Trusted Services

Trusted Services

Share

16/01/2024

🎉FaCe..book follower 10K Giveaway 🎉

Pinထောက်ထားတဲ့ postကို
-Reactပေး
-သက်ဆိုင်ရာ Gp-5ခုကို Share
-Shareထားတဲ့ Screenshot 5ခုကို စာသားတစ်ခုခုနဲ့
commentမှာ မန့်ပြီး Follower လက်ဆောင်ယူ🥰

( အကြိုက်ဆုံးမန့် ၁၀ခုကို လက်ဆောင်ပေးပါမယ်)

24/12/2023

Online Shop နဲ့စီးပွားရှာနေတဲ့ လူတိုင်းသိကိုသိထားသင့်တဲ့
[ Marketing strategy ]

(1) | Content နည်းစနစ် ✍️

Facebook မှာ Marketing လုပ်ဖို့အတွက်
ပထမဦးဆုံး ပြင်ဆင်ရမှာက Content ပဲဖြစ်ပါတယ်။ Content မကောင်းရင် Social Media မှာက မအောင်မြင်ပါဘူး။ လူစိတ်ဝင်စားနိုင်တဲ့ Content တွေဖန်တီးနိုင်ရင် Boost လုပ်စရာမလိုပဲနဲ့ တောင် ဈေးရောင်းနိုင်ကြတာကို တွေ့နေကြားနေရပါတယ်။
ဒါကြောင့် Content ကို ကောင်းကောင်းဖန်တီးနိုင်ရင် အဆင်ပြေပါပြီ။
Boost လုပ်တော့မယ်ဆိုရင် Content နဲ့ပတ်သက်ပြီး သိထားရမဲ့ အချက်တွေကတော့

(၁) Head Line ကောင်းကောင်းရေးပါ။

Facebook ရဲ့ ပုံစံအရ ကိုယ်တင်ထားတဲ့ Post ရဲ့
3 ကြောင်းစာအထိသာပေါ်ပြီး ကျန်တဲ့စာတွေက See More နဲ့ပေါ်သွားပါတယ်။ ဒါကြောင့် ပထမ ၃ ကြောင်းမှာ လူစိတ်ဝင်စားမည့် အကြောင်းအရာကို ရေးပေးဖို့လိုပါတယ်။
Head Line စဉ်းစားတဲ့အခါ ကိုယ့် Product or Service ရဲ့ အားသာချက် or Customer သတိထားမိမည့် အချက် or Customer လိုအပ်ချက် ကို ရေးပေးရမည်ဖြစ်ပါတယ်။
ဥပမာ - “မင်္ဂလာပါရှင့် မာလာရှမ်းကောလေး အားပေးကြပါဦးရှင့် “ ဆိုပြီးအစချီတာထက်
“စိတ်ညစ်နေတဲ့အခါ မာလာရှမ်းကောခပ်စပ်စပ်လေးကို စားပေးသင့်ပါတယ်”
“၁ သောင်းဝန်းကျင်နဲ့ မာလာရှမ်းကောစားလို့ရပြီ”
စသဖြင့် ခေါင်းစဉ်တပ်ဖို့ လိုအပ်ပါတယ်။
ဒါမှလည်း Customer က သတိထားမိပြီး ကိုယ်ရောင်းတဲ့ Product ကို သတိထားမိမှာဖြစ်ပါတယ်။

(၂) စာပိုဒ်ရှည် ရေးခြင်းရှောင်ပါ။

အရောင်း Post တစ်ခုမှာ စာအရှည်ကြီးရေးရင် လူတွေက ပျင်းလာတက်ပါတယ်။
ထိထိမိမိ အချက်လေးတွေရေးပါ။

(၃) အရေးကြီးတဲ့အချက်တွေမှ စတင်ပြီး အစဉ်လိုက်ရေးရပါမယ်။

(၄) မိမိလုပ်ငန်း Information အပြည့်အစုံထည့်ပါ။

(၅) # ခံရေးပါ။
ကိုယ့် Product ကိုရှာတဲ့အခါမှာ ထိပ်ဆုံးမှာ ပေါ်နေစေဖို့ keywords တွေကို # ခံရေးရပါမယ်။
Keywords ဆိုတာ ကိုယ် Page Name, Product Name , Product စသဖြင့် ရေးပေးရပါမယ်။


#သင်ဆရာတိုင်းကိုလေးစားလျက်

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon