Prophet Phyo
Title......ဆုတောင်းခြင်း၏အဖြေ ❤❤❤
20/01/2023
ရှင်မဿဲခရစ်ဝင်။ 5:13
သင်တို့သည် ဤလောက၏ ဆားဖြစ်ကြ၏။ ဆားမူကား၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။ ပြင်သို့ ပစ်လိုက်၍ ကျော်နင်းခြင်းမှတပါး အဘယ်အသုံးမျှမဝင်။
☝☝☝
မိတ်ဆွေ ဆားငံရေကို သောက်မိတဲ့သူတိုင်းဟာပိုပြီးတော့ရေကိုဆာငတ်စေပါတယ်။
သင်ဟာလောကရဲ့ဆား စစ်မှန်တယ်ဆိုရင်
သင့်ကိုပေါင်းသင်းဆက်ဆံတဲ့သူတိုင်းဟာ ဘုရားသခင်ကိုပိုမိုဆာငတ်ဖို့လိုအပ်ပါတယ်.....မိတ်ဆွေ
ဒါဟာသင့်အတွက်စစ်မှန်သောတန်ဖိုးပဲဖြစ်ပါတယ်...... မိတ်ဆွေ
ဒီလိုမှမဟုတ်ပဲ
သင်နဲ့ပေါင်းသင်းတဲ့သင့်ရဲ့မိတ်ဆွေတွေက
ဘုရားသခင်ရဲ့မေတ္တာကိုလဲမခံစားရဖူး၊ဘုရားသခင်ကိုလဲမသိဖူး
သင်ကိုယ်တိုင်ကလဲ
ဘုရားသခင်ကိုလဲမဆာငတ်ဖူး၊ဘုရားသခင်ကိုလဲမကိုးစားဖူး၊ ဘုရားသခင်ကိုမကြောက်ရွံဖူး ဆိုရင်တော့သင်ဟာအငံဓာတ်ပျောက်နေသောဆားဖြစ်နေပြီဆိုတာကိုသတိရပါမိတ်ဆွေ........
တနည်းအားဖြင့်ပြောရမယ်ဆိုရင်
သင့်ရဲ့ပုံသက်သေဟာ
သင့်ရဲ့တန်ဖိုးကိုဖော်ပြနေတာပဲဖြစ်တယ်.......မိတ်ဆွေ
ဟာလေလုယ ❤❤❤
နားရှိသောသူမည်သည်ကားကြားပါစေ..........
P.Phyo
Click here to claim your Sponsored Listing.
Category
Website
Address
Yangon