Logistics & SCM Magazine
18/05/2026
◾ နိုင်ငံ့စားနပ်ရိက္ခာအတွက် စိုက်ပျိုးရန်နီးလာချိန် ယူရီးယားမြေဩဇာဈေးတက်လာ ◾
Logistics & SCM Magazine / မေ-၁၈
နိုင်ငံ့စားနပ်ရိက္ခာအတွက်အရေးကြီးသည့် မိုးစပါးစိုက်ပျိုးရာသီစတင်ရန်ပြင်ဆင်နေချိန် ယူရီးယားမြေ ဩဇာ(ပုလဲဓာတ်မြေဩဇာ) ရည်ညွှန်းဈေးနှုန်း ၆၀ ရာခိုင်နှုန်းကျော်မြင့်တက်လာသည်။
မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းငန်းရှင်များအသင်းမှ မေလအတွက်ထုတ်ပြန် သည့် ရန်ကုန်အထိုင်လက္ကားမြေဩဇာဈေးနှုန်း ယူရီးယားမြေဩဇာ(အလုံးကြီး) ၅၀ ကီလိုတစ်အိတ် လျှင် ၁၅၇,၀၀၀ ကျပ် သတ်မှတ်သည်။ ပြီးခဲ့သည့်ဧပြီလတွင် တစ်အိတ်လျှင် ၉၄,၀၀၀ ကျပ်သတ်မှတ် ခဲ့ခြင်းကြောင့်ယူရီးယားမြေဩဇာတစ်အိတ် ၆၃,၀၀၀ ကျပ်ဈေးမြင့်တက်သွားခြင်းဖြစ်သည်။ မြေဩဇာ နောက်တစ်မျိုးဖြစ်သည့် DI Ammonium phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ်ဈေး က ၁၁၅,၀၀၀ ကျပ်ဖြင့်ပြီးခဲ့သည့်လဈေးအတိုင်းသတ်မှတ်ထားသည်။
နိုင်ငံ၏စားနပ်ရိက္ခာဖြစ်သော ဆန်အတွက် အဓိကစိုက်ပျိုးထုတ်လုပ်သည့် မိုးရာသီစပါးစိုက်ရန်နီးကပ် လာချိန် မြေဩဇာဈေးမြင့်တက်မှုက စိုက်ရေးပျိုးရေးလုပ်ငန်းများကို တွန့်ဆုတ်စေသည်ဟု ဇလွန်မြို့နယ်မှ လယ်သမားတစ်ဦးကပြောသည်။
"အပြင်ဈေးကပိုတာပေါ့။ ဈေးကွက်ထဲမှာ မြေဆီဈေးမှန်းလို့မရဘူး" ဟုလည်း လက်ရှိအခြေအနေကို ၎င်းကရှင်းပြသည်။
တစ်နှစ်လယ်ဧက ၁၅ သန်းကျော်စိုက်ပျိုးသည့် စပါးရာသီတွင် လယ်တစ်ဧကအတွက် ပျဉ်းမျှ ယူရီးယား ဓာတ်မြေဩဇာတစ်အိတ်မှ နှစ်အိတ်အကြားသုံးစွဲရန်လိုအပ်သည်ဟု အကြံပြုမှုများလည်းရှိနေသည်။
ရှေ့အလယ်ပိုင်းစစ်ပွဲများကြောင့် ရေနံရှားပါး၍ဈေး နှုန်းများစံချိန်တင်မြင့်တက်လာခြင်း၊ ဓာတ်မြေဩဇာထုတ်လုပ်မှုများလျော့ကျပြီး မြေဩဇာရရှိအခက်အခဲပြီးဈေးနှုန်းမြင့်တက်မှုများက မိုးရာသီဆန်စပါးအဓိကစိုက်ပျိုးသည် မြန်မာအပါအ၀င် အာဆီယံနိုင်ငံများသာမက အိန္ဒိယနိုင်ငံကို ရိုက်ခက်လာကြောင်းနိုင်ငံတကာမီဒီယာအချို့ကဖော်ပြကြသည်။
မြေဩဇာဈေးနှုန်းများမြင့်တက်မှုက ကမ္ဘာစားနပ်ရိက္ခာထုတ်လုပ်ရေးအပေါ်စိုးရိမ်စရာများရှိလာပြီဟု ကုလသမဂ္ဂ(UN)အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းအချို့က အသိပေးထားသည်။
ထို့ပြင်ဆန်စပါးအဓိကစိုက်ပျိုးထုတ်လုပ်သည့် အာဆီယံအဖွဲ့၀င်နိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့တွင် ပူပြင်း ခြောက်သွေ့သည့် အယ်လ်နီညိုရာသီဥတု၏ ခြိမ်းခြောက် မှုကလည်းရှိနေသည်။ စိုက်ပျိုးရေးလုပ်ငန်း များတွင် အယ်လ်နီညိုရာသီဥတု၏ အကျိုးဆက်ခံရမည်ကို စိုးရိမ်မှုများရှိနေသည်ဟု နိုင်ငံတကာမီဒီယာ အချို့ကရေးသားထားသည်။
ဓာတ်ပုံ - ယခင်ပုံအဟောင်း(စစ်ကိုင်းမြို့နယ်တွင် ယူရီးယားဓာတ်မြေဩဇာ ကြဲပက်ခြင်းသရုပ်ပြပွဲ)
#ယူရီးယားဓာတ်မြေဩဇာ #မိုးစပါး #မြေဩဇာ #စိုက်ပျိုးရေးလုပ်ငန်း
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11031