MARA Publications
17/09/2024
မင်္ဂလာပါ။ လက်ရှိမှာ ရေဘေးဒဏ်ကို ခံစားနေရတဲ့ ပြည်သူတွေအတွက် ကျနော်တို့ MARA Publications ကနေလည်း အစီအစဉ်လေးတစ်ခုနဲ့ပါဝင်ကူညီသွားဖို့ရှိတဲ့အကြောင်း အသိပေးချင်ပါတယ်ခင်ဗျာ။
အဲဒါကတော့ သိပ်မကြာခင်မှာ ထွက်ရှိလာမယ့် ဆစ်ခ်နဲ့ လတ်လွန်းဝေဦးတို့ရဲ့ “ရန်ကုန်မြို့ကြီးပေါ် က မာရ်နတ်အတွက် အချစ်ကဗျာတစ်ပုဒ်” ကဗျာစာအုပ်ရဲ့ Ebook ကို ကြိုတင်ရောင်းချသွားမှာဖြစ်ပြီး အဲဒီကနေရရှိတဲ့ ငွေကြေးအားလုံးကို ရေဘေးဒဏ်သင့်ပြည်သူတွေအတွက် ခွဲဝေကူညီပေးသွားဖို့ပဲ ဖြစ်ပါတယ်။
ဒီလို ရောင်းချတဲ့နေရာမှာလည်း စေတနာ ထည့်ဝင်ကူညီလိုတဲ့ ဘယ်သူမဆို ကူညီနိုင်ကြအောင်လို့ Ebook ကို တန်ဖိုးတစုံတရာ မသတ်မှတ်ထားဘဲ ရောင်းချပေးသွားမှာဖြစ်ပြီး ဒီလိုရောင်းချမှုကနေရရှိတဲ့ ငွေကြေးအားလုံးကိုလည်း ရာနှုန်းပြည့် ထည့်ဝင်ကူညီသွားမှာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ပါဝင်ကူညီသူတွေကို လေးစားသမှုနဲ့ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ မကြာခင်ကာလမှာ စာအုပ်အနေနဲ့ ပုံနှိပ်ထွက်ရှိလာတဲ့အခါမှာလည်း Ebook ကို ဝယ်ယူကူညီထားသူတွေ အားလုံးကို ကျနော်တို့ဘက်ကနေ ၂၀ ရာခိုင်နှုန်းလျှော့စျေးနဲ့ ရောင်းချပေးသွားဦးမှာလည်း ဖြစ်ပါတယ်။
ဝယ်ယူလိုသူတွေအနေနဲ့ ကျနော်တို့ Page ရဲ့ Chat Box မှာ လာရောက်ဝယ်ယူပြီး Download Link ကို တောင်းယူနိုင်ပါတယ်ခင်ဗျာ။
အားလုံးပဲ ဘေးကင်းကျန်းမာကြပါစေလို့ ကျနော်တို့ MARA Publications ကနေ ဆုတောင်းပေးလိုက်ပါတယ်။
ချစ်ခင်စွာဖြင့်
MARA Publications
02/03/2024
စာအုပ်ရပါပြီ
အတော်လေးလှလို့ ဝမ်းသာအားရကျေနပ်မိပါတယ်
လာမယ့်ရက်ပိုင်းထဲမှာပဲ ပရီအော်ဒါတွေကို စတင်ပေးပို့သွားတော့မှာဖြစ်ပါတယ်ဗျ
စာအုပ်မှာချင်တဲ့သူတွေအနေနဲ့လည်း Page မှာ မှာယူနိုင်ပါသေးတယ်နော်
အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ
ချစ်ခင်စွာဖြင့်
MARA Publications
09/02/2024
ကျနော်တို့ MARA Publications ရဲ့ ၆ အုပ်မြောက်စာအုပ်ကတော့ ကဗျာဆရာ ပိုင်စိုးဝေရဲ့ နေရောင်ခြည်နှင့် တွေ့ဆုံခြင်း ကဗျာစာအုပ်ပဲ ဖြစ်ပါတယ်
