STRA
06/01/2024
လွန်ခဲ့သောဆယ်စုနှစ်တစ်ခု မရှိတရှိ၊ ကျွန်တော်ကတော့ကြီးကောင်ဖြစ်ပြီ။ နှမငယ်က ကလေးဘဝ ကာတွန်းကားတွေကြည့်ရင် သူသဘောကျတာတွေက အစောပိုင်း စင်ဒရဲလား တော်တော်ကြည့်တယ်။ သူကြည့်လို့ပဲ ကျတော်နောက်ပိုင်း သိရတာက အန်နာစတေးရှားအကြောင်းပေါ့။ တကူးတကမဟုတ်ပေမယ့် လိုက်ကြည့်မိရင်း ကြည့်ဖြစ်သွားတာပေါ့လေ၊ ကာတွန်းကားတွေမှာတော့ ကျတော်လည်းငယ်ငယ်က update ကိုကြည့်ခဲ့ရပါတယ်။ ဒါပေမယ့် ကြောင်နဲ့ကြွက်ကိုလည်း ကောင်းကောင်းမကြိုက်ခဲ့သလို၊ မစ်ကီမောက်စ်ကိုလည်း သဘောမကျခဲ့ပါဘူး။ ဒါပေမယ့် ကာတွန်းရုပ်ရှင်တွေ နောက်မှသိရတဲ့ Stop motion တွေကိုတော့ အဲ့လို စတိုင်တွေ့ရင်သဘောကျပါတယ်။ သူကတော့ သူငယ်ငယ်ကကြည့်ဖူးတဲ့ Disney princess လေးတွေလိုလှတဲ့ မိန်းမငယ်လေးဖြစ်လာပါတယ်။ ကျွန်တော်ကတော့ Power Ranger ဖြစ်မလာခဲ့ပါဘူး။ နောက်ပိုင်း သူအမြဲတမ်းကြည့်တဲ့ ဇာတ်ကားလေးတစ်ကားကို သေချာမှတ်မိနေပါတယ်။ မှတ်မိနေတာကတော့ ကျွန်တော်လည်းကြိုက်လို့ပါ။ ဇာတ်လမ်းပြကွက်တိုင်းကိုတောင်မှတ်မိနေပြီး သီချင်းတွေလည်းအလွတ်ရတဲ့ထိကို သူလည်းကြည့်တော့ ကျွန်တော်လည်းကြည့်ဖြစ်တော့တာပါ။ ရွှေရောင်ဆံပင်ရှည်ကြီးနဲ့ သီချင်းဆိုရင် အရောင်တွေ လင်းလက်လာပြီး အသံဝါဝါလွင်လွင်လေးတွေ၊ ကျွန်တော်တင်ထားခဲ့ပြီးတဲ့ Maximas ရဲ့ကြည့်ကောင်းပုံတွေ၊ Flynn ရဲ့ လူချစ်လူခင်ပေါများမှုတွေ၊ ပြောရင်တော့အများကြီးဆိုပါတော့။ Tangled က Frozen ထက်စောပြီး နှစ်သက်လွန်းခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ကျွန်တော်လည်း Flynn ဖြစ်ချင်ခဲ့ချိန်တွေရှိခဲ့ပါတယ်။ ဟဲ ဟဲ
Rapunzel ကတော့ တစ်ကမ္ဘာလုံးရှိတဲ့ ပရိတ်သတ်တွေရဲ့ နှလုံးသားကို ဆွဲငင်ဖမ်းစားနိုင်တယ်လို့ထင်ပါတယ်။ ထူးခြားတဲ့ ကျက်သရေရှိမှု၊ အခက်အခဲတွေအတွက် အကြမ်းပတမ်းခံနိုင်မှု၊ တစ်ပြိုင်နက်တည်းမှာပဲ နူးညံ့သိမ်မွေ့မှု၊ ကြင်နာမှု တို့ ရောယှက်နေတာက သည်းမခံနိုင်လောက်အောင်ကို သဘောကျစရာကောင်းနေပါတယ်။
ဒုက္ခတွေကိုရင်ဆိုင်လာရရင် သူ့စိတ်အတွင်းက တောက်ပတဲ့ အလင်းတန်းကိုမြင်နေရသလို ရဲဝံ့စိတ်လေးတွေထွက် လာတက်ပါတယ်။ စိန်ခေါ်မှုတွေ ကြုံရပေမယ့် ဘယ်တော့မှအရှုံးမပေးပဲ သူ့လမ်းကြောင်းပေါ်က အတားအဆီးမှန်သမျှကို ကျော်ဖြတ်ဖို့ စိတ်ပိုင်းဖြတ်ထားတက်ပါတယ်။ သူ့ရဲ့ စွမ်းအားက သီချင်းဆိုလိုက်ရင် တောက်ပလာတဲ့ ဆံပင်ဆိုတာထက် အမှန်တကယ် စိတ်အားထက်သန်ပြီး ဇွဲလုံလနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်ခြင်းတွေလို့ပဲ ဆိုနိုင်ပါတယ်။
ပြီးတော့ ကိုယ်ချင်းစာတာပါ။ လူကြမ်းကြီးတွေကိုလည်း နားလည်ပြီး နူးညံ့စေခဲ့သလို၊ Maximus ကိုလည်း ပြောင်းလဲစေခဲ့ပါတယ်၊ သူ့ရဲ့ နားလည်ကိုယ်ချင်းစာမှုကတော့ Disney လို့ကို မပြောရလောက်အောင်ပြည့်စုံပါတယ်။
ခိုင်မြဲတဲ့အကောင်းမြင်ဝါဒကိုလည်းထည့်ပြောရပါမယ်။ သူ့ရဲ့ အဲ့စိတ်လေးက သူ့ကိုကြည့်လိုက်ရင် သူ့ဆီကနေ ကူးစက်ခံရတက်တာကို ခံစားရပါလိမ့်မယ်။ ဘယ်လိုအခြေအနေတွေ ဘယ်လောက်ပဲဆိုးရွားနေပါစေ၊ သူ့ရဲ့ မီးပုံးပျံလေးတွေလို သူ့ရဲ့မျှော်လင့်ချက်အလင်းတန်းကိုပဲ အမြဲရှာဖွေနေတက်ပြီး တခြားသူကိုလည်း အဲ့လိုပဲလုပ်ဖို့ အားပေးပါတယ်။ ဘဝနဲ့ပက်သက်တဲ့ အပြုသဘောဆောင်တဲ့ အမြင်တွေက အခိုက်အတန့်တိုင်းမှာရှိတဲ့ အလှတရား တွေကိုတန်ဖိုးထားတက်ဖို့ သင်ပေးပါတယ်။
ဒါကတော့ တော်တော်များများအသိနည်းတဲ့ အချက်အလက်တွေပါ။ ကျွန်တော်တို့ ဒါတွေကို စိတ်ဝင်စားပြီး သိခဲ့ရချိန်တုန်းက တော်တော်လေးကို ခက်ခဲခဲ့ပြီး သိရတဲ့အချိန်မှာလည်း အဲ့ အချက်အလက်လေးတွေအပေါ် ပြန်ပြန်တွေးတိုင်း ကျေနပ်မိ ပြုံးမိခဲ့ရပါတယ်၊ အခုတော့ အလွယ်တကူ ရှာဖွေခံစားနိုင်ပါတယ်။
Frozen နဲ့ချိတ်ဆက်နေပါတယ်။ Flynn နဲ့ Rapunzel တို့ မင်္ဂလာဆောင်တော့ Anna နဲ့ Alesa တို့ မိဘတွေ ရေလမ်းကနေလာခဲ့ကြပါတယ်။ Frozen မှာတော့ မုန်တိုင်းမိတဲ့ပုံပြထားပြီး ပျောက်ဆုံးသွားတယ်လို့ပဲ ပြထားသေးပါတယ်။ နောက်ပိုင်းမှာတော့ ဘာတွေဆက်ဖြစ်မယ် မသိထားရသေးပါဘူး။
နောက်တစ်ခုကတော့ ပန်းချီဆွဲတာ သိပ်တော်တဲ့သူပါ။ movie မှာလည်း သူ့ ဝါသနာနဲ့ သူရေးဆွဲထားတာလေး တွေကို ပြထားတာရှိပေမယ့် အရမ်းကြီးတော်သလိုမျိုးပြထားတာတော့ မရှိပါဘူး။ အသံကောင်းတာကတော့ ပြောစရာတောင်မလိုတော့ပါဘူး။
နောက်ဆုံးတစ်ခုကတော့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအတွက် ဖြစ်ပါတယ်။ ဇာတ်လမ်းတစ်လျှောက်မှာ လည်း အမျိူးမျိုးသော ထိမ်းသိမ်းမှုတွေကိုတွေ့ရမှာပါ။
စိတ်စွမ်းအား၊ ကရုဏာနဲ့ အကောင်းမြင်စိတ်တွေကြောင့် ရွှေရောင်ဆံနွယ်တွေမရှိရင်တောင် short cut လေးနဲ့ ချစ်ဖို့ကောင်းတဲ့ ကျွန်တော့် နှလုံးသားလေးဖြစ်ပါကြောင်း............။
05/01/2024
Lucius Best ဆိုပါတော့။ The Incredibles မှာ တော်တော်များများက သူ့ကိုပိုပြီး နှစ်သက်ကြတာကို တွေ့ရတာကတော့ ထူးထူးခြားခြားပါပဲ။ သူကလည်း ခေသူမဟုတ်ပဲ Bob နဲ့ ဘယ်လောက်တောင်အတိုင်အဖောင်ညီပြီး အားကိုးရလဲဆိုတာ မြင်ခဲ့ကြပီးပါပြီ။ The Incredibles မှာ Frozene က ပေါက်စပြီးရင် အကြမ်းဆုံးတောင်ပြောရမလားပဲ။ Gတော့မခေါက်ရသေးပါ။
အဖြူ အပြာ နဲ့ မျက်လုံးကာလေးစွပ်ထားတဲ့ ခပ်ပိန်ပိန်ရှည်ရှည် ရေခဲတွေထုတ်စီးနေတဲ့ character ကတော့ သူ့ အမှတ်အသားလေးပဲလို့ပြောရမယ်။ Samuel တဖြစ်လဲ ကျတော်တို့ Nick Fury ကြီးရဲ့ တမူထူးခြားတဲ့ သရုပ်ဆောင်မှုကိုမြင်ရခဲ့တာပါ။ သူမှန်းမသိခင်ကလည်း လိုက်ဖက်ပြီးသားပေမယ့်၊ ကျတော်ထင်နေသလို ထင်မယ့်သူတွေကိုလည်း appreciate ပါလို့ 😁😁။
Frozone က Bob ရဲ့ အားလည်းကိုးရပြီး ယုံကြည်စိတ်ချရတဲ့ ပြီးတော့ အရေးကြုံရင်လှည့်ကြည့်စရာမလိုပဲချန်ခဲ့လို့ရတဲ့ သစ္စာလည်းရှိတဲ့ မိတ်ဆွေကောင်းဖြစ်ပါတယ်။ ဖိအားမြင့်တဲ့ အနေအထားတွေမှာတောင် လုပ်သင့်တာကို Bob ထက်လုပ်တက်တာတွေ တွေ့ရပါတယ်။
Power က ရေခဲတွေထုတ်လို့တာထက် ရှိတဲ့ရေကို ခဲအောင် စိတ်ကြိုက်ပုံသွင်းလို့ရတာလို့ အကြမ်းဖျဉ်းနားလည်ရပါတယ်။ ရေမရှိရင် အားနည်းတာကိုလည်း ပထမကားမှာတည်းကတွေ့ရပြီး ကျည်မပြီးနိုင်တာလားဆိုတာတော့ သေချာမသိရပါဘူး။
ကွဲအက်အက်ဟာသတေတွေနဲ့ အမြဲပေါ့ပါးနေတက်သူ။သူလည်း bro တို့လို့ပဲ မယက လေးပါ။
29/12/2023
အချစ်ဆုံးတစ်ယောက်ရဲ့အကြောင်း
လိမ္မော်ရောင်မွှေးထူးကောင်ကြီးပါ။ ဝတာလည်းပြဲလို့ စားတာလည်းမဲလို့။ ကျတော်သိပ်ချစ်တဲ့ကောင်ကြီး။ Tabby လို့တော့ဖော်ပြထားပေမယ့် Garfield လို Tabby ကတော့ Garfield ပဲရှိမယ်ထင်ပါတယ်။ ဟုတ်ပါတယ်။ ကျတော့ အသဲကြော် ပဲကြီးလှော် Garfield ဖြစ်ပါတယ်။
ပျင်းရိပြီး အေးဆေးနေတက်လွန်းပြီး တနင်္လာတွေ စိတ်ကုန်တက်တဲ့သူကြီးဖြစ်ပါတယ်။ သူစားစားနေတာတော့တွေ့ပါတယ် Lasagna ဆိုတာတော့ လိုက်ရှာရင်းမှတွေ့တာ။ Lasagna လည်းရှယ်ကြိုက်ပါတယ်။ ကိုယ့်ကိုကိုယ်ပဲ အလယ်ထား တွေးတောတက်တဲ့ ကွကိုယ်ဇာတ်လိုက်ပေါ့။ ရွဲ့တာစောင်းတာလည်း မျက်နှာပေးနဲ့တင် သေသွားနိုင်ပါတယ်။ သူ့ကိုဆို မျက်စိတစ်ဖက်မှိတ်ပြီး ပြုံးနေတဲ့ပုံနဲ့တောင် တော်တော်တွဲမြင်ကြပါတယ်။ ကျတော်ကတော့ ကာတွန်းကားထက် LA မှာမှ စတွေ့ဖူးတာပါ။ ပြီးတော့ အဲ့ဒါကိုပဲပိုပြီးသဘောကျပါတယ်။ အသံကလည်း ပျဉ်းတွဲတွဲနဲ့သွက်သွက်ပြောရတဲ့ ပုံစံ သရုပ်ဆောင်ထားတော့ တော်တော်လေးလိုက်ဖက်ပါတယ်။ John နဲ့ Ordie ကတော့ သူ့ဒုက္ခပေးနေကြတွေပါပဲ။
ဉာဏ်ကိုကြောင်နဲ့လူတွဲထားပေးပြီး ရှုထောင့်နဲ့ဟာသတွေက တော်တော်လေးအတွေးပါပြီး ခွက်ထိုးခွက်လန်မဟုတ်ပေမယ့် လေရူးဝေ့သလို ဟပ်ခနဲ ပြုံးမိ ခွိခနဲ လည်ချောင်းယားတာချောင်းခိုးဆိုးသလို မထင်မှတ်ပဲ ရောက်ရောက်လာတက်တာလေးကတော့ သူ့ကိုပိုမှတ်မိစေတယ်ပြောရပါမယ်။
ထူးခြားဆုံးစရိုက်အနေနဲ့က Ordie ကို ချစ်လိုက်မုန်းလိုက်ဖြစ်နေတာလေးပါ။
အပြင်ပန်းတော့ ဆိုးပြီး အကျင့်မကောင်းသလိုထင်ရပေမယ့် ရင်ထဲမှာတော့ နက်နက်ရှိုင်းရှိုင်း John နဲ့ သူ့ သူငယ်ချင်းတွေကို သံယောဇဉ်ခိုင်ခိုင်မာမာရှိပြီး သစ္စာစောင့်သိတာကိုလည်းတွေ့ရပါတယ်။
I hate Monday နဲ့ Give me lasagna or give me death ကတော့ သူ့ရဲ့ မှော်spellလေးပါပဲ။
"Lasagna-loving, sarcastic tabby" ပုံ Garfield.
Click here to claim your Sponsored Listing.
Category
Contact the public figure
Website
Address
Yangon