ASPA Education

ASPA Education

Share

28/10/2023

🤩 DV form များ ပြန်လည် လျှောက်ပေးနေပါပြီ 🤩

မင်မင်တစ်ယောက် ဒီနှစ်တော့ အလုပ်တွေရှုပ်နေတာနဲ့ DV service မလုပ်တော့ဘူးလုပ်ထားတာ page မှာလာမေးကြလို့ form ပိတ်ဖို့ တစ်ပတ်လောက်ပဲ လို့တော့ပေမယ့် DV form မတင်ရသေးတဲ့သူတွေကို တင်ပေးပါမယ်နော် 🙆🏻‍♀️💞

ASPA မှာ မနှစ်က DV form တင်ဖူးတဲ့သူတွေက အချက်အလက်တွေ ပြောင်းတာမရှိဘူး၊ အရင်အတိုင်းပဲဆိုရင် ပြန်မပို့လည်းရတာမို့ အကြာကြီးစောင့်စရာမလိုဘဲ ချက်ချင်းတင်ပေးနေပါတယ်ရှင့်

အမေရိကန်အိမ်မက်ကို အကောင်အထည်ဖော်ဖို့ တစ်နှစ်မှတစ်ကြိမ်သာ ကံစမ်ရခွင့်ရှိတဲ့ DV lottery ကို form မပိတ်ခင် အမြန်ဆုံးလျှောက်ဖို့ page messenger ကို လာခဲ့လိုက်တော့နော် 🙇🏻‍♀️

P.s. မနှစ်က ASPA က လျှောက်ပေးလိုက်တဲ့ သူတွေထဲက ကံထူးသူလေးတစ်ယောက်က DV Lottery ကို မဲပေါက်သွားပါတယ်ရှင် 🥳

11/05/2023

ကဲ မင်မင် page ရဲ့ ပထမဆုံး US DV ကံထူးသူလေး ပေါ်လာပါပြီ 🥰🥳

Congratulations ပါမမရေ Visa Process တွေ အကုန်အဆင်ပြေပြီး အမရေိကန်နိုင်ငံကို အမြန်ဆုံးရောက်ရှိပါစေလို့ ဆုတောင်းပေးပါတယ်ရှင့် 🥰💖

DV ပေါက်သွားတဲ့ ကာယကံရှင် ကံထူးသူမမတော့မသိဘူး ကိုယ်ကတော့ ပျော်တာမှတအားပဲ 😭💞

DV မစစ်ရသေးတဲ့သူလေးတွေ အောက်က link လေးထဲမှာ ဝင်စစ်ကြည့်ပါနော်။ Confirmation number မေ့နေတာတို့ မစစ်တတ်တာတို့ဆိုရင် page မှာလာပြောပါနော်။ မင်မင်စစ်ရင် လူအများနဲ့ဆိုတော့ ကြာနေမှာဆိုးလို့ပါရှင်။ 🙆🏻‍♀️💓

စစ်ပြီးလို့ DV ပေါက်သွားရင်လည်း လာပြောကြဦးနော်။ မင်မင်လည်း ထပ်တူဝမ်းသာချင်လို့ 🥳 လက်ဆောင်တွေပို့ပေးလည်း စိတ်မဆိုးဘူးနော် 🤪😝

ပေါက်ရင် မုန့်ကျွေးမယ်တို့ လက်ဆောင်တွေပို့ပေးမယ်တို့ ပြောထားတာတဲ့ သူလေးတွေ မင်မင်စောင့်နေပါတယ်လို့ 😝😝

DV result စစ်ရန် link 👇🏻
https://dvprogram.state.gov/

28/10/2022

US DV form ပိတ်ဖို့ ၁ ပတ်ကျော်ပဲ လိုပါတော့တယ်။ 🚨
DV form မလျှောက်ရသေးရင် နိုဝင်ဘာလ ၈ ရက်နေ့ form ပိတ်မှာဖြစ်လို့ form မပိတ်ခင် အခုပဲ အမြန်ဆုံးလျှောက်လိုက်ပါနော်။

ASPA ကနေ DV form လျှောက်ပေးတဲ့ service လေးလည်း ရနေပါပြီနော်။ 🙆🏻‍♀️ ဝန်ဆောင်ခက တစ်ဦးကို ၅၀၀၀ ကျပ်ဖြစ်ပြီး မိသားစုနဲ့တွဲလျှောက်ရင် တစ်ယောက်ကို ၁၀၀၀ ကျပ်သာထပ်တိုးပါတယ်။ DV ပေါက်ရင်လည်း page messenger ကနေရော ဖုန်းဆက်ပြီးတော့ပါ ဆက်သွယ်အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။

တင်ပြီးကြောင်းကို အောက်ကလို confirmation number ပါတဲ့ စာရွက်ကို ပြန်ပို့ပေးပါတယ်နော်။ DV ပေါက်ရင် confirmation number နဲ့တိုက်ရတာမို့လို့ ဒီစာရွက်ကအရေးကြီးတာကြောင့် သိမ်းထားဖို့လိုပါတယ်။

DV Lottery နဲ့ပတ်သက်ပြီး အသေးစိတ်သိချင်ရင် အောက်က link ထဲမှာ ဝင်ကြည့်နိုင်ပါတယ်။ 👇🏻

https://tinyurl.com/eewb3xat

ဓာတ်ပုံနဲ့ပတ်သက်ပြီး အသေးစိတ်သိချင်ရင် အောက်က link ထဲမှာ ဝင်ကြည့်နိုင်ပါတယ်။ 👇🏻

https://tinyurl.com/mrx2vjns

အသေးစိတ်အချက်အလက်များ သိချင်ရင်တော့ page messenger မှာ လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်။ အားလုံးပဲကံကောင်းပြီး အမေရိကန်နိုင်ငံမှာ နေထိုင်ခွင့်ရကြပါစေရှင်။ 🤩💓

Photos from ASPA Education's post 19/10/2022

🇺🇸 အမေရိကန်နိုင်ငံမှာ နေထိုင်ခွင့်ရဖို့ Diversity Visa (DV) လျှောက်တဲ့အခါ အရေးကြီးဆုံးဖြစ်တဲ့ ဓာတ်ပုံရဲ့ လိုအပ်ချက်တွေကို သိပြီးပြီလား ?

DV ဆိုတာဘာလဲ မသိသေးရင် အောက်က link ထဲမှာ အရင်ဆုံး ဖတ်ကြည့်ပါနော်။ 👇🏻

https://m.facebook.com/story.php?story_fbid=180596317819921&id=102056799007207

DV လျှောက်ရင် လိုအပ်တဲ့ အချက်တွေထဲကမှ အရေးကြီးဆုံးတစ်ခုဖြစ်တဲ့ ဓာတ်ပုံနဲ့ပတ်သက်တဲ့အကြောင်းတွေကို ဒီနေ့မှာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ 🙆🏻‍♀️

▪️ဓာတ်ပုံဆိုဒ် (2” x 2”) နှစ်လက်မပတ်လည် (soft copy) ဖြစ်ရမည်။
▪️ခေါင်းကြီးကိုယ်သေး (သို့မဟုတ်) ကိုယ်သေးပြီးခေါင်းကြီးနေတာမျိုး မဖြစ်ရ။ ခေါင်းကအလယ်တွင်ရှိရမည်။
▪️JPEG file format ဖြစ်ဖို့လိုသည်။
▪️၆ လအတွင်း ရိုက်ထားတဲ့ပုံ ဖြစ်ရမည်။
▪️နောက်ခံ background အဖြူရောင်ပြောင် ဖြစ်ရမည်။
▪️မျက်မှန်၊ ဦးထုပ်အစရှိသော မျက်နှာကို ဖုံးစေသောအရာများ မဝတ်ဆင်ရ။
▪️Selfie ရိုက်ထားသော ပုံမဖြစ်ရပါ။
▪️အုပ်စုလိုက်ပုံမဖြစ်ရ၊ တစ်ဦးတည်း formal ပုံဖြစ်ရပါမည်။
▪️အရိပ်ကျနေတာ၊ မှောင်နေတာမျိုးမဖြစ်ရ၊ အလင်းရောင်ရဖို့လိုအပ်သည်။

ဆိုင်မသွားနိုင်လည်း အိမ်ရဲ့အလင်းရောင်ရတဲ့နေရာမှာ ရိုက်လို့ရပါတယ်။ နောက်ခံအဖြူရောင်ဖြစ်ဖို့တော့ လိုပါမယ်နော်။ ပုံထွက်ကောင်းဖို့လည်းလိုတာကြောင့် ကွာလတီကောင်းတဲ့ ဖုန်းနဲ့ရိုက်ဖို့ အကြံပြုချင်ပါတယ်။ ဆိုင်မှာသွားရိုက်ရင်လည်း JPEG file format နဲ့ soft copy တောင်းခဲ့ပြီး ပို့ပေးလို့ရပါတယ်ရှင့်။

ကျွန်မတို့ ASPA ကနေ DV form လျှောက်ပေးတဲ့ ဝန်ဆောင်မှုရနေပါပြီ။ DV ပေါက်ရင် website ထဲ ဝင်ကြည့်ရတာကြောင့် အချို့တွေမဲပေါက်ပြီး မသိလိုက်တာမျိုးတွေ ဖြစ်ကြလို့ ASPA ဘက်ကနေ မဲပေါက်မပေါက်လည်း စစ်ပေးပြီး မဲပေါက်ရင် messenger ကနေရော ဖုန်းနဲ့ပါ ဆက်သွယ်အကြောင်းကြားပေးမှာဖြစ်ပါတယ်နော်။

Service ဝန်ဆောင်ခက တစ်ယောက်ကို ၅၀၀၀ ကျပ်ဖြစ်ပြီး မိသားစုပါရင် တစ်ယောက်ကို ၁၀၀၀ ကျပ်နှုန်းထပ်တိုးပါတယ်။
အစအဆုံးသေချာလေး စီစဉ်ဆောင်ရွက်ပေးမှာမလို့ ကျွန်မတို့ရဲ့ DV service ကို ယုံကြည်စိတ်ချစွာ လာရောက်အပ်နှံနိုင်ပါတယ်ရှင့်။ 🙆🏻‍♀️

📆 နိုဝင်ဘာလ ၈ ရက်နေ့ မတိုင်ခင်အထိ လျှောက်လို့ရပါတယ်နော်။ အသေးစိတ်သိချင်ရင် page messenger တွင် လာရောက် မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်။ အားလုံးပဲ အမေရိကန်အိပ်မက်ကြီးကို လူတိုင်းမက်ခွင့်ရပါစေရှင့်။ 🙇🏻‍♀️❤️

14/10/2022

🚨 အမေရိကန်နိုင်ငံမှာ ပြောင်းရွှေ့နေထိုင်ခွင့်ရမယ့် အခွင့်အရေး 🚨

🇺🇸 အမေရိကန်နိုင်ငံအစိုးရက နှစ်စဉ်ပေးနေကြဖြစ်တဲ့ Diversity Visa Program 2024 (DV) ကို စတင်ဖွင့်ပေးလိုက်ပါပြီ။

📌 DV ဆိုတာဘာလဲ ?

DV ဆိုတာကတော့ အမေရိကန်အစိုးရက နှစ်စဉ်ကွန်ပျူတာစနစ်နဲ့ ကျပန်းရွေးချယ်ပြီး မဲပေါက်တဲ့သူတွေကို အမေရိကန်နိုင်ငံမှာ တရားဝင်နေထိုင်ခွင့်ပေးတဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။ (တစ်နည်းအားဖြင့် အမေရိကန်နိုင်ငံမှာ အခြေချနေထိုင်ဖို့ Green Card Visa ရရှိမှာဖြစ်ပါတယ်။)

📌 ဒီအစီအစဉ်ကို ဘယ်သူတွေလျှောက်လို့ရနိုင်မလဲ?

▫️ပညာအရည်အချင်း အနည်းဆုံး အထက်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
▫️အထက်တန်း မအောင်မြင်ထားပါကလည်း ၅ နှစ်တာကာလအတွင်း အသိအမှတ်ပြုလုပ်ငန်းတစ်ခုခုမှာ အနည်းဆုံး အလုပ်အတွေ့အကြုံ ၂ နှစ်နဲ့အထက်ရှိရမည်။
ဒီအချက် နှစ်ချက်ထဲက တစ်ချက်ကိုက်ညီတာနဲ့ DV ကိုလျှောက်နိုင်ပါပြီ။

📌 DV form ကို 10 လပိုင်း 5 ရက်နေ့မှာစတင်ပြီး 11 လပိုင်း 8 ရက်နေ့အထိလျှောက်ထားနိုင်ပါတယ်။

DV ပေါက်ခြင်း မပေါက်ခြင်းက ၁၀၀ ရာခိုင်နှုန်းကံနဲ့သာဆိုင်ပါတယ်။ တစ်နည်းအားဖြင့် ထီထိုးသလိုပါပဲ။

ဒီနှစ်က DV လျှောက်တဲ့အခါမှာ Passport မလိုတော့တဲ့အတွက် Passport မလုပ်ရသေးတဲ့သူတွေနဲ့ Passport သက်တမ်းကုန်နေတဲ့ သူတွေလည်း လျှောက်လို့ရပါတယ်နော်။

📌 လိုအပ်တဲ့အချက်တွေကတော့

1. အမည်အပြည့်အစုံ
2. ကျား/မ
3. မွေးနေ့
4. မွေးဖွားသည့်မြို့
5. မွေးဖွားသည့်နိုင်ငံ
6. ၂ လက်မပတ်လည် ဓာတ်ပုံတစ်ပုံ (ဒီနေရာမှာဓာတ်ပုံကအရေးကြီးပါတယ်။ မျက်မှန်၊ ဦးထုပ်၊ မျက်နှာကိုဖုန်းစေတဲ့အရာများမပါရ။ အရိပ်ကျနေခြင်း၊ အလင်းလွန်ကဲခြင်း၊ မှောင်နေခြင်းများမဖြစ်ရ၊ နောက်ခံအဖြူရောင်ဖြစ်ရမည်။)
7. မိမိနေရပ်လိပ်စာ
8. ဖုန်းနံပါတ်
9. အီးမေးလ်လိပ်စာ
10. ပညာအရည်အချင်း
11. အိမ်ထောင်ရှိ၊မရှိ
12. ကလေးအရေအတွက်

မိသားစုနဲ့တင်မယ်ဆိုရင်
13. မိသားစုဝင်ရဲ့အမည်အပြည့်အစုံ
14. မိသားစုဝင်ရဲ့ မွေးနေ့
15. မိသားစုဝင်ရဲ့ မွေးဖွားသည့်မြို့
16. ၂ လက်မပတ်လည် ဓာတ်ပုံတစ်ပုံ စတဲ့အချက်များရှိရုံနဲ့ DV form တင်လို့ရနေပါပြီ။

📣 ASPA မှာလည်း DV form တင်ပေးနေတဲ့ service ရနေပါပြီနော်။ 📣

form တင်တဲ့အခါမှာ
🔸အချက်အလက်မပြည့်စုံတာမျိုး၊
🔸တိကျမှန်ကန်မှုမရှိတာမျိုး၊
🔸သတ်မှတ်ထားတဲ့ ဓာတ်ပုံ quality မျိုးနှင့် ကိုက်ညီမှုမရှိပါက “ပယ်မဲ” အဖြစ်သတ်မှတ်ခံရနိုင်ပါတယ်။

DV ပေါက်မပေါက်ကိုလည်း ပေါက်တဲ့နေ့မှာ website ထဲကို သွားကြည့်ရမှာ ဖြစ်တဲ့အတွက် တစ်ချို့သူတွေပေါက်ပြီး မသိလိုက်တာမျိုးတွေဖြစ်ကြလို့ အရမ်းနှမြောဖို့ကောင်းပါတယ်။

အဲ့လိုတွေမဖြစ်ရအောင် ASPA ကနေ အချက်အလက်တွေပေးရုံနဲ့ တိကျမှန်ကန်စွာ အမြန်ဆုံးတင်ပေးမှာမို့ အသေးစိတ်ကို page messenger မှာ လာရောက်မေးမြန်းနိုင်ပါတယ်နော်။ 🙋🏻‍♀️

ဒါ့အပြင်ပေါက်သွားရင်လည်း page ကနေရော ဖုန်းဆက်ပြီးတော့ရော အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။ အားလုံးပဲ ကံကောင်းကြပါစေနော်။ 🤩

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Address


Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00