ဒီစာအုပ်ကို ဆရာပိုင်စိုးဝေက ၁၉၇၈ ခုနှစ်မှာ နေမင်းပိုင်စိုး ကလောင်အမည်နဲ့ ရေးသားခဲ့ပြီး ၁၉၉၄ ခုနှစ်မှာတော့ ပထမအကြိမ်အဖြစ် စတင်ထုတ်ဝေခဲ့တာပဲဖြစ်ပါတယ်။ အခုလို ပုံနှိပ်သက်တမ်း နှစ်ပေါင်း ၃၀ အကြာမှာတော့ MARA ကနေ အမှတ်တရအနေနဲ့ ပြန်လည်ထုတ်ဝေသွားတော့မှာပဲဖြစ်ပါတယ်။
ဒီစာအုပ်အတွက် မေးခွန်းအစီအစဉ်လေးမှာ ဝင်ရောက်ဖြေဆိုခဲ့သူတွေအားလုံးကို ကျေးဇူးတင်ရှိပါတယ်
အဖြေမှန်သူတွေထဲက ၅ ဦးကို မဲနှိုက်ရွေးချယ်ထားပြီး ကံထူးရှင်တွေကိုတော့ Comment မှာ ဖော်ပြပေးထားပါတယ်
သိပ်မကြာခင်မှာပဲ ဒီစာအုပ်ကို ကျွန်တော်တို့ Page ကနေ Pre-order ကောက်ယူသွားတော့မှာမို့ စောင့်မျှော်ပေးကြပါဦး
ဒီစာအုပ်အတွက် အဖုံးပန်းချီကိုတော့ ပန်းချီဆရာ ဇာနည်က ရေးဆွဲပေးထားပြီး အဖုံးဒီဇိုင်းကိုတော့ ဗဂျီလင်းဝဏ္ဏက ဖန်တီးပေးထားပါတယ်
ကဗျာဆရာ ပိုင်စိုးဝေကို တန်ဖိုးထားချစ်ခင်မှု၊ ဒီကဗျာရှည်အပေါ် အမှတ်တရရှိမှုတွေနဲ့အတူ နေရောင်ခြည်နှင့်တွေ့ဆုံခြင်း ကဗျာစာအုပ်ကို အခုလိုပဲ ပြန်လည်ထုတ်ဝေလိုက်ပါတယ်
အားလုံးလည်း နေရောင်ခြည်နွေးနွေးကလေးနဲ့ တွေ့ဆုံကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်
ချစ်ခင်စွာဖြင့်
MARA Publications
19/01/2024
ကဗျာဆရာရှိန်ဝါ ဘာသာပြန်ထားတဲ့ ခရစ်ရှနမူရ်တီးရဲ့ အန္တရာယ်မရှိတဲ့ ပညာရေး စာအုပ်ကတော့ အုပ်ရေအနည်းငယ်ပဲ ကျန်ရှိပါတော့တယ်ခင်ဗျ
ဝယ်ယူဖတ်ရှုပေးကြတဲ့သူတွေအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်နော်
စာမြည်းဖတ်ချင်သူတွေအတွက်လည်း ဒီစာအုပ်ထဲပါတဲ့ စာလေးတွေ တင်ပေးပါဦးမယ်ဗျ
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ
ချစ်ခင်စွာဖြင့်
MARA Publications
26/11/2023
စာအုပ်ရပါပြီခင်ဗျာ
စာရေးသူလက်မှတ်တွေလည်း ရေးထိုးပြီးပါပြီ
Pre-order တွေကို လာမယ့်ရက်ပိုင်းထဲ ပေးပို့သွားတော့မှာဖြစ်ပါတယ်ခင်ဗျ
ကဗျာဆရာရှိန်ဝါ ဘာသာပြန်ထားတဲ့ ခရစ်ရှနမူရ်တီးရဲ့ အန္တရာယ်မရှိတဲ့ ပညာရေး စာအုပ်ကို မှာယူချင်သေးတဲ့သူတွေအနေနဲ့လည်း Page Chat Box မှာ မှာယူနိုင်ပါသေးတယ်
ချစ်ခင်စွာဖြင့်
MARA Publications
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon