Bottle Babies

Bottle Babies

Share

Photos from Bottle Babies's post 29/09/2021

SKYY VODKA
===========

🔹️ SKYY®ဗော့ဒ်ကာကို ၁၉၉၂ ခုနှစ်တွင်
ဆန်ဖရန်စစ္စကိုမှ အမည်မသိ ယမကာ ပညာရှင်သူတစ်ဦးက ​စတင်​ချက်လုပ်ခဲ့​သော်လည်း SKYY Voka ကို ကမ္ဘာ​ကျော်​စေ​အောင် ပြန်လည်​ဖျော်စပ်ခဲ့သူက​တော့ Maurice Kanbar ဆိုသူ အ​မေရိကန်နိုင်ငံသားပဲ ဖြစ်ပါတယ်။

🔹️Kanbar သည် ၎င်းချမှတ်ထား​သော အရည်အသွေးစံချိန်စံညွှန်းများနှင့် ကိုက်ညီသော Classic Martini တစ်ခုကို ​ဖျော်စပ်ထုတ်လုပ်ဖို့ ရှာ​ဖွေခဲ့ရာတွင် ဆန်ဖရန်စ္စစကို မှပညာရှင်တစ်ဦး ချက်လုပ်ထား​သော အဆင့်မြင့် Vodka ကုန်ကြမ်းတစ်ခု ကို​တွေ့ရှိခဲ့ပါတယ်။

🔹️Kanbar သည် ထို Vodka ကုန်ကြမ်းကို သူ၏ အတွေးအခေါ်နှင့် နည်းပညာတို့​ကို အချိန်ကြာမြင့်စွာ ပေါင်းစပ်ပြီးမှ အချောမွေ့ဆုံးဖြစ်​စေမယ့် ​စျေးကွက်ဝင် Vodka တစ်ခုအဖြစ် ရရှိနိုင်ခဲ့ပါတယ်။

(ကျွန်ုပ်တို့၏ ဆန်းသစ်တီထွင်မှုနှင့် စဉ်ဆက်မပြတ်တိုးတက်ပြောင်းလဲလာမှုတို့ရဲ့ ရလာဒ်​ကောင်းဖြစ်ခဲ့တဲ့ SKYY
ဗော့ဒ်ကာအတွက် စတင်ချက်လုပ်သူမဟုတ်ခဲ့​ပေမယ့် နောက်ပိုင်းကို ဦးဆောင်ခွင့်ရခဲ့လို့ အထူး​ပျော်ရွှင်ရပါတယ်။ SKYY Vodka ချက်လုပ်မှုက ကျွန်ုပ်တစ်ဘဝလုံး ရင်းနှီးမြုပ်နှံခဲ့ရတဲ့ မစ်ရှင်တစ်ခုပါ ) လို့ Kanbar က ​ပြောထားပါတယ်။

🔹️ SKYY Vodka ကိုဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသမှပစိဖိတ် တွင်းထွက်​​ကျောက်များဖြင့် ပြည့်နှက်နေသော
စိမ့်စမ်းရေနှင့်ပြုလုပ်ထားပါတယ်၊ ၎င်း​​ရေသည် ယမကာ၏ ခါးသီးမှုကိုလျှော့ချ​​ပေးပြီး Vodka တွင်ပါဝင်​သော ဂရိတ်ဖရု/Citrus တို့ရဲ့ မူလအချိုနှင့်အရသာကို မြှင့်တင်​ပေးနိုင်တာတာကြောင့် SKYY သည် Vodka & Soda အတွက် အလိုက်ဖက်ဆုံး အတွဲစပ်တစ်ခုအဖြစ် ကမ္ဘာကအသိမှတ်ပြုခြင်းခံ​နေရ​သော Vodka ​ကောင်း​ကောင်း​လေးတစ်ခုအဖြစ် မိတ်ဆက်​ပေးလိုက်ရပါတယ် ခင်ဗျာ။

️ အမျိုးအစား 🔹️ Vodka

ချက်လုပ်ရာ ​ဒေသ 🔹️ အမေရိကန်
ပြည်ထောင်စု ၊ ကယ်လဖိုးနီးယား ပြည်နယ်

Alc 🔹️ 40 % above

Photos from Bottle Babies's post 25/09/2021

️◾THE GLENLIVET ◾

▪️ The Glenlivet ဟာ စ​ကော့တလန်နိုင်ငံရဲ့ ရဲ့
SPEYSIDE, HIGHLAND, LOWLAND, ISLAY နဲ့ ISLAND ဆိုပြီး ဝီစကီတွေထွက်ရှိရာ အဓိကဒေသကြီး ၅ ခုရှိတဲ့အနက် အရှေ့မြောက်ဖျားပိုင်းမှာ တည်ရှိပြီး SINGLE MALT တွေနဲ့ပတ်သက်ပြီး အစဉ်အလာကြီးမားတဲ့ဒေသကြီးဖြစ်တဲ့ SPEYSIDE ကနေထွက်ရှိတာဖြစ်ပါတယ်။

▪️The Glenlivet အမှတ်တံဆိပ်ကို တရားဝင် စတင်တည်ထောင်ခဲ့သူကတော့ GEORGE SMITH ဆိုသူဖြစ်ပြီး ပထမအင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်နေချိန် ၁၈၂၄ ခုနှစ်မှာပဲ SPEYSIDE ရဲ့အလယ်ဗဟိုတည့်တည့်မှာရှိတဲ့ GLEN (တောင်ကြားဒေသ) တစ်ခုမှာ စတင်ခဲ့ပါတယ်။ အဲ့ဒီ တောင်ကြားဒေသမှာ LIVET အမည်ရှိ ကြည်လင်နေတဲ့ မြစ်ငယ်တစ်စင်းစီးဆင်းနေတာဖြစ်လို့ GLENLIVET DISTILLERY လို့အမည်တွင်စေခဲ့တာဖြစ်ပါတယ်။

▪️ GLENLIVET ကို ဘာသာပြန်ရင်တော့ ”ချောမွေ့ငြိမ်သက်စွာစီးဆင်းနေတဲ့ မြစ်ကလေးရှိရာတောင်ကြား” လို့ အဓိပ္ပာယ်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာတစ်ခုပြောစရာရှိတာက SPEYSIDE မှာ ၁၇၀၀ ပြည့်နှစ်အစောပိုင်းတွေ ကတည်းက အရက်ချက်စက်ရုံတွေရှိနှင့်ပြီး ဖြစ်ပေမယ့် မှတ်ပုံတင်ခွင့် မရှိခဲ့သေးတာကြောင့် တရားဝင်ရပ်တည်ခွင့် မရရှိခဲ့ကြပါဘူး။ GLENLIVET ဟာလည်းထိုစဉ်ကတည်းက ရှိနေနှင့်ခဲ့ပြီးပေမယ့် မှတ်ပုံတင်ခွင့်စောင့်ဆိုင်းနေရဆဲပဲဖြစ်ပါတယ်။

▪️ ၁၈၂၂ မှာတော့ ဗြိတိန်ဘုရင် KING GEORGE IV တစ်ယောက် SPEYSIDE ကို ရောက်လာခဲ့ပြီး GLENLIVET သောက်ချင်ကြောင်း BY NAME နဲ့ ပြောခဲ့ပါတယ်။ ၁၈၂၃ မှာစတုတ္ထမြောက် ဂေါ်ဒွန်မြို့စား အလက်ဇန်းဒါး ဂေါ်ဒွန်က ၁၈၂၃ အက်ဥပဒေနဲ့ ပါလီမန်မှာ ဥပဒေပြဌာန်းပေးပြီး အရက်ချက်စက်ရုံတွေကို မှတ်ပုံတင်ခွင့်ပြုခဲ့ရာမှာ GLENLIVET က ၁၈၂၄ မှာပဲ အစောဆုံးတရားဝင်မှတ်ပုံတင်နိုင်ခဲ့ပြီး စကော့ထ်လန်ရဲ့ ပထမဆုံးသောတရားဝင် Distillary ဖြစ်ခဲ့တာကြောင့်သူ့နာမည်မှာ THE ဆိုတဲ့ (TITLE) တပ်ခဲ့ကာ THE GLENLIVET လို့ပြောင်းလဲခေါ်ဝေါ်ခွင့်ရခဲ့ပါတယ်။

▪️အဲ့ဒိအချိန်ကနေ ရပ်တည်လည်ပတ်လာခဲ့တဲ့ THE GLENLIVET ဟာ ကမ္ဘာ့အဆိုးရွားဆုံး စီပွားပျက်ကပ်ကြီးဖြစ်ခဲ့တဲ့ GREAT DEPRESSION 1930’S ကာလတွေမှာတောင် အခက်အခဲတွေကို ကျော်ဖြတ်ရပ်တည်လာခဲ့ပြီး သက်တမ်းတလျှောက် တစ်ကြိမ်တည်းသော စက်ရုံပိတ်ထားခဲ့ရတဲ့အချိန်ကတော့ ဒုတိယကမ္ဘာစစ်ဖြစ်ချိန်ကာလ တစ်ချို့ပဲရှိခဲ့ပါတယ်။

