Love In Latha2

Love In Latha2

Share

John's Convent School(commonly known as Latha 2 High School).It is one of the most well known public girl high school. Located in Latha Township opposite the Yangon General Hospital and next to the University of Medicine 1, Yangon. (Alumni)

Mi Mi Khaing: Scholar and writer,Mohana Gill: Writer,]Kyi Phyu Shin: Film director,May Thet Khine: Actress,Yadanar Mai: Actress/Singer ,Pwint: Actress,Warso M

Photos from Love In Latha2's post 04/12/2025

၂၀၂၅-၂၀၂၆ပညာသင်နှစ်ကျောင်းပေါင်းစုံဘင်ခရာပြိုင်ပွဲ

ရန်ကုန်တိုင်းဒေသကြီး(ဒုတိယဆုရ)အ.ထ.က(၂)လသာ

လသာ(၂)ကျောင်းသူများရဲ့ဖျော်ဖြေတင်ဆက်မှုပုံရိပ်များ

In Latha(2)
#အ.ထ.က(၂)လသာ
#ပုံများတစ်ဖန်ကူးယူဖော်ပြသည်။(Crd)

17/12/2020

မြန်မာပြည်မှာစာသင်တယ်

စာအုပ်အောက်ပြုတ်ကျရင်
စာမရမှာကြောက်လွန်းလို့
စာအုပ်ကိုကန်တော့ကြတဲ့ကလေးတွေ
ဘွဲ့ရလာကြပေမယ့် တော်သင့်ရုံဘဲတတ်သွားကြတယ်...

စာအုပ်ထဲရှိပြီးသားစာတွေကို
မှတ်စုကူးပြီး ၏/သည်မရွေးကျက်ရတဲ့နိုင်ငံမှာ
ပထဝီတွေ သမိုင်းတွေအလွတ်သာကျက်ခဲ့ရတယ်
​မေးလိုက်တဲ့ခါ အမ်..အင်..ဟုတ်မယ်..
အဲ့လို​လေး​တွေနဲ့ပြီးခဲ့တယ်​ခေါင်းထဲမ​ရောက်ခဲ့ကြဘူး...

သိပ္ပံဘာသာရပ်တွေကို လက်တွေ့မဝင်မလေ့လာခဲ့ဘဲ
ဘွဲ့ရခဲ့တဲ့ဆရာတွေက သိပ္ပံဘာသာရပ်ကို
Defination မှာ 's'တစ်လုံးကျန်ရင်
အမှတ်လျှော့ဖို့ မှင်နီကိုင်ပြီးစောင့်နေကြတယ်...

နိုင်ငံတကာက ကလေးတွေ
စက်ရုပ်တီထွင် software ရေးနေကြချိန်မှာ ဒီမှာတော့ English ညံ့လွန်းလို့ definition တစ်ကြောင်းကို
နာရီဝက်လောက်ကျက်နေရပြီး ဒါမေးဒါဖြေကိုတောင် သောက်သောက်လဲကျနေကြတယ်...

ဘာမှမသင်တဲ့ကျောင်းတွေမှာ
ကျောင်းခေါ်ချိန်မပြည့်ရင် ရစ်မှာစိုးလို့
နေ့တိုင်းသွားထိုင်နေရတယ်
တကယ်စာသင်ပေးတဲ့နေရာတွေကိုတော့
ငွေပေးပြီးသင်နေရတယ်
ဒါပေမယ့် 'အခမဲ့ပညာရေးစနစ်'လို့
ကြွေးကြော်နေကြတယ်...

တကယ်စာသင်ရမယ့်
ဆရာတွေဆရာမတွေက
ရုံးခန်းနဲ့မြို့နယ်ရုံးကို စာရွက်စာတမ်းတွေကိုင်ပြီး
သွားချည်လာလှည့်လုပ်နေရတယ်
တချို့က ဂိတ်ပေါက်မှာ ဘာတာဝန်မှန်းမသိတာကို
တာဝန်ဆိုပြီးထိုင်နေရချိန်မှာ
တချို့က ကျောင်းသားတွေရဲ့ report cardမှာ
ဘာမှမသိတဲ့အချက်တွေကို
A တွေ B တွေဖြည့်ပေးနေရတုန်း
ကလေးတွေကလည်း အနာဂတ်မှာပညာတတ်ကြီးဖြစ်ဖို့
စိတ်ကူးတွေယဉ်နေကြဆဲ...

တချို့နိုင်ငံတွေမှာ
ကိုယ့်ကျောင်းစားရိတ်ကိုယ်ရှာဖို့
အချိန်ပိုင်းအလုပ်လုပ်နေကြချိန်မှာ
ဒီနိုင်ငံမှာတော့ အလုပ်လုပ်ဖို့ကျောင်းထွက်လိုက်ရတာတွေဒုနဲ့ဒေး...

လူတစ်ယောက်ပြောင်းသွားရင်း
စနစ်တစ်ခု ပြောင်းသွားရင်း
လူတစ်ယောက် နိုင်ငံတစ်ခုသွားရင်း
အဲဒီနိုင်ငံကသင်ရိုးတွေယူလာရင်း..
မြေစမ်းခရမ်းပျိုးပညာရေးတွေ သင်ခိုင်းရင်း...
သမိုင်းတွေကိုပြင်ရေး အမှားတွေကိုအမှန်သင်ခိုင်းရင်း
ကျောင်းတိုင်း ကွန်ပြူတာရှိဖို့လည်း
ကြိုးစားခဲ့ကြဖူးတယ်လေ...

ရန်ကုန်မြို့လယ်က
လူချမ်းသာတွေပဲတက်
တဲ့ကျောင်းတွေကိုကြည့်ပြီး
အပြိုင်အဆိုင် all D ထွက်ဖို့
အလုအယက်ကြိုးစားနေကြတာကိုကြည့်ပြီး
ကားနဲ့အကြိုအပို့လုပ်
ဆရာတွေအိမ်ခေါ်သင်
Guide တွေနဲ့စာတွေလုပ်နေကြတာ
အမှတ်တွေကောင်းကြတာကိုကြည့်ပြီး
မြန်မာပြည်ပညာရေး တိုးတက်နေပါသတဲ့...

တပြည်လုံးကကျောင်းတွေမှာတော့
မိုးယို ကြမ်းကျွံ ရေကြီး မီးပျက်နေတာအများကြီး...

ဆရာမရှိလို့ စာမသင်ရတဲ့နေရာတွေတပုံကြီး...

ကျောင်းဝတ်စုံတောင်မရှိလို့ အိမ်နေရင်းဝတ်စုံလေးတွေနဲ့ တက်နေရတာတပုံကြီး...

တိုက်ပွဲတွေဖြစ်နေလို့
ရေကြီးနေလို့
စားစရာမရှိလို့
ခိုင်းမယ့်သူမရှိလို့
ကျောင်းမပို့တော့တာတွေ အများကြီး...

"ပညာမြင့်မှ လူမျိုးတင့်မည်" တဲ့
မှန်လိုက်တာ...

ပညာမမြင့်တော့ လူမျိုးလည်းမျက်နှာငယ်
နိုင်ငံလည်း အနှိမ်ခံရ
နည်းပညာလည်းမရှိ သယံဇာတလည်းကုန်
နိုင်ငံလည်း ချွတ်ခြုံကျနေတော့...

နိုင်ငံပေါင်းစုံက တို့မြန်မာတွေ အလုပ်ကြမ်းသမားတွေ
ငယ်ငယ်ကစာသင်ခဲ့တဲ့အဖြူအစိမ်းဝတ်စုံကို
ပြန်တွေးတိုင်း ပြုံးမိနေမလား...?
ငယ်ငယ်ကစိတ်ကူးယဉ်ဖူးတဲ့
ကမ္ဘာမှာမြန်မာဟေ့ ဆိုတဲ့စာသားလေးကို
ခပ်တိုးတိုးရေရွတ်နေတုန်းလား...?

ဟုတ်ကဲ့. . . !

ကျွန်မတို့ရဲ့မျိုးဆက်သစ်တွေ

မြန်မာပြည်မှာစာသင်နေပါတယ်.....

(OP)
In Latha (2)
#အ.ထ.က(၂)လသာ

09/11/2020

မရပ်မနားကြိုးစား‌ပေး‌နေ‌ပေမယ့်တစ်ချက်မှား
သွားတာနဲ့တစ်သက်မနားပြောခံရမယ့် သူတို့

တစ်ယောက်တစ်လေရဲ့အမှားကြောင့်နင်တို့ပညာရေး၀န်
ထမ်းဆရာဆရာမတွေကဘယ်လိုရယ်ဆိုပီးငခုံးတစ်
ကောင်ကြောင့်တစ်လှေလုံးပုပ်သလို အပုပ်ခံရတဲ့သူတို့

မနက်‌ခြောက်နာရီမဲရုံဖွင့်နိုင်ဖို့စောစောထကြိုးစား
ဆောင်ရွက်ပေးနေပီးညနက်ထိရေတွက်ပေးနေတဲ့သူတို့

တစ်ခါတစ်ခါ အမှားပါသည်ရှိသော်လက်
ညှိုးငေါက်ငေါက်အော်ငေါက်ခံရတဲ့သူတို့

ပါးစပ်ကတရစပ်အော်လိုက်ဝိုးတဝါးနဲ့မျက်လုံးကကြည့်လိုက်နဲ့ ဘယ်လောက်ပင်ပန်းနေလိုက်မလဲဆရာ၀န်တွေသူနာပြုတွေအသက်ပေးလို့နိုင်ငံ့တာ၀န်ထမ်းဆောင်နေတယ်ဆိုတွေအသက်ပေးလို့နိုင်ငံ့တာ၀န်ထမ်းဆောင်နေသလိုပါပဲ

သူတို့လဲဘယ်သူ့ဆီကရောဂါပိုးကူးမယ်ဆိုတာမသိ
ပဓာနမထားပဲ ရွေးကောက်ပွဲကြီးအောင်မြင်စွာပီးဆုံး
ရေးကိုသာအဓိကထားဆောင်ရွက်ပေးခဲ့သူတွေပါ

တစ်ချို့တစ်ချို့သောနေရာတွေမှာ အနည်းစုကအမှားလုပ်မိသော်လည်းအကုန်လုံးသိမ်းကြုံးပြည်သူ့မေတ္တာခံယူခဲ့ကြသူသူတို့ပါပဲ

နိုင်ငံ့၀န်ထမ်းဆရာဆရာမများအား
အစဥ်အမြဲလေးစားဂုဏ်ပြုလျှက်ပါ
(CD)
In Latha(2)
#အ.ထ.က(၂)လသာ

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Website

Address


112(Bogyoke Aung San Road) +95
Yangon

Opening Hours

Monday 06:30 - 11:30
Tuesday 06:30 - 11:30
Wednesday 06:30 - 11:30
Thursday 06:30 - 11:30
Friday 06:30 - 11:30