NUGPay

NUGPay

Share

လေးစားတန်ဖိုးထားရပါသော မိဘပြည်သူများ ခင်ဗျာ။
အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန (https://mopfi.nugmyanmar.org) မှ နိုင်ငံတော်အဆင့် ဒစ်ဂျစ်တယ်ငွေကြေးဖြစ်သည့်
ဒစ်ဂျစ်တယ် မြန်မာကျပ် (DMMK) အား ထုတ်ဝေလိုက်ပါသည်။
မိဘပြည်သူများ အနေဖြင့် DMMK ငွေကြေးအား NUGPay Mobile Wallet Application ဖြင့် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

The Ministry of Planning, Finance an

18/05/2026

NUGPay လည်ပတ်နေသည့် ဒေသများအတွက် မေလ ၁၉ ရက် DMMK Currency Exchange Rate ကို ကြေညာအပ်ပါသည်။

ဤငွေလဲနှုန်းသည် အသစ်ထပ်မံထုတ်ပြန်ခြင်း မတိုင်ခင်အထိ အတည် ဖြစ်ပါသည်။

**** NUGPay မှ တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့ စျေးကွက်ချဲ့ထွင်ခြင်း မပြုလုပ်သေးသော်လည်း အဆိုပါနိုင်ငံသုံးငွေကြေးများဖြင့် DMMK ငွေလဲလှယ်မှုများ အဆင်ပြေစေရန် အိန္ဒိယ ရူပီးနှင့် တရုတ် ယွမ် ငွေကြေးများအတွက် ငွေလဲစျေးနှုန်းများကိုလည်း Benchmark Rate အဖြစ် ကြေညာလျက်ရှိပါသည်။ ***

DMMK Currency Exchange Rate ပြောင်းလဲမှုများကို NUGPay Page မှ ထုတ်ပြန်ကြေညာသွားပါမည်။

NUGPay အေးဂျင့်များနှင့် ချိတ်ဆက်ရန်
https://www.facebook.com/media/set/?set=a.222937577149342&type=3

Photos from NUGPay's post 17/05/2026

NUGPay သုံးစွဲသူများအတွက် Login Key Feature အသစ်

NUGPay စနစ်ဟာ ဘလော့ချိန်းနည်းပညာသုံး ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်ဖြစ်တဲ့ အတွက် မိမိအကောင့် လုံခြုံရေး password တွေ သတ်မှတ်တဲ့ အခါ သမားရိုးကျနည်းလမ်းတွေနဲ့ မတူညီပါဘူး။ ဒါဟာလည်း မိမိပိုက်ဆံ မိမိပိုင်တဲ့ အလုံခြုံဆုံး ဘလော့ချိန်းနည်းပညာရဲ့ အားသာချက်တစ်ခုပဲ ဖြစ်ပါတယ်။

လက်ရှိအနေနဲ့ NUGPay အကောင့်ကို Login Key ၁၂ လုံးနဲ့ သော့ခတ်ထားတဲ့ စနစ်ကို သုံးပါတယ်။ လုံခြုံရေးအရ logout လုပ်ရပြီး ပြန်သုံးတဲ့ အခါ Login Key ၁၂ လုံး မေ့သွားရင် NUGPay အကောင့်ကို ဝင်မရတော့ပါဘူး။

ဒါကြောင့် သုံးစွဲသူပြည်သူများအတွက်
✅ လုံခြုံမှုအဆင့်လည်း ပိုကောင်းရမယ်
✅ အသုံးပြုရတာလည်း လွယ်ကူရမယ်

ဒီ ၂ ချက်နဲ့ Login key Feature အသစ်တွေကို စီစဉ်ခဲ့ပါတယ်။ ပုံနဲ့ အတူ Login feature အသစ်တွေကို ရှင်းပြထားပါတယ်။

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Address


No. 14, Inya Road
Yangon
11041