့ ဦးနှောက်အာရုံကြောအတွက် ကောင်းပါတယ်၊သူငယ်ပြန်တာ သတိမေ့တာတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်၊Ayurveda(အာယုဗေဒ ဆေးပညာ) မှာဆိုရင် Ghee စားခြင်းဖြင့် အဆိပ်ပြေစေတယ်၊သူတစ်ပါးပယောဂကြောင့် ထိုင်းမှိုင်းတာတွေ သက်သာစေတယ်လို့ဆိုပါတယ်။
🔸အလှအပရေးရာ အတွက်လည်း သုံးလို့ရပါတယ်၊မျက်လုံးအောက်ကို ပုံမှန်သုတ်လိမ်းပေးရင် မျက်ကွင်းညိုတာသက်သာစေပါတယ်၊တစ်ကိုယ်လုံးကို Ghee နဲ့ ပေါင်းတင်သုတ်လိမ်းပြီးမှ ရေချိုးရင်အသားခြောက်တာ သက်သာစေပါတယ်၊အသားအရေကို ချောမွတ်စေပါတယ်၊မြတ်စွာဘုရားလက်ထက်က နာမည်ကျော်ကချေသည် အမ္ဗပါလီက Ghee ကို သူမအသားအရေလှပဖို့ ပုံမှန်အသုံးပြုခဲ့တယ်ဆိုတဲ့ အထောက်အထားတွေလည်း ရှိပါတယ်။
Ghee ကို အသုံးပြုပုံ
🔹ထောပတ်ထမင်းချက်ရာမှာ,ဟင်းချက်ရာမှာ,ထမင်း နဲ့ ဟင်းလျာများကြော်ရာမှာ သုံးလို့ရပါတယ်။
🔹ကျနော်ကတော့ အိပ်ရာထတာနဲ့ Ghee လက်ဖက်စားဇွန်း ၂ ဇွန်းကို ရေနွေးအဖြူထည် ၁ ဖန်ခွက်နဲ့ရောဖျော်ပြီးသောက်ပါတယ်၊နံနက်စာ ထမင်းနဲ့ ပဲပြုတ်စားရင် Ghee လက်ဖက်စားဇွန်း ၂ ဇွန်းရောနယ်ပြီး ထပ်စားပါတယ်။
🔹Ghee ကို နေ့တိုင်းစားပေးလို့ရပါတယ်၊ကလေးငယ်များနဲ့ သက်ကြီးရွယ်အိုများကတော့ အနည်းငယ်ကစ,စားပေးရပါမယ်။
🔹နေမကောင်းဖြစ်ရာက နလန်ထစအချိန်,ခံတွင်းပျက်နေတဲ့အချိန်,ကလေးမီးပွားပြီးချိန်များမှာပါ စားပေးလို့ရပါတယ်။
🔹Ghee နဲ့မတည့်တဲ့သူရယ်လို့ မရှိပါ၊ရောဂါအခံကြီးကြီးမားမား ရှိသူများကတော့ ပမာဏအနည်းငယ်မှ စတင်ပြီး ချင့်ချိန်စားသုံးသင့်ပါတယ်။
အဆီဆိုတာနဲ့ စားရမှာကြောက်တဲ့ခေတ်ကနေ ကောင်းတဲ့အဆီ(Good Fat) တွေကို ရွေးချယ်စားသုံးရမယ့် ခေတ်ကို ရောက်လာပြီမို့ Good Fat တစ်မျိုးဖြစ်တဲ့ Ghee အကြောင်းရေးသားပေးလိုက်ပါပြီ၊လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်တည်းက အသုံးပြုလာတဲ့ Ghee ကို ယနေ့ခေတ်မှာလည်း သဘာဝဆေးပညာနယ်ပယ်မှာ သုတေသနတွေပြုလုပ်ပြီး ကောင်းကျိုးတွေ ဖော်ပြလာကြပြီပဲ ဖြစ်ပါတယ်။
ဆရာမကြီး ရှင်းပြတဲ့ Ghee ဗဟုသုတ ☺️👇
https://www.facebook.com/920893127970344/posts/1630171773709139/?d=n
ဆရာမချော ပြောပြတဲ့ Ghee အကြောင်း☺️👇
https://www.facebook.com/1542637637/posts/10220425291492669/?d=n
Ghee အကြောင်း ပြည့်ပြည့်စုံစုံ ရေးပြထားတဲ့စာ ☺️👇
https://www.facebook.com/105321627964848/posts/377659460731062/?d=n
ကျန်းမာကြပါစေ ☺️🤝😍
၂၈.၅.၂၀၂၂ #ဒေါက်တာရဲပြည့်ဟိန်း
Crd to original post 🙏
17/04/2022
♥️♥️♥️ မြန်မာ နှစ်ဦး အခါသမယ မှာ ကပ်ကြီး ၃ပါး ကျော်လွှား နိုင်ပါစေလို့ MMK Page မှ
ဆုတောင်း မေတ္တာ ပို့ သလိုက်ပါတယ်ရှင်
🙏🙏🙏
🌺🌺🌺ကချင် ဝမ်းဆက် လေးတွေ လိုအပ်ရင် မှာယူလို့ ရပါတယ်နော်🌷🌷🌷
💰💰💰ပုံလေးနှင့် ဈေးနှုန်းတွဲ ထားပါတယ်ရှင့်💯💯💯
☎️ 09798481816/094265232829 or cb 👌👌👌
Click here to claim your Sponsored Listing.
Contact the practice
Telephone
Website
Address
Yangon