Shop with Hnin

Shop with Hnin

Share

Photos from Choco Claire’s Routines's post 20/03/2026

အရမ်းဟော့နေတဲ့ Glad2Glow Skin Tintလေး မှာလို့ရပါပြီရှင့်😍

Review ပေးထားတဲ့မမလိမ်းပြထားတာက02N လေးရှင့်

10/03/2026

IN2IT Water Tint Blur ကလေ 3CE ရဲ့ Blur Water Tint ကို ဆိုးဖူးတဲ့သူဆို ဆိုးလိုက်တာနဲ့ ဟဲ့ တူလှချီလား လို့ ဖြစ်သွားစေမယ့် Lip Tint လို့တောင် ခေါ်လို့ရတယ်။ Moon က 3CE ကြိုက်တဲ့သူမလို့ ဒါစသုံးချိန်မှာ တော်တော်တူလို့ စသဘောကျသွားတယ်။

တကယ်သဘောပိုကျတာကတော့ အရောင်ပေါ့နော်။ IN2IT ကတော့ Thai Brand ဖြစ်လို့ သူထုတ်တဲ့အရောင်တွေက မြန်မာအသားအရေတော်တော်များများနဲ့ ပိုလိုက်တာမျိုး သတိထားမိတယ်။ Moon အခုဆိုးနေတဲ့ ပုံထဲက BLL03 Fig Mauve အရောင်ကလေ ပန်းရောင်နုနုလေးလို့ ထင်ရပေမယ့် တကယ်တမ်းတော့ သဖန်းသီး မရမ်းသီးကို နုဖတ်နေအောင် ရောထားတာဆိုတော့ နှုတ်ခမ်းပေါ်တင်လိုက်တာနဲ့ MLBB ပန်းမရမ်းနုလေးလို ဖြစ်သွားတာ။ အရမ်းသဘောကျတာပဲ။

Blur Watery Gel Tint ဖြစ်တဲ့အတွက် ဆိုးလိုက်တာနဲ့ နှုတ်ခမ်းပေါ်က လိုင်းတွေကို Blur ဖြစ်နေအောင် လုပ်ပေးနိုင်တယ်။ Matte ဖြစ်ပေမယ်‌့ နှုတ်ခမ်းလေးက ဖူးဖူးလေးဖြစ်နေတာမျိုးကိုလည်း သတိထားမိတယ်။ Watery Gel ပုံစံဆိုတော့ Lightweight တော်တော်ဖြစ်တယ်။ ဆိုးထားမှန်း တစိမှ မသိသာဘူး။ ပုံထဲသာ ကြည့်လိုက် ပါးပါးကပ်ကပ်လေးရယ်။

Longlasting ဖြစ်တဲ့အပိုင်းကတော့ 3CE ထက် ပိုကောင်းတယ်လို့တောင် ထင်ရတယ်။ မနက်ဆိုး နေ့လည်ထမင်းစားပြီးတောင် အရောင်ကျန်နေတုန်းပဲ။ Moon အတွက်တော့ အဲလောက်ကျန်တာ အတော့်ကို Longlasting ဖြစ်တယ်ခေါ်ရမှာ။ ဒါဆိုးတဲ့နေ့ဆို တစ်နေ့လုံးနေမှ တစ်ခေါက်လောက်ပဲ ထပ်ဆိုးရတာမျိုး ရှိတာမျိုး။

ပြောချင်တာ 3CE Blur Water Tint ကြိုက်တဲ့သူဆို ဒီဟာကို ကြိုက်ကိုကြိုက်စေရမယ်။ အရောင်တော့ ရွေးပေါ့နော်။ Moon ကတော့ Moon ကြိုက်တဲ့ အရောင်လေးပဲ ယူလာတာ။ စျေးကလည်း ၂၉ ဆိုတော့ ငါးသောင်းကျော်တွေ ပေးရတာထက်စာရင် ပိုသက်သာ ပိုအဆင်ပြေတယ်လို့ပဲ တွေးတယ်။ Moon ကတော့ နှုတ်ခမ်းနီဆို စျေးသင့်လည်း ကွာလာတီကောင်းရင် လွှတ်ကို အားပေးတယ်။ အထူးသဖြင့် ကိုယ်အဆင်ပြေရင် သူများတွေလည်း ကြိုက်မယ်ဆိုတာ ယုံပြီးသား။ CHARM က ဝယ်တာပါ။

🌙
Moon

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon