Shaloot USA
Shaloot USA က အရည်အသွေးမြင့်စစ်မှန်တဲ့အရသာတွေပေးစွမ်းနိုင်မယ့် အမေရိကန်နိုင်ငံထုတ်စားသောက်ကုန်ကြမ်းအမယ်တွေ အသုံးပြုပြီး ကမ္ဘာတလွှား ဆန်းသစ်တဲ့ ဟင်းလျာချက်ပြုတ်စီမံနည်းတွေနဲ့အတူ သင့်စားပွဲရှေ့မှောက်ကို ရောက်ရှိလို့လာပါပြီ! အရည်အသွေးမြင့် အမေရိကန်နိုင်ငံစားသောက်ကုန်များ ကို စားသုံးသူများနဲ့ချိတ်ဆက်ပေးနေပါပြီ!
11/05/2026
USA cherries 🍒 😍
29/01/2025
ဒီတစ်ပတ် Wine Wednesday မှာတော့ Label မဖတ်၊ စမ်းမသောက်ကြည့်ဘဲ ဝိုင်ရဲ့ သက်တမ်းကို ခွဲလို့ရတဲ့အချက်တွေကို Shaloot USA ကနေ ပြောပြပေးသွားပါမယ်နော်။
အရောင်နဲ့ အနံ့ကို ခံစားကြည့်ရုံနဲ့ ဝိုင်ရဲ့ Vintage ကို ခန့်မှန်းကြည့်နိုင်တယ်ဆိုတာ သိရဲ့လား။
Red Wine ရဲ့ သက်တမ်းခွဲနည်း
🍷သက်တမ်းနုတဲ့ Red Wine တွေဟာ လတ်ဆတ်တဲ့ ဘယ်ရီသီး၊ သစ်သီး၊ ပန်းရနံ့တွေ ရှိပါတယ်။
အရောင်ကတော့ ပုံမှန်အားဖြင့် တောက်ပတဲ့ဘက်ကိုသွားပြီး ခရမ်းရောင်သမ်းတဲ့ အရောင်မျိုး ရှိပါတယ်။
🍷၃ နှစ်အထက်ရှိတဲ့ အလယ်အလတ်သက်တမ်း Red Wine တွေဆိုရင်တော့ သစ်သီးခြောက်ရနံ့၊ ဆေးရွက်ကြီးနံ့၊ မြေသင်းရနံ့တွေကို ပိုရလာစေပါပြီ။သူ့ရဲ့ အရောင်ကတော့ ပတ္တမြားရောင်တောက်တဲ့ ဘက်ကိုပိုရောက်ပါတယ်။
🍷သက်တမ်းအရင့်ဆုံး Red Wine တွေဆိုရင်တော့ ရနံ့တွေဟာ ပိုရှုပ်ထွေးလာပါတယ်။မြေသားနံ့၊ သားရေနံ့၊ မှို၊ သစ်တောနံ့၊ ပန်းခြောက်၊ အစေ့အဆံနံ့ စတဲ့ ရနံ့တွေ ရောပြွန်းနေတတ်ပါတယ်။အရောင်ကတော့ နီညိုရောင်ဘက်ကို ပိုရောက်ပြီး အရောင်ရင့်လေ သက်တမ်းရင့်လေလို့ ယူဆနိုင်ပါတယ်။
White Wine ရဲ့ သက်တမ်းခွဲနည်း
🍷သက်တမ်းနုတဲ့ White Wine တွေမှာ လတ်ဆတ်တိကျတဲ့ ရနံ့ရှိပြီး သံပုရာ၊ ပန်းသီးစိမ်း၊ ပန်းရနံ့တို့နဲ့အတူ ကမ္ဗလာသီးရဲ့ ရနံ့တွေ မွှေးနေတတ်ပါတယ်။အရောင်ကတော့ နုနုလွင်လွင်လေး ဖြစ်ပြီး အဝါဖျော့ သို့မဟုတ် အစိမ်းဖျော့ရောင် ရှိပါတယ်။
🍷အလယ်အလတ်သက်တမ်းရှိတဲ့ White Wine မှာဆိုရင်တော့ ပျားရည်နံ့၊ အစေ့အဆံ၊ ထောပတ် စတဲ့ ရနံ့တွေ ပိုရလာပါတယ်။အရောင်ကလည်း အဝါရောင်ကိုမှ နည်းနည်းလေး ရင့်လာပြီး ရွှေအိုရောင် ပိုတောက်လာပါတယ်။
🍷သက်တမ်းအရင့်ဆုံး White Wine တွေမှာတော့ သစ်သီးခြောက်နံ့၊ Almond စေ့ခြောက်နံ့နဲ့ ပျားသလက်နံ့တွေရောပြွန်းနေတတ်ပြီး ရနံ့ပိုစူးလာပါတယ်။အရောင်ကတော့ ပယင်းရောင် သို့မဟုတ် အညိုဖျော့ရောင်ဘက်ကို ပိုရောက်လာပြီး အရောင်ပိုရင့်လေ သက်တမ်းရင့်လေလို့ ယူဆနိုင်ပါတယ်။
အခုပြောပြပေးသွားတဲ့ အချက်လေးတွေကတော့ ဝိုင်ပုလင်းကို မဖွင့်ကြည့်ဘဲနဲ့ ဝိုင်သက်တမ်းကို အကဲဖြတ်နိုင်မယ့် နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။
ဒီတစ်ခေါက် ဝိုင်သောက်တဲ့အခါ ဝိုင် Vintage ကို ကိုယ်တိုင်ဘယ်လောက်ခွဲခြားနိုင်ပြီလဲဆိုတာ စမ်းကြည့်ဖို့ မမေ့နဲ့ကြနော်။
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
U.S. Embassy, 110 University Avenue Road Kamayut Township
Yangon
Opening Hours
| Monday | 08:00 - 17:00 |
| Tuesday | 08:00 - 17:00 |
| Wednesday | 08:00 - 17:00 |
| Thursday | 08:00 - 17:00 |
| Friday | 08:00 - 17:00 |