TU Network

TU Network

Share

14/09/2025

အသိပေးကြေညာချက်
_______________________
TU Network မှ ကြားကာလပညာသင်ကြားရေးများဖော်ဆောင်လျက်ရှိရာ စတုတ္ထအကြိမ်‌သို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ သို့သော် သပိတ်မှောက် CDM ကျောင်းသားကျောင်းသူအနက် အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးထောင်ချမှုများ၊ မြေပြင်စစ်ကြောင်းထိုးမှုများ၊ အင်တာနက်ဖြတ်တောက်မှုများစသည့် အကြောင်းအမျိုးမျိုးကြောင့် ခေါ်ယူပြီးသောအကြိမ်များတွင် လျှောက်ထားခြင်းမပြုနိုင်ခဲ့သော ကျောင်းသားကျောင်းသူများရှိနေပါသည်။

ထိုသို့ ကျန်ရှိနေသော သပိတ်မှောက် CDM ကျောင်းသားကျောင်းသူများအတွက် နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်၏ ကြားကာလသင်ကြားရေးအစီအစဉ်၌ မှတ်ပုံတင်ခြင်း Registration အချိန်ကာလတခု ထပ်မံကြေညာပေးသွားမည်ဖြစ်ပါသည်။

ထို့ကြောင့် အကြောင်းအမျိုးမျိုးကြောင့်ကျန်ရှိသော ကျောင်းသူကျောင်းသားများအတွက် ခေါ်ယူမည့်အချိန်ကို TU Network Official page နှင့် Telegram Channel https://t.me/TUNetworkOfficial တို့တွင် ကြေညာသွားပါမည်။

#နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Address


Yangon