▪️ အစဉ်အလာကြီးပြီး သက်တမ်းရှည်ကြာမှုတွေကြောင့် SPEYSIDE SINGLE MALT တွေရဲ့ ပြယုဒ်တစ်ခုအဖြစ် စံထားခြင်းခံရပြီး အခြားသော SINGLE MALT တွေအဖို့ နမူနာထားကာ နှိုင်းယှဉ်စရာ အမှတ်တံဆိပ်တစ်ခုဖြစ်ခဲ့ပါတယ်။ ပြိုင်ဘက်ကြီး Glenfiddich နဲ့ အတူ ကမ္ဘာ့ SINGLE MALT SCOTCH ဈေးကွက်ကိုပူးတွဲဦးဆောင်နေလာခဲ့ရာမှာ နိုင်ငံတကာဆုတံဆိပ်ပေါင်းများစွာကိုရရှိခဲ့ပြီး လွန်ခဲ့တဲ့ ၅ နှစ်တာသက်တမ်းအတွင်း နံပါတ်တစ် ရောင်းအားအတက်ဆုံး Brand ဖြစ်လာခဲ့ကာ နှစ်စဉ်ပျမ်းမျှ ပုလင်းအရေအတွက် ၆ သန်းအထိ ရောင်းအားကောင်းခဲ့ပါတယ်။

▪️အမေရိကန်တစ်နိုင်ငံထဲမှာ ပဲ နှစ်စဉ် ပုလင်းပေါင်း ၂.၄ သန်းရောင်းချနေရပါတယ်။ ရာခိုင်းနှုန်းအားဖြင့် အမေရိကန်တွေ သောက်သမျှ ယမကာအားလုံးရဲ့ ၇ % ဟာ The Glenlivet ဖြစ်လို့နေပါတယ်။ ပြိုင်ပွဲတွေမှာ The Glenlivet နာမည်က မကြာခဏဆိုသလိုပဲ အမြင့်ပိုင်းဆုတံဆိပ်စာရင်းမှာ ပါနေတတ်ပါတယ်။ ဆုတံဆိပ်ရရှိမှု အပိုင်းကိုကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း ရရှိခဲ့တဲ့ The Glenlivet ရဲ့ ဆုတံဆိပ်များစာရင်းကို အောက်ပါအတိုင်းတွေ့ရမှာဖြစ်ပါတယ်။

▪️ The Glenlivet 12yr Single Malt က ဒုတိယ ငွေတံဆိပ် ၄ ခု နဲ့ ပထမ ရွှေတံဆိပ် ၁ခု၊ စုစုပေါင်း ၅ခုကို San Francisco World Spirits Competition ကနေ ၂၀၀၅ ကနေ ၂၀၁၀ အကြား ၅ နှစ်တာကာလ ပြိုင်ပွဲတွေမှာ ရရှိခဲ့ပါတယ်။

▪️ The Glenlivet 15yr French Oak Reserve Single Malt ကတော့ ၂၀၀၉ ခုနှစ် San Francisco World Spirits Competition မှာ ပထမဆု ရွှေတံဆိပ် ရရှိခဲ့ပါတယ်။

▪️The Glenlivet 16yr Nàdurra Single Malt အနေနဲ့ ၂၀၀၉ ခုနှစ် San Francisco World Spirits Competition မှာ ဒုတိယ ငွေတံဆိပ် ရရှိခဲ့ပါတယ်။

▪️The Glenlivet 18yr ကတော့ အအောင်မြင်ဆုံး ဖြစ်ပြီးနှစ်ထပ်ကွမ်း ရွှေတံဆိပ် ၅ခု San Francisco World Spirits Competition ကနေ ၂၀၀၅ ကနေ ၂၀၁၂ အကြား ၇ နှစ်တာကာလ ပြိုင်ပွဲတွေမှာ ရရှိခဲ့ပါတယ်။

• ▪️18yr Nadurra ကျတော့ နှစ်ထပ်ကွမ်းရွှေတံဆိပ်ကို ၂၀၁၀ San Francisco World Spirits Competition မှာရရှိခဲ့ပြီး the Beverage Testing Institute ရဲ့ ရမှတ် 94/100 ကို အဲ့ဒိနှစ်မှာပဲ ရရှိခဲ့ပါတယ်။

•▪️The Glenlivet 21yr Single Malt အနေနဲ့ နှစ်ထပ်ကွမ်းရွှေတံဆိပ် ၁ခု၊ ရွှေတံဆိပ် ၁ခုနဲ့ ငွေတံဆိပ်၁ခု တို့ကို San Francisco World Spirits Competition ရဲ့ ၂၀၀၇ ကနေ ၂၀၁၀ ကြား ၃ နှစ်အတွင်းဆွတ်ခူးခဲ့ပြီး the Beverage Testing Institute ရဲ့ ရမှတ် 94/100 ကို ၂၀၀၉ နဲ့ 93/100 ၂၀၁၀ တို့မှာ ရရှိခဲ့ပါတယ်။

​လေးစားစွာဖြင့် Crd 🙏
Myanmar Drinks Lovers

25/09/2021

"Bourbon" The American Whiskey

ကျနော်ဒီနေ့ပြောပြချင်တာကတော့ Bourbon လို့ခေါ်တဲ့ American Whiskey အကြောင်းလေးပါပဲ။ Bourbon whiskey ဟာ နိုင်ငံတိုင်းမှာအလွယ်တကူဝယ်လို့ရပြီး လူကြိုက်များတဲ့ Whiskey အမျိုးအစားပဲဖြစ်ပါတယ်။ စျေးနှုန်းချိုသာပြီးသောက်လို့ကောင်းတဲ့ brand တွေရှိသလို whiskey ကိုစသောက်မယ့် beginner တွေအတွက်ပါ သင့်တော်တဲ့ whiskey အမျိုးအစားပါပဲ။

Bourbon ကိုထုတ်လုပ်ရာမှာ အခြေခံအားဖြင့် Corn, Wheat, Rye, Barley တို့ကို အသုံးပြုပြီးချက်လုပ်ကြပါတယ်။ Corn ကတော့ ပထမဦးဆုံး နဲ့ အဓိကအကျဆုံးပါပဲ၊ ကျန်တာတွေကိုတော့ ထုတ်လုပ်တဲ့သူတွေအပေါ်မှာမူတည်ပြီး အသုံးပြုကြပါတယ်။ အများအားဖြင့်တော့ 65-75% လောက်သုံးပြီး ကျန်တဲ့ဟာတွေကိုတော့ စိတ်ကြိုက်ရောနှောကြတာပါ။

Corn ဟာ Bourbon ချက်လုပ်ရာမှာ အများဆုံးပါဝင်တဲ့ ပစ္စည်းပါပဲ။ U.S. federal laws အရ Bourbon ဟာ အနည်းဆုံး 51% Corn ဖြစ်ရပါမယ်။ Corn ပါဝင်မှုဟာ Bourbon Whiskey တွေရဲ့ ချိုမြတဲ့အနံ့အရသာကို အဓိကဖြစ်ပေါ်စေတာပါပဲ။ ဒါက Bourbon Whiskey တွေဟာ Scotch Whisky တွေထက် အနံ့အရသာပိုင်းမှာ ပိုချိုရတဲ့ အဓိကကွဲပြားမှုပါပဲ။ Corn များများထည့်လေ ပိုချိုလေပါပဲ။

Rye ကလည်း Bourbon ထုတ်လုပ်ရာမှာ အခြေခံအားဖြင့် အသုံးများတဲ့ပစ္စည်းပါပဲ။ သူ့ကိုတော့ ပုံမှန်အားဖြင့် 10 % လောက်ထည့်ကြပါတယ်၊ တစ်ချို့ထုတ်လုပ်တဲ့သူတွေဆို 30% 50 % လောက်ထည့်ကြပါတယ်။ Rye က Bourbon အတွက် Spice အရသာလေးကို ပေးစွမ်းနိုင်ပါတယ်။

Wheat ကလည်း ကစော်ဖောက်တဲ့အရာမှာ လိုအပ်တာကြောင့် အဓိကအနေနဲ့ပါဝင်ပါတယ်။ တစ်ချို့တွေက Wheat ကို ဒုတိယအရေးအကြီးဆုံးအနေနဲ့ အသုံးပြုကြပါတယ်။ သူက Bourbon ကို ပိုပြီး အနံ့သင်းစေတာရယ် သောက်တဲ့အခါ အရသာပိုပြင်းစေဖို့ပါပဲ။ သူကလည်း အချိုဓာတ်အနည်းငယ်ပေးစွမ်းနိုင်ပါသေးတယ်။

Bourbon ဆိုတာဟာ လုံးဝ 🇺🇸 American Whiskey ပါပဲ။ သူ့ကိုတရားဝင်ထုတ်လုပ်ဖို့ကိုလည်း U.S မှာပဲ ထုတ်လုပ်ရပါတယ်။ သူတို့ရဲ့သတ်မှတ်ထားတဲ့စည်းကမ်းတွေအရ အနည်းဆုံး 51% corn ဖြစ်ရတယ်၊ သိုလှောင်တဲ့စည်တွေကို တစ်ခါပဲသုံးရတယ်၊ ပုလင်းထွက်လာရင် 40% ABV (alcohol by volume) နဲ့အထက်ဖြစ်ရတယ် စသဖြင့်ရှိကြပါတယ်။ နောက်တစ်ခုက Bourbon ကိုချက်လုပ်တဲ့အခါမှာ ရေမှလွဲပြီး တခြားအနံ့အရသာတွေမရောရပါဘူး။ ဒါကြောင့် Wild Turkey ကသူတို့ Bourbon တစ်မျိုးကို ပျားရည်ထည့်ပြီးလုပ်တဲ့အခါမှာ နောက်ဆုံး American Honey ဆိုပြီးပဲ နာမည်ပေးလိုက်ရပါတယ်။ ကျနော့်အမြင်ပြောရရင် Jim Beam ကထုတ်တဲ့ Honey, Apple, Vanilla စသည်တို့မှာလည်း အတူတူပါပဲ၊ အနံ့အရသာရောလိုက်တဲ့အတွက် စည်းကမ်းဥပဒေအရ Bourbon ဆိုပြီးတိုက်ရိုက်နာမည်ပေးလို့မရတော့ပါဘူး။ ဒါပေမဲ့ ထူးခြားတာတစ်ခုက Bourbon ကို သက်တမ်းအရ ဘယ်လောက်ရှိရမယ်ဆိုပြီးတော့ မသတ်မှတ်ထားပါဘူး။ သက်တမ်းဆိုတာ စည်ထဲမှာထည့်သွင်းသိုလှောင်ထားတဲ့ အချိန်ကာလကိုပြောတာပါ။ Straight Bourbon ဆိုတဲ့အမျိုးအစားကိုတော့ ချွင်းချက်အနေနဲ့အနည်းဆုံး ၂နှစ်သတ်မှတ်ထားပါတယ်၊ ၄နှစ်သက်တမ်းအောက်ဆိုရင် ပုလင်းပေါ်မှာသက်တမ်းဖော်ပြရပါတယ်။ ဒီလိုဆို Straight Bourbon ပုလင်းတွေမှာ သက်တမ်းရှာမတွေ့ရင်တော့ ၄နှစ်အထက်သက်တမ်းရှိလို့ပဲဆိုပြီး ကောက်ချက်ချလို့ရနိုင်ပါတယ်။

Bourbon လို့ခေါ်ကြတဲ့ American Whiskey တွေဟာ အခြေခံသဘောအားဖြင့် ချိုမြပြီး smooth ဖြစ်တဲ့အရသာရှိပါတယ်။ Rye များတဲ့ Bourbon ဆိုရင် ပို၍ Spice ဖြစ်ပြီး၊ Wheat နဲ့ Corn တွေများရင် ပို၍ Soft & Sweet ဖြစ်ပါမယ်။ နောက်ပြီး "Cask Strength" Bourbon ဆိုတာမျိုးကိုတွေ့ရင် သိထားရမှာက သူတို့တွေဟာ 40% ABV ထက်ပိုများတာကြောင့် အနံ့အရသာပိုင်းပိုပြင်းပြီး စသောက်မယ့် Beginners တွေအတွက် မသင့်တော်ပါဘူး၊ မကောင်းဘူးလို့ ဆိုလိုတာမဟုတ်ပါဘူးနော်။

ဒီလောက်ဆိုရင် Bourbon အကြောင်းလေးကို အခြေခံအားဖြင့်နားလည်သွားကြမယ်လို့ ထင်ပါတယ်။

- Photo Credit :

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00