Florikar
24/11/2023
3လ လောက် ကြာသွားပြီးမှ ရလာတဲ့ result လေး
စိတ်ရှည်ရှည်နဲ့ စောင့်ပေးတဲ့ အသဲလေးကိုလည်း ပိုချစ်ပါတယ်လို့😘💜
အပ်ထားတဲ့ပုံလေးက အင်္ကျီလေးအတိုင်းဆို အရောင်မပေါ်နေမှာမို့ ခရမ်းလေးပြောင်းထိုးထားတာ
02/07/2023
fan girl လေးအတွက် 🖤🖤🖤
မတူမှာစိုးလို့ stress ပိ ရသေးတယ်...
မသိဘူး ကိုယ်ထိုးကိုယ်ချစ်ပဲ 💜
01/06/2023
ဒီ Acc ပိုင်ရှင် ညီမလေးအတွက် မွေးနေ့လက်ဆောင်လေး surprise gift လေးရထားပါတယ်ရှင့်
RM လေးကိုချစ်တဲ့ BTS Fan Girl လေးအတွက် Logo လေးနဲ့အတူ ပုံလေးပါရွေးပေးထားပါသေးတယ် 💜
မင်မင်ကလည်း အလှဆုံးထိုးပေးမှာမို့ စောင့်ပေးပါဦးနော် 💜
Acc ပိုင်ရှင်လေးကို သိတဲ့သူလေးတွေကလည်း mention ခေါ်ပေးကြပါဦးနော်💜
12/05/2023
#ချစ်သောစာရာမေရိ
စလုံးကိုသွားမယ့် အိတ်လေးတွေ
ယုံယုံကြည်ကြည်နဲ့ စိတ်တိုင်းကျ ပုံဖော်ခွင့်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင်🤍🖤
(လူတယောက်ဆီမှာ ပြန်ချင်တဲ့ မြို့လေးတမြို့စီရှိတယ်တဲ့
ကိုယ့်ဆီမှာတော့ တမြို့မကဘူးပေါ့လေ
အဲ့ထဲကမှ ခန္တီး ဆိုတဲ့ တောင်ပေါ်မြို့လေးကတော့ ပထမဆုံးပြန်ချင်ခဲ့တဲ့ မြို့လေးပေါ့ (ကိုယ့်ရဲ့အချစ်ဦးလေးပေါ့လေ)
ကလေးဘဝ အချိန်တွေကို ဖြတ်သန်းခဲ့တာ ဆယ်ကျော်သက်အရွယ်ထိပါပဲ
မရောက်ဖြစ်တာ နှစ်အတော်ကြာနေခဲ့ပြီ
အရင်ကဆို အိပ်မက်အမြဲမက်ခဲ့တာ
အဲ့က ဒေသစာလေးတွေကိုလည်း လွမ်းသလို ကိုယ့်ရဲ့ ငယ်သူငယ်ချင်းလေးတွေကိုလည်း အမြဲသတိရနေတာပေါ့
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ငယ်သူငယ်ချင်းလေးထဲက တယောက်က #ချစ်သောစာရာမေရိ ဆိုပြီး ကဗျာ စာအုပ်လေးထုတ်မလို့တဲ့
ကိုယ့်ဆီက handmade အိတ်လေးတွေကို လက်ဆောင်အဖြစ်ပေးချင်တယ်တဲ့လေ
စာအုပ်လေး မဖတ်ရခင်ပဲ ခေါင်းစဉ်လေးကြားတာနဲ့ ရင်တွေခုန်နေပါရော
အဲ့ဒါနဲ့ ပုံတွေရှာ ပုံကြမ်းတွေဆွဲလည်း မကြိုက်တာနဲ့ နောက်ဆုံး အလုပ်က မောင်လေးတယောက်က နာဂတောင်တန်းကိုသွားတုန်း ရိုက်ထားတဲ့ပုံလေးသွားတွေ့တယ် (ပုံလေးယူသုံးခွင့်ပေးလို့ ကျေးဇူးပါ မောင်လေးရေ)
တောင်တန်းကြီးဘေးမှာ အထီးကျန်နေတဲ့ အိမ်လေးတလုံးတွေ့တော့ ကိုယ်အရမ်းသဘောကျသွားတာရော ချက်ချင်းပုံဆွဲပြီး မအိပ်မနေ ထိုးဖြစ်ခဲ့တဲ့ အိတ်လေးပေါ့
စိတ်ကိုနှစ်ပြီး သေချာထိုးပေးထားလို့ လက်ဆောင်ရတဲ့အခါ အချစ်တွေအပြည့်ပါပါတယ်နော် 🖤
သူငယ်ချင်းရဲ့ စာအုပ်ထဲမှာလည်း အမေကိုလွမ်းတဲ့အကြောင်းနဲ့ တောင်ပေါ်ဒေသ အကြောင်း ကဗျာလေးတွေ ရေးထားတယ်ဆိုတော့ စာအုပ်လေးထွက်ရင်လည်း အားပေးကြပါဦးလို့
သတိတရနဲ့ မှာယူအားပေးတဲ့ သူငယ်ချင်းလေး Nella Hnin ကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း 😘
မေ့တော့မလို့ ဇက်ကြောတွေတက်လို့ ဆေးသောက်လိုက်ရတဲ့ အိတ်ကူထိုးပေးတဲ့ ချစ်ညီမလေးကိုလည်း ကျေးဇူးပါလို့ 😁😁😍😘)
အမေးများလို့ video လေးတင်ပေးလိုက်ပြီ
ကိုယ်တိုင်ဆွဲတာပါရှင့် 😍
